• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ILO ညီလာခံသို့ စစ်ကောင်စီကိုယ်စားလှယ် တက်ခွင့်မပေးရေး ကမ္ဘာ့အလုပ်သမားအဖွဲ့များ သဘောတူ

by ဧရာဝတီ
21 May 2021
in သတင်း
A A
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်  / CTUM

မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် / CTUM

33k
VIEWS
Share on FacebookShare on Twitter

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)၏ ၁၀၉ ကြိမ်မြောက် ညီလာခံသို့ စစ်ကောင်စီ ကိုယ်စားလှယ်များ တက်ခွင့် မပေးရေး ကမ္ဘာ့အလုပ်သမား အဖွဲ့များ အကြား သဘောတူညီမှု ရထားကြောင်း သိရသည်။

ယင်း ညီလာခံကို ၂၀၂၁ ခုနှစ် မေလ ၂၈ ရက်နေ့မှ ဇွန်လ ၁၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ကိုဗစ်- ၁၉ ကပ်ရောဂါ ကြောင့် Virtual Conference အွန်လိုင်းဖြင့်သာ ကျင်းပမည် ဖြစ်သည်။

ILO အစည်းအဝေးသို့ နိုင်ငံအသီးသီးမှ အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရစသည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်များ တက် ရောက်ရမည် ဖြစ်ရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) အနေဖြင့် စစ်ကောင်စီ၏ ကိုယ်စား လှယ်များကို လက်မခံရန် နိုင်ငံအသီးသီးမှ အလုပ်သမား ကိုယ်စားလှယ်များနှင့် ဆွေးနွေးသဘောတူထားပြီး ဖြစ်ကြောင်း သိရသည်။

CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က “တကမ္ဘာလုံးမှာ ရှိတဲ့ အလုပ်သမားတွေကတော့ မေ ၁၂ ရက်နေ့ကတည်းက Webinar လုပ်ပြီးတဲ့နောက် အကြီးတန်း အလုပ်သမားသမဂ္ဂတွေကတော့ ဒါကို သဘောတူကြတယ်။ သုံးပွင့်ဆိုင်မှာ ၁ ပွင့်ဖြစ်တဲ့ အလုပ်သမားတွေကတော့ လုံးဝ လက်မခံဘူး။ ကျန်တဲ့ ၂ ဖွဲ့ ဖြစ်တဲ့ အစိုးရနဲ့ အလုပ်ရှင်တွေကို ကျနော်တို့က လိုက်ပြီး ဆွေးနွေးနေတယ်။ အကူအညီတောင်းနေတယ်”ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံသည် ကုလသမဂ္ဂရှိ အဖွဲ့အစည်းများက လုပ်သည့် အစည်းအဝေးများအနက် တခုတည်းသော အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးဦးစုံညီ တက်ရသည့် အစည်းအဝေးဖြစ်ပြီး တဦးဦး ပျက်ကွက်ပါက ပြည့်စုံသည့် ကိုယ်စားလှယ်အဖွဲ့ဟု မသတ်မှတ်ကြောင်း သိရသည်။

လက်တလောတွင် အမေရိကန် အလုပ်သမားအဖွဲ့ချုပ် – (AFL-CIO) နှင့် အမေရိကန်နိုင်ငံတွင်ရှိသော အာရှပစိဖိတ် အလုပ်သမား တပ်ပေါင်းစု (Asia Pacific American Labor Alliance- APALA ) တို့နှင့် ဆွေးနွေးထားရာ အဆိုပါ အဖွဲ့အစည်းများက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို စာရေးသား၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတွင် စစ်ကောင်စီ ကိုယ်စားလှယ်များကို လက်မခံရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း သိရသည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
0
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
58
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
48

ထို့ပြင် ဖိလစ်ပိုင်၊ မလေးရှား၊ နယူးဇီလန်၊ အီတလီ စသည့် နိုင်ငံများမှ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်များသည်လည်း စစ်ကောင်စီ ကိုယ်စားလှယ်များကို အသိအမှတ်မပြုရန် ၎င်းတို့ အစိုးရများကို တိုက်တွန်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အမေရိကန်ပြည်ထောင်စု သမ္မတ ဂျိုးဘိုင်ဒင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အရေး လှုပ်ရှားဆောင်ရွက်မှုကို ထောက်ခံအားပေးပြီး စစ်အာဏာရှင်အုပ်စုအား အရေးယူဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံ၏ အခြေအနေနှင့်စပ်လျဉ်း၍ ပိုင်ဆိုင်မှုကို ပိတ်ဆို့တားဆီးခြင်းဆိုင်ရာ အုပ်ချုပ်ရေးအမိန့် ၁၄၀၁၄ ကို ထုတ်ပြန်ကြေညာထားပြီးလည်း ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ILO ညီလာခံများတွင် အစိုးရပိုင်း ကိုယ်စားလှယ်ကို အသိအမှတ်မပြုသည့် ဖြစ်စဉ်မျိုး တကြိမ်တခါမှ မရှိခဲ့ဖူးသေးကြောင်း၊ ယခင် နဝတ၊ နအဖများလက်ထက် ၎င်းတို့၏ အလုပ်သမားကိုယ်စားလှယ် ILO ညီလာခံ မတက်ရောက်ရန် ကန့်ကွက်ခဲ့ဖူးကြောင်း သိရသည်။

“အခုဟာက အစိုးရကို ကန့်ကွက်တာ။ ILO သမိုင်းမှာ တခါမှ မရှိခဲ့ဘူးတဲ့ အလုပ်တခုကို လုပ်နေတာပါ။ စစ်အုပ်စုက အစည်း အဝေးထဲကို မဝင်ရဘူးဆိုတာ အရေးကြီးပါတယ်။ သူတို့ကို အသိအမှတ်မပြုဘူးဆိုတာ အရေးကြီးပါတယ်။ အနည်းဆုံး ဒီလေး၊ ငါး နိုင်ငံက ပြောရင်ပဲ ILO ထဲမှာ ထူးထူးခြားခြား ဖြစ်သွားမှာပါ”ဟု ဦးမောင်မောင်က ပြောသည်။

“ဗိုလ်ချုပ်ခင်ညွန့်လက်ထက်တုန်းက ကန့်ကွက်ဖူးပါတယ်။ ကျနော်တို့ နိုင်ခဲ့ဖူးပါတယ်။ အဲဒီတော့ အလုပ်သမား ကိုယ်စား လှယ်က အစည်းအဝေးထဲကို မဝင်ရပါဘူး။ အခုဟာက အစိုးရကို ကန့်ကွက်တာ”ဟု ၎င်းက ဆက်ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ အလုပ်ရှင်များ အစုအဖွဲ့က နိုင်ငံရေးကိစ္စဆိုကာ ငြင်းပယ်ထားသော်လည်း စစ်ကောင်စီ တပ်ဖွဲ့ များက အလုပ်သမားများကိုပါ သတ်ဖြတ်နေခြင်းနှင့် အလုပ်သမား ၆ သောင်းကျော် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကြောင့် အလုပ်ဖြုတ်ခံထားရခြင်း စသည့်ကိစ္စရပ်များကို အလုပ်သမားအဖွဲ့ အစည်းများက ထောက်ပြလျက်ရှိသည်။

You may also like these stories:

အာဏာသိမ်းအစိုးရနှင့် အလုပ်သမားကိစ္စများ ညှိနှိုင်းမှုပြုလုပ်မည် မဟုတ်ဟု CTUM ကြေညာ

အလုပ်သမား အားလုံး “အလုပ်ရပ်” အာဏာဖီဆန်ရေး သပိတ် စတင်

Your Thoughts …
Tags: CTUMILOကမ္ဘာ့အလုပ်သမားအဖွဲ့စစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဘူးသီးတောင်မြို့ ဆိုင်းဘုတ် / ဧရာဝတီ

ဘူးသီးတောင် စစ်ရှောင်စခန်းတခုတွင် အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံရ

တေးသံရှင် အောင်ကျော်ဟိန်း  / Aung Kyaw Hein's Facebook

မြို့မအသင်းကနေ နုတ်ထွက်ခဲ့တဲ့ တေးသံရှင် အောင်ကျော်ဟိန်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved