• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကရင်လက်နက်ကိုင်ချင်း မတိုက်ရန် ဆွေးနွေးမှုအပြီး KNU နှင့် BGF တိုက်ပွဲဆက်နေ

by ဧရာဝတီ
19 July 2021
in သတင်း
A A
ကရင်ပြည်နယ် အတွင်းလှုပ်ရှားနေသည့် KNU/KNLA တပ်ဖွဲ့များ / ဧရာဝတီ

ကရင်ပြည်နယ် အတွင်းလှုပ်ရှားနေသည့် KNU/KNLA တပ်ဖွဲ့များ / ဧရာဝတီ

50.8k
VIEWS
Share on FacebookShare on Twitter

ကရင်လက်နက်ကိုင် ၄ ဖွဲ့အကြား တိုက်ပွဲမဖြစ်ရေး ဆွေးနွေးပြီးသည့်တိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာစစ်တပ်လက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) တို့အကြား တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း KNU တပ်မဟာ (၁) ထံမှသိရသည်။

ကရင်ပြည်နယ် ဘားအံမြို့ မြောက်ပိုင်းရှိ ကုန်းတန်းကြီးကျေးရွာအနီးတွင် ဇူလိုင်လ ၁၇ ရက် ည ၁၀ နာရီခွဲက ဗိုလ်မှူးစောတင်ဝင်း ဦးစီးသည့် BGF တပ်ရင်း ၁၀၁၄ နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် (KNLA) တပ်မဟာ ၁ တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မဟာ (၁) အခြေစိုက်သည့် KNU သထုံခရိုင်၏ အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ဧရာဝတီသို့ ပြောသည်။

ပဒိုစောစိုးမြင့်က “ကုန်းတန်းကြီးပေါ့။ ကမမောင်းက တက်တဲ့လမ်းမကြီးမှာပေါ့။ တိုက်ပွဲကတော့ BGF တပ်ဖွဲ့တွေ ချီတက်လာတယ်လေ။ ကား ၂ စီးနဲ့တက်လာပြီးတော့ တပ်လှုပ်ရှားတယ်ပေါ့။ အဲဒီအခါမှာ ကျနော်တို့လူတွေနဲ့ တိုက်ပွဲဖြစ်တယ်” ဟု ပြောသည်။

တိုက်ပွဲသည် မိနစ်ပိုင်းမျှသာကြာပြီး KNU ဘက်က ပြောက်ကျားနည်းဖြင့် ခြုံခိုတိုက်ခိုက်ပြီး နောက် ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။ တိုက်ပွဲအတွင်း BGF ဘက်က တပ်ဖွဲ့ဝင် ၂ ဦး အပြင်းအထန် ဒဏ်ရာရသွားကြောင်း ပဒိုစောစိုးမြင့်က ပြောသည်။

BGF အဖွဲ့ဘက်မှ ဗိုလ်မှူးစောတင်ဝင်းက “သိရသလောက်တော့ နဲနဲပါးပါး အဝေးကလာပြီး ပြောက်ကျား သဘောမျိုး လာပစ်တာလောက်ပဲရှိတယ်။ ကြီးကြီးကျယ်ကျယ် ထိတွေ့တိုက်ပွဲတော့ မရှိဘူး။ တပ်သား ၂ ယောက်ဒဏ်ရာရတယ် ဆိုတာလည်း မဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။

အလားတူပင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် မဲလန်ဒေသရှိ BGF တပ်မှူး ဗိုလ်မှူးခင်မောင်ဝင်း၏ နေအိမ်သို့ KNU ဘက်က ဇူလိုင်လ ၁၇ ရက် နံနက် ၂ နာရီဝန်းကျင်တွင် နောက်ပွင့်လောင်ချာအပါအဝင် သေနတ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်လည်း ရှိကြောင်း ဗိုလ်မှူးစောတင်ဝင်းကပြောသည်။

ယင်းပစ်ခတ်မှုအတွင်း ဗိုလ်မှူးခင်မောင်ဝင်း၏ နေအိမ်ထိခိုက်ပျက်စီးမှုအချို့ရှိပြီး ၎င်းနှင့် ၎င်း၏မိသားစု ဝင်များမှာမူ ထိခိုက်ဒဏ်ရာရမှုမရှိဟုဆိုသည်။

KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့်ကမူ BGF တပ်မှူး ဗိုလ်မှူးခင်မောင်ဝင်းအိမ်ကို KNU ဘက်က သွားရောက် ပစ်ခတ်သည်ဟု မကြားရကြောင်း၊ BGF ဘက်က KNU နယ်မြေအတွင်း ဝင်ရောက် စစ်ရေးလှုပ်ရှားလာသဖြင့် KNU ဘက်က ခုခံကာကွယ်ရေး စစ်ဆင်နွှဲရခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ပဒိုစောစိုးမြင့် က “တဖက်က တပ်လှုပ်ရှားမှုတွေ မရှိရင် နယ်မြေအေးချမ်းသွားမယ်လို့ယူဆတယ်။ တပ်လှုပ်ရှားမှု ဆက်ရှိရင်တော့ KNU KNLA ဘက်ကတော့ ကိုယ့်နယ်မြေကိုကာကွယ်ဖို့၊ ကိုယ့်ဒေသကိုကာကွယ်ဖို့ တိုက်ပွဲကတော့ ဆက်ဖြစ်နေမှာပဲ” ဟု မှတ်ချက်ပေးသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် KNU ဌာနချုပ်နယ်မြေ၌ ကရင်လက်နက်ကိုင်များအကြား ဖြစ်ပွားနေသည့် ပစ်ခတ်မှုများ ပပျောက်စေရေးဆိုင်ရာ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲသို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ (KNU/KNLA-PC) ငြိမ်းချမ်းရေးကောင်စီနှင့် BGF ခေါင်းဆောင်များလည်း တက်ရောက်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲတွင် ကရင် လက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခတစုံတရာရှိပါက လက်နက်ဖြင့် မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် ယေဘုံယျသဘောတူ ထားသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
23
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

သို့သော်လည်း ဆွေးနွေးပွဲကျင်းပပြီးနောက်တွင် KNU တပ်မဟာ (၁) နှင့် BGF တို့အကြား တိုက်ပွဲ ၅ ကြိမ်ထက်မနည်း ဖြစ်ပွား ခဲ့ပြီး ဇွန်လ ၂၁ ရက်နေ့ တနေ့တည်းမှာပင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ (၁) ထံမှသိရသည်။

ကရင်လက်နက်ကိုင်အချင်းချင်းအကြား လက်နက်ကိုင်ပဋိပက္ခမဖြစ်ရန် ဆွေးနွေးထားသည့် ကြားက တိုက်ပွဲများ ဖြစ်နေခြင်းသည် အောက်ခြေအဆင့်တွင် စစ်ရေးလှုပ်ရှားမှုအချို့ရှိနေသဖြင့် ပွတ်တိုက်မှုများ ဖြစ်နေရခြင်းသာ ဖြစ်ကြောင်း ဗိုလ်မှူးစောတင်ဝင်း က သုံးသပ်သည်။

ဗိုလ်မှူးစောတင်ဝင်း က “အခုလည်း လက်နက်ကိုင်အချင်းချင်း တွေ့ဆုံဆွေးနွေးညှိနှိုင်းထားတာလည်းရှိပါတယ်။ အောက်ခြေကတော့ နည်းနည်းပါးပါး ပြောက်ကျားစစ်လေးတွေတော့ တခါတလေရှိတာပေါ့။ အားလုံးကလည်း လက်နက်ကိုင် ထားတယ် ဆိုတော့ အသေးအမွှားကိစ္စတွေရှိမှာပေါ့။ ဒါကလည်း တဖြေးဖြေးနဲ့ ပြန်အဆင်ပြေအောင် တဆင့်ချင်းလုပ်ရမှာပေါ့” ဟု ပြောသည်။

KNU သည် သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်အတူ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးခဲ့သည်။

Your Thoughts …
Tags: BGFKNUသထုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.8k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

Next Post
NLD အစိုးရလက်ထက်တွင် ကိုဗစ်ကာကွယ်ရေး ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ / ဧရာဝတီ

ကိုဗစ်ကုသရေး ပရဟိတဆရာဝန် ၅ ဦး ထောင်ချောက်ဆင် အဖမ်းခံရ

သရုပ်ဆောင် ဖွေးဖွေး  / Phway Phway's Facebook

“ကိုဗစ်နဲ့ အာဏာသိမ်းမှုကို ကြံ့ကြံ့ခံနိုင်သူ အားလုံးက အာဇာနည်တွေပါပဲ”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved