• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကလေးများကို ကယ်ရန် လာသည့် မိခင် စစ်ကောင်စီတပ်က မုဒိန်းကျင့်သတ်ဖြတ်ဟု ဆို

by ဧရာဝတီ
12 October 2022
in သတင်း
A A
စက်တင်ဘာလ ၁၆ ရက်နေ့က လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်ပြီးနောက် သွေးကွက်များနှင့် ကျောင်းသားကလေးငယ်များ၏ ပစ္စည်းများ ပြန့်ကြဲနေစဉ်

စက်တင်ဘာလ ၁၆ ရက်နေ့က လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်ပြီးနောက် သွေးကွက်များနှင့် ကျောင်းသားကလေးငယ်များ၏ ပစ္စည်းများ ပြန့်ကြဲနေစဉ်

12.1k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်တိုက်ခိုက်စဉ် အမျိုးသမီးသမီးတဦးကို အဓ္ဓပြုကျင့်သတ်ဖြတ်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များက ယုံကြည်နေကြသည်။

ထိုစဉ် စက်တင်ဘာလ ၁၆ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုများနှင့် နောက်ဆက်တွဲ မြေပြင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီက အရပ်သား ၁၃ ဦးကို သတ်ဖြတ်ခဲ့သည်။ ရုရှားလုပ် Mi-35 စစ်ရဟတ်ယာဉ် ၂ စင်းသည် ထိုကျေးရွာမှ စာသင်ကျောင်းကို ပစ်ခတ်ပြီး ကလေး ၅ ဦးကို သတ်ဖြတ်ပြီးနောက် စစ်ကောင်စီ ရဟတ်ယာဉ်များသည် ရွာကို စီးနင်းတိုက်ခိုက်ရန် ရွာမြောက်ပိုင်းတွင် ဆင်းသက်သည်။

အသက် ၃၇ နှစ်ရှိပြီဖြစ်သော မယုသည် စာသင်ကျောင်းကို အပြင်းအထန် ပစ်ခတ်ခံရချိန်တွင် ရွာအရှေ့ပိုင်း၌ နွားကျောင်းနေသည်။ သူသည် စစ်ကောင်စီတပ်၏ မြေပြင်တိုက်ခိုက်မှုတွင် သတ်ဖြတ်ခံရသူ ကလေး ၂ ဦး အပါအဝင် စုစုပေါင်း ၈ ဦးတွင် ပါဝင်သူဖြစ်သည်။ မယု အပါအဝင် ရွာသား ၅ ဦး၏ အလောင်းများကို အနီးရှိ မူးမြစ်တွင် စွန့်ပစ်ထားသည်။ မယုသည် ထိုနေ့က သတ်ဖြတ်ခံရသူများတွင် တဦးတည်းသော အမျိုးသမီး ဖြစ်သည်။

မယု၏အလောင်းကို နောက်တနေ့ဖြစ်သော စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရှာဖွေတွေ့ရှိသည်။ ခန္ဓာကိုယ် အောက်ပိုင်းတွင် အဝတ်အစား ကင်းမဲ့နေပြီး အင်္ကျီကြယ်သီးများလည်း ပြုတ်နေသည်ဟု ရွာသားများက ပြောသည်။

သူ့ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ထားပြီး လက်ချောင်းများကျိုးနေကာ နားကပ်များလည်း ပျောက်ဆုံးနေသောကြောင့် လုယူသွားသည်ဟု ယူဆရသည်။

“သူ့ကို မသတ်ခင် စစ်သားတွေက အဓမ္မပြုကျင့်ခဲ့တယ်လို့ ယူဆရတယ်။ သူ့အလောင်းကို မြစ်ကနေ ကျနော်ကိုယ်တိုင် သယ်ဆောင်ခဲ့တာ” ဟု ရွာသားများအနက် တဦးကပြောသည်။

မယုတွင် သမီး ၂ ဦးရှိပြီး ပထမတန်းနှင့် သတ္တမတန်း ကျောင်းသူများဖြစ်သည်။ ရွာကျောင်းကို စစ်ကောင်စီတပ်က တိုက်ခိုက်စဉ် ထိုကလေး ၂ ဦးသည် စာသင်ကျောင်းတွင် ရှိနေသည်။ စစ်ကောင်စီ ရဟတ်ယာဉ်များ ပျံဝဲနေသောကြောင့် ပုန်းအောင်းနေရန် သူ့ခင်ပွန်းက ပြောသော်လည်း မပုန်းဘဲ ကလေးများရှိရာ ကျောင်းသို့ ပြေးသွားခဲ့သည်။ ကျောင်းသို့မရောက်မီ စစ်ကောင်စီတပ်များက သူ့ကိုဟန့်တားခြင်းဖြစ်ကြောင်း လက်ယက်ကုန်း ကျေးရွာသူ မခိုင်အေးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။

ဒဏ်ရာရနေသော ကျောင်းသား ၈ ဦးနှင့် ဆရာ၊ ဆရာမ ၅ ဦးကို စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးသွားသည်။ ဒဏ်ရာပြင်းထန်စွာရသူ ၂ ဦးကို စစ်ကောင်စီက ပြန်လွှတ်ပေးပြီး ကျန်သူများကို ဆက်လက်ဖမ်းဆီးထားသည်။

မယုနှင့် သူ၏ခင်ပွန်းတို့သည် စာမတတ်သော မိသားစုမှ ဆင်းသက်လာပြီး ကလေးများ ပညာတတ်စေရန် ကျောင်းထားနိုင်ရေး ရုန်းကန်နေသူများ ဖြစ်သည်ဟု ကျေးရွာဒေသခံများ ပြောသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
24
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
741
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
51

“မယုက အမြဲတမ်းပြုံးနေပြီး သဘောကောင်းတယ်” ဟု မခိုင်အေးပြောသည်။ “သူတို့လင်မယားက မနက်တိုင်း တောထဲသွား အလုပ်လုပ်တယ်။ နေ့ခင်းပြန်လာရင်း ညနေအထိ နွားကျောင်းကြတယ်” ဟုလည်း သူကပြောသည်။

သူတို့လင်မယားသည် ရွာမှ နွားများကို တကောင်လျှင် တလ ၃၀၀၀ ကျပ်ဖြင့် ကျောင်းပေးပြီး တခါတရံ ဆန်အနည်းငယ် အပိုရသည်။

မယုသေဆုံးသောကြောင့် မိသားစုမှာ စိတ်ထိခိုက်ပြီး အကူအညီ လိုအပ်နေသည်။

“သူ့မိန်းမအတွက် စိတ်ထိခိုက်လို့ နွားမကျောင်းနိုင်ဘူးတဲ့” ဟု မခိုင်အေးက ပြောသည်။

“အရမ်းရက်စက်တယ်။ စစ်သားတွေက လုပ်ချင်ရာလုပ်တာ။ စစ်ခွေးတွေရှိနေသမျှ ဘယ်သူမှ မလုံခြုံဘူး” ဟုလည်း သူကပြောသည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ ကျေးရွာ ၂ ခုကို တိုက်ခိုက်စဉ် အမျိုးသမီး အနည်းဆုံး ၇ ဦးကို စစ်ကောင်စီတပ်များက အဓမ္မပြုကျင့်ပြီး တလအကြာတွင် စစ်ကောင်စီက လက်ယက်ကုန်း ကျေးရွာကို တိုက်ခိုက်ခြင်းဖြစ်သည်။

သြဂုတ်လ ၂၈ ရက်နေ့က ကနီမြို့နယ်မှ ကျေးရွာတရွာကို တိုက်ခိုက်စဉ် အသက် ၂၅ နှစ်နှင့် ၄၀ နှစ်အကြား အမျိုးသမီး ၆ ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း ကနီမြို့နယ် အထွေထွေ သပိတ်ကော်မတီက ပြောသည်။

စစ်ကိုင်းတိုင်းသည် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေး တပ်များအကြား နေ့စဉ်တိုက်ပွဲများ ဖြစ်ပွားနေသည့် စစ်ကောင်စီဆန့်ကျင်ရေး အမာခံဒေသဖြစ်သည်။

ထိုသို့ ပြင်းထန်သော ခုခံမှုကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး မြေပြင်တပ်များဖြင့် တိုက်ခိုက်ကာ ဖမ်းဆီးထားသည့် အရပ်သားများကို လူသားတံတိုင်းများအဖြစ် အသုံးပြုကြသည်။

You may also like these stories:

ကလေးများ ပြန်ပြောပြသော လက်ယက်ကုန်း လူသတ်ပွဲ

လက်ယက်ကုန်းမှ ကလေးငယ်များ လွတ်မြောက်ရေး အကူအညီမဲ့နေ

ခင်ဦးမြို့နယ်တွင် ၅ ရက် ဒေသခံ ၅ ဦး သတ်ဖြတ်ခံရ

လက်ယက်ကုန်း ပစ်ခတ်မှုကို ခမရ ၃၆၈ တပ်ရင်း ကျူးလွန်ဟု NUG ဆို

စစ်ကောင်စီ ဗြောင်လိမ်တဲ့ လက်ယက်ကုန်းက ကလေးတွေ သတ်ဖြတ်မှု

Your Thoughts …
Tags: စစ်ကိုင်းတိုင်းစစ်ရာဇဝတ်မှုစီးနင်းတိုက်ခိုက်မှုလူသားတံတိုင်းအဓမ္ဓပြုကျင့်သတ်ဖြတ်မှုအရပ်သားသတ်ဖြတ်ခံရမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

by စွယ်တော်
16 December 2024
24.2k

စစ်ကောင်စီဘက်ကမူ နှုတ်ပိတ်ရန်အတွက် AA ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆရ‌သောနေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်သည်။

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

by နေ့သစ်
16 January 2024
22.6k

ကိုယ်ကျိုးရှာအုပ်စုဖြစ်သည့် စစ်ကောင်စီ ထောက်ခံသူများသည်ပင် စစ်ကောင်စီကို အန်တုနေကြပြီဖြစ်သည်။

၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ

၂၀၂၃ ခုနှစ် မြန်မာပြည်၏ အမှန်နှင့် အမှောင် အင်အားစုများ

by ဧရာဝတီ
28 December 2023
20.6k

၂၀၂၃ ခုနှစ် တနှစ်တာအတွင်း မြန်မာနိုင်ငံတွင် အဖြစ်အပျက်များကို ပုံဖော်ပေးသည့် အဓိကကျသော လူများ၊ နိုင်ငံများနှင့် အင်အားစုများ စုစုပေါင်း ၁၀ မျိုးကို ဧရာဝတီက ရွေးထုတ်ထားသည်။

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

by ဟိန်းထူးဈာန်
28 November 2023
20.2k

စစ်ပွဲသည် နိုင်ငံ၏ အတိတ်မှ ပဋိပက္ခများနှင့် မတူကြောင်း AA က ဧရာဝတီသတင်းဌာနနှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် ပြောသည်။

Next Post
၂၀၂၂ ခုနှစ် မေလအတွင်းက တွေ့ရသည့် မြန်မာပေါင်ချိန် စက်ရုံတွင် တွေ့ရသည့် အလုပ်သမားများ / Myanmar Pou Chen Company Limited

Adidas ဖိနပ်ချုပ် စက်ရုံလုပ်သားများ လစာတိုးရေး တောင်းဆို

Google Map မှမြင်တွေ့ရသည့် မန္တလေး အိုးဘိုထောင်

အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသားများ ထောင်ပြောင်းရွှေ့ခံရ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved