• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဏာသိမ်းပြီးနောက် ဖမ်းခံရသူ ၁၀၀၀ ကျော်၊ သေဆုံးသူ ၃၀ ခန့်ရှိလာ

by ဧရာဝတီ
1 March 2021
in သတင်း
A A
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတွင် ဖမ်းဆီးခံရသူများကို ရန်ကုန်မြို့ ကျိုက်က္ကစံကွင်းသို့ ပို့ဆောင်စဉ် / ဧရာဝတီ

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုတွင် ဖမ်းဆီးခံရသူများကို ရန်ကုန်မြို့ ကျိုက်က္ကစံကွင်းသို့ ပို့ဆောင်စဉ် / ဧရာဝတီ

17.6k
VIEWS
Share on FacebookShare on Twitter

တပ်မတော် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ တလအတွင်း ဖမ်းဆီး၊ တရားစွဲ ပြစ်ဒဏ်ချခံရသူ ၁၁၃၂ ဦး ရှိပြီဖြစ်ပြီး မတရားအကြမ်းဖက် ဖြိုခွင်းခံရ၍ ကျဆုံးသွားခဲ့သူ ၃၀ ဦးခန့်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ သိရသည်။

၁၁၃၂ ဦးအနက် ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသူ ၄ ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရသောကြောင့် တိမ်းရှောင်နေသူ ၆၁ ဦးနှင့် ပြန်လည်လွတ်မြောက်လာသူ ၂၉၉ ဦး ရှိသောကြောင့် လက်ရှိ ၈၃၃ ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည်ဟု AAPP က ဖော်ပြထားသည်။

နိုင်ငံတဝှမ်းလုံးရှိ စစ်အာဏာရှင်ကို ဆန့်ကျင် တိုက်ပွဲဝင်နေကြသော ပြည်သူများကို စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များ က ကျည်အစစ်များ၊ မျက်ရည်ယိုဗုံးများ၊ အသံဗုံးများ၊ တုတ်၊ ရေကားများ အသုံးပြုကာ အကြမ်းဖက် ဖြိုခွင်းမှုများ ပြုလုပ်နေ သလို ဖမ်းဆီးအရေးယူမှုများပါ ပြုလုပ်နေခြင်း ဖြစ်သည်။

ရဲနှင့် စစ်သားများ၏ ပစ်ခတ်နှိမ်နင်းမှုကြောင့် ယမန်နေ့ တရက်တည်း၌ပင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ အပါအဝင် ဒေသအသီးသီးတွင် လူဦးရေ ၁၀၀၀ ခန့် (တချို့ နေ့ချင်း ပြန်လွတ်လာ) ဖမ်းဆီးခံရပြီး သေဆုံးသူ ၂၀ ဦးခန့် ရှိကာ ထိခိုက် ဒဏ်ရာရရှိသူ ၂၀၀ ကျော် ရှိခဲ့သည်။

“ဖမ်းမိသွားတဲ့ သူကို လက်ထိပ်နောက်ပြန်ခတ်ပြီး မတရားရိုက်နှက်တာ၊ ကန်ကျောက်၊ တရွတ်တိုက်ဆွဲတာတွေက လူ သားချင်း မစာမနာ ညှဉ်းပန်းနှိပ်စက်မှု ပြုတာဖြစ်တယ်။ ဒါ အင်မတန်မှကို ရက်စက်ကြမ်းကြုတ်ပြီး အငြိုးကြီးကြီးနဲ့ ကလဲ့ စား ချေနေတဲ့ ပုံစံမျိုး မြင်ရတယ်။ ဒါတွေ ရပ်တန်းက ရပ်ဖို့လိုပြီ။ ဒီလို ဖမ်းနေ၊ ပစ်ခတ်နှိမ်နင်းနေရုံနဲ့ ဒီကိစ္စကြီး ပြီးသွားမှာ မဟုတ်ဘူး” ဟု AAPP အဖွဲ့ဝင် ဦးအောင်မျိုးကျော်က ပြောသည်။

စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့များက ပြည်သူများအား ဖမ်းဆီး၊ ပြန်လွှတ်ခြင်း အပါအဝင် ဖမ်းဆီးသူများကို မည်သည့်နေ ရာ ပို့မှန်းမသိခြင်း၊ သပိတ်စစ်ကြောင်းအတွင်း အဖမ်းခံရခြင်း စသည့် အခြေအနေများကြောင့် တချို့ကိစ္စများ၌ နာမည်၊ အ ချက်အလက်များ ရယူရန် ခက်ခဲသော်လည်း ရနိုင်သမျှ စာရင်းပြုစုပြီး နေ့စဉ် တင်ပေးနေသလို အဖမ်းခံရသူများ ရှေ့နေ အကူအညီ လိုအပ်ပါကလည်း ချိတ်ဆက်ကူညီပေးနေသည်ဟု ၎င်းက ရှင်းပြသည်။

ဦးအောင်မျိုးကျော်က “ကျနော်တို့ ကြားနေရတဲ့ ဒီပိုက်ဆံတောင်းတဲ့ သတင်းတွေသာ မှန်တယ်ဆိုရင် ဒါ ပြန်ပေးဆွဲတာ။ လူတယောက်ကို ဖမ်းထားပြီး ၂ သိန်းနဲ့ ရွေးရမယ်။ သိန်း ၁၀၀ နဲ့၊ ၁၀ သိန်းနဲ့ ရွေးရမယ်ဆိုတဲ့ ကိစ္စက အဲဒါ ဓားပြလုပ်တဲ့ အလုပ်။ ဒါကြောင့် ဒီအာဏာသိမ်း စစ်အုပ်စုကို ဓားပြသာသာအဖွဲ့လို့ပဲ သတ်မှတ်တယ်” ဟုလည်း ပြောသည်။

လုံခြုံရေးတပ်ဖွဲ့က ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းပြီးနောက် ဖမ်းဆီးမှုများ ပြုလုပ်ကာ ငွေကြေးတောင်းခံပြီး ပြန် လွှတ်ပေးနေသည်ဟူသော သတင်းများ ထွက်ပေါ်နေမှုအပေါ် ၎င်းက ပြောဆိုခြင်း ဖြစ်သည်။

AAPP ၏ ထုတ်ပြန်ချက်တွင်လည်း စစ်အုပ်စု၏ လက်ကိုင်တုတ် ရဲများသည် ဖမ်းဆီးခံပြည်သူများအား ပြန်လွှတ်ပေးရန် အ တွက် ငွေညှစ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပြီး ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ရာဇဝတ်မှု မြောက်သည်ဟု မှတ် ချက် ပြုထားသည်။

တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာခိုင်က “ရဲတွေဘာတွေက (ပိုက်ဆံ)တောင်းတယ်လို့ ပြောတာကြားတယ်။ ကိုယ်တိုင် မြင်သိရတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဘာ အခကြေးငွေမှ ပေးစရာမလိုပါဘူး။ အဲဒီလို တောင်းတယ်ဆိုလည်း မှတ် တမ်းယူထားလို့ရရင် ယူထားပါ။ ပေးစရာမလိုပါဘူး။ ကျမတို့ကတော့ ဥပဒေနဲ့အညီ တတ်နိုင်သလောက် ကူညီဆောင် ရွက်ပေးသွားမှာပါ” ဟု ပြောသည်။

ဒေါ်နီလာခိုင်သည် ပြည်သူ့ပါတီ၏ ဗဟိုဥပဒေရေးရာ အထောက်အကူပေးရေးအဖွဲ့မှ ဖြစ်ပြီး ဖမ်းဆီးခံထားရသူများအတွက် ဥပဒေကြောင်းအရ အဖွဲ့ဝင်များနှင့်အတူ အခမဲ့ လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ဖြစ်သည်။

လက်ရှိအချိန်ထိ ၎င်းထံ ဆက်သွယ်လာသည့် အမှုသည်များအနက် တချို့မှာ ပြန်လွတ်သွားပြီ ဖြစ်သော်လည်း ၂၅ ရက်မှ ၂၇ ရက်နေ့ထိ ပြန်မလွတ်လာသေးသူ ၁၅ ဦးခန့် ရှိပြီး ထိုသူတို့အား မည်သည့် တရားရုံးတွင် မည်သည့် ပုဒ်မဖြင့် တရားစွဲ မည်ကိုလည်း မသိရသေးသည့်အတွက် စာတင်မေးမြန်းထားကြောင်း ၎င်းက ရှင်းပြသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
30
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
31
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
47

ဒေါ်နီလာခိုင်က “အခုနောက်ပိုင်း သူတို့ လုပ်ငန်းစဉ်တွေကို နားလည်သွားပြီ။ ဒီနေ့ ဖမ်းတယ်ဆိုရင် ဒီနေ့ ဘာမှ မလုပ်နဲ့ အုံး။ တွေ့လို့လည်း ရမှာမဟုတ်ဘူး။ အတင်းငြင်းမှာပဲ။ သူတို့က ၂၄ နာရီထားမယ်။ စစ်မယ်။ ၂၄ နာရီပြည့်လို့မှ ပြန်မလွတ် လာဘူးဆို သေချာတယ်။ ကျန်ခဲ့တဲ့သူတွေက တရားစွဲခံရမယ်။ သို့မဟုတ် ထပ်ပြီး စစ်ဆေးနေတာ ဖြစ်ရင်ဖြစ်မယ်” ဟု ပြောသည်။

ဆက်လက် ဖမ်းဆီးထားသူများအား မည်သည့်ပုဒ်မဖြင့်၊ မည်သည့်တရားရုံးတွင် တရားစွဲဆိုကြောင်း သိရပြီဆိုပါက ရှေ့နေ ပါဝါယူကာ သက်ဆိုင်ရာတရားရုံးများတွင် လိုက်ပါ ဆောင်ရွက်ပေးသွားမည်ဟုလည်း ၎င်းက ဆိုသည်။

တပ်မတော်က အာဏာသိမ်းခဲ့သည့် ၁ ရက်နေ့မှစ၍ ယနေ့ အချိန်ထိ ဖမ်းဆီးခံရသူများအနက် ပြန်လည်လွတ်လာသူများ ရှိသော်လည်း တချို့မှာ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကိုပင် မသိရကြောင်း၊ ဖမ်းဆီးခံရသူများအား အမှုဖွင့် တရားစွဲဆိုရာတွင်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စသည့် ပုဒ်မ များဖြင့် အများဆုံး စွဲဆိုလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာသိမ်းယူလိုက်သည်မှာ တလပြည့်ပြီ ဖြစ်သော်လည်း စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေး လှုပ်ရှားမှုများ နိုင်ငံတဝှမ်း အရှိန်အဟုန် မြင့်နေဆဲဖြစ်သလို ပြည်သူလူထုကလည်း စစ်အာဏာရှင် ပြုတ်ကျသည် အထိ တိုက်ပွဲဝင်သွားရန် ကြွေးကြော်ဆန္ဒပြလျက် ရှိသည်။

You may also like these stories:

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မနက်ဖြန် လုပ်မည်

ဘဏ်များတွင် ထုတ်ယူ ငွေပမာဏ ဗဟိုဘဏ် ကန့်သတ်ပြီ

လားရှိုးတွင် ခရစ်ယာန်ဘုရားကျောင်းကို ရဲအင်အားဖြင့် တံခါးများဖျက်၍ စီးနင်း

Your Thoughts …
Tags: AAPPစစ်အာဏာသိမ်းတပ်မတော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

၂၀၂၁ ခုနှစ်၊ မတ်လက ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ စစ်ထောက်လှမ်းရေး အစည်းအဝေး တက်ရောက်နေသည့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး  / Cincds

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

by ဧရာဝတီ
11 October 2022
19.9k

စစ်ထောက်လှမ်းအဖွဲ့ဝင်များကဲ့သို့ပင် စရခ အဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများထံမှ သတင်းရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.5k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

စားပွဲထိုး ဗိုလ်ချုပ်ကြီးများခေတ် ရောက်ပြီ

by အောင်သူရ
16 October 2025
5.5k

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လက်ထက် စားပွဲထိုးများ ကောင်းစားသည်ဟု စစ်တပ်အသိုင်းအဝိုင်းကြား တီးတိုးပြောတတ်ကြသည်။

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

ဒိုက်ဦးထောင်မှ ခေါ်ထုတ်သွားသော အကျဉ်းသား ၃၇ ဦး၏ ကံကြမ္မာ

by ခင်နဒီ
29 February 2024
5.1k

"၂၀၂၃ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသား သတ်ဖြတ်ခံရမှု အများဖြစ်တယ်" ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

စစ်တပ်ကို ဘယ်လိုပြင်ဖွဲ့ကြမလဲ

by ဉာဏ်လင်း
26 February 2024
4.7k

ဥပဒေကို လိုက်နာသော၊ အရပ်သား အစိုးရ၏ စီမံခန့်ခွဲမှုအောက်တွင် ရှိသော၊ ပြည်သူလူထုကို ကာကွယ်သော၊ နိုင်ငံရေးကင်းရှင်းသော တပ်မတော်တရပ် လိုအပ်သည်

Next Post
ဒေါ်အောင်ဆန်းစုကြည်သည် စုစုပေါင်း ပုဒ်မ ၄ ခုဖြင့် အမှုဖွင့် ခံထားရသည် / သီဟလွင် / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေငှားခွင့်ရမှ အမှုစစ်ဖို့ တရားရုံး ဆုံးဖြတ်

ရိုက်နှက်ခံခဲ့ရသည့် အမျိုးသမီး

မြိတ်တွင် စစ်တပ်နှင့် ရဲက ကိုယ်ဝန်ဆောင် အမျိုးသမီးကို ရိုက်နှက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved