• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

by ဧရာဝတီ
16 March 2023
in သတင်း
A A
၂၀၂၂ ခုနှစ်တွင် မေလအတွင်းက မတူပီဘက်မှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်း (ဓာတ်ပုံ – HKL Mindat)

၂၀၂၂ ခုနှစ်တွင် မေလအတွင်းက မတူပီဘက်မှ ပြန်ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်း (ဓာတ်ပုံ – HKL Mindat)

5.8k
VIEWS
Share on FacebookShare on Twitter

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ချင်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းမြို့နယ်များအား စစ်ကောင်စီက ကား အစီး ၁၀၀ ကျော်ဖြင့် စစ်အင်အား ဖြည့်တင်းလျက်ရှိသဖြင့် တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ချင်းဒေသ ကာကွယ် ရေးတပ် (CDF) တပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း မကွေးတိုင်း၊ ပခုက္ကူမြို့မှနေ စစ်ကားအစီး ၈၀ ကျော်ဖြင့် ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်၊ မတူပီမြို့နယ်အတွင်းသို့ ဦးတည်တက်လာကာ မတ်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် မကွေးတိုင်းနှင့် ချင်းပြည်နယ် အစပ် ကျောက်ထုအမြောက်တပ်ရင်းသို့ ရောက်ရှိနေကြောင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါ စစ်ယာဉ်တန်းသည် မင်းတပ်နှင့် မတူပီမြို့နယ်သို့ ဦးတည်လာသည့်အတွက် အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွား နိုင်သဖြင့် ပြည်သူများအနေဖြင့် ကျောက်ထု- မင်းတပ်- မတူပီ ကားလမ်းအား အသုံးပြုပြီး သွားလာခြင်း မပြုကြရန် လည်း CDF မင်းတပ်က အသိပေး ထုတ်ပြန်ထားသည်။

CDF မင်းတပ်မှ ခေါင်းဆောင်တဦးက “စစ်ကောင်စီ ယာဉ်တန်း အစီး ၈၀ ကတော့ ကျောက်ထု အမြောက်တပ်ကို ရောက်နေပါပြီ။ မတူပီကို ဦးတည်နေတယ်လို့ ယူဆလို့ရတယ်။ လက်နက်ခဲယမ်း ဖြည့်တင်းဖို့နဲ့ တပ်ချိန်းဖို့ လာတာ ဖြစ်ဖို့ များပါတယ်။ စစ်ကြောင်းတွေ ခွဲပြီးတော့ တက်မယ်လို့ ယူဆရတယ်။ ဘာပဲဖြစ်ဖြစ် ဒီယာဉ်တန်းကို ကြားဖြတ် ဟန့်တားတိုက်ခိုက်ရမှာဆိုတော့ ကျနော်တို့ မင်းတပ်နဲ့ မတူပီဘက်မှာ တိုက်ပွဲ ပြင်းထန်လာဖို့ကတော့ သေချာပါ တယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ မင်းတပ်၊ မတူပီမြို့နယ်အတွင်းသို့ တက်လာသည့် စစ်ယာဉ်တန်းတွင် ပခုက္ကူ အခြေစိုက်တပ်မ ၁၀၁ လက် အောက်ခံတပ်ရင်း၊ တပ်ဖွဲ့မှ စစ်တပ်သားများနှင့် တခြားသော တပ်မ၊ တပ်ရင်းတပ်ဖွဲ့များမှ ထုတ်နုတ်ထားသော စစ်ကောင်စီတပ်သားများ ပါဝင်ပြီး လတ်တလောအခြေအနေတွင် ပါဝင်လာသည့် တပ်ဖွဲ့ဝင် အင်အားအရေ အတွက်ကိုမူ အသေးစိတ် မသိရှိသေးကြောင်း CDF တပ်ဖွဲ့ဝင်များက ပြောသည်။

အဆိုပါ စစ်ယာဉ်တန်းသည် ကျောက်ထုအမြောက်တပ်သို့ ရောက်ရှိနေချိန်တွင်ပင် မတ်လ ၁၃ ရက်ညနေပိုင်းက မင်းတပ်မြို့ အနောက်ဘက်ရှိ တောင်တန်းများသို့ စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် အကြောင်းမဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သလို မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အနီးရှိ ကျေးရွာဒေသခံများ ညတွင်းချင်းပြေးလွှားရှောင်တိမ်းခဲ့ရကြောင်း ချင်းအခြေစိုက် သတင်းမီဒီယာများတွင် ရေးသား ထားသည်။

အလားတူ မတ်လ ၇ ရက်မှ စတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့မှနေ ထန်တလန်၊ ဟားခါးမြို့နယ် အတွင်းသို့ သံချပ်ကာ ၂ စီး အပါအဝင် ကားအစီး ၃၀ ကျော်တက်ရောက်လာသည့်အတွက် မတ်လ ၁၀ ရက်မှ စတင်ကာ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များက လမ်းကြောင်းတလျောက် ကြားဖြတ် တိုက်ခိုက်နေကြောင်း ချင်းအမျိုး သား တပ်မတော်(CNF/ CNA) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ဆလိုင်းထက်နီက “တင့်ကား၂ စီး အပါအဝင် ကားအစီး ၃၀ နဲ့ မတ်လ ၇ / ၈ လောက်ကနေ ကလေးမြို့ကနေ တက် လာတာ။ ကျနော်တို့ CNA တပ်ဖွဲ့နဲ့ ဒေသခံတပ်ဖွဲ့ ပူးပေါင်းပြီး ကြားဖြတ် တိုက်ခိုက်တဲ့အတွက် လမ်းကြောင်း တလျောက် တိုက်ပွဲဖြစ်နေတာ တပတ်လောက် ရှိနေပြီ။ အခုလည်း တီးတိန်နဲ့ ဖလမ်းမြို့နယ်အစပ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ စစ်ယာဉ်တန်းအား မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား၂၁ ဦးအထိ သေဆုံးမှု ရှိသည်ကို မြင်တွေ့ရပြီး၊ ထိခိုက်ဒဏ်ရာရမှု များပြားကြောင်း၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့အနေဖြင့် ထိခိုက် ဒဏ်ရာရရှိမှု အနည်းငယ်ရှိကြောင်း CNF ခေါင်းဆောင်များက ပြောသည်။

အဆိုပါ ချင်းပြည်မြောက်ပိုင်း ထန်တလန်၊ ဟားခါးမြို့နယ်အတွင်းသို့ တက်လာသည့် စစ်ကောင်စီယာဉ်တန်းတွင် ပဲခူးအခြေစိုက် စစ်ကောင်စီ၏ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့မှ တပ်သားများနှင့် တခြားသော တပ်ရင်း များမှ ထုတ်နုတ်အင်အားများ ပါဝင်ပြီး အင်အား စုစုပေါင်း ၁၀၀ ကျော် ပါဝင်ကာ ယင်းစစ်ယာဉ်တန်းတွင် ပေါ်တာ ဆွဲလာသည့် အရပ်သားများပိုင် ကုန်တင်ကားကြီးများလည်း ပါဝင်ကြောင်း CNF/ CNA ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ဆက်လက် ပြောသည်။

ထိုသို့ ချင်းပြည်နယ်အတွင်းသို့ စစ်ကောင်စီ အင်အားဖြည့်လာခြင်းမှာ ချင်းပြည်နယ်၊ တောင်ပိုင်း မတူပီဗျူဟာ ရှေ့တန်းစခန်းများနှင့် မြောက်ပိုင်း ဟားခါးဗျူဟာအပါအဝင် ရှေ့တန်းစခန်းများအား မိုးမကျပြီး ရိက္ခာနှင့် စစ်လက် နက်များ ဖြည့်တင်းရန် ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူ တဦးက ပြောသည်။

စစ်ရေးလေ့လာသူတဦးက “ကျနော်ထင်တာက ထိုးစစ်ဆင်ဖို့ လုပ်တာမျိုးထက် နောက်လ ဧပြီကုန်ရင် မိုးကျတော့ မယ်ဆိုတော့ ချင်းတောင်ကို မိုးရာသီမှာ ရိက္ခာပို့ဖို့ ခက်ခဲတဲ့အတွက် တပ်ဗျူဟာအရ ကြိုပြီးတော့ ရိက္ခာနဲ့ စစ်လက် နက်တွေ ပို့တာဖြစ်မယ်” ဟု သုံးသပ် ပြောဆိုသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်အတွင်း စစ်အင်အား ဖြည့်တင်းရန်အတွက် နားလည်မှုဖြင့် အပစ်ရပ်ထားသော ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရက္ခိုင်စစ်တပ် (AA) နှင့် ဆိုင်ထားသည့် တပ်များထဲမှ ထုတ်နုတ်သွားသည်ဟုလည်း စစ်ရေး လေ့လာစောင့်ကြည်သူတချို့က ဆိုသည်။

သို့သော်လည်း တဖက်တွင် အပစ်ရပ်ကာလ ၃ လကျော်ကာလအတွင်း စစ်ကောင်စီတပ်နှင့် AA တို့ကြား မြေပြင်တွင် နယ်မြေစိုးမိုးမှုနှင့် အုပ်ချုပ်ရေးကဏ္ဍများတွင် မကြာခဏထိပ်တိုက်တွေ့မှုများ ရှိနေသည့်အတွက် အချိန်မရွေး တိုက်ပွဲ လမ်းကြောင်းထဲ ပြန်လည်ရောက်ရှိနေသည့်အခြေအနေကြောင့် ရခိုင်စစ်မျက်နှာမှာလည်း စစ်ကောင်စီအတွက် စိတ်ချရမည့် အခြေအနေ မရှိကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။

၎င်းက “သတင်းအရ ဆိုရင်တော့ ဗျူဟာတခုချင်းစီ ဆွဲခေါ်သွားတာဖြစ်မယ်။ ပလက်ဝဘက်က တဗျူဟာနဲ့ မြောက်ဦးဘက်က တဗျူဟာ အဲဒီလောက်ပဲ ရှိမယ်။ အဲဒါ တောင်မှ ချင်းဘက်ကို ပို့တာလား၊ တခြားဘက်ကို ပို့တာလည်း သေချာ မပြောနိုင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီသည် ဘူးသီးတောင် အခြေစိုက် စကခ ၁၅၊ ကျောက်တော်အခြေစိုက် စကခ ၉၊ တောင်ကုတ်အခြေစိုက် စကခ ၅၊ မြောက်ဦးမြို့နယ်အတွင်း တပ်မ ၅၅ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့မှ ထုတ်နုတ် အင်အားများ၊ ရသေ့တောင်မြို့နယ်အတွင်း တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့မှ ထုတ်နုတ် အင်အားများ၊ မောင်တောနယ်စပ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအပါအဝင် တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့မှ ထုတ်နုတ်အင်အားများဖြင့် အင်အားဖြည့်ကာ AA တပ်ဖွဲ့ဝင်များနှင့် တပ်ချင်းဆိုင်ထားကြောင်း ဧရာဝတီမှ လေ့လာ သိရှိရသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
230
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
17
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
29

ယင်းပြင် ရခိုင်ပြည်နယ်နှင့်ထိစပ်နေသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်လည်း ကျောက်တော် အခြေစိုက် စကခ ၉ လက်အောက်ခံ တပ်ရင်းများ၊ ပလက်ဝ အခြေစိုက် ခလရ ၂၈၉ အပါအဝင် တပ်မ ၁၁ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့ဝင်များဖြင့် AA တပ်များကို တပ်ချင်းဆိုင်ထားသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ အားကောင်းလာသော ချင်းဒေသကို စစ်ကောင်စီသည် ယခုတကြိမ် လူသူ၊ လက်နက် ရိက္ခာများ ဖြည့်တင်းရန် ကြိုးစားလာသလို ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဧပြီလအတွင်းလည်း မကွေးတိုင်းမှ စစ်ကားအစီး ၇၀ ကျော်ဖြင့် ချင်းပြည်နယ်၊ မင်းတပ်နှင့် မတူပီမြို့နယ်အတွင်းသို့ တက်လာစဉ် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ကြားဖြတ်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံး၊ ဒဏ်ရာရရှိမှု ရှိခဲ့သည်။

You may also like these stories:

ကရင်နီဒေသကို အင်အားထောင်ကျော်ဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်

ကျွန်းလှမြို့ခံများ ပြည်သူ့စစ်သင်တန်းတက်ရန် ဖိအားပေးခံနေရ

Your Thoughts …
Tags: CDFချင်းပြည်နယ်စစ်ကောင်စီစစ်ယာဉ်တန်းတိုက်ပွဲအင်အားဖြည့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထိုင်း- မလေးရှားနယ်စပ် ဆုန်ခလာပြည်နယ်၊ ဘန့်ကလမ်မြို့ရှိ အခင်းဖြစ်ပွားရာနေရာ / Thailand Post

ထိုင်း - မလေးရှားနယ်စပ်တွင် မြန်မာအမျိုးသား ၃ ဦး အသတ်ခံရ

FPNCC အဖွဲ့ဝင်များ ပန်ဆန်းတွေ့ဆုံမှု

ပန်ဆန်းတွင် FPNCC အစည်းအဝေး ကျင်းပနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved