• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မုန်တိုင်းကြောင့် သံတွဲရှိ ဟိုတယ်နှင့် တည်းခိုခန်းများ ယာယီပိတ်ရန် ထုတ်ပြန်

by ဧရာဝတီ
11 May 2023
in သတင်း
A A
သံတွဲမြို့ရှိ ငပလီကမ်းခြေ / ဧရာဝတီ

သံတွဲမြို့ရှိ ငပလီကမ်းခြေ / ဧရာဝတီ

5.1k
VIEWS
Share on FacebookShare on Twitter

မိုခါ (MOCHA) ဆိုင်ကလုန်း မုန်တိုင်း ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်မည့် အခြေအနေများကြောင့် သံတွဲခရိုင်အတွင်း ဖွင့်ထားသော ဟိုတယ်၊ မိုတယ်/ တည်းခိုခန်းများ အားလုံးကို မေလ ၉ ရက်မှ စ၍ ယာယီပိတ် သိမ်းရန် စစ်ကောင်စီ၏ လက်အောက်ခံ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

မုန်တိုင်းအန္တရာယ် ကျရောက်နိုင်သည့် အခြေအနေ ရှိနေသောကြောင့် မိုးလေဝသ အခြေအနေများအရ သံတွဲ ဟိုတယ်ဇုန်အတွင်း ဖွင့်လှစ်ထားသော ဟိုတယ်၊ မိုတယ်/ တည်းခိုခန်းများအားလုံး မေလ ၉ ရက်မှ အန္တရာယ် ကင်းရှင်းသည့် အချိန်ထိ ယာယီပိတ်သိမ်းထားရန် ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ငပလီကမ်းခြေသို့ အလည်ပတ်သွားမည့်သူ တဦးက “ကျမတို့ ဒီ ၁၂ ရက်လောက်မှာ ငပလီကိုသွားမလို့ ဟိုတယ် တခုကို ဘွတ်ကင်တင်ထားတာ။ အခု ဟိုတယ်က ပိတ်လိုက်ပြီလို့ ဖုန်းဆက်လို့ လေယာဉ်လက်မှတ်တွေက အုပ်စု လိုက် ဝယ်ထားပြီးသားဖြစ်နေလို့ အကုန် ဆုံးမလားမသိဘူး။ သူများတွေလည်း လေယာဉ်လက်မှတ်ဝယ်ပြီးသား အခက်အခဲတွေဖြစ်ကြတယ် ပြောတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်နေတော့လည်း ပြောရခက်ပါတယ်” ဟု ပြောသည်။

အဆိုပါ မိုခါအမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းသည် မေလ ၁၂ ရက်နှင့် ၁၄ ရက်အတွင်း အလွန်အားကောင်းသော မုန် တိုင်းအဖြစ် ရောက်ရှိလာနိုင်ပြီး လေတိုက်နှုန်းမှာလည်း မုန်တိုင်းဗဟိုချက်အနီးတွင် တနာရီလျှင် ၉၆ မိုင်မှ ၁၁၀ မိုင်ထိ တိုက်ခတ်နိုင်ကာ မုန်တိုင်းလမ်းကြောင်းအရ အန္တရာယ်ကျရောက်နိုင်သော ဇုန်အဖြစ် ၃ ခုသတ်မှတ်ထားကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်းမုန်တိုင်းကြောင့် ပထမ အန္တရာယ်အများဆုံးဇုန်အဖြစ် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း (မောင်တောခရိုင်၊ ဘူး သီးတောင်မြို့နယ်)၊ စစ်တွေခရိုင် (စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်)၊ ဒုတိယအန္တရာယ် အများဆုံး ဇုန်အဖြစ် ကျောက်ဖြူခရိုင် (ကျောက်ဖြူ၊ အမ်းမြို့နယ် တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်၊ စနဲမြို့နယ်၊ မာန်အောင်မြို့နယ်၊ သံတွဲမြို့နယ်)နှင့် တတိယ အန္တရာယ်အများဆုံးဇုန်အဖြစ် သံတွဲခရိုင် (ကျိန္တလီမြို့နယ်ခွဲ၊ ဂွမြို့နယ်)၊ ဧရာဝတီတိုင်း ပုသိမ်ခရိုင် (ရွှေ သောင်ယံမြို့ နယ်ခွဲ၊ ငရုတ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာမြို့နယ်ကမ်းခြေ ဒေသများ) ဖြစ်ကြောင်း သိရ သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

စစ်တွေမြို့ရှိ ဟိုတယ်ပိုင်ရှင် တဦးက “လောလောဆယ်တော့ ဘာမှ မထူးခြားသေးဘူး။ ဟိုတယ်ပိတ်ဖို့က ကျနော် တို့ဆီက ဘာမှတော့ မသိရသေးဘူး။ တည်းနေတဲ့သူကလည်း နည်းတော့လေ။ မုန်တိုင်း အခြေအနေပေါ်မူတည်ပြီး အန္တရာယ်ကင်းဖို့တော့ လုပ်နေတာပဲ။ ၁၉၆၈ ခုနှစ်က ဝင်တဲ့ မုန်တိုင်းလောက်တော့ ဆိုးမယ်တော့ မထင်ဘူး။ အဲဒီ တုန်းကတော့ စစ်တွေ အရှေ့ပိုင်းတခုလုံး မြုပ်သွားတာ” ဟု ပြောဧရာဝတီသို့ ပြောသည်။

သင်္ကြန်ကာလ အလွန်ဖြစ်သောကြောင့်လည်း ရခိုင်ကမ်းခြေဒေသရှိ ဟိုတယ်၊ မိုတယ်/ တည်းခိုခန်းများမှာ တည်းခို သူ နည်းပါးနေကြောင်း၊ တချို့ဟိုတယ်များမှာ မိုးရာသီရောက်တော့မည်ဖြစ်၍ ယခုလ ၁၅ ရက်ခန့်တွင် ပိတ်ရန် ပြင် ဆင်နေမှုများလည်း ရှိကြောင်း သိရသည်။

ထိုသို့ ဟိုတယ်များ ယာယီပိတ်ရန် ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးထံသို့ ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

သံတွဲ ဒေသခံတဦးက “သူတို့ (စကစ) ကတော့ လိုက်ကြေညာတာပေါ့။ ဧည့်သည်ကလည်း သိပ်မရှိတော့ဘူး။ အခု တည်းနေတဲ့သူတွေကတော့ မနေ့က ပြန်တဲ့သူလည်း ပြန်တယ်။ ဒီနေ့လည်း ကားတွေနဲ့ ပြန်ကြတာတွေ ရှိတယ်။ အသံချဲ့စက်နဲ့တော့ လိုက်အော်နေတာ ရှိတယ်။ ဘယ်နေရာမှာ နေရမယ်။ ဆုံမှတ်တွေပေါ့၊ ဒီနေ့ဆို နှစ်ခါရှိပြီ အော်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။

ကမာ္ဘ့သဘာဝဘေးဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစနစ် (Global Disaster Alert and Coordination SYSTEM- GDACS) က ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် အပါအဝင် မကွေး၊ စစ်ကိုင်း တိုင်းတို့ရှိ ပြည်သူ၂ သန်းကျော် ထိခိုက်နိုင်ကြောင်း အနီရောင်အဆင့် သတိပေးချက်ကို ယနေ့ ထုတ်ပြန်ထားသည်။

You may also like these stories:

မုန်တိုင်းအန္တရာယ်ကြောင့် ရခိုင်ဒေသခံတချို့ ဘေးလွတ်ရာရွှေ့ပြောင်း

မုန်တိုင်းရှောင်ရန် လူ ၉၀၀၀ ကျော် လပွတ္တာမြို့ပေါ်သို့ ရောက်နေ

Your Thoughts …
Tags: ကမ်းခြေမိုခါမုန်တိုင်းသံတွဲဟိုတယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

ရှမ်းမြောက်ပိုင်းနှင့် ရခိုင်မှာ သေနတ်ပြန်ပေါက်နိုင်လား

by မိုးစက်ငြိမ်းချမ်း
22 July 2023
13.5k

၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ထိုနယ်မြေနှစ်ခုလုံးတွင် တိုက်ပွဲများ လျော့ကျသွားခဲ့ရာ မြန်မာစစ်တပ် အသက်ရှူချောင်သွားခဲ့၏။ ဤသို့သော အခြေအနေသည် မည်သည့်အတိုင်းတာအထိ ဆက်သွားမည်နည်း

ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်

ဂျိတ္တောတဖက်ကမ်း ကွင်းဝိုင်းရေတပ်စခန်းကို AA ထိုးစစ်ဆင်

by ဧရာဝတီ
23 July 2024
8.2k

ငပလီကမ်းခြေ AA လက်ထဲသို့ အလုံးစုံမကျရောက်ရေးအတွက် စစ်ကောင်စီသည် ဧရာဝတီတိုင်းမှ တပ်ရင်း များကို ဂွမြို့ကနေတဆင့် ကွင်းဝိုင်းရေတပ်စခန်းထံ ပို့ဆောင်ပြီး ထိုမှတဆင့် ဂျိတ္တောသို့ စစ်ကူအင်အားပို့ဆောင်နေစဉ်

ငပလီမှ နောက်ဆုံးလက်ကျန် ခလရ ၅၅ ကို AA စစ်ဆင်

ငပလီမှ နောက်ဆုံးလက်ကျန် ခလရ ၅၅ ကို AA စစ်ဆင်

by ဧရာဝတီ
2 July 2024
6.9k

ခလရ ၅၅သည် မူလက ဖဆပလ အစိုးရ၏ စစ်ရဲတပ်ရင်း(UMP) ဖြစ်ခဲ့ပြီး ၁၉၆၂ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ခြေလျင်တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သော သက်တမ်းရင့်တပ်ဖြစ်၍ ထိုစဉ်က သံတွဲခရိုင်ရှိ ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ)တပ်များ၊...

ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

ရခိုင်ကို ပြန်ဝင်ခွင့် မရတဲ့ ၁၁/သတန(နိုင်)

by ရိုးကျော်
19 August 2024
6.6k

သံတွဲသူ မခင်သူသူတို့မိသားစုဟာ ရခိုင်ပြည်နယ်ထဲရောက်ပြီးမှ ရှေ့ဆက်အဝင်မခံတဲ့ စစ်ကောင်စီကြောင့် နောက်ပြန်လှည့် ဖို့လည်း မဖြစ်နိုင်တဲ့အခါ ကိုယ့်ပြည်နယ်ကိုယ် ပြန်ဝင်ခွင့်ရဖို့အရေး တောင်းပန်ကြပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဆုံးရှုံးနယ်မြေ ပြန်စစ်ဆင်မည်ဟု ကြွေးကြော်နေချိန် ရေတပ်စခန်းကြီးတခု လက်လွှတ်လိုက်ရ

ဆုံးရှုံးနယ်မြေ ပြန်စစ်ဆင်မည်ဟု ကြွေးကြော်နေချိန် ရေတပ်စခန်းကြီးတခု လက်လွှတ်လိုက်ရ

by စောလွင်
7 September 2024
6k

ယခုအခါ စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် ရေတပ်စခန်းကြီးတခု ဆုံးရှုံးထားသလို ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကြီးကိုပါ လက်လွှတ်လိုက်ရပြီဖြစ်သည်။

သံတွဲ ဆင်ခေါင်းငါးဖမ်းဇုန် ဗုံးကြဲခံရမှု သေဆုံးသူများပြား

သံတွဲ ဆင်ခေါင်းငါးဖမ်းဇုန် ဗုံးကြဲခံရမှု သေဆုံးသူများပြား

by ရိုးကျော်
6 June 2024
5k

တိုက်လေယာဉ်နှင့် ထောက်ပို့လေယာဉ် ၂ စီးကို အသုံးပြုကာ လက်ရှိတိုက်ပွဲ ဖြစ်ပွားနေသော ငပလီ ကမ်းခြေမြို့နယ်၊ ဂေါ့ရပ်ကွက်တို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဆင်ခေါင်းကျေးရွာကိုပါ ၂ ရက်ဆက် တိုက်ခိုက်ခဲ့

Next Post
ငါန်းဇွန်မြို့ / wikipedia

ငါန်းဇွန် လမ်းဘေးတွင် အလောင်း ၂ လောင်း စွန့်ပစ်ထား

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက မန္တလေးတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြနေစဉ်

မြန်မာလူထုအုံကြွမှု ယခင်နှင့် ယခု ခြားနားချက်များ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved