• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြစ်ငယ်မြို့မှ အိမ်များကို ကျူးဟုဆိုကာ အင်အားသုံး ဖျက်ဆီးဖယ်ရှားနေ

by ဧရာဝတီ
9 March 2022
in သတင်း
A A
မြစ်ငယ်တွင် စစ်ကောင်စီက လူနေအိမ်များကို အင်အားသုံး ဖျက်ဆီးဖယ်ရှားနေ / CJ

မြစ်ငယ်တွင် စစ်ကောင်စီက လူနေအိမ်များကို အင်အားသုံး ဖျက်ဆီးဖယ်ရှားနေ / CJ

12.3k
VIEWS
Share on FacebookShare on Twitter

မီးရထားဝန်ထမ်းမြို့ဟု ဆိုရမည့် တွဲပြင်နှင့် တွဲတည်ဆောက်ရေး စက်ရုံရှိရာ မန္တလေးတိုင်း မြစ်ငယ်မြို့ ရှိ ရပ်ကွက်ပေါင်း ၁၆ ရပ်ကွက်မှ နေအိမ်များကို စစ်ကောင်စီက ကျူးကျော်ဟု သတ်မှတ်ကာ ယမန်နေ့မှစ၍ ဖျက်ဆီးဖယ်ရှား နေကြောင်း မြစ်ငယ်မြို့ခံများထံမှ သိရသည်။

အင်အားအလုံးအရင်းပါ စစ်ကောင်စီတပ်များသည် မတ် ၅ရက်မှစတင်ကာ မြစ်ငယ်မြို့ကို ပိတ်ဆို့စစ်ဆေးကာ လူဝင် လူထွက်တင်းကျပ်ပြီးနောက် မတ် ၈ရက်တွင် မြို့ပေါ်ရှိ ဒေါန၊ အောင်မင်္ဂလာ၊ သာယာကုန်း၊ အောင်သပြေ စသည့် ရပ်ကွက်များရှိ နေအိမ်၊ ဈေးဆိုင်နှင့် အဆောက်အအုံများအား စက်ယန္တရားများ အသုံးပြုကာ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

မြစ်ငယ်မြို့ခံတဦးက “စလာကတည်းက မြို့ကိုပိတ်ပြီး အပြင်လူ အဝင်အထွက် လုပ်လို့မရအောင် ပိတ်ဆို့ပြီးမှ အခုလိုမျိုး ဘူဒိုဇာနဲ့ ထိုးဖြိုသွားကြတာ။ တနေ့ကမှ ငါးရက်အတွင်း အပြီးဖျက်သိမ်း ဖယ်ရှားပေးရမယ်ဆိုတဲ့ စာရွက်တွေ ဝေပြီးတော့ မနေ့ကတော့ အိမ်တွေကို ရွှေ့ခိုင်းတာ မဟုတ်ဘူး၊ အိမ်တွေကို ဖျက်ခိုင်းတာလို့ပြောပြီး ယန္တရားကြီးတွေနဲ့ ထိုးဖျက်သွားကြ တာပဲ။ နှစ်ပေါင်း ၇၀ ကျော်လောက် အခြေကျလာတဲ့အိမ်တွေ အကုန်ပါသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီက ထိုသို့ စက်ယန္တရားများ အသုံးပြု ဖျက်ဆီးခံရသည့် နေအိမ်များကို ကျုးကျော်နေထိုင်သူများဟု သတ်မှတ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသော်လည်း လက်ရှိတွင် မြို့လုံးကျွတ်နီးပါး ပြောင်းရွေ့နေကြရသည်ဟု ၎င်းက ဆိုသည်။

မြစ်ငယ်တွင် စစ်ကောင်စီက လူနေအိမ်များကို အင်အားသုံး ဖျက်ဆီးဖယ်ရှားနေ (ဓာတ်ပုံ/CJ)

ထို့ပြင် စစ်ကောင်စီက ရှင်းလင်းရာတွင် မြစ်ငယ်စက်ရုံက သက်သာဆိုင်ခန်းများ ဆောက်လုပ်ပြီး ရောင်းချပေးခဲ့သည့် လူနေအိမ်နှင့် ဆိုင်ခန်းများပါ ဖျက်သိမ်းရမည့် စာရင်းတွင် ထည့်သွင်းထားကြောင်း၊ တချို့ ဝယ်ယူနေထိုင်ကြသူများ၏ နေအိမ် များလည်း ဖျက်ဆီးခံရကြောင်း သိရသည်။

“မြို့ပေါ်က အိမ်တွေနဲ့ ဆိုင်တွေကို ဘူဒိုဇာနဲ့ထိုးပြီး ဖျက်ခံရတော့ အချို့ဆိုရင် ဘာပစ္စည်းမှ မသယ်နိုင်ကြဘူး။ ထင်မထား တော့ တမြို့လုံး ကမာ္ဘပျက်တဲ့အတိုင်းပဲ။ အိမ်ဖျက်တဲ့ အသံတွေ၊ ငိုကြ ယိုကြသံတွေနဲ့ အမင်္ဂလာ မြင်ကွင်းတွေပါပဲ။ အချို့ ကတော့ ကိုယ့်ဘာသာ ဖျက်ပါမယ်ဆိုပြီး ခခယယနဲ့ပေါ့။ ဘူဒိုဇာနဲ့ ထိုးခံရတဲ့အထဲမှာ တကယ့် အိမ်ကြီးအိမ်ကောင်း တွေ၊ တိုက် တွေပါ ပါတယ်” ဟု မြစ်ငယ်မြို့ အောင်သပြေရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

မြစ်ငယ်မြို့သည် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းဘေးတွင် တည်ရှိပြီး ၁၉၀၅ခုနှစ်တွင် မြစ်ငယ်မီးရထား တွဲပြင်စက်ရုံ ကို အင်္ဂလိပ်အစိုးရက တည်ဆောက်ကာ ၁၉၁၂ ခုနှစ်တွင် မီးရထားတွဲပြင်ဌာနအဖြစ် စတင် လည်ပတ်ခဲ့သည်၊လက်ရှိတွင် မြစ်ငယ်မြို့၌ လူဦးရေ ၈၀,၀၀၀ ဝန်းကျင်၊ မိသားစု ၁၂,၀၀၀ ခန့် နေထိုင်ကြောင်း သိရသည်။

မြစ်ငယ်မြို့သည် ၆၃၁ ဒသမ ၂၉ ဧက ကျယ်အဝန်းပြီး မီးရထားတွဲပြင်ဌာနအဖြစ် စတင်စဉ်ကတည်းက နှင်းဆီ၊ ဒေါန၊ သော်က၊ စံပယ်၊ အောင်သပြေ၊ အောင်မင်္ဂလာ၊ အောင်ချမ်းသာ၊ မဉ္ဇူ၊ ရန်ကင်း၊ သီတာ၊ တပင်ရွှေထီး၊ သဇင်အမည်ရှိ ဝန်ထမ်းရပ်ကွက် ၁၂ ရပ်ကွက်ကိုပါ တည်ပေးခဲ့ကြောင်း သိရသည်။

မြစ်ငယ်တွင် စစ်ကောင်စီက လူနေအိမ်များကို အင်အားသုံး ဖျက်ဆီးဖယ်ရှားနေ (ဓာတ်ပုံ/CJ)

“စက်ရုံ စတည်ထောင်တော့ ဝန်ထမ်းရပ်ကွက်အဖြစ် ၁၂ ရပ်ကွက် တည်ပေးခဲ့တာမှာ မူလက ၉၅ အိမ်နဲ့ စခဲ့တာပေါ့။ နောက် စက်ရုံကြီး စည်ကားအောင်လို့ ဈေးရောင်းချဖို့ ဆိုင်ခန်းတွေအပြင် လူနေအိမ်တွေကိုလည်း နံပါတ်တွေ ချပေးခဲ့တာ။ အဲဒီလို ချပေးထားပြီးတော့ စက်ရုံကို အခွန်ပေးဆောင်ပြီးတော့ နေခဲ့ကြတာပေါ့။ ဂရန်တို့၊ စလစ်တို့ မရှိပါဘူး။ အဲဒီလို နေလာတာ နှစ်ပေါင်း ၇၀ ကျော်ရှိပြီ” ဟု အောင်မင်္ဂလာရပ်ကွက်နေသူ တဦးက ရှင်းပြသည်။

ယခုအခါ အင်္ဂလိပ်ခေတ်က စတင် တည်ပေးခဲ့သည့် ရပ်ကွက် ၁၂ ရပ်ကွက်အပြင် ထပ်တိုးရပ်ကွက်များအဖြစ် အောင်ကပ် ကျော်၊ ပိတောက်၊ အရှေ့သာယာကုန်း၊ အနောက်သာယာကုန်း ရပ်ကွက်များလည်း ရှိကြောင်း သိရသည်။

မြန်မာ့မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်) တွင် ဝန်ထမ်းပေါင်း ၂၀၀၀ ကျော်ဖြင့် လည်ပတ်နေလျက်ရှိရာ စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ဝန်ထမ်းပေါင်း ၁၀၀၀ ကျော်ထိ ပါဝင်ခဲ့ သည်။

ထိုသို့ စက်ရုံဝန်ထမ်းများ CDM ပြုလုပ်မှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းထားရသဖြင့် စစ်ကောင်စီသည် CDM ဝန်ထမ်းများ ကို ဖိအားပေး ခြိမ်းခြောက်ပြီး ရွှေ့ပြောင်းခိုင်းခြင်း၊ ဝန်ထမ်းလိုင်းခန်းများအား ချိတ်ပိတ်ခြင်းများနှင့်အတူ စက်ရုံဧရိယာ အတွင်း တည်ထားသော မြစ်ငယ်မြို့ကိုပါ အငြိုးထား ဖိနှိပ်လာခြင်း ဖြစ်သည်ဟုလည်း မီးရထား CDM ဝန်ထမ်းများအား အကူအညီပေးနေသူ တဦးက သုံးသပ်ပြောဆိုသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
330
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
23
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
47

၎င်းက “သူတို့က မီးရထားက CDM ဝန်ထမ်းတွေကို လိုင်းခန်းက ရွှေ့ပြောင်းခိုင်းတယ်။ နှင်ချတာပေါ့။ အဲဒီကနေ နောက် တဆင့်တက်ပြီး မြို့ပေါ် က အိမ်တွေကိုပါ ဖျက်ဆီးနေတာ ဖြစ်တယ်။ ခေါင်းစဉ်ကတော့ ကျုးကျော်နေထိုင်ကြသူတွေပေါ့။ ပထမ အိမ်တွေမှာ စာကပ်၊ စာရွက်တွေဝေ၊ နောက်ရက် ဘူဒိုဇာနဲ့ ထိုးဖြိုးသွားတာ။ ပြောရမယ်ဆိုရင် CDM အားကောင်း တဲ့ မီးရထားဌာနကို မကျေနပ်တာနဲ့ ရောင်တော်ပြန်လွှတ် အငြိုးထားပြီး အခုလို မြို့ပေါ်က အိမ်တွေကိုပါ ရှင်းတယ်လို့ မြင်တယ်” ဟု ပြောသည်။

မြစ်ငယ်မြို့တွင် စက်မှုလက်မှုပညာရှင်များနှင့် နယ်ပယ်အစုံ စုပေါင်းနေထိုင်ကြသဖြင့် တချို့က အမေရိကန်နိုင်ငံ၏ ဆန်ဖရန်စစ္စကို မြို့လေးဟု တင်းစားခေါ်ဝေါ်ကြပြီး အင်္ဂလိပ် လက်ထက်ကတည်းက တည်ထားပေးခဲ့သည့် မီးရထား အလုပ်သမားများ နေရာမြို့ဖြစ် သောကြောင့် လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ တည်ရှိနေသည်။

အစ္စလာမ်ဘာသာရေးဗလီများ၊ ဆစ်ခ်ဘုရားကျောင်းများ၊ ဟိန္ဒူဘာသာဝင်များအတွက် ဘုရားကျောင်းများ၊ ခရစ်ယာန် ဘုရားကျောင်းများ ရှိသည်။

မြစ်ငယ်တွင် စစ်ကောင်စီက လူနေအိမ်များကို အင်အားသုံး ဖျက်ဆီးဖယ်ရှားနေ (ဓာတ်ပုံ/CJ)

ယခု ရွှေ့ပြောင်းပေးရသူများထဲတွင် ဘာသာရေး အဆောက်အအုံများအား ထိန်းသိမ်းစောင့်ရှောက် နေထိုင်ကြသူများပါ ပါဝင်နေပြီး ယင်းဘာသာရေး အဆောက်အအုံများကိုပါ ဖျက်သိမ်းနိုင်ဖွယ်ရှိကြောင်း မြစ်ငယ်မြို့ခံများက ပြောသည်။

“အခုက Non-CDM မှအပ ကျန်တာတွေ အကုန်ရှင်းပဲ။ နှစ်ပေါင်း ဘယ်လောက်ကြာကြာ အကုန်ဖျက်ပဲ။ လိုင်းခန်းတွေကို တောင် တလိုင်းဝင်တလိုင်းထွက် အကုန်စစ်တယ်။ CDM လား Non-CDM လား မေးတယ်။ CDM လုပ်ပြီး လူမနေတဲ့ အိမ် ဆိုရင် ပစ္စည်းတွေ အကုန်ဆွဲထုတ်၊ ဆေးတွေမှုတ်ပြီး ချိတ်ပိတ်သွားကြတာ။ လိုင်းခန်း ၅၀၀ ကျော်ထိ ချိတ်ပိတ်ခံထားရ တယ်” ဟု မီးရထား CDM ဝန်ထမ်းတဦးက ပြောသည်။

မြန်မာ့မီးရထား လူစီးတွဲနှင့် ကုန်တွဲစက်ရုံ (မြစ်ငယ်)မှ ဝန်ထမ်းအများစုမှာ ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်ကြပြီး သားစဉ် မြေးဆက် မီးရထားဝန်ထမ်းအဖြစ် လုပ်ကိုင်ကြသောကြောင့် ပြင်ပတွင် နေထိုင်စရာ နေအိမ် မရှိကြကြောင်း၊ ယခုလို စစ်ကောင်စီ၏ ဖိအားပေး ခြိမ်းခြောက်ခြင်းများကြောင့် CDM ဝန်ထမ်းအချို့ စစ်ကောင်စီ လက်အောက်၌ အလုပ်ပြန်ဝင်ကြ ရန် စာရင်းပေးသူများလည်း ရှိလာကြောင်း သိရသည်။

“သူတို့ကတော့ ကျုးရှင်းတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ လာပေမယ့် CDM ကို ဖိနှိပ်ချင်လို့ အခုလို လုပ်နေတာ။ ပထမအကြိမ် စာ ထွက်ထားတယ်။ CDM တွေ လိုင်းခန်းကနေ ဖယ်ပေးရမယ်ဆိုလို့ အချို့ CDM တွေက ဖယ်ပေးထားကြပြီးပြီ။ ဒါကို ထပ် ပြီးတော့ ဖိအားပေး ခြိမ်းခြောက်တာတွေ လုပ်လာကြတော့ အဲဒီမှာ နေစရာမရှိတဲ့ CDM တွေကတော့ Non-CDM ပြန်ဖြစ် သွားကြတာပေါ့” ဟု မီးရထား CDM ဝန်ထမ်းများအား အကူအညီပေးနေသူ တဦးက ပြောပြသည်။

စစ်ကောင်စီက ဖျက်ဆီးဖယ်ရှားနေသော မြစ်ငယ်မြို့တွင် မီးရထားဝန်ထမ်းများ အဓိက နေထိုင်ကြသဖြင့် မြို့ခံအများစုမှာ မီးရထားဝန်ထမ်းနှင့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီ၏ ရှင်းလင်းခံရမှုကြောင့် မြစ် ငယ်မြို့ အနောက်ဘက် ကျေးရွာများနှင့် ဆွေမျိုးနီးစပ်များထံ ပြောင်းရွှေ့ခိုလှုံနေကြရကြောင်း ဒေသခံများထံမှ သိရသည်။

Your Thoughts …
Tags: CDMစစ်ကောင်စီမီးရထားဝန်ထမ်းမြစ်ငယ်မြို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်‌ထဲရှိ ချောင်းမ ကျေးရွာ၊ ချင်းပုန်းကျေးရွာ သပြေအေးကျေးရွာနှင့် မိုးကောင်းကျေးရွာတို့တွင် မတ်လ ၃ ရက်က စစ်ကောင်စီတပ်  မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့  / CJ

တပ်မတော်နေ့ မတိုင်မီ စစ်ကိုင်း PDFကို ရှင်းရန် စစ်ကောင်စီ လုပ်ဆောင်နေ

PDF များသည် မြန်မာနိုင်ငံ တနံတလျားတွင် အခိုင်အမာဖြစ်လာပြီး လူထုထောက်ခံမှုလည်း အားကောင်းနေသည်

မြန်မာ့ဒီမိုကရေစီ ခုခံရေးလှုပ်ရှားမှု အောင်ပွဲခံနိုင်သည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved