• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ကာလအတွင်း ပါကစ္စတန်ရှိ ကုန်စုံဆိုင်များ အွန်လိုင်းကနေ ရောင်းချလာ

by Aurora
27 December 2020
in သတင်း
A A
ပါကစ္စတန်ရှိ ကုန်စုံဆိုင် တဆိုင်မှာ ဈေးဝယ်နေသူ တဦး

ပါကစ္စတန်ရှိ ကုန်စုံဆိုင် တဆိုင်မှာ ဈေးဝယ်နေသူ တဦး

2.7k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က Aamer Khattak တယောက် ချမ်းသာကြွယ်ဝဖို့ ရည်မှန်းချက်နဲ့ ပါကစ္စတန်၊ မြို့တော် အစ္စလာမာဘတ်မှာ အရင်းနှီးအနည်းငယ်နဲ့ ကုန်စုံဆိုင်အသေးလေး စဖွင့်ခဲ့တာပါ။ အဲ့ဒီတုန်းက သူ့ အသက် ၁၇ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ ဒီနေ့မှာတော့ အရင်ထက် ၂ ဆပိုကြီးတဲ့ Khattak နာမည်နဲ့ ကုန်စုံဆိုင်ကြီး ဖြစ်နေပါပြီ။

ဒါပေမဲ့လည်း ဖေဖော်ဝါရီလ ပါကစ္စတန်ကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်ချိန်မှာတော့ ဖောက်သည် အဝင် နည်းသွားပြီး မတ်လနဲ့ ဧပြီလက ချမှတ်ခဲ့တဲ့ Lockdown စည်းမျဉ်းကြောင့် ဆိုင်ဖွင့်ချိန်ကိုပါ လျှော့ချခဲ့ရပါတယ်။

“ဆိုင်က အရှုံး ပေါ်လာတယ်။ နေ့စဉ် စားဖို့သောက်ဖို့ စရိတ်က လိုက်တက်လာတယ်လေ။ စရိတ်တွေ တက်လာတော့ ဆိုင်မှာ ရောင်းဖို့ ပစ္စည်းတွေကိုလည်း ထပ်မဖြည့်ပေးနိုင်ဘူး။ ပိုက်ဆံလက်ထဲ မရှိတော့ အရင်လို မဟုတ်တော့ဘူး ဖြစ်သွားတယ်” လို့ Khattak က ကိုဗစ်အစောပိုင်းကာလ အခြေအနေကို ပြောပြပါတယ်။

ကိုဗစ်ကာလ အစမှာ သူ့ဆိုင်ရဲ့ လစဉ် အမြတ်ဝင်ငွေ ၃၀ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၄၅၀) နီးပါးလောက် ကျဆင်းသွားခဲ့ရပါတယ်။ နောက်ပိုင်း ဆိုင်ရဲ့ အရောင်းပုံစံ ပြောင်းလဲလိုက်ချိန်မှာတော့ ပြန်ရပ်တည်နိုင်ခဲ့ပါပြီ။ ရေရှည်ဝယ်နေကျ ဖောက်သည်တွေကို ဖုန်းနဲ့ အမှာစာတွေ လက်ခံလိုက်သလို၊ လိုအပ်ရင် အကြွေးပါ ရောင်းပေးပါတယ်။

တခြား ကုန်စုံဆိုင်တွေလည်း နည်းပညာ အကူအညီကို ယူပြီး ကိုယ်တိုင် ဈေးလာမဝယ်နိုင်သူတွေအတွက် အွန်လိုင်းကတဆင့် ရောင်းချနေတာမျိုးတွေ တွေ့လာရပါပြီ။ ၂၀၂၀ ခုနှစ်၊ ပါကစ္စတန်မှာ Lockdown ကာလအတွင်း ကုန်စုံဆိုင်တွေဟာ အွန်လိုင်းကနေ အမှာစာ လက်ခံနိုင်တဲ့ မိုဘိုင်းလ် App တွေကြောင့် ရောင်းအား ၃ နှစ်အတွင်း သိသိသာသာ ထိုးတက်သွားခဲ့ပါတယ်။

“လူတွေက ပိုပြီး နည်းပညာပိုင်းနဲ့ အွန်လိုင်း ဝန်ဆောင်မှုတွေကို ရင်းနှီးကျွမ်းဝင်လာကြတယ်” လို့ ပါကစ္စတန်ရဲ့ နည်းပညာ Start-up ကုမ္ပဏီတခုဖြစ်တဲ့ i2i Ventures ကို ပူးတွဲတည်ထောင်သူ Misbah Naqvi က ပြောပါတယ်။ “အွန်လိုင်း အရောင်းပုံစံမျိုးဟာ အရင်တုန်းက ရင်းနှီးကျွမ်းဝင်ဖို့ သိပ်မမြန်ဘဲ စိန်ခေါ်မှုတွေ ရှိခဲ့တယ်” လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ကုန်ပစ္စည်း ပို့ဆောင်ရေး နည်းပညာပိုင်းနယ်ပယ်မှာ ရင်းနှီးမြှုပ်နှံသူတွေ ပိုတိုးလာတယ်လို့ ဆိုပါတယ်။ လာဟိုးမြို့မှာမှာလည်း Lockdown ကာလအတွင်း ပစ္စည်းပို့ဆောင်ပေးတဲ့ စီးပွားရေးလုပ်ငန်း အခြေအနေဟာ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းထိ တိုးတက်လာတယ်လို့ GrocerApp စီအီးအို Ahmad Saeed က ဆိုပါတယ်။ အရင်ကဆို သူ့လုပ်ငန်းမှာ တလကို ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိခဲ့တာပါ။

အစ္စလာမာဘတ်က အကြီးဆုံး ကုန်စုံဆိုင်တွေထဲက တခုဖြစ်တဲ့ Sauda Sulf ဆိုင် မန်နေဂျာ Javed Anwar ကတော့ အွန်လိုင်းကတဆင့် ဝယ်ယူနိုင်အောင် ဖွင့်ထားပေးတဲ့ ဝက်ဘ်ဆိုက် အခြေအနေကို အခုလိုပဲ ပြောပြပါတယ်။

“ကျနော်တို့ ပါကစ္စတန်မှာ ဈေးဝယ်သူတွေက သူတို့ ကိုယ်တိုင်ကိုယ်ကျ မျက်မြင် ဝယ်ရတာမျိုးကိုပဲ ကြိုက်ကြတယ်။ Lockdown ကာလတုန်းကတော့ အွန်လိုင်းက အဝယ်လိုက်ပေမယ့် Lockdown လည်း ပြန်ဖြေလျှော့လိုက်ရော အွန်လိုင်းကနေ ဝယ်သူ နည်းသွားတယ်” လို့ ဆိုပါတယ်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

ဒါ့အပြင် နောက်ထပ် အားနည်းချက်တခုကတော့ အင်တာနက်လိုင်းတွေကြောင့် အွန်လိုင်းကတဆင့် မှာယူတဲ့အခါ နည်းပညာ ပြဿနာတွေ ကြုံတွေ့ရပါတယ်။ ပါကစ္စတန်မှာ စမတ်ဖုန်းသုံးစွဲသူ ၁၆၉ သန်းရှိတဲ့ထဲက ၈၇ သန်းက ဖုန်းကတဆင့် အင်တာနက် အသုံးပြုနေကြတယ်လို့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အွန်လိုင်းကတဆင့် ဈေးဝယ်တာနဲ့ ပတ်သက်ပြီး အစ္စလာမာဘတ်မှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းတဦးက “ချမ်းသာတဲ့သူတွေက အွန်လိုင်းကတဆင့် အဝယ်များကြတယ်။ ကျနော်တို့လို ဆင်းရဲသားတွေကတော့ ဆိုင်တွေသွားပြီး ဝယ်နေကြတုန်းပဲ” လို့ ဆိုပါတယ်။

အွန်လိုင်းကတဆင့် ဈေးဝယ်တဲ့ ပမာဏဟာ လက်ရှိအချိန်မှာ နည်းနေသေးတယ် ဆိုပေမယ့် အမြတ်ငွေများတဲ့ စီးပွားရေးတခု ဖြစ်လာနေပါပြီ။

“အွန်လိုင်းကဆင့် ဈေးဝယ်ရောင်းလုပ်နိုင်တဲ့ ပမာဏဟာ ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းထိ ရှိပြီး ဒါဟာ များတယ်လို့ ပြောနိုင်ပါတယ်။ နောက် ၃ နှစ်နဲ့ ၅ နှစ်အတွင်းမှာဆိုရင် ဒီ့ထက် ပိုများလာနိုင်တယ်” လို့ GrocerApp ရဲ့ပြိုင်ဘက် 24Seven တည်ထောင်သူ Jarrar Shah က သုံးသပ်ပြသွားပါတယ်။

Ref: Aljazeera

Your Thoughts …
Tags: ကိုဗစ်ကာလကုန်စုံဆိုင် ရောင်းချမှုပါကစ္စတန်နိုင်ငံ
Aurora

Aurora

Contributor

Similar Picks:

ပါကစ္စတန် အစ္စလာမ်မစ် သမ္မတနိုင်ငံ

ပါကစ္စတန်နိုင်ငံအကြောင်း စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်များ

by ညီညီသူ
2 August 2019
12.8k

ပါကစ္စတန်နိုင်ငံဟာ အိန္ဒိယကနေ ခွဲထွက်ခဲ့တဲ့ နိုင်ငံတနိုင်ငံဖြစ်ပေမယ့် ဟိန္ဒူစကားလုံးကို အရေးတယူ လုပ်ပြီး နိုင်ငံနာမည်နဲ့ ပေါင်းစပ်ထားတာကို တွေ့ရပါတယ်။

သရုပ်ဆောင် အေးမြတ်သူ  /  Aye Myat Thu's Facebook

ကိုဗစ် ဒုတိယလှိုင်းမှာ နေထိုင်မှုပုံစံ ပြောင်းလဲလိုက်တဲ့ အေးမြတ်သူ

by ချစ်ပိုး
14 January 2021
8.2k

ကိုဗစ် ပထမလှိုင်းတုန်းက ဆီပြန်ဟင်းတွေ စားဖြစ်လိုက်တယ်။ ထမင်းတွေလည်း အရမ်းစားတာ။ ၃၊ ၄ နပ် စားဖြစ်တာ။ အဲ့ချိန်မှာ အဆီတွေ တက်လာတယ်။

အဆိုတော် ချမ်းချမ်းနဲ့ သမီးလေး မြမိုးဂင်္ဂါ / Chan Chan's Faecbook

ကိုယ်ဝန်လွယ်ထားတာ ၅ လရှိပြီလို့ ပရိသတ်ကို အသိပေးလိုက်တဲ့ ချမ်းချမ်း

by ယုဖြူဟန်
1 December 2020
70.4k

“Single parent ဘဝဆိုတာ အမေအဖြစ်ရော၊ အဖေတယောက်လိုပါ အစစအရာရာ ကိုယ်တိုင် ရုန်းကန်ခဲ့ရလို့ ပင်ပန်းပေမယ့် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး။

တောင်ကိုရီးယားနိုင်ငံမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ

ပါကစ္စတန်နိုင်ငံမှာ ဗုဒ္ဓဘာသာ ခရီးသွားလုပ်ငန်း ပြန်လည် ထွန်းကားလာဖို့ မျှော်လင့်

by ညီညီသူ
15 November 2019
6.4k

စေတီပုထိုးနဲ့ ရှေးဟောင်း အဆောက်အဦတွေဟာ ပျက်စီးယိုယွင်းတာ ဖျက်ဆီးခံရတာမျိုးရှိခဲ့ပေမယ့် ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်းလက်ရာတွေ ကျန်ရှိနေပါသေးတယ်။

သရုပ်ဆောင် စမိုင်းလ် / Smile's Facebook

တပိုင်တနိုင် စီးပွားရေး လုပ်နေသူတွေကို အခမဲ့ ကြော်ငြာပေးမယ့် စမိုင်းလ်

by ယုဖြူဟန်
25 November 2020
5k

ဒီအစီအစဉ်ကိုတော့ အခုလို ကာလမှာ တနိုင်တပိုင် စီးပွားရေး လုပ်နေသူတွေ ကြော်ငြာခပေးဖို့ ဈေးအများကြီး မတတ်နိုင်သူတွေအတွက် ရည်ရွယ်ပြီး လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော် မေလသံစဉ် / May La Thanzin's Facebook

Shwe FM ရဲ့ “Best Music Video” ဆု ရရှိခဲ့တဲ့ မေလသံစဉ်

by ချစ်ပိုး
19 December 2020
4.4k

“အခုလို ကိုဗစ်ကာလမှာ အဖွဲ့အစည်းတွေနဲ့ ရိုက်ရတာ သိပ်အဆင်မပြေတော့ အိမ်မှာပဲ နေပြီး ကိုယ့်ဘာသာကိုယ် ရိုက်လို့ ရတာတွေ ရိုက်တယ်။ ဓာတ်ပုံလေးတွေ အိမ်မှာပဲ ရိုက်ဖြစ်တယ်။

Next Post
၂၀၂၀ နှစ်ဦးပိုင်း ရန်ကုန်မြို့ပြင်ရှိ ရိုးပြတ်တနေရာ မီးရှို့နေစဉ် / ထက်ဝေ / ဧရာဝတီ

မီးမရှို့နဲ့ မြေဆွေးလုပ်ပါ

၂၀၂၀ ခုနှစ်တွင် အတောက်ပဆုံး အနုပညာရှင်များကို ဧရာဝတီ Lifestyle သတင်းအဖွဲ့က ရွေးချယ် ဂုဏ်ပြု ဖော်ပြအပ်ပါသည်။

၂၀၂၀ ခုနှစ်၏ ကြယ်တာရာများ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved