• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

NLD ပါတီဝင်တဦး သက်ငယ်မုဒိမ်းမှုဖြင့် တိုင်ကြားခံရ

by ဧရာဝတီ
9 May 2023
in သတင်း
A A
သက်ငယ်မုဒိမ်း  သံသယရှိသူ NLD ပါတီဝင်

သက်ငယ်မုဒိမ်း သံသယရှိသူ NLD ပါတီဝင်

10.3k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့သည်ဟု တိုင်ကြားခံရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်တဦးကို ဝရမ်းထုတ် ဖမ်းဆီးအရေးယူနိုင်ရန် ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ဆိုလိုက်သည်။

NUG ၏ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “တရားစွဲဆိုပြီးတော့ ကျူးလွန်သူလို့ သံသယရှိတဲ့ သူကို အမှုစွဲကပ်ပြီး ဝရမ်းထုတ်နိုင်အောင် ဆက်လက်ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မဲဆောက်မြို့တွင် နေထိုင်လျှက်ရှိသော CDM ပညာရေးဝန်ထမ်းတဦး၏ ၅ နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်မှုဖြင့် တိုင်ကြားခံထားရသောသူသည် NLD ပါတီ၏ တွံတေးမြို့နယ် အလုပ်အမူဆောင်အဖွဲ့ အတွင်းရေးမူး ဦးအောင်မင်း ဆိုသူဖြစ်သည်။ ၎င်းကို မေလ ၂ ရက်နေ့ရက်စွဲဖြင့် NUG သို့ မိသားစုက တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုင်ကြားစာတွင် ခြံဝင်းတခုထဲအတွင်း စုပြီးငှားရမ်းနေထိုင်သည့် ကလေးငယ်အား ဦးအောင်မင်းသည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ လုပ်ဆောင်ခဲ့သည်ကို ကလေး၏ ပြန်လည် ပြောပြချက်များဖြင့် တိုင်ကြားထားသည်ကို တွေ့ရသည်။

၅ နှစ်သမီးငယ်၏ ပြောပြချက်များကြောင့် မိခင်ဖြစ်သူသည် ပြီးခဲ့သည့် မေလ ၁ ရက်နေ့က CDM သူနာပြု ဆရာမထံ သွားရောက်ပြီး ကလေး၏ အပြင်ပိုင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် မိန်းမကိုယ်အား လက်ဖြင့်ထိုးသွင်းခြင်း၊ လိင်အင်္ဂါဖြင့် ထိုးသွင်းခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟု ယူဆရကြောင်း ၊ ထို့နောက်တွင် မေလ ၂ ရက်နေ့၌ မဲဆောက်မြို့ရှိ ဆေးရုံတခုတွင် ဆေးစစ်မှု ပြုလုပ်ခဲ့ပြီး တိုင်ကြားစာ ပေးပို့သည့် အချိန်အထိ အဖြေရရှိရန် စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း တိုင်ကြားချက်တွင် ဖော်ပြထားသည်။

သံသယတရားခံကို ဖမ်းဆီးအရေးယူနိုင်ရန်အတွက် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအတိုင်း တရားရေး အဖွဲ့အစည်းများ၊ ရဲများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ပါက နိုင်ငံတကာ ရဲအဖွဲ့ (INTERPOL) သို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း ဦးနေဘုန်းလတ်က ပြောသည်။

၎င်းက “ထိုင်းအာဏာပိုင်တွေကို အကြောင်းကြားပြီးတော့ ဆက်လက်ဆောင်ရွက်ရမှာပေါ့။ ထိုင်းဘက်က ဘယ်လို တုန့်ပြန်မလဲ ဆိုတာတော့ အတိအကျ မသိရဘူး” ဟု ဆိုသည်။

လက်ရှိတွင် သံသယတရားခံမှာ ထွက်ပြေးလွတ်မြောက်နေပြီး တိုင်ကြားစာအား လိပ်မူပို့ခဲ့သည့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် မိခင်နှင့် ကလေးငယ်ကို နေရာရွှေ့ပြောင်းပေးခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ ကုစားနှစ်သိမ့်ပေးရေးများကို ဆောင်ရွက်နေကြောင်း NUG ထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဥပဒေကြောင်းအရ မှန်ကန်သည့် စစ်ဆေးမှုများ၊ တရားမျှတသည့် လုပ်ငန်းစဉ်များနှင့် လုပ်ကိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများကို ပြောဆိုထားပြီး ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟို အလုပ်ကော်မတီဝင် ဦးကျော်ထွေး ကလည်း ဧရာဝတီသို့ ပြောသည်။

၎င်းက “တိုင်ကြားခံရသူက တကယ်ကျူးလွန်ကြောင်း ထင်ရှားတယ်ဆိုရင် ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီ အရေးယူ ဆောင်ရွက်ပါ။ ပါတီအနေနဲ့ကလည်း စည်းကမ်းထိမ်းသိမ်းရေးမူအရ ပြင်းပြင်းထန်ထန် အရေးယူမှာဖြစ်ပါတယ်။ မှန်ကန်မှု မရှိကြောင်း ပေါ်ထွက်လာရင် သူ့အတွက် ဥပဒေ ရပိုင်ခွင့်အရ တရားမျှတမှု ဖေါ်ဆောင်ပေးဖို့ လိုအပ်ပါမယ်” ဟု ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

ယင်းကိစ္စနှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ပါက အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရုံးက ပြစ်ဒဏ်ချနိုင်ရန်အတွက် ဆောင်ရွက်နေကြောင်း NUG ထံမှ သိရသည်။

သို့သော်လည်း မည်သို့မည်ပုံ ပြစ်ဒဏ်ချ အရေးယူမည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောကြားခြင်း မရှိသလို NUG ၏ တရားရေးစနစ်သည် ပီပီပြင်ပြင် အကောင်အထည် မပေါ်သေးဘဲ အမှုအများစုကို စုံစမ်းဆဲအနေဖြင့် ရွှေ့ဆိုင်းထားသည့် အခြေအနေတွင် တွေ့နေရပြီး ယခု သက်ငယ် မုဒိမ်းမှုကဲ့သို့ အမှုများကို မြန်မြန်ဆန်ဆန် စုံစမ်းဖော်ထုတ် စီရင်ချက် ချနိုင်မှသာ NUG ၏ တရားရေးမဏ္ဍိုင်နှင့် တရားစီရင်မှု အပေါ် ပြည်သူလူထုက ယုံကြည်မှု ရှိလိမ့်မည်ဖြစ်ကြောင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူများက ဝေဖန်ထောက်ပြကြသည်။

နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ တဦးက “NUG ကို တိုင်ကြားစာတွေ ပို့တယ်၊ အရေးယူမှုတွေ စောင့်နေတဲ့ ကိစ္စကတော့ အများကြီးပါပဲ။ လက်နက်ကိုင် အဖွဲ့တွေရဲ့ ချိုးဖောက်မှုတွေရောလေ။ NUG ကလည်း အရေးယူမှုတွေ လုပ်ပါမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကတော့ ဖြစ်စဉ်တခုဖြစ်တိုင်း လှိုင်နေအောင် ထုတ်တာပဲ။ ဒါပေမယ့် ဘယ်ဖြစ်စဉ်ကိုမှ ထိရောက်တဲ့ ပြစ်ဒဏ်ချတာ မတွေ့ဖူးသေးဘူး” ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် CDM ဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမား အများစုသည် အိမ်နီးချင်းနိုင်ငံများကို ထွက်ပြေးတိမ်းရှောင်နေကြရာတွင် အများစုမှာ ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြခြင်း ဖြစ်သည်။

You may also like these stories :

တော်လှန်ရေး ဆေးဆိုးပန်းရိုက် သို့မဟုတ် CDM များ၏ ဘဝသစ်၊ အလုပ်သစ်

အခက်ခဲကြား ရုန်းကန်နေရပေမယ့် အာဏာရှင်ကို အဆုံးထိ တော်လှန်မယ်

သက်ငယ်မုဒိမ်းမှုတွေ ပိုများလာသလား

CDM သည် ဆယ်စုနှစ်များစွာ လှုပ်ရှားမှုအပေါ် အခြေခံတည်ဆောက်ထားသည်

Your Thoughts …
Tags: NLDNUGမဲဆောက်ဝရမ်းထုတ်သက်ငယ်မုဒိမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
မတ်လ ၅ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့သော ကော့ဘဇား ဒုက္ခသည်စခန်း / RY Mg Mg Sa

ရာဇဝတ်မှု များပြားလာသည့် ကော့ဘဇားက မွတ်စလင် ဒုက္ခသည်စခန်းများ

ဘန်ကောက်မြို့ သုဝဏ္ဏဘုမ္မိ အပြည်ပြည်ဆိုင်ရာလေဆိပ်/AFP

ဟိုဘက်ကမ်းက မီးထိန်ထိန်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved