• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုဂံ-ညောင်ဦးတဖက်ကမ်းရှိ ၁၅ ရွာခန့်မှဒေသခံများ ထွက်ပြေးနေရ

by ဧရာဝတီ
30 March 2023
in သတင်း
A A
စစ်ကြောင်းထိုးမှုကြောင့် ပခုက္ကူမြို့နယ်အတွင်းမှဒေသခံများ ထွက်ပြေးနေရ / CJ

စစ်ကြောင်းထိုးမှုကြောင့် ပခုက္ကူမြို့နယ်အတွင်းမှဒေသခံများ ထွက်ပြေးနေရ / CJ

5.4k
VIEWS
Share on FacebookShare on Twitter

ပုဂံ-ညောင်ဦးတဖက်ကမ်း ပခုက္ကူခရိုင် တန့်ကြည့်တောင်ဒေသတွင် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲကာ စစ်ကြောင်းများဝင်သဖြင့် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

ထိုရွာများမှာ သိမ်တော်၊ ညောင်နီပင်၊ ညောင်လှ၊ အိုင်ကြီး၊ ကံကြီးစု၊ ပေါက်တော၊ ငွေသောင်၊ ချမ်းသာကြီး၊ ဆယ်လံ၊ မြို့စိုး၊ လက်ပံချောင်း၊ ကျွန်းချောင်းလေး၊ ငှက်ပျောတော၊ သီရိကြီး၊ သီရိလေး စသည့်တို့ ဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက် မှ စ၍ စစ်တပ်အင်အား ၂၀၀ ခန့်သည် ဝင်လာပြီး လှည့်လည်စစ်ကြောင်းထိုးသလို ရွာများအနီး၌တပ်စွဲ၍ မကြာခဏ စီးနင်းမှုများ လုပ်သဖြင့် ၁ လကျော်ကြာသည်ထိ အိမ်မပြန်ရဲ ဖြစ်နေရကြောင်း ဒေသခံများက ဆိုသည်။

လက်ပံချောင်းရွာခံတဦးက “သူတို့ မသင်္ကာရင် တန်းဖမ်းတာကိုး။ နိုင်ငံရေးမလုပ်လည်း သူတို့ဆွဲချင်ရင် ဆွဲနေတာ။ အဲဒါတွေကို ကြောက်တော့ ရွာဘက်ကိုမကပ်ရဲကြတာ။ အရင်ဆို ရွာတွေကိုစစ်ကြောင်းထိုးပြီးရင် ပြန်ကြတယ်။ အခုက မပြန်ဘဲတပ်စွဲထားတော့ မနေရဲကြဘူး” ဟု ပြောသည်။

ထို့ပြင် ဒေသခံများ၏ ပြောပြချက်အရ တန့်ကြည့်တောင်ဒေသရှိ ဒေသခံတချို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီထောက်ခံသူ၊ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားသူ၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) များကို ထောက်ပို့လုပ်ပေးနေသူ စသည်ဖြင့် စစ်ကောင်စီ ထောက်ခံသူများ၏ တယ်လီဂရမ်ချန်နယ်များတွင် စွပ်စွဲဖော်ပြခဲ့သည့် မတ်လ ၁၁ ရက် နောက်ပိုင်းမှစပြီးလည်း တရွာဝင်တရွာထွက် ပိုက်စိပ်တိုက်ရှာဖွေမှုများ ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

စစ်ကြောင်းထိုးမှုကြောင့် ပခုက္ကူမြို့နယ်အတွင်းမှဒေသခံများ ထွက်ပြေးနေရ / CJ

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပခုက္ကူ-ဆိပ်ဖြူလမ်းပိုင်းတလျှောက်ရှိ လျှပ်စစ်စက်ရုံ၊ အမှတ် (၁)တိရစာ္ဆန် မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်(ဒေသအခေါ် BPI တပ်)နှင့် လက်ပံချောင်းရွာများတွင် တပ်စွဲထားပြီး ရွာများသို့ ဝင်ရောက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ ကြောင့် လက်နက်ကြီးထိမှန်ပြီး ပေါက်တောရွာမှ ဒေသခံ ၄ ဦး ဆေးရုံတွင် ကုသမှုခံယူခဲ့ရကြောင်းလည်း သိရသည်။

ယင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း၊ တပ်မများနှင့် ပတ်သက်ပြီး ဒေသခံများက အတည်ပြု ပြောဆိုနိုင်ခြင်း မရှိပေ။

ထိုသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးမှုများကြောင့် ထွက်ပြေးနေရသည့် ဒေသခံများမှာ နီးစပ်ရာတောနှင့် ကျွန်း များပေါ်တွင် တိမ်းရှောင်နေရကာ ဒေသခံများအနေဖြင့် ဧရာဝတီမြစ်တဖက်ကမ်းရှိ ပုဂံ-ညောင်ဦးသို့ကူးပြီး စစ်ရှောင် ရန်ကြိုးပမ်းရာတွင်လည်း ယင်းဘက်ခြမ်းရှိ ဘုန်းကြီးကျောင်းများထိပါ စစ်ရှောင်များအား လိုက်လံစစ်ဆေးမှုများ လုပ် ဆောင်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

လက်ပံချောင်းရွာခံတဦးက “ပြည်သူတွေက စစ်တပ်ကိုကြောက်လို့ ပြေးတာလေ။ စစ်သားတွေ၊ ရဲတွေကို ကြောက် တာလေ။ အဲဒါကို သူတို့ဆီက ထောက်ခံစာတွေပါမှဆိုတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ စစ်သားတွေက ဘုန်းကြီးကျောင်းထဲကို ဝင်တောင်းတာ ဧည့်စာရင်းစစ်တဲ့ပုံစံနဲ့ နဂိုလုပ်ထားတဲ့ ထောက်ခံစာနဲ့ကိုမရဘူး။ လက်ရှိ စစ်ကြောင်းမှူး ထောက်ခံစာဆိုတော့ ချောက်ထဲခုန်ချခိုင်းတာနဲ့ အတူတူဖြစ်နေတာပေါ့။ ချောက်မှန်းသိသိရက်နဲ့ ပြည်သူကလည်း ခုန်မချရဲဘူးလေ” ဟု ပြောသည်။

ထို့ပြင် မြစ်တဖက်ကမ်းသို့ကူးရာတွင် ကျန်ရှိခဲ့သည့် ဆိုင်ကယ်များအနက် အစီး ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင် များက ယူဆောင်သွားသလို ပုဂံ-ညောင်ဦးဘက်သို့သွားသည့် လူငယ်တချို့ဖမ်းခံရမှုရှိပြီး အာမခံဖြင့် လိုက်လံထုတ် ယူရခြင်းများလည်း ရှိကြောင်း သိရသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
32
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
26
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
208
စစ်ကြောင်းထိုးမှုကြောင့် ပခုက္ကူမြို့နယ်အတွင်းမှဒေသခံများ ထွက်ပြေးနေရ / CJ

အိုင်ကြီးရွာခံကတဦးကလည်း “လှေဆိပ်တွေမှာ စစ်သားတွေချထားပြီးတော့ စစ်တာ။ မိန်းကလေးနဲ့ကလေးတွေ ဆိုရင်တော့ သွားလို့ရတယ်။ ယောက်ျားသားဆို အဆင်မပြေနိုင်ဘူး။ ပုဂံ-ညောင်ဦးဘက်က ဘုန်းကြီးကျောင်းတွေထိ လိုက်ပြီးတော့ ဖမ်းတယ်၊ စစ်တယ်။ မနက်ဖြန် ၁၂ နာရီထိုးတာနဲ့ မမြင်ချင်ဘူးတို့၊ တွေ့ရင်ပစ်သတ်မယ်။ ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်လို့ ပြန်လာခဲ့ရတဲ့လူတွေလည်း များတယ်။ ဒီဘက်မှာပဲ ဒုက္ခခံစေ၊ ငတ်စေ၊ ပြတ်စေဆိုတဲ့ ပုံစံမျိုးလားတော့ မသိဘူး” ဟု ပြောသည်။

အိမ်ခြေ ၇၀၀ ခန့်ရှိသည့် အိုင်ကြီးရွာတွင် ဒေသခံများမရှိတော့သည့်နောက် စစ်ကောင်စီတပ်က ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ပြည်သူများ၏ ပစ္စည်းများကို ယူဆောင်ကြောင်း၊ ရွာတွင်စိုက်ပျိုးထားသော ပဲနှင့်သီးနှံများလည်း မရိတ် သိမ်းနိုင်တော့သဖြင့် ဆုံးရှုံးမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် အိမ်ခြေ ၃၀၀ ကျော်ရှိသည့် လက်ပံချောင်းရွာခံ ၅ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ၂ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အသက် ၁၆ နှစ်ခန့်အရွယ် ၁ ဦးနှင့် အသက် ၅၀ ကျော် အမျိုးသား ၂ ဦးတို့ကို ဖမ်းဆီး ထားဆဲ ဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်ရှောင်နေရသည့် ဒေသသည် မြစ်ခြေမြို့နှင့် ၄ မိုင်ကျော်သာကွာဝေးပြီး တဖက်ကမ်းတွင်မူ ခရီးသွားများ လာရောက်လည်ပတ်ကာ အပန်းဖြေမှုများ ရှိနေသလို သင်္ကြန်ကာလအတွက်ပင် ဟိုတယ်အခန်း ကြိုတင်မှာယူမှုများ ဖြင့် ပြည့်နေသည့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသ ရှိနေသည်။

You may also like these stories:

ဘုတလင်တွင် ဒေသခံ ၄၀ ခန့်ကို စစ်တပ်ကဖမ်း၍ ဓားစာခံအဖြစ် သုံးနေ

ရေစကြိုနယ် ရေလယ်ကျွန်း၌ ရက်ဆက်တိုက်ပွဲဖြစ်နေ

ရွှေဘိုမြို့နယ်ရှိ ရက်ကန်းရုံ ရာနှင့်ချီ မီးရှို့ ဖျက်ဆီးခံရ

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ မီးလိုက်ရှို့

Your Thoughts …
Tags: စစ်ကောင်စီတပ်စစ်ကြောင်းထိုးတန့်ကြည့်တောင်ဒေသပုဂံ-ညောင်ဦးတဖက်ကမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

by မိအိသဉ္ဇာမြင့်
25 April 2024
9.5k

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းကျေးရွာတွင် စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှစပြီး အင်အား ၃၀၀ ခန့်ဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲနေကြောင်း သိရသည်။

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

by ဧရာဝတီ
5 January 2024
9.4k

အာဏာသိမ်းစစ်ကောင်စီတပ်တွင် တိုက်ခိုက်ရေးအင်အား ခမ်းခြောက်လာပြီး စစ်မတိုက်ဖူးသော လက်ရုံးတပ်ဖွဲ့ဝင်များအား စစ်မြေပြင်သို့ စေလွှတ်နေရပြီ

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

by ဧရာဝတီ
6 February 2024
8.8k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီက မြို့တောင်ဘက်နှင့် မြောက်ဘက် နှစ်ဖက်ညှပ်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

Next Post
စစ်ကောင်စီအတွက် လောင်စာဆီ နှင့် စက်လက်နက်ပစ္စည်း ကိရိယာများရရှိမှုကို ဖြတ်တောက်ရန် အနောက်နိုင်ငံများက ပိတ်ဆို့ကန့်သတ်လာသည်

အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှု အမှန်တကယ် ထိရောက်ရဲ့လား

ဟွန်ဆန်နှင့် ပရာယွတ်/ Bangkok Post

ကမ္ဘောဒီးယားနှင့် ထိုင်းတို့၏ ရွေးကောက်ပွဲတွေ ဘာကွာလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

19 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved