• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖာပွန်ခရိုင်ထဲက တပ်စခန်းများကို စစ်ကောင်စီတပ်များ အတိုက်မခံရမီ စွန့်ခွာနေ

by ဧရာဝတီ
7 May 2021
in သတင်း
A A
အူးသူးထာ စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်များ ထားခဲ့သော ပစ္စည်းများ (ဓာတ်ပုံ - KNLA)

အူးသူးထာ စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်များ ထားခဲ့သော ပစ္စည်းများ (ဓာတ်ပုံ - KNLA)

32k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်တွင် အာဏာသိမ်းစစ်ကောင်စီ တပ်များသည် ၎င်းတို့၏ ခြေကုတ်စခန်းများကို စွန့်ခွာကာ အခြားခြေကုတ်စခန်းများတွင် အင်အားဖြည့်တင်းပူးပေါင်းနေကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၅) မှ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုးက ပြောသည်။

၎င်းက “တချို့စခန်းတွေ အခက်အခဲအမျိုးမျိုးကြောင့်ဖြစ်မှာပေါ့။ စခန်းတခု နှစ်ခုကနေ ရုတ်ပြီးတော့ စခန်း ပြန်ပေါင်းတာတွေရှိတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မယ်ပေါမူထာက မော်မူကျိုးစခန်းနဲ့ ပြန်ပေါင်းတယ်။ မော်မူကျိုး စခန်းကနေ မဲသလောက်ချောင်းစခန်းပေါ့။ အဲဒီမှာ ပေါင်းပြီး ပြန်စုနေကြတယ်။ ဒီမနက်က အူးသူးထာစခန်းက ဒါးကွေစခန်းနဲ့ ပြန်ပေါင်းတာပေါ့” ဟု ဆိုသည်။

KNU ဘက်က ထိုင်း- မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနားရှိ စစ်ကောင်စီ၏ တပ်စခန်းများထံ ရိက္ခာပို့သည့် လမ်းကြောင်းကို ပိတ်ဆို့ထားပြီး စစ်ကောင်စီတပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်နေသောကြောင့်လည်း စစ်ကောင်စီတပ်များက စခန်းအချို့ကို စွန့်ခွာကာ ၎င်းတို့၏ အင်အားကို စုစည်းနေခြင်းလည်းဖြစ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
10
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
9
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
20
အူးသူးထာ စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်များ ထားခဲ့သော ပစ္စည်းများ (ဓာတ်ပုံ – KNLA)

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များသည် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ၎င်းတို့၏ ခြေကုတ်စခန်း အနည်းဆုံး ၆ ခုကို စွန့်ခွာကာ အင်အားပြန်စုနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

အချို့သော တပ်စခန်းများတွင် စစ်ကောင်စီတပ်များသည် ၎င်းတို့၏ လက်နက်ခဲယမ်းများကိုပင် မယူနိုင်ပဲ ချက်ချင်း ဆုတ်ခွာ သွားကြောင်း KNU တပ်မဟာ (၅) နှင့် ပူးပေါင်းကာ စစ်ကောင်စီ၏ အူးသူးထာ စခန်းကို သိမ်းယူခဲ့သည့် ရခိုင်အမျိုးသားကောင်စီ၊ ရခိုင်ပြည်တပ်မတော် (ANC/AA) အဖွဲ့ မှ ဗိုလ်မှူးကြီး မင်းထွန်းက ဧရာဝတီသို့ ပြောသည်။

ANC/AA သည် အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ၂၀၀၄ ခုနှစ်ဝန်းကျင်က စတင်တည်ထောင်ခဲ့သော ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် ဝန်းကျင်မှစတင်ကာ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ် (DKBA) ၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ် (KNLA) တို့နှင့် ပူးပေါင်းမှုရှိခဲ့သည်။

အူးသူးထာ စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်များ ထားခဲ့သော ပစ္စည်းများ (ဓာတ်ပုံ – KNLA)

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည်။

ဗိုလ်မှူးကြီး မင်းထွန်း က “အူးသူးထာစခန်းက မြန်မာဘက်ကအခြမ်း KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော်ခရိုင်ထဲမှာပဲ။ စခန်းရောက်တော့ သူတို့မရှိတော့ဘူး။ မနေ့ညကတည်းက ဆုတ်သွားတာဖြစ်တယ်။ စခန်းပတ်ဝန်းကျင်မှာ မိုင်းထောင်တာ ဘာညာ၊ စနစ်တကျဆုတ်ခွာတာမျိုး မရှိဘဲနဲ့ ကမကတန်း ဆုတ်ခွားသွားတဲ့ပုံမျိုးပဲ” ဟု ပြောသည်။

လက်ရှိကာလတွင် ကရင်ပြည်နယ်ဖာပွန်ခရိုင်၌ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KNU တပ်မဟာ (၅) တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တပ်စခန်းအချို့ ဆုံးရှုံးခဲ့သည်လည်း ရှိနေသည်။

ပြီးခဲ့သည့် မတ်လ ၂၇ ရက်က စစ်ကောင်စီ၏ သီးမူထာ တပ်စခန်းကျရှုံးသွားပြီး ဧပြီလ ၂၇ ရက်ကလည်း စစ်ကောင်စီ၏ သောလယ်ထတပ်စခန်းနှင့် မယ်ရာထာတပ်စခန်းကို KNU တပ်မဟာ ၅ ဘက်က တိုက်ခိုက် သိမ်းပိုက်ခဲ့သေးသည်။

အပြန်အလှန်အားဖြင့် စစ်ကောင်စီဘက်ကလည်း ၎င်း၏ လေတပ်နှင့် အမြောက်တပ်ကိုသုံးကာ ကရင်ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

အူးသူးထာ စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်များ ထားခဲ့သော ပစ္စည်းများ (ဓာတ်ပုံ – KNLA)

KNU သတင်းအချက်အလက်ဌာန၏ သတင်းထုတ်ပြန်ချက်အရ စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် မတ်လ ၂၇ ရက်မှ မေလ ၅ ရက်အတွင်း KNU ထိန်းချုပ်ထားသော နယ်မြေအတွင်းရှိ ကျေးရွာ၊ လယ်မြေနှင့် ဥယျာဉ်ခြံများအတွင်းသို့ လက်နက်ကြီး အချက်ပေါင်း ၅၇၅ ချက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုက်လေယာဉ်ဖြင့်လည်း KNU ထိန်းချုပ် နယ်မြေအတွင်းသို့ ၂၇ ကြိမ်လာရောက်ကာ ဗုံးသီး ၄၇ လုံးကြဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဗုံးကြဲမှု ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း KNU သတင်းအချက်အလက်ဌာနကဆိုသည်။

ကရင်ပြည်နယ်တွင် KNLA နှင့် မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူများ တိုးပွားနေပြီး ၂၀၂၁ ခုနှစ် အစပိုင်းမှ မေလဆန်းပိုင်းအထိ နေရပ်စွန့်ခွာထွက်ပြေးသူ ၄၀၀၀၀ ခန့်ရှိနေကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ခန့်မှန်းထားသည်။

Your Thoughts …
Tags: ANCKNUဖာပွန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.6k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

Next Post
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ် ရုံး၌ ဧပြီလ ၂၄ ရက်တွင် ကျင်းပခဲ့သော အာဆီယံ ခေါင်းဆောင်များ အစည်းအဝေးသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်  / Indonesian presidential office

အာဆီယံဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ် မြန်မာပြည်ခရီး စီစဉ်နေ

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း MIC ဥက္ကဋ္ဌအသစ် ဖြစ်လာ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved