• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အိုးဘိုထောင်မှ နိုင်ငံရေးအကျဉ်းသားများ ထောင်ပြောင်းရွှေ့ခံရ

by ဧရာဝတီ
12 October 2022
in သတင်း
A A
Google Map မှမြင်တွေ့ရသည့် မန္တလေး အိုးဘိုထောင်

Google Map မှမြင်တွေ့ရသည့် မန္တလေး အိုးဘိုထောင်

3.1k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို နယ်ထောင်အသီးသီးသို့ ရွှေ့ပြောင်းခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

အဆိုပါ ထောင်ပြောင်းရွှေ့ခံရသူများထဲတွင် တိုက်ပိတ်ခံထားရသည့် ဗကသ ကျောင်းသားခေါင်းဆောင်များ ၊ နိုင်ငံရေးအကျဉ်းသားများ ၊ သပိတ်ခေါင်းဆောင်များ ပါဝင်ပြီး စုစုပေါင်း ၁၂၀ ကျော်ခန့် ပြောင်းရွှေ့ခံရခြင်းဖြစ်ကြောင်း သိရသည်။

အကျဉ်းထောင်နှင့် နီးစပ်သူတဦးက “ထောင်ရွေ့တယ်လို့သိရတယ်။ အများကြီးပဲ။ အကုန်ရွေ့တာ။ နိုင်ငံရေးသမားတွေ ၊ ကျောင်းသားခေါင်းဆောင် ၊ သပိတ်ခေါင်းဆောင်တွေ ၊ ဗကသတွေရောပါတယ်။ အဓိက တက်ကြွသူချင်းချင်း မပေါင်းမိအောင်ပေါ့” ဟု ပြောသည်။

၎င်းတို့ထဲမှ အများစုကို ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်လေးလုံးအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး အချို့မှာတခြားသော နယ်ထောင်များသို့ ပြောင်းရွှေ့ခံခဲ့ရကြောင်းသိရသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
127
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
57

အောက်တိုဘာလ ၇ ရက်နေ့ ည (၁၁) နာရီအချိန်ခန့်က အဆိုပါ အကျဉ်းသားများကို ၁၀ ဘီးကားများဖြင့် ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

အကျဉ်းကျနေသူတဦး၏ မိသားစုဝင်တဦးက “မြို့ပေါ်က ထောင်တွေကျတော့ ပို့ရတာ အဆင်ပြေတယ်။ လွယ်ကူတယ်။ နယ်ထောင်တွေ ပြောင်းလိုက်တော့ ပြောင်းခံရတဲ့ ကာယကံရှင်တွေရော မိသားစုကိုပါ လူ့အခွင့်အရေးချိုးဖောက်တာပဲ။ ၂ ပတ်တခါပို့လို့မရတော့ဘူး။ ၁ လတခါတွေ ၂ လတခါတွေ ၃ လတခါတွေမှ ရောက်တော့တယ်။ စီးပွားရေးကလည်း အလဲလဲအကွဲကွဲဖြစ်နေတယ်” ဟု ပြောသည်။

ထိုကဲ့သို့ နယ်ထောင်များဆီသို့ ပြောင်းရွှေ့လိုက်သည့်အတွက် သက်ဆိုင်ရာမိသားစုများမှာ ထောင်ဝင်စာပို့ရာတွင် ခရီးဝေးသဖြင့် အခက်အခဲများစွာရှိနေကြောင်း ဆိုသည်။

အကျဥ်းထောင်ပြောင်းရွှေ့ခံရသည့် နာမည်စာရင်းအချို့ရရှိထားပြီး ၈၈မျိုးဆက်ကျောင်းသားဟောင်း ဦးဒိန်းဒေါင် ၊ မန္တလေး သပိတ်ဦးဆောင်သူ ဗကသကျောင်းသား ကိုမြတ်သူ၊ ၎င်းနှင့် စစ်ကြောရေးမှအကျဥ်းထောင်သို့ အတူတူရောက်လာသည့် ကဗျာဆရာကိုသျှား(ခ )ကိုစိုးသူရဇော် ၊ ပုသိမ်ကြီးတီဘီဆေးရုံမှ လက်ထောက်ဆရာဝန်ဒေါက်တာရဲဟိန်းအောင် တို့ပါဝင်ကြောင်း Spring Mandalay က ဖော်ပြသည်။

ထို့အပြင် အကျဥ်းထောင်အတွင်းဖိနှိပ်မှုများနှင့် သေဒဏ်ပေးမှုကို ကန့်ကွက်ကြောင်း အစာငတ်ခံဆန္ဒပြခဲ့သူ ဗကသကျောင်းသားကိုနောင်ထက်အောင် (ရန်ကုန်ပညာရေးတက္ကသိုလ်ဗကသဥက္ကဌဟောင်း )နှင့် ကျောင်းဆရာအောင်နိုင်သူတို့ လည်း ပါဝင်ကြောင်းသိရသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သည့် ဦးထွန်းကြည်က “စစ်ကောင်စီက အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို အာဃာတ ဘယ်လောက်ကြီးလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကနေ သမ္မတကြီးအလယ် နိုင်ငံရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားလူငယ်တွေအပေါ်မှာ အာဃာတကြီးတယ်၊ လက်စားချေနေတယ်လို့ ကျနော်က ရှုမြင်သုံးသပ်တယ်။ လူစုခွင့်မပေးဘူး။ ကျနော်တို့ နိုင်ကျဉ်းတွေကလည်း ဘယ်လောက်ပဲ လူ့အခွင့်အရေးချိုးဖောက်နေပါစေ။ ရုပ်ပိုင်းဆိုင်ရာကိုပဲ သူတို့ လုပ်လို့ရမယ်။ တော်လှန်တဲ့စိတ်ကိုတော့ ထောင်တွင်းအကျဉ်းချလို့မရဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်ကလည်း အိုးဘိုအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၊ အကျဉ်းသူ ၁၀၀ ခန့် ကိုထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့သည်။

ယခုနှစ် ဧပြီလအတွင်း မုံရွာထောင်အတွင်းမှ နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော်အား မြင်းခြံအကျဉ်းထောင်နှင့် အိုးဘို ထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ထိုသို့ပြောင်းရွှေ့ခံရသူများထဲတွင် မုံရွာသပိတ် ဦးဆောင်ကော်မတီတွင် ပါဝင်သည့် ကျောင်းသား သမဂ္ဂ အဖွဲ့အသီးသီးမှ ခေါင်းဆောင်များ၊ ကျောင်းသားများ အပါအဝင် နိုင်ငံရေး ပုဒ်များဖြင့် ဖမ်းဆီးပြစ်ဒဏ်ချ ခံထားသူ များ ပါဝင်သည်။

စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်နိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသားများကိုလည်း ပြီးခဲ့သည့် ဩဂုတ်လ အတွင်းက မုံရွာထောင်မှနေ မြင်းခြံ အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့သည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှ စတင်ကာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၁၂၆၂၃ ဦးရှိပြီး ထိုထဲမှ ၁၅၃၁ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။

You may also like these stories:

နွေဦးတော်လှန်ရေးထဲက အကျဉ်းစံ ပန်ဒါ

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

နိုင်/ကျဉ်းတချို့ နှိပ်စက်သတ်ခံရမှု အထောက်အထားများ ရထားဟု HRW ဆို

အာဏာသိမ်းပြီးနောက် ဖမ်းခံရသူ ၁၀၀၀ ကျော်၊ သေဆုံးသူ ၃၀ ခန့်ရှိလာ

Your Thoughts …
Tags: ထောင်ပြောင်းရွှေ့ခံရထောင်ဝင်စာနိုင်ငံရေးအကျဉ်းသားအကျဉ်းထောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

ငွေဆောင်ဆွေးနွေးပွဲ ဘယ်သူတွေ ဦးဆောင်လဲ

by ဧရာဝတီ
3 January 2025
15k

ငွေဆောင်ကမ်းခြေတွင် ကျင်းပခဲ့သည့် မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာဆွေးနွေးပွဲကို ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင် တဦးဖြစ်သူ ဦးမြအေး အပါအဝင် စုစုပေါင်း ၃၉ ဦး...

သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် တွေ့ခွင့်ရ

သမ္မတ ဦးဝင်းမြင့် မိသားစုနှင့် တွေ့ခွင့်ရ

by ဧရာဝတီ
31 October 2023
14.4k

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဝင်စာ တွေ့ခွင့်ရရေး ရှေ့နေအဖွဲ့က ယမန်နေ့တွင် ထပ်မံစာတင်ပြခဲ့ကြောင်း၊ ယင်းတင်ပြမှုနှင့် ပတ်သက်ပြီး ယနေ့မွန်းလွဲပိုင်းအထိ တစုံတရာ အကြောင်းပြန်မှု မရှိသေးကြောင်း

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

by Justin Higginbottom
13 September 2023
13.9k

ဧရာဝတီသတင်းဌာနမှ ဂျပ်စတင် ဟစ်ဂင်ဘော့တွမ်နှင့် ဒေါက်တာ တာနဲလ် တွေ့ဆုံမေးမြန်းခန်းဖြစ်သည်။

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

ဒေါက်တာ ဇော်မြင့်မောင် သေဆုံးပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်

by မောင်ကဝိ
12 October 2024
12.8k

"ဒါဟာ သူတို့ကို သေအောင် အငြိုးနဲ့ တဖြည်းဖြည်း ညှဉ်းပန်းနှိပ်စက်နေတာနဲ့ အတူတူပဲ"

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

စစ်ကောင်စီနှင့် ခရိုနီဘဏ်လုပ်ငန်းရှင်များ ရှောင်တာနဲလ်ကို ခြိမ်းခြောက်

by ဧရာဝတီ
8 July 2024
9.4k

ယခုတကြိမ်သည် ထိုတာဝန်ရှိသူများက သူ့ကို အသံတိတ်သွားစေရန် ကြိုးစားသည့် ဒုတိယအကြိမ် ဖြစ်ကြောင်း ဧရာဝတီသို့ ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

ဒေါ်အောင်ဆန်းစုကြည် ထောင်အတွင်း ကွယ်လွန်မည်ကို သားဖြစ်သူ စိုးရိမ်

by ငြိမ်းငြိမ်း
25 October 2024
5.7k

ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့မိခင်၏ ကျန်းမားရေးနှင့် ဘာမှမသိရဘဲ ချုပ်နှောင်ထားခံရခြင်းတို့အတွက် သူ၏ စိုးရိမ်ပူပန်မှုများကို ဧရာဝတီသတင်းဌာနသို့ ပြောကြားခဲ့သည်။

Next Post
Puma Energy သည် သူ၏ရှယ်ယာများကို ၎င်း၏ စီးပွားမိတ်ဖက်ကုမ္ပဏီဖြစ်သည့် Asia Sun Energy (ASE)သို့ လက်လွှဲရောင်းချသွားကြောင်း သိရသည်

လေယာဉ်ဆီကုမ္ပဏီ Puma ရှယ်ယာတွေ ဘယ်သူဝယ်သလဲ

မစ္စတာ ဆိုင်ဖူဒင် အဗ္ဗဒူလာ မဟုတ်သော မလေးရှားနိုင်ငံခြားရေးဝန်ကြီးသစ်သည် မြန်မာ့အရေးတွင် သူ့လောက် တက်ကြွမည်မှာ မသေချာ

မလေးရှားရွေးကောက်ပွဲက မြန်မာ့အရေး မည်သို့ သက်ရောက်မည်နည်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved