• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကလေးတွင် တိုက်ပွဲပြင်းထန် နှစ်ဖက်ထိခိုက်သေဆုံးမှုများ

by ဧရာဝတီ
6 August 2022
in သတင်း
A A
စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေသည့် ကလေး  PDF တပ်ဖွဲ့များ / PDF Kalay

စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေသည့် ကလေး PDF တပ်ဖွဲ့များ / PDF Kalay

7.5k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကလေးနည်းပညာတက္ကသိုလ်၏တောင်ဘက် သာယာကုန်းကျေးရွာအနီးတဝိုက် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ကြား သြဂုတ် ၂ ရက်မှ စတင်ပြီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ကလေး-ဂန့်ဂေါ ကားလမ်းမကြီးအား ထိန်းချုပ်နိုင်ရေး မြို့ပေါ်နှင့် ၂ မိုင်ခန့် ကွာဝေးသည့် သာယာ ကုန်းကျေးရွာနှင့် ထောက်ကြန့်ကျေးရွာ၌ စစ်ဗျူဟာအထိုင်ချရန် ကြိုးစားလာမှုအပေါ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖြတ်တောက် တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ကလေး PDF မှ ကိုအိစိုးက ဧရာဝတီကို ပြောသည်။

၎င်းက “စစ်ကောင်စီက ကလေး-ဂန့်ဂေါကားလမ်းကို ထိန်းချုပ်ဖို့ ကားလမ်းပေါ်က ထောက်ကြန့်ရွာမှာ အထိုင်ချမယ်ဆိုပြီး ကျနော်တို့ သတင်းရတယ်။ သြဂုတ် ၂ ရက်က သူတို့ အင်အား ၂၀၀ လောက်နဲ့ စထွက်လာတော့ ကျနော်တို့က သာယာ ကုန်းရွာမှာ စတင်ပြီးတော့ ဟန့်တားဖြတ်တိုက်ပြီး တိုက်ခိုက်တယ်။ အပြင်းအထန် တိုက်ခိုက်နေတာပေါ့။ အခု သူတို့လည်း နောက်မဆုတ်ဘူး။ ကျနော်တို့လည်း လက်နက်ခဲယမ်း မကုန်သရွေ့တော့ နောက်ဆုတ်ပေးမှာ မဟုတ်ဘူး” ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲတွင် PDF Kalay တပ်ဖွဲ့ တပ်ရင်း ၁၊ ၂၊ ၃၊ ၅၊ ၆၊ ၇၊ ၈၊ ၁၂ စသည့် တပ်ရင်း ၈ ရင်းနှင့် အတူ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပ.က.ဖ ကလေး)၊ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)၊ Chinland Defense Force-Kalay Kabaw Gangaw (CDF-KKG)၊ Ranger Kalay Defend Force (RKDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်မှ ကလေးနည်းပညာတက္ကသိုလ်အတွင်းမှလည်းကောင်း၊ ကလေးမြို့အတွင်းရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် အတွင်းမှလည်းကောင်း လက်နက်ကြီးပစ်ကူများဖြင့် တောက်လျှောက် ပစ်ခတ်ခဲ့သလို ရဟတ်ယာဉ်ဖြင့်လည်း စစ်သည် အင်အားနှင့် လက်နက်ခဲယမ်းများ ချထားပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီ၏ အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အောက်ရှိ ခြေမြန်တပ်ရင်း ခမရ (၃၆၁)၊ ခမရ (၃၆၂)၊ ခမရ (၃၆၃) တပ်များ အခြေစိုက်သလို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) လက်အောက်ခံ တပ်ရင်းများ ဖြစ်သည့် ခြေလျင်တပ်ရင်း ခလရ (၈၇)၊ ခလရ (၈၉) နှင့် ခလရ (၂၂၈) တို့လည်း ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေသည့် ကလေး PDF တပ်ဖွဲ့များ (ဓာတ်ပုံ / PDF Kalay )

အဆိုပါ သြဂုတ် ၂ ရက်မှ ၄ ရက်ထိ ၃ ရက်ကြာ တိုက်ပွဲအတွင်း ကလေးမြို့နယ် သာယာကုန်းကျေးရွာအနီး စစ်ကောင်စီ ဘက်က ၁၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများကြောင်း၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က လည်း ၃ ဦး ကျဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ကလေး PDF က သတင်းထုတ်ပြန်ထားသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
49
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
807
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
226

ပြီးခဲ့သည့် သြဂုတ် ၄ ရက်တွင် ကလေးမြို့နယ်မြောက်ပိုင်း တမူးမြို့နယ်အတွင်းမှ စစ်ကား ၁၄ စီးပါ စစ်ယာဉ်တန်း ထွက်ခွာ လာရာ ရှေ့ပြေးအဖြစ် ခြေလျင်တက်လာသည့် အင်အား ၆၀ ခန့် ပါဝင်သော စစ်ကြောင်းကို ရာဇဂြိုဟ် ရေလှောင်တမံလမ်း ကြား သုံးလောင်းကွေ့အနီးတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက တိုက်မိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၂၀ ဦးခန့် သေဆုံးပြီး ဒဏ်ရာအမြောက်အမြား ရရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တိုက်ပွဲအတွင်း အထိနာသော စစ်ကောင်စီတပ်သည် ရာဇဂြိုဟ်ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ပြီး နေအိမ်များအား မွေနှောက်ဖျက်ဆီးခဲ့သလို ကျေးရွာသားများကိုလည်း ဖမ်းဆီးထားကြောင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

စစ်ကိုင်းတိုင်းအတွင်း လှုပ်ရှားနေသည့် ကလေး PDF တပ်ဖွဲ့များ (ဓာတ်ပုံ / PDF Kalay )

ထိုသို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ အနေဖြင့် ကလေး-ဂန့်ဂေါ ကားလမ်းကြီးကို အသုံးပြုပြီး သွားလာခြင်းမပြုရန် ပြည်သူ့ကာကွယ်ရေးတပ်များက သတိပေးထားသလို ကလေးမြို့နယ်တောင်ပိုင်း ဒေသခံများကလည်း လမ်းပိတ်ထား သဖြင့် ခရီးသွားလာခြင်းမပြုဘဲ အခြေအနေကို စောင့်ကြည့်လျက် ရှိကြောင်း ကလေးမြို့ခံတဦးက ပြောသည်။

၎င်းက “ကလေးမြို့နယ်တောင်ပိုင်း တခုလုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လမ်းပိတ်ထားတယ် ဆိုတော့ ဘယ်သူမှလည်း မသွားဘူး။ ကလေးတောင်ပိုင်း ဟံသာဝတီဘက်က လာတဲ့ ကားတွေ ဆိုရင်လည်း နတ်ချောင်းဘက်က PDF အဖွဲ့က စစ်ဆေးပြီးတော့ ရှေ့ဆက်မသွားဖို့ ပိတ်ထားတယ်။ တိုက်ပွဲရက်ဆက် ဖြစ်နေတော့ စစ်ကောင်စီက အန္တရာယ်ပြုနိုင်တယ်။ အခုလည်း ပြည်သူတွေကို ဖမ်းဆီးထားတာ ရှိတယ်။ ရာဇဂြိုဟ်ရွာကို မွေနှောက်ပြီးတော့ ၁၂ ဘီးကားတွေနဲ့ ရှိသမျှပစ္စည်း တွေကို သယ်ယူနေတယ်လို့ သိရတယ်” ဟု ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားရာ ကလေးမြို့နယ် မြောက်ပိုင်းရှိ ရာဇဂြိုဟ်ကျေးရွာသားတချို့နှင့် ကလေးမြို့နယ်တောင်ပိုင်းရှိ သာယာကုန်းကျေးရွာက ဒေသခံ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးထားပြီး လူသားဒိုင်းအဖြစ် စစ်ကြောင်းအတွင်း ခေါ်ယူထားကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

ရှေ့တန်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး၏ ပြောပြချက်အရ ဩဂုတ် ၅ ရက်နေ့တွင် မျက်နှာချင်းဆိုင်တိုက်ပွဲ မရှိတော့သော်လည်း ကလေးမြို့ပေါ်မှ စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် လှမ်းပစ်မှုများ ရှိကြောင်း၊ စစ်ကောင်စီတပ်သည် သာယာ ကုန်းကျေးရွာမှ မထွက်နိုင်သေးသလို ပတ်လည်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲသတင်းများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိပါ။ ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှု စာရင်းများကိုလည်း ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

Your Thoughts …
Tags: CDFPDFကလေးကလေးနည်းပညာတက္ကသိုလ်စစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဗြိတိနိုင်ငံသား ၂ ဦးအား သတ်မှုဖြင့် ထောင်ဒဏ် တသက် တကျွန်းကျနေသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း

မြန်မာ ၂ ဦး လွတ်မြောက်ရေး ထိုင်းဘုရင်ထံ အသနားခံစာတင်မည်

မန္တလေးဗဟိုအကျဉ်းထောင် (အိုးဘိုထောင်) / Google Earth

အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြသည့် နိုင်/ကျဉ်း ၄ ဦး တိုက်ပိတ်ခံထားရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved