• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကယားမှ မဲလက်မှတ်ထုပ်များ စစ်တပ်က လာရောက်ယူဆောင်သွား

by ဧရာဝတီ
31 March 2021
in သတင်း
A A
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုဗစ်ကပ်ရောဂါ အကြား ပြည်သူများက အင်တိုက်အားတိုက် မဲပေးခဲ့ကြပြီး NLD ပါတီကပဲ တော်ပြိုကမ်းပြိုင်အနိုင်ရရှိခဲ့သည်။ / ဧရာဝတီ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုဗစ်ကပ်ရောဂါ အကြား ပြည်သူများက အင်တိုက်အားတိုက် မဲပေးခဲ့ကြပြီး NLD ပါတီကပဲ တော်ပြိုကမ်းပြိုင်အနိုင်ရရှိခဲ့သည်။ / ဧရာဝတီ

8.4k
VIEWS
Share on FacebookShare on Twitter

ကယားပြည်နယ်၂၀၂၀ အထွေထွေးရွေးကောက်ပွဲ မဲလက်မှတ်ထုပ်များကို စစ်တပ်မှ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ ယနေ့ (မတ် ၃၂ ရက်) နံနက်ပိုင်းတွင် လာရောက် ယူဆောင်သွားကြောင်း သတင်းရရှိသည်။

“မဲလက်မှတ်ထုပ်တွေ အကုန်ယူသွားပြီ ဒီမနက်ပဲ။ တပ်ထဲသယ်သွားတယ်။ မနက်ဖြန်၊ သဘက်ခါလောက်မှာ ကော်မရှင် အဖွဲ့ခွဲ တာဝန်ရှိသူတွေကို ခေါ်စစ်လိမ့်မယ်” ဟု ဧရာဝတီ၏ သတင်းရင်းမြစ်တဦးက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ် အကြောင်းပြုပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ၁၁ ရက်မြောက် (ဖေဖော်ဝါရီ ၁၁ ရက်) နေ့မှစတင်ကာ သက်ဆိုင်ရာ ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထို့နောက် ၁ လကျော်အကြာ မတ်လ ၁၇ ရက်နေ့တွင် အဆိုပါ ဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို အာဏာသိမ်း စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ယင်းသို့ ပြန်လွှတ်ပေးခဲ့ပြီး ၂ ရက်အကြာတွင် ဧရာဝတီက မေးမြန်းခွင့်ရခဲ့သည့် ကယားပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတဦးက “မဲနဲ့ပတ်သက်လို့တော့ တို့ကယားပြည်နယ်မှာ တခုမှမဟုတ်တာ လုပ်ထားတာမရှိဘူးလို့ ပြော ချင်တယ်။ ဘာတခုမှ ကလိမ်ကကျစ် လုပ်ထားတာ မရှိပါဘူး။ တကယ်လို့ အမှားအယွင်း တွေ့မယ်ဆိုရင်တောင် ဒါ သာမန် အမှားမျိုးလောက်ပဲ ဖြစ်နိုင်ပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ မှားတဲ့အမှားမျိုးတော့ တခုမှ ကယားပြည်နယ်မှာ ရှိမှာမဟုတ်ပါ ဘူး” ဟု ပြောဆိုခဲ့သည်။

၎င်းတို့အား ထိန်းသိမ်းထားစဉ်အတွင်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဆိုင်ရာ မေးခွန်းများနှင့် ပတ်သက်၍ နှစ်ကြိမ် မေးမြန်း ခဲ့ခြင်းမှလွဲပြီး တခြား ခြိမ်းခြောက်ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများကို ဖမ်းဆီးထိန်းသိမ်းထားစဉ်အတွင်း တချို့ ပြည်နယ်/တိုင်း များတွင်မူ မဲလက်မှတ်ထုပ်များကို ဖွင့်ဖောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များကို ၎င်းတို့၏ ဝါဒ ဖြန့် မီဒီယာများမှတဆင့် သတင်းထုတ်ပြန်လျက်ရှိသည်။

နိုင်ငံတဝှမ်းရှိ ပြည်သူလူထုက ယင်းထုတ်ပြန်ချက်များကို လုံးဝ ဂရုစိုက်ခြင်း မရှိသလို စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ် ရှားမှုများကို ယနေ့အချိန်ထိ ဆက်လက် ပြုလုပ်နေကြဆဲဖြစ်ပြီး စစ်ကောင်စီက ခန့်အပ်သည့် ရွေးကောက်ပွဲကော်မရှင်ကို အလိုမရှိကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်ပေးရန် တောင်းဆိုနေ ကြသည်။

Your Thoughts …
Tags: ကယားပြည်နယ်မဲလက်မှတ်ရွေးကောက်ပွဲ ကော်မရှင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

by ဧရာဝတီ
10 November 2023
11k

စစ်ကောင်စီဆန့်ကျင်ရေး "၁၀၂၇ စစ်ဆင်ရေး" သည် စစ်ကိုင်းတိုင်းသို့ တိုးချဲ့ပြီး တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနိုင်ကြောင်း ခုခံတော်လှန်ရေးတပ်များနှင့် သုတေသီများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ထိုင်းနယ်စပ် ကရင်နီပြည်နယ်တွင် စစ်ကောင်စီ နိဂုံးချုပ်တော့မည်

ထိုင်းနယ်စပ် ကရင်နီပြည်နယ်တွင် စစ်ကောင်စီ နိဂုံးချုပ်တော့မည်

by Brian Wei
26 March 2024
6.3k

စစ်ကောင်စီသည် ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်မှု ဆုံးရှုံးသွားပြီး ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက်တွင် KNDF ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာသည်။

KNDF တနှစ်ပြည့် စစ်ရေးပြပွဲ / KNDF Battalion 5

ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ

by ကိုဦး
11 July 2023
11.8k

နှစ်နှစ်တာကာလပြီးနောက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားသည် လွိုင်ကော်၌သာရှိပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့များတွင် လူသူကင်းမဲ့၍ စစ်ကောင်စီတပ်ဖွဲ့နှင့် မိသားစုများသာ ကျန်နေသည်ဟု သိရ၏။

တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

by ခင်နဒီ
22 November 2023
3k

ရှေ့တန်းစစ်မျက်နှာမှ ကျန်းမာရေးလုပ်သားများကို အလေးထား မှတ်တမ်းတင်ခြင်းသည် မခင်စန္ဒာညွန့်အတွက် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်သည့် နည်းလမ်းတခုဖြစ်သည်။

Next Post
အဆိုတော် မီးနို  / Mee No's Facebook

နွေဦးတော်လှန်ရေးမှာ သေဆုံးခဲ့ရသူများရဲ့ မိသားစုများထံ သွားရောက် လှူဒါန်းခဲ့တဲ့ မီးနို

“Miss Grand Myanmar 2020” အလှမယ် ဟန်လေး / Han Lay's Facebook

ထိုင်းရောက် မြန်မာတွေ စုပေါင်းပြီး အလှမယ် ဟန်လေးကို ဂုဏ်ပြု

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved