• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဗစ်ကူးစက်ပျံ့နှံ့မှုများကြောင့် အင်းစိန်ထောင်တွင်း ရုံးထုတ် စစ်ဆေးမှု ယာယီရပ်ဆိုင်း

by ဧရာဝတီ
6 July 2021
in သတင်း
A A
ဇွန်လ ၃၀ ရက်က အင်းစိန်အကျဉ်းထောင်ရှေ့တွင် ပြန်လွတ်လာမည့်သူများကို စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ  / ဧရာဝတီ

ဇွန်လ ၃၀ ရက်က အင်းစိန်အကျဉ်းထောင်ရှေ့တွင် ပြန်လွတ်လာမည့်သူများကို စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ / ဧရာဝတီ

9.5k
VIEWS
Share on FacebookShare on Twitter

ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေများကြောင့် အင်းစိန်ထောင်တွင်း အထူးတရားရုံး၌ ရုံးထုတ်ခွင့်များကို ယနေ့ (ဇူလိုင် ၆ ရက်) ကစ၍ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း အမှုများကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ် တရားရုံးများမှ တရားခွင်များကို အင်းစိန်ထောင်တွင်း အထူး တရားရုံး များအဖြစ် ထားရှိကာ ရုံးထုတ် စစ်ဆေးပေးနေခြင်းဖြစ်သည်။

ဥပဒေ အကြံပေး တဦးဖြစ်သူ ရှေ့နေ ဦးခင်မောင်မြင့်က “ဒီနေ့မှ စတာ။ ဘယ်အမှုမှကို ရုံးထုတ်မပေးတော့ တာ။ အင်းစိန်ထောင်မှာက လူဦးရေ ၁ သောင်း ၃ ထောင်လောက် ထိန်းသိမ်းထားရတယ်။ သူတို့ အဝန်းအ ဝိုင်းထဲမှာတော့ လုံခြုံမှုရှိတယ်။ အပြင်ကနေ ဝင်လာတဲ့သူတွေဆီက ကူးစက်မှာ စိုးရိမ်လို့ ဆိုပြီးတော့ ဒီနေ့ ထုတ်မပေးဘူး” ဟု ပြောသည်။

မည်သည့်အမှုမဆို အမှု စစ်ဆေးခြင်းကို ရပ်ဆိုင်းထားခြင်းဖြစ်ပြီး မည်သည့်အချိန်ထိ ရပ်ဆိုင်းထားမည်ကိုမူ မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။

ရှေ့နေ ဦးခင်မောင်မြင့် က“တနေ့ တနေ့ မရှိဘူးဆိုရင် လူအဝင်အထွက်က ၂၀၀ နဲ့ ၃၀၀ ကြားမှာ အဝင်အ ထွက် ရှိတယ်။ ကူးစက်ခံရရင် ထောင်ထဲမှာ Outbreak ဖြစ်သွားမယ်။ အဲဒါကြောင့် ယာယီအကာအကွယ် လုပ်လိုက်တဲ့ သဘောပါပဲ။ အကျဉ်းထောင် ဥပဒေအရ နစ်နာအောင် လုပ်တဲ့သဘောတော့ မဟုတ်ဘူး” ဟု ပြောသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
388
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
54

အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ရန်ကုန်တိုင်းအတွင်းရှိ စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များနှင့် ကိုကိုးကျွန်းမြို့တို့ မပါဝင်ဘဲ ကျန်မြို့နယ်မှ တရားရုံး ၃၈ ရုံး ရှိပြီး နေ့စဉ်နှင့်အမျှ လူအဝင်အ ထွက်များသောကြောင့် အချုပ်သားများအား ကူးစက်မည်ကို စိုးရိမ်သဖြင့် ရုံးမထုတ်တော့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ရုံးထုတ်ခြင်း ယာယီရပ်ဆိုင်းသည့်အတွက် ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှု ရင်ဆိုင်နေသည့် ထိန်းသိမ်း ခံထားရသူများကို ကာယကံရှင် အမှုသည် မပါဘဲ ရှေ့နေများမှ တာဝန်ခံ၍ စစ်ဆေးမည်လား ဟု တရားသူကြီး က ရှေ့နေများကို မေးမြန်းမှုများလည်း ရှိနေကြောင်း ရှေ့နေများက ဆိုသည်။

“တရားသူကြီးတွေကတော့ ကျနော်တို့ကို မေးတာပေါ့။ ဒီတရားခံတွေကို တာဝန်ခံပြီး စစ်မလားဆိုပြီးတော့ ကျနော်တို့က မစစ်နိုင်ဘူး။ စွဲထားတဲ့ အမှုတွေက ၅၀၅ (က) နိုင်ငံရေးနဲ့ ဆက်နွယ် ပတ်သက်တဲ့အမှုတွေ ဖြစ် တော့ စစ်တဲ့အခါမှာ ထိန်းသိမ်းခံထားရတဲ့လူရဲ့ ရှေ့မှောက်မှာ စစ်မှ တရားမျှတမှု ရှိမယ်။ သူလည်းပဲ ပြောသင့် ပြောထိုက်တာတွေ ပြောလို့ရမယ်။ တချို့ကန့်ကွက်ရမှာတွေကို သူ့ဆီက ညွှန်ကြားချက်ယူပြီး ကန့်ကွက်ရမှာ ရှိ တယ်။ အချုပ်တရားခံ မထုတ်ဘဲတော့ အမှု မစစ်နိုင်ဘူးလို့ ငြင်းပယ်တဲ့အတွက် ရုံးပြန်တွေကို ပြန်ချိန်းထားရ တယ်” ဟု ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။

ယနေ့ (ဇူလိုင်လ ၆ ရက်) တွင် သရုပ်ဆောင်ရဲတိုက် ရင်ဆိုင်နေရသည့် ဥပဒေပုဒ်မ ၅၀၅ (က) ရုံးချိန်း ရှိသော် လည်း ရုံးထုတ် ရပ်ဆိုင်းလိုက်သည့်အတွက် မစစ်ဆေးဖြစ်ဘဲ ထပ်မံ ချိန်းဆိုမှုသာ ပြုလုပ်ခဲ့သည်။

ထောင်တွင်း တရားရုံးများတွင် မိသားစုဝင်များနှင့် အပြင်လူများဝင်ခွင့် နားထောင်ခွင့်မရှိဘဲ တရားသူကြီး၊ ဥပဒေအရာရှိ၊ တရားခံရှေ့နေများသာ ဝင်ခွင့်ရှိပြီး နိုင်ငံရေးမှုများဖြင့် ဖမ်းဆီးခံထားရသည့်သူများကို ထောင်တွင်း တရားရုံးများတွင် ကြားနာစစ်ဆေးလျက်ရှိသည်။

ရန်ကုန်တိုင်းရှိ အင်းစိန်ထောင်တွင် မတ်လအလယ်ပိုင်းမှ စတင်၍ ထောင်တွင်း တရားရုံးများဖြင့် ကြားနာ စစ် ဆေးလျက်ရှိကြောင်း နိုင်ငံရေးမှုဖြင့် ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များထံက သိရသည်။

သရုပ်ဆောင် ရဲတိုက် အမှုများကို လိုက်ပါ ဆောင်ရွက်ပေးသူ ဒါရိုက်တာ ရီဇော်က “ဘာကြောင့်လဲတော့ အတိ အကျ မသိရဘူး။ ဟိုမေးဒီမေး မေးကြည့်တာတော့ ကိုဗစ်ကြောင့် အပြင်က လူတွေနဲ့ အတွင်းက လူတွေ ထိတွေ့မှု မရှိအောင်လို့ ကြားတယ်။ အဖမ်းခံထားရတဲ့အချိန်မှာတော့ ဘာတတ်နိုင်မှာလဲ။ စိတ်ပူတာတွေ စိုးရိမ်တာတွေတော့ အများကြီးပေါ့။ သယ်သွားတဲ့ ထမင်းတောင် မကျွေးရဘူး။ ဒီနိုင်ငံမှာ ၆ လနဲ့ ပြီးအောင် စစ်မယ်ဆိုတာ အယုံအကြည်လည်း မရှိပါဘူး။ အဖမ်းခံရပြီးပြီးပဲ။ နစ်နာတာတော့ မပြောတော့ပါဘူး။ တတိုင်း ပြည်လုံး ဖြစ်နေတဲ့ ကိစ္စဆိုတော့” ဟု ပြောသည်။

သရုပ်ဆောင် ရဲတိုက်ကို လသာမြို့မ ရဲစခန်းတွင် ပုဒ်မ ၅၀၅(က)၊ မရမ်းကုန်းမြို့မ ရဲစခန်းတွင် မူးယစ် ပုဒ်မ ၁၆ (ဂ) ဖြင့် တရားစွဲဆိုထားပြီး အဆိုပါ အမှု ၂ခုတွင် အမှု ၁ခုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးသတ် စစ်ဆေးရန် တရားရုံးက အမိန့်ချမှတ်ထားသည်။

မြန်မာနိုင်ငံတဝှမ်း၌ ကိုဗစ် တတိယလှိုင်းကို ကြုံတွေ့နေရပြီး အင်းစိန်ထောင်တွင်း၌လည်း ကိုဗစ်ကူးစက်မှုများ ဖြစ်ပေါ်နေကြောင်း ပြောဆိုနေကြသလို တောင်ငူထောင်နှင့် မကွေးထောင် အစရှိသည့် ထောင်များတွင်လည်း ကိုဗစ် ကူးစက်မှုများ ဖြစ်ပွားနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခြင်း ခံထားရသူ များကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင် အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသူ ၇၀၀ ကျော် လည်း ပြန်လည် လွတ်မြောက်လာခဲ့သည်။

You may also like these stories:

ကျနော်တို့က လူလိုမှ အဆက်အဆံ မခံရတာ၊ စစ်ကြောရေးဆိုတာ တကယ့် ငရဲခန်းပဲ

စစ်ကြောရေးတွင် နံရိုးကျိုးခဲ့သည့် ဦးရဲမင်းဦး အင်းစိန်ထောင်တွင် ကျန်းမာရေး ကောင်းမွန်ဟု ဆို

စွပ်စွဲချက်များ မကျူးလွန်၍ ဥပဒေနှင့် မညီသည့်အချက်များ ပေါ်အောင် စစ်ရန် ဒေါ်အောင်ဆန်းစုကြည်ပြော

Your Thoughts …
Tags: ကိုဗစ်ရုံးချိန်းအင်းစိန်ထောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

by ခင်နဒီ
29 February 2024
5.1k

"၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု အများဖြစ်တယ်" ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

လျှို့ဝှက်သော ထောင်တိုးချဲ့မှုများ ဂြိုဟ်တုမှ တွေ့ရ

လျှို့ဝှက်သော ထောင်တိုးချဲ့မှုများ ဂြိုဟ်တုမှ တွေ့ရ

by ဧရာဝတီ
2 February 2024
3.6k

အာဏာသိမ်းပြီးကာလ ထောင်စနစ်တိုးချဲ့ခြင်းသည် နိုင်ငံရေး အတိုက်အခံများ၊ သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများကို အစုလိုက်အပြုံလိုက်ဖမ်းဆီးချိန်နှင့် တိုက်ဆိုင်နေသည်။

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်အာဏာရှိရင် ပြည်သူ့အသက်တွေ အများကြီးကယ်နိုင်လိမ့်မယ် (ရုပ်/သံ)

by ဧရာဝတီ
2 April 2025
1.1k

လူအမြောက်အမြား သေဆုံးထိခိုက်မှုတွေရှိနေတဲ့ လက်ရှိ ငလျင်ဘေးမှာ ဒေါ်အောင်ဆန်းစုကြည်သာလုပ်ကိုင်ခွင့်ရှိခဲ့မယ်ဆိုရင် ပြည်သူတွေရဲ့ အသက်တွေကို အများကြီးကယ်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NLD အစိုးရလက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးတာဝန်ကို ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

by ဧရာဝတီ
18 October 2024
730

ဖမ်းဆီးခံလိုက်ရသည့် သပိတ်အဖွဲ့ဝင် ကိုရှိန်းဝေအောင်နှင့် ကိုပိုင်ဖြိုးမင်းတို့ ၂ ဦးတို့ကို လက်ရှိအချိန်ထိ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်ပြီး ကိုရှိန်းဝေအောင်၏ မိသားစုဝင် ၃ဦးလည်း ဖမ်းဆီးခံထားရကြောင်း

စာပေ၊ ဂီတ အနုပညာရှင်များ

ကြွေလွင့်သွားတဲ့ အနုပညာငွေကြယ်ပွင့်များ

by ဧရာဝတီ
17 August 2021
31.8k

၁၉၈၈ အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး မိန့်ခွန်းပြောနေတဲ့ ဓာတ်ပုံကို ရိုက်ကူး မှတ်တမ်းတင်ခဲ့သူ ဖြစ် ပြီး အရေးအခင်း လှုပ်ရှားမှုတွေကို ရုပ်သံရိုက်ကူးကာ အမေရိကန် သံရုံးမှတဆင့် ကမ္ဘာကို ချပြခဲ့သူ တယောက်လည်း ဖြစ်ပါတယ်။

တပတ်အတွင်း အကျဉ်းသား ရာနှင့်ချီ ထောင်ပြောင်းရွှေ့မှုများလုပ်နေ

တပတ်အတွင်း အကျဉ်းသား ရာနှင့်ချီ ထောင်ပြောင်းရွှေ့မှုများလုပ်နေ

by ဧရာဝတီ
25 June 2024
317

ပြောင်းရွှေ့လိုက်သည့် ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်တို့မှာ နိုင်ငံရေး အကျဉ်းသားများအား ဖိနှိပ်မှုအများဆုံးနှင့် အကျဉ်းသားအခွင့်အရေး ချိုးဖောက်မှုများတွင် နာမည်ကြီးသည့် အကျဉ်းထောင်များ ဖြစ်

Next Post
KIA ထိန်းချုပ်နယ်မြေအတွင်း ကိုဗစ်ကာကွယ်ရေးအတွက် KIA အရာရှိများနှင့် ကျန်းမာရေး ဝန်ထမ်းများ ဆွေးနွေးနေပုံ  / Covidninghkap Komiti

လိုင်ဇာနဲ့ မိုင်ဂျာယန်မှာ လူဦးရေ ၃၀ ရာခိုင်နှုန်းက ကိုဗစ်ကာကွယ်ဆေး ထိုးပြီးပြီ

ကျောင်းသားသမဂ္ဂ ဖြိုခွဲခံရသည့် 7 July အရေးအခင်း

ကျောင်းသားသမဂ္ဂ ဖြိုခွဲခံရသည့် 7 July အရေးအခင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved