• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြင်းမူနယ်တိုက်ပွဲ နှစ်ဖက် အကျအဆုံးရှိ

by ဧရာဝတီ
1 March 2023
in သတင်း
A A
စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့သည့် မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းရွာနှင့် ကန်တော်ရွာ / မြင်းမူသတင်းမှန်ပြန်ကြားရေး

စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့သည့် မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းရွာနှင့် ကန်တော်ရွာ / မြင်းမူသတင်းမှန်ပြန်ကြားရေး

5.4k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ ZERO ပြောက်ကျားတပ်ဖွဲ့အပါ PDF ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ၁၀ နာရီ ကျော်ကြာဖြစ်ပွားခဲ့ပြီး နှစ်ဖက် အထိအခိုက် အကျအဆုံးများ ရှိခဲ့ကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မြင်းမူမြို့နှင့် ၆ မိုင်ခန့်အကွာတွင်ရှိသော ကန်တော်ကျေးရွာအနီးဝန်းကျင်တွင် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၉ နာရီ အချိန်ခန့်မှစတင်၍ ည ၇ နာရီခွဲခန့်ထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၇ ဦး သေဆုံး ခဲ့သလို၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ ၂ ဦး အကျအဆုံးရှိခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံခရိုင် တပ်ရင်း ၇) ခေါင်းဆောင် ကိုသက်ကြီးက ဧရာဝတီကို ပြောသည်။

“အခု ရောက်လာတဲ့ကောင်တွေက တိုက်ခိုက်ရေး တော်တော်ကောင်းတဲ့ လက်ရွေးစင် အထူးတပ်ဖွဲ့လို့ ထင်တယ်။ အရပ်အမောင်းကအစ ဒေါင်ကောင်းတဲ့ကောင်တွေ ဖြစ်တဲ့အပြင် ရဲရင့်မှုလည်း တော်တော်ရှိကြတယ်။ အဲဒီလို အခြေ အနေကြောင့် ကျနော်တို့က သတိဝီရိယ ကြီးကြီးနဲ့ ဆုတ်တက်စနစ်၊ ပြောက်ကြားစနစ်တွေနဲ့အတူ နောက်ချန်ကင်း ရှေ့ပြေးကင်းတွေအပြင် မြေပြင်အားသာချက်၊ တိုက်ပွဲအတွေ့အကြုံတွေရယ် ပေါင်းစပ်ပြီး စနစ်တကျနဲ့ ပညာသားပါပါ တိုက်ခဲ့ရတာကြောင့် အခုလောက်ထိ အချိန်ကြာမြင့်သွားရတာပါ” ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်မှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ ရက်ကတည်း က အရာတော်မြို့နယ်တောင်ပိုင်းသို့ လေကြောင်းပစ်ခတ်မှု ပြုလုပ်ကာ ရဟတ်ယာဉ်များဖြင့် ချထားခဲ့သည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကြောင်း ဖြစ်သည်။

မြင်းမူမြို့နယ်အတွင်းရှိ ပဒတ္တိုင်း၊ ညောင်ပင်ကန်ကျေးရွာများကို ဖေဖော်ဝါရီ ၂၅ ရက်က မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၆ ရက်တွင် Zero ပြောက်ကျားတပ်ဖွဲ့၏ ယာယီစခန်းနေရာအနီးသို့ ရောက်ရှိလာသဖြင့် ZERO ပြောက် ကျားတပ်ဖွဲ့ (မြင်းခြံခရိုင် တပ်ရင်း ၇)နှင့်အတူ PDF တလုပ် (မြင်းခြံခရိုင် တပ်ရင်း ၂)၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၁၊ GTR (စစ်ကိုင်းခရိုင် တပ်ရင်း ၂ တပ်ခွဲ ၂)၊ နယ်မြေခံလက်နက်ကြီးအဖွဲ့၊ နယ်မြေခံဒေသ ကာကွယ် ရေးတပ်ဖွဲ့ (LDF) များ စုပေါင်း တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

ZERO ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက “တိုက်ပွဲမှာ ဆားတောင်မိုးကြိုးအဖွဲ့က ရဲဘော် ၂ ယောက်လည်း ကျဆုံး ခဲ့ပါတယ်။ စစ်တပ်ဘက်က ၁၇ ယောက်လောက် ပြန်ရခဲ့ပါတယ်” ဟု ပြောသည်။

ထို့ပြင် ညောင်ပင်ကန်ကျေးရွာမှ အသက် ၁၂၊ ၁၃ နှစ်အရွယ် လူငယ် ၂ ဦးကို စစ်ကောင်စီက လမ်းပြအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခဲ့ပြီး ကန်တော်ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း၌ ခေါင်းဖြတ်သတ်ခဲ့ကြောင်း PDF တပ်ဖွဲ့ များထံက သိရသည်။

နယ်မြေခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “ဖမ်းခေါ်ခဲ့တဲ့ ကလေး၂ ယောက်ကို ZERO အဖွဲ့ရဲ့ စခန်းကို လိုက်ပြ ခိုင်းပြီး စခန်းရောက်တော့ ဘုန်းကြီးကျောင်းထဲမှာ ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ပစ်ခဲ့ကြတာ။ အသတ်ခံရတဲ့ ကလေး ၂ ယောက်ဟာ အသက် ၁၂ နှစ်၊ ၁၃ နှစ် အရွယ်တွေပဲ ရှိပါသေးတယ်၊ စစ်ကြောင်းမှာ ပျူတကောင်မှ ပါမလာ ဘူး၊ ဒါကြောင့်လည်း ကျနော်တို့ တော်တော်ကို တိုက်ယူခဲ့ရတာ” ဟု ပြောသည်။

ထိုသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသည်ကို ZERO ပြောက်ကျားတပ်ဖွဲ့က ကြိုတင်သတင်းရထားသဖြင့် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို သယ်ယူနိုင်ခဲ့သော်လည်း လက်နက်ထုတ်လုပ်ရာတွင် အသုံးပြုသည့် တွင်ခုံများ၊ မော်တာများနှင့် ကျပ်သိန်း ၁၀၀ ခန့်တန်ကြေးရှိ မီးစက်အကြီး ၁ လုံး၊ အဝတ်အစားသေတ္တာများ အပါအဝင် ကျပ်သိန်း ၃၀၀ ဝန်းကျင်ခန့် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် အရာတော်မြို့နယ်တောင်ခြမ်းရှိ မင်းရွာကြီး၊ နွားမသင်း၊ ကန်ရင်း၊ မလဲသာကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်၍ မီးရှို့ခဲ့ရာ မင်းရွာကြီးအထက်တန်းကျောင်းရှိ စာသင်ဆောင်တဆောင်၊ မလဲသာ ကျေးရွာမှ တိုက်နယ်ဆေးရုံတို့ မီးလောင်ဆုံးရှုံးခဲ့သလို မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းကျေးရွာမှ စပါးကျီ၊ နွားစာတိုက်များနှင့် နေအိမ် ၆၅ လုံး၊ ညောင်ပင်ကန်ကျေးရွာမှ နေအိမ် ၇ လုံး၊ ကန်တော်ကျေးရွာမှ ဘုန်းကြီးကျောင်း ၃ ကျောင်း၊ နေအိမ် ၁၂ လုံး မီးရှို့ဖျက်ဆီးခဲ့ကြပြီးနောက် ထီးဆောင်းကျေးရွာသို့ ဝင်ရောက် တပ်စွဲထားကြောင်း သိရသည်။

ဖေဖော်ဝါရီ၂၅ ရက်ကလည်း မြင်းမူနယ်နှင့် အရာတော်နယ်စပ်တွင် စစ်ကောင်စီစစ်ကြောင်း၂ ကြောင်းဖြင့် ဒေသတွင်း PDF များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီးတဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကာ PDF တပ် ဖွဲ့ဝင်၂ ဦးလည်း ကျဆုံးခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

You may also like these stories :

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

ခင်ဦး NLD အမတ်၏ ဇနီးနှင့်သမီးအပါဝင် အဖမ်းခံရသူများ အဆက်အသွယ် ပြတ်နေ

ရွှေဘိုမြို့နယ်ရှိ ရက်ကန်းရုံ ရာနှင့်ချီ မီးရှို့ ဖျက်ဆီးခံရ

Your Thoughts …
Tags: ZERO ပြောက်ကျားစစ်ကောင်စီတပ်တိုက်ပွဲမြင်းမူ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.6k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

Next Post
၂၀၁၇ခုနှစ်က ပထမဆုံး ပြုလုပ်သည့် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ စစ်တပ်ပူးတွဲ စစ်လေ့ကျင့်မှုတွင် တွေ့ရသည့် စစ်ဖက်အရာရှိကြီးများ

မြန်မာစစ်တပ်အား လက်နက်နှင့် လေယာဉ်ဆီ အိန္ဒိယကုမ္ပဏီများ အဓိကထောက်ပံ့နေ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နေပြည်တော်တွင် USDP က ပါတီဝင်များအား ဝါးချွန်များ လွှဲပြောင်းပေးအပ်သည့် အခမ်းအနား

ပါတီဝင်များကို ဝါးရင်းတုတ်များ ကြံ့ဖွံ့ တပ်ဆင်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved