• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမှုမှန်ပေါ်ပေါက်ရေး တိမ်းစောင်းသွားမည်ကို စိုးရိမ်ဟု သင်းသင်းဆို

by ဧရာဝတီ
9 April 2022
in သတင်း
A A
အလှမယ် သင်းသင်း  / Thin Thin/FB

အလှမယ် သင်းသင်း / Thin Thin/FB

32.7k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် အလှမယ် သင်းသင်း၏ အမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် မတ် ၂၉ ရက်က သရုပ်ဆောင် ဝေဠုကျော်ဘက်က လိင်ပိုင်းဆိုင်ရာဓာတ်ပုံများ သက်သေအဖြစ် တင်သွင်းခဲ့ခြင်းသည် အမှုနှင့်စပ်ဆိုင် သဖြင့် တင်သွင်းရခြင်း ဖြစ်ကြောင်း ဝေဠုကျော်၏ ရှေ့နေက ဧပြီ ၇ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အမှုရင်ဆိုင်နေရဆဲကာလတွင် ဝေဠုကျော်ဘက်က ထိုသို့ ၎င်း၏ရှေ့နေ၊ မန်နေဂျာများမှတဆင့် သတင်းစာရှင်းလင်းပွဲပြု လုပ် ဖြေရှင်းသည့်အပေါ် အမှန်တရားပေါ်ပေါက်ရေး တိမ်းစောင်းသွားမည်ကို စိုးရိမ်ကြောင်း သင်းသင်းက ပြောသည်။

၎င်းက “၄ နှစ်လုံးလုံး ဒီအမှုကို ကျမဘက်က အမှန်တရား ပေါ်ပေါက်ဖို့အတွက် အခက်အခဲကြားက ကြိုးစားခဲ့တယ်။ တရားရုံးက အမှုရင်ဆိုင်နေဆဲ၊ စစ်ဆေးနေဆဲ ကာလတခုမှာ သူတို့က ဆိုရှယ်မီဒီယာ အားကိုးပြီးတော့ ကျမကို အမှုနဲ့ ပတ်သက်ပြီး နှောင့်ယှက်နေတယ်လို့ ခံစားရတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး အမှန်တရား ပေါ်ပေါက်ရေးက တိမ်းစောင်းသွားမ လားလို့ ကျမ စိုးရိမ်တာပါ” ဟု ဆိုသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၁၇ (ကာမလိမ်လည်မှု) ဖြင့် တရားရင်ဆိုင်နေရသည့် ဝေဠုကျော်ဘက်က သက်သေပြရန် တင် သွင်းသည့် ပုံများသည် သင်းသင်းနှင့် အခြားအမျိုးသားတဦး၏ ဓာတ်ပုံများဖြစ်ကြောင်း ဝေဠုကျော်၏ရှေ့နေက သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဝေဠုကျော်၏ရှေ့နေ ဦးဝေဖြိုးမြတ်က “တဖက်က ပြောသွားတယ်။ သူ့ဂုဏ်သိက္ခာ ကျဆင်းအောင် ဓာတ်ပုံတွေ တင်သွင်း တယ် ပြောတယ်။ သူ ပြောတဲ့ထဲမှာ ဒီပုံဟာ ဘယ်တုန်းကပုံ၊ ဘယ်သူ့ပုံဆိုတာ ဖျောက်ထားတယ်။ သေချာပြောနိုင်တာက ဒါ ကိုဝေဠုကျော်နဲ့ ရိုက်ထားတဲ့ပုံ မဟုတ်ဘူး” ဟု ပြောဆိုခဲ့သည်။

အဆိုပါ ဓာတ်ပုံများသည် အလှမယ် သင်းသင်းနှင့် ယခင်က ပတ်သက်ခဲ့ဖူးသူတဦးက ဝေဠုကျော်ထံ လာပေးခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းပုံများကို သက်သေခံဥပဒေပုဒ်မ ၅ အရ စပ်ဆိုင်သည့် အကြောင်းအရာအဖြစ် တင်သွင်းခြင်း ဖြစ် ကြောင်း ၎င်းက ပြောသည်။

ထိုပုံများအား စွပ်စွဲခံရသူဘက်မှ တင်သွင်းခြင်းအဆင့်သာ ရှိသေးပြီး တရားရုံးက လက်ခံ၊ မခံ မဆုံးဖြတ်ရသေးကြောင်း သိရသည်။

အလှမယ် သင်းသင်းက “ဒါက တင်သွင်းခြင်း၊ မသွင်းခြင်းထက် မဖြစ်သင့်အရာတခုမို့ ကျမက ထုတ်ပြောခဲ့တာပါ။ မလျော်ညီဘူးထင်လို့၊ ကျမအပေါ် အောက်လမ်းနည်းနဲ့ တိုက်ခိုက်တယ်လို့ ခံစားရလို့ ပြောပြခဲ့တာပါ” ဟု ဧရာဝတီကို ပြောသည်။

ယခုကဲ့သို့ အမှုနှင့် သက်ဆိုင်ခြင်းမရှိသည့် အခြားသူနှင့်ဓာတ်ပုံအား သက်သေအဖြစ် တင်သွင်းခြင်းသည် တရားလို၏ ဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သကဲ့သို့ ဥပဒေနှင့် မညီညွတ်ကြောင်းလည်း သင်းသင်း၏ရှေ့နေက ပြော သည်။

သရုပ်ဆောင် ဝေဠုကျော် (ဓာတ်ပုံ – ဧရာဝတီ)

သင်းသင်း၏ရှေ့နေ ဦးကျော်လတ်စိုးက “ဝေဠုကျော်နဲ့ သင်းသင်း ဖြစ်တဲ့ကိစ္စမှာ ဝေဠုကျော်နဲ့ သက်ဆိုင်တဲ့ပုံပဲ တင်ပြမယ် ဆိုရင် ဒါကအမှုနဲ့ သက်ဆိုင်သလို သူတို့ဘက်ကလည်း ခုခံပိုင်ခွင့် ရှိပါတယ်။ အခုကျတော့ သင်းသင်းနဲ့ အခြားသူဖြစ်ခဲ့ တာကို တင်ပြလာတာ။ ဒါဟာ သင်းသင်းရဲ့ ဂုဏ်သိက္ခာကို တမင်ထိခိုက်ကျဆင်းအောင် လုပ်လာတာ။ ဝေဠုကျော်နဲ့ သင်း သင်းနဲ့ သက်ဆိုင်တဲ့ပုံတွေပဲတင်ရင် ဥပဒေနဲ့ညီတယ် ပြောရပေမယ့် ဒါက အောက်ဖဲလှန်သလို ဖြစ်သွားတာပေါ့” ဟု မှတ် ချက်ပြုသည်။

ဝေဠုကျော်တို့ဘက်ကမူ ယခု အမှုသည် ကာမလိမ်လည်မှု ဖြစ်သောကြောင့် ကာမနှင့် သက်ဆိုင်သည့်ကိစ္စတွင် သက်သေ ခံဥပဒေပုဒ်မ ၁၄၆ အရ တရားလို၏ လူမှုရေးအခြေအနေ၊ အကျင့်စာရိတ္တတို့ကို သိရှိစေရန် မေးမြန်းခဲ့ခြင်းဖြစ်ပြီး တရားရုံး ကလည်း ခွင့်ပြုကြောင်း၊ ပုံတင်ပြခြင်းသည်လည်း စပ်ဆိုင်သည့် အကြောင်းအရာ ဖြစ်သွားကြောင်း ဝေဠုကျော်၏ရှေ့နေ ဦးဝေဖြိုးမြတ်က ပြောသည်။

သို့သော် ယခုအမှုသည် ကာမလိမ်လည်ရယူမှုသာဖြစ်ပြီး ပြည့်တန်ဆာအမှု၊ ခိုးမှု မဟုတ်သောကြောင့် တရားလို၏ အကျင့် စာရိတ္တကို မေးခွန်းထုတ်ခြင်းသည် သက်ဆိုင်ခြင်း မရှိကြောင်း သင်းသင်း၏ရှေ့နေအဖွဲ့က တုန့်ပြန်ပြောဆိုသည်။

“ဒီအမှုက စာရိတ္တနဲ့ မဆိုင်ဘူး။ ကျနော်တို့က စာရိတ္တကောင်းပါတယ်လို့လည်း တရားရုံးကို မတင်ပြခဲ့ဘူး။ စာရိတ္တ ကောင်းမွန်သူပါလို့ တင်ပြထားရင် တရားရုံးက သက်သေခံဥပဒေအရ စာရိတ္တနဲ့ပတ်သက်ပြီး မေးခွန်းထုတ်နိုင်တယ်။ ဝေဠုကျော်က သင်းသင်းနဲ့ ချစ်ကြိုက်ခဲ့တယ်။ ကာမ ရယူခဲ့တယ်။
လက်ထပ်ပါမယ်လို့ ပြောခဲ့တယ်လို့ ကျနော်တို့က စွပ်စွဲထားတယ်။ သူက ခုခံရမှာက လက်ထပ်ပါမယ်လို့ ပြောခြင်း ရှိလား၊ မရှိလားဘဲ ခုခံရမှာ” ဟု သင်းသင်း၏ရှေ့နေ ဦးကျော်လတ်စိုးက ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက “ဒါက သင်းသင်းရဲ့ စာရိတ္တနဲ့ မဆိုင်ဘူး။ ဒါဟာ ပြည့်တန်ဆာအမှုလည်း မဟုတ်ဘူး။ သူခိုးအမှု လည်း မဟုတ်ဘူး။ သူက ကာမ ရယူခဲ့တာကို ဝန်ခံထားတာ ရှိတယ်။ လက်ရှိလည်း သူ မငြင်းပါဘူး။ ၇ ခါတိတိ ကာမ ရယူတယ်လို့ သူလည်း ပြောထားတယ်” ဟု ပြောဆိုသည်။

သရုပ်ဆောင် ဝေဠုကျော် တင်ပြထားသည့် ဓာတ်ပုံများနှင့် ပတ်သက်၍ တရားလို သင်းသင်းဘက်က တရားရုံးတွင် အကျယ်တဝင့် လျှောက်လဲချက်တင်ထားပြီး လာမည့် ဧပြီ ၁၉ ရက်တွင် တရားရုံးက ထိုပုံများကို သက်သေအဖြစ် လက်ခံ၊ မခံ အမိန့်ချသွားမည် ဖြစ်ကြောင်း သိရသည်။

အလှမယ် သင်းသင်းသည် သရုပ်ဆောင် ဝေဠုကျော်အား ၂၀၁၉ ဇန်နဝါရီ ၈ ရက်က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခဲ့ရာ ဝေဠုကျော်ဘက်က အဆိုပါအမှုအား ငွေကျပ် သိန်း ၅၀ ဖြင့် အာမခံ ရယူကာ တရားရင်ဆိုင်နေခြင်း ဖြစ်သည်။

You may also like these stories:

အမှုနဲ့မဆိုင်တဲ့ သင်းသင်း ဓာတ်ပုံတွေ ဝေဠုကျော် တမင်ရည်ရွယ်တင်ပြသလား

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

ဝေဠုကျော်ကို တရားစွဲဆိုထားသည့်အမှု သင်းသင်း အဆုံးထိ ရင်ဆိုင်သွားမည်

အလှမယ် သင်းသင်းအား ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်ဖမ်းဆီး

Your Thoughts …
Tags: ကာမလိမ်လည်မှုလိင်ပိုင်းဆိုင်ရာဓာတ်ပုံများဝေဠုကျော်အလှမယ် သင်းသင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သရုပ်ဆောင်ဝေဠုကျော်နှင့် အလှမယ် သင်းသင်း

ဝေဠုကျော်တင်သည့် လိင်ပိုင်းဆိုင်ရာဓာတ်ပုံများကို တရားရုံး ပယ်ချ

by ဧရာဝတီ
20 April 2022
13.8k

ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမိန့်တခုပါပဲ။ သင့်တော်မျှတတယ်။ ရုံးတော်က မဖွယ်မရာဖြစ်တဲ့အရာတွေကို လက်မခံဘူး။ အမှုနဲ့ဆက်စပ်နိုင်တဲ့အရာကို လက်ခံတယ်ဆိုတော့ ကျနော်တို့ဘက်က သင့်တော်မျှတတဲ့ အမိန့်တခုလို့ သတ်မှတ်တယ်

ကာမလိမ်လည်မှုဥပဒေဟာ အမျိုးသမီးတွေ လိုသလိုအသုံးချဖို့ လက်နက်တခုဖြစ်နေသလား / www.coindesk.com

ကာမလိမ်လည်မှုဆိုတာ

by မယ်လွန်း
9 January 2019
14.3k

မြန်မာနိုင်ငံလိုမျိုး ပုံစံခွက် အစွဲအလမ်းကြီးမားတဲ့ လူမှုအဖွဲ့အစည်းရဲ့ အနေအထားအရတော့ “သူ့ အရပ်နဲ့ သူ့ဇာတ်”မို့ ထိုက်တန်တဲ့ ဥပဒေလို့ ပြောရမယ်ထင်ပါတယ်။

ယနေ့ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ်သင်းသင်းနဲ့ ဝေဠုကျော် / ယုဖြူဟန် / ဧရာဝတီ

“ဝေဠုကျော်က ဝါသနာအရ အတူနေတဲ့ အသံဖိုင်များကို သွင်းထားခိုင်းတာ”လို့ သင်းသင်းပြော

by ယုဖြူဟန်
19 June 2019
77.8k

“ဝေဠုကျော်နဲ့ရည်းစားဖြစ်ခဲ့တာ ၆လကျော် ၇လအတွင်းမှာ ဝေဠုကျော်နဲ့ ထဲထဲဝင်ဝင်နေလာတာလေ။ ရည်းစားတယောက် ချစ်သူတယောက်အနေနဲ့နေလာတာ။ ဝေဠုကျော်ရဲ့အကျင့်စိတ်ဓာတ်ကို ကိုယ့်ထက်ဘယ်သူ ပိုသိနိုင်မှာလဲ။

သင်းသင်း အဖမ်းခံရသောနေ့သည် တိုက်ဆိုင်စွာပင် သရုပ်ဆောင် ဝေဠုကျော် မင်္ဂဆောင်သောရက်နှင့် တရက်တည်းဖြစ်သည်

အမှုနဲ့မဆိုင်တဲ့ သင်းသင်း ဓာတ်ပုံတွေ ဝေဠုကျော် တမင်ရည်ရွယ်တင်ပြသလား

by ဧရာဝတီ
5 April 2022
29.5k

ထိုသို့တင်သွင်းခဲ့သည့် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံများတွင် အလှမယ် သင်းသင်း မဟုတ်သည့် ပုံများ ပါဝင်သလို၊ သင်းသင်း ဟုတ်သည်ဟု သက်သေ မပြနိုင်သည့် ပုံများပင် ပါဝင်သည်ဟု သင်းသင်းသာမက၊ ၎င်း၏ ရှေ့နေကပါ ဧရာဝတီကို ပြောသည်။

စွပ်စွဲခံထားရသူ ဦးဝရဉာဏ ခေါ် ဦးဝင်းနိုင်ကို ယနေ့ကန့်ဘလူမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် / ဒီလှိုင်းဝင်း / ဧရာဝတီ

နတ်တလူက ဘုန်းကြီးကာမလိမ်လည်မှု စတင်စစ်ဆေး

by ဒီလှိုင်းဝင်း
19 February 2019
43.1k

ရာဇသတ်ပုဒ်မ ၃၆၆ အရ တရားလိုကလည်း အမှုဖွင့်ထားတာ ရှိတယ်၊ မိခင်ကလည်း ဖွင့်ထားတာရှိတယ်၊ အဲဒီအမှုတွေကိုတော့ လာမယ့်ရုံးချိန်း တွေမှာ စပြီးတော့ စစ်ဆေးသွားပါမယ်

အလှမယ် သင်းသင်း

အလှမယ် သင်းသင်းအား ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်ဖမ်းဆီး

by ဧရာဝတီ
23 February 2022
8.9k

ညအချိန် တံခါးခေါက်ကာ နှောက်ယှက်မှုကို သင်းသင်းအနေဖြင့် ယခင်ဇူလိုင်လ အတွင်း က ပထမ အကြိမ် ကြုံခဲ့ရပြီး ထိုစဉ်က ရိုက်နှက်ခံခဲ့ရသဖြင့် ယခုအကြိမ်တွင် Live လွှင်ကာ သက်သေ အနေဖြင့် မှတ်တမ်းယူခြင်းဖြစ်သည်။

Next Post
စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့ပေါ်တွင် တွေ့ရသည့် စစ်ကောင်စီတပ်များ  / ဧရာဝတီ

မန္တလေးက ပြောက်ကျားတပ်များကို စစ်ကောင်စီလှည့်စားဖမ်းဆီး

ကလေး PDF တပ်ဖွဲ့ဝင်များ /  PDF Kalay

ကလေးတွင် စစ်ကောင်စီတပ်များ ဆက်တိုက် တိုက်ခိုက်ခံနေရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved