• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါက်တာဇော်ဝေစိုးနှင့် သူရဦးအောင်ကိုအား ကြီးလေးသောပုဒ်မများဖြင့် အမှုဖွင့်

by ဧရာဝတီ
6 March 2021
in သတင်း
A A
CRPH ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့၏ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနဝန်ကြီး သူရ ဦးအောင်ကို

CRPH ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့၏ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနဝန်ကြီး သူရ ဦးအောင်ကို

25.1k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဝန်ကြီးဌာနလေးခု တာဝန်ပေးအပ်ထားသည့် ဒေါက်တာဇော်ဝေ စိုးအား CDM တွင်ပါဝင်ရန် လှုံ့ဆော်မှုများ ပြုလုပ်သည်ဟုဆိုကာ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူထားသလို CRPH ၌ ပါဝင်ဆောင်ရွက်သဖြင့် နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှုဖြင့်ပါ အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ယမန်နေ့ည ၈ နာရီ မြဝတီ၊ မြန်မာ့အသံ သတင်းတွင် ပြည်ထဲရေးဝန်ကြီးဌာနက ဒေါက်တာဇော်ဝေစိုးအား ထိုကဲ့သို့ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်း ထည့်သွင်း ကြေညာထားသည်။  

ဒေါက်တာဇော်ဝေစိုးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် မတ်လ ၂ ရက်နေ့ကတည်းက ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားခြင်း ဖြစ်ပြီး အဆိုပါ ပုဒ်မသည် ထောင်ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊ ငွေ ဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။  

၎င်းအား နောက်ထပ် အရေးယူရန် ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်သစ္စာဖောက်ဖျက် ပုန်ကန်မှု၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၂ သည် သေဒဏ်ဖြစ်စေ၊ နှစ် ၂၀ ထိ ဖြစ်စေ ထောင်ဒဏ်ချမှတ်နိုင်သည့် ပြစ်မှုဖြစ်သည်။ 

ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့် ဒေါက်တာဇော်ဝေစိုးအား အားပေးကူညီရာရောက်သည့် ပြုမူဆောင်ရွက်ခြင်းမျိုး မလုပ်ဆောင်မိကြစေရန်နှင့် ယင်းသို့ဆောင်ရွက်ပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေး ကြေညာထားသည်။ 

ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ ဒု-ညွှန်ကြားရေး မှူး ဒေါက်တာဝင်းကိုကိုသိန်း (ခ) သက္ကမိုးညိုသည် ၎င်း၏ လူမှုကွန်ရက်၌ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိ ခိုက်စေသော သတင်းများ ရေးသားဖော်ပြခဲ့သည်ဟုဆိုကာ ဖေဖော်ဝါရီ ၃ ရက်တွင် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲစခန်း တွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က)၊ CDM တွင် ပါဝင်ရန် လှုံ့ဆော်သည်ဟုဆို ကာ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁) မြို့မရဲစခန်းတွင် ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားသည်။ 

ဒေါက်တာဇော်ဝေစိုးနှင့် ဒေါက်တာဝင်းကိုကိုသိန်းတို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး လက်ခံထားပါကလည်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားကြောင်း သိရသည်။ 

ယမန်နေ့ည သတင်းတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း သူရဦးအောင်ကိုအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပေဒ ပုဒ်မ ၅၅ ဖြင့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့မရဲစခန်းနှင့် မင်္ဂလာဒုံမြို့မ ရဲ စခန်းတို့တွင် မတ်လ ၅ ရက် ရက်စွဲဖြင့် အမှုဖွင့်ထားကြောင်း ကြေညာခဲ့သည်။ 

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

သူရဦးအောင်ကိုသည် ပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်မှ လူပုဂ္ဂိုလ်များသို့ သာသနာ့နုဂ္ဂဟ ဘွဲ့ တံဆိပ် နှစ်စဉ်ချီးမြှင့်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ငွေကြေးနှင့် ပစ္စည်းများ လက်ခံရယူခဲ့သည့်အပေါ် အမှုဖွင့်ခြင်း ဖြစ်သည် ဟု ဖော်ပြထားသည်။ 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နိုင်ငံရေး ရာထူး လက်ရှိဖြစ်သူ (သို့) နိုင်ငံရေး ရာထူး လက်ရှိ ဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။ 

အာဏာသိမ်းရန် လုပ်ဆောင်သည့် စစ်ကောင်စီကိုလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က အကြမ်းဖက်အဖွဲ့အဖြစ် အပြန်အလှန်ကြေညာထားသည်။

တပ်မတော်သည် ယခင်ကတည်းက နာမည်ကြီး တရားခံပြေးများကို ရဲတပ်ဖွဲ့က ဖမ်းမမိခြင်းမှာ အစိုးရ၏ လက်အောက်တွင်ပြည်ထဲရေး ဝန်ကြီးဌာန မရှိ၍ ဖြစ်သည်ဟု ဝန်ကြီး သူရဦးအောင်ကို၏ ပြောဆိုမှုနှင့် ပတ်သက်၍ အရေးယူပေးရန် တောင်းဆိုခဲ့ဖူးသည်။

You may also like these stories:

ဝန်ကြီး သူရဦးအောင်ကိုအား အရေးယူပေးရန် တပ်မတော် တောင်းဆို

Your Thoughts …
Tags: CRPHစစ်ကောင်စီဒေါက်တာ ဇော်ဝေစိုး သူရဦးအောင်ကို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု  / ဧရာဝတီ

ခြိမ်းခြောက်ခံနေရသော်လည်း CDM ဆက်လုပ်မည်ဟု အဂတိကော်မရှင်ဝန်ထမ်းများ တုန့်ပြန်

The Aces Band ရဲ့ Bass Guitarist ဆလိုင်းဇာလျန်း

တသက်တာ ဂီတထူးချွန်ဆုရှင်၊ Bass Guitarist ဆလိုင်းဇာလျန်း ကြွေလွှင့်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved