• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျိုက်ထီးရိုးတောင်ခြေ တိုက်ခိုက်မှု KNU စုံစမ်း စစ်ဆေးမည်

by ဧရာဝတီ
13 October 2022
in သတင်း
A A
ကျိုက်ထီးရိုးတောင်ခြေ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများ  / CJ

ကျိုက်ထီးရိုးတောင်ခြေ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့သူများ / CJ

5.2k
VIEWS
Share on FacebookShare on Twitter

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရား တောင်ခြေ ကင်မွန်းချောင်းတောင်တက်ဂိတ်တွင် ယမန်နေ့က အရပ်သား ဘုရားဖူး ပြည်သူများ ထိခိုက် သေဆုံးစေခဲ့သည့် တိုက်ခိုက်မှု ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးသွားမည် ဖြစ် ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) သထုံခရိုင် မိတ်ဖက်ကြီးကြပ်မှု ကော်မတီမှ အတွင်းရေးမှူးအဖွဲ့၏ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

၎င်းက “ဒီဟာနဲ့ ပတ်သက်လို့ ဘယ်သူ့မှ တာဝန်ရှိလဲဆိုတဲ့အပိုင်းက ကျနော်တို့ လက်အောက်က မိတ်ဖက်အဖွဲ့ အစည်းတွေနဲ့ ပတ်သက်တာ မရှိဘူး။ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) အနေနဲ့လည်း အရပ်သား ထိခိုက်အောင် ဘယ်တုန်းကမှလည်း မလုပ်ခဲ့သလို အခုလို ကာလမျိုးမှာ ဆို ရင် ပိုပြီးတော့ မလုပ်ဘူး။ ရှောင်တယ်လို့ ပြောချင်တယ်” ဟု ပြောဆို သည်။

ထို တိုက်ခိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုလုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်သလို KNU တပ်မ ဟာ ၁ လက်အောက်ခံ မိတ်ဖက် အဖွဲ့အစည်းတခုခုမှ ကျူးလွန်ခဲ့ခြင်းဖြစ်ပါက ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူမှု များ လုပ်ဆောင်သွားမည်ဖြစ်ကာ အများပြည်သူကိုလည်း တိတိကျကျ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်တွင် ရန်ကုန်မြို့ကနေ ဘုရားဖူးလာသည့် အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး၊ ဘုရားဖူး ၁၇ ဦး ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့၍ လက်ရှိတွင် ကျိုက်ထိုဆေးရုံ၌ ဆေးကုသနေကြောင်း သိရသည်။

KNU သထုံခရိုင်မှ တာဝန်ရှိသူက “ကျနော်တို့ လက်အောက်မှာ PDF တွေလည်း ရှိနေတာဆိုတော့ သူတို့တွေကို မနေ့က စုံစမ်းမေးမြန်းတော့ သူတို့ ဝန်ခံထားတာတော့ မရှိသေးဘူး။ အခုကတော့ သထုံ PDF က လုပ်တာလို့ သတင်းတွေ ထွက်လာတော့ ကျနော်တို့ အတည်ပြုဖို့ လုပ်နေတယ်” ဟု ပြောသည်။

KNU တပ်မဟာ ၁ သထုံခရိုင်အတွင်းရှိ မှတ်ပုံတင်ထားသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များသည် စစ်ဆင်ရေး တခုခုလုပ်မည်ဆိုပါက လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ခရိုင်အလုပ်အမှုဆောင်အဖွဲ့သို့ တင်ပြရမည်ဖြစ်သလို စစ်ဆင်ရေး ပြီးဆုံးပါကလည်း စစ်ဆင်ရေးအတွင်း ဖြစ်ပွားခဲ့သည်များကို တင်ပြရမည့် စည်းကမ်းချက်များ သတ်မှတ် ထားပြီးဖြစ်သော်လည်း လက်ရှိအချိန်အထိ ထိုတိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တစုံတရာ တင်ပြခဲ့ခြင်းမျိုး မရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်များ တပ်စွဲထားသော ကင်မွန်းချောင်း တောင်တက်ဂိတ်ရှိ စစ်ကောင်စီတပ်စခန်းကို အဓိက ဦးတည် တိုက်ခိုက်ပြီး ပြန်ဆုတ်ခွာခဲ့ကြောင်း၊ စစ်ကောင်စီ၏ ပြန်လည် ပစ်ခတ်မှုများကြောင့် အရပ်သားများ ထိခိုက် သေဆုံး ခြင်းဖြစ်ကြောင်း သထုံခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်မဟာ ၁ ၏ တာဝန်ခံက ဘီဘီစီသို့ ယနေ့နံနက် တွင် ဖြေကြား ထားသည်။

ကျိုက်ထီးရိုးအနီးတဝိုက် လုံခြုံရေး ယူထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ-CJ)

သထုံဒေသအခြေစိုက်ကာ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေကြသည့် PDF တပ်ဖွဲ့အများအပြားရှိပြီး ကျိုက်ထီးရိုးတောင်ခြေရှိ စစ်ကောင်စီဂိတ်အား သွားရောက် တိုက်ခိုက်သည့်အဖွဲ့မှာ မည်သည့်အဖွဲ့မှန်း တိတိကျကျ မသိရှိသေးကြောင်း သထုံနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) ဧရာဝတီကို ပြောသည်။

စစ်တပ်ဘက်ကမူ KNU/ KNLA တပ်မဟာ ၁ ၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF အဖွဲ့က တောင်တက်ဂိတ်ကို အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဘုရားဖူးပြည်သူများ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ထုတ်ပြန် ပြော ဆိုထားသည်။

KNU သထုံခရိုင် မိတ်ဖက်ကြီးကြပ်မှု ကော်မတီသည် KNU တပ်မဟာ (၁) မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ လှုပ်ရှား လျက်ရှိနေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ၂၄ ဖွဲ့ကို ကြီးကြပ်ကွပ်ကဲရန် အောက်တိုဘာလ ၃ ရက်က ဖွဲ့စည်း လိုက်သည့် ကော်မတီ တခုဖြစ်သည်။

ထို မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုတွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF များ၊ ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ) များ၊ အမည်အမျိုးမျိုးဖြင့် ဖွဲ့ထားသည့် Local PDF အဖွဲ့များ ပါဝင်သည်။

အဆိုပါ ကျိုက်ထီးရိုးတောင်ခြေ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးယူ၍ စစ်ဆေးမှုများ လုပ်ဆောင်နေသလို၊ ဘုရားဖူးများ လာရောက်မှု မရှိသလောက်နည်းပါးသွားပြီး ဈေးဆိုင်များလည်း ပိတ်ထား လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

You may also like these stories:

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

ကလေးများကို ကယ်ရန် လာသည့် မိခင် စစ်ကောင်စီတပ်က မုဒိန်းကျင့်သတ်ဖြတ်ဟု ဆို

တပ် CDM များကို သေချာစိစစ် လက်ခံရန် CDM တပ်ကြပ်များပြော

Your Thoughts …
Tags: KNU သထုံခရိုင်ကျိုက်ထီးရိုးစစ်ကောင်စီသထုံ PDF
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ စစ်တွေမြို့တွင် လှည့်လည်စည်းရုံးရေးဆင်းနေသည့်  ANP ပါတီဝင်များ / ဧရာဝတီ

စစ်တပ်ကို ရှုတ်ချသဖြင့် ANP ပါတီ သတိပေး ခံရ

တောထဲတွင်နာမကျန်းဖြစ်နေသော စစ်ဘေးရှောင်များအား ဆေးဝါးကုသပေးနေပုံ / Dragon Urban Guerrilla

ရွှေဘိုနယ်ရှိ စစ်ရှောင်များ ဆေးဝါး အရေးပေါ် လိုအပ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved