• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မုန်တိုင်းဒဏ်ခံရသူများ စားနပ်ရိက္ခာလိုအပ်၊ ကုလက သွားခွင့်ရရန် ညှိနှိုင်းနေဆဲ

by ဧရာဝတီ
18 May 2023
in သတင်း
A A
၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပေးသည့်ဆန်ကို တန်းစီစောင့်ဆိုင်းနေကြသူများ / AFP

၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပေးသည့်ဆန်ကို တန်းစီစောင့်ဆိုင်းနေကြသူများ / AFP

6.8k
VIEWS
Share on FacebookShare on Twitter

ဆိုင်ကလုန်းဒဏ်ကြောင့် ပျက်စီးသွားသည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ဒေသခံများသည် ဗုဒ္ဓဟူးနေ့တွင် ဆန်နှင့်သောက်ရေအတွက် တန်းစီနေစဉ် ကုလသမဂ္ဂသည် မုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံရသော ဒေသများသို့ သွားရောက်ခွင့်ရရန် နိုင်ငံတကာက ပစ်ပယ်ထားသည့် စစ်ကောင်စီနှင့် ညှိနှိုင်းနေရသည်။

ဆိုင်ကလုန်းမိုခါသည် တနင်္ဂနွေနေ့တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ တနာရီလျှင် ၁၉၅ ကီလိုမီတာ (မိုင် ၁၂၀) နှုန်းဖြင့် ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသောကြောင့် အဆောက်အအုံများ ပြိုကျပြီး လမ်းများသည် မြစ်များသဖွယ်ဖြစ်သွားခဲ့သည်။

ထိုမုန်တိုင်းကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် လူပေါင်း အနည်းဆုံး ၈၁ ဦးသေဆုံးကြောင်း ဒေသခေါင်းဆောင်များ နှင့် အရာရှိများက AFP သတင်းသမားများကို ပေးသည့် စာရင်းများနှင့် စစ်ကောင်စီမီဒီယာ သတင်းများအရ သိရသည်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ဒေသခံ ၁၅၀၀၀၀ ခန့်ကို သန့်ရှင်းသောရေပေးနေသည့် ရေသန့်စက်ရုံသည် ဆိုင်ကလုန်းကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းသွားသဖြင့် ဒေသခံများသည် သံပုံးငယ်များဖြင့် သောက်ရေအတွက် တန်းစီနေရသည်။

“ကျနော်တို့မှာ ရေနည်းနည်း သိုလှောင်ထားတာ ရှိပေမယ့် ၂ ရက်လောက်ကြာတဲ့အခါ အိမ်မှာရေ မရှိတော့ဘူး” ဟု လူမှုအခြေပြုအဖွဲ့အစည်းတခုက ဝေပေးသည့် ရေကို မွန်းတည့်နေအောက်တွင် တန်းစီစောင့်ဆိုင်းနေသည့် ကိုထွန်း ပြောသည်။

“ချမ်းသာတဲ့သူတွေက ရေဝယ်နိုင်ပေမယ့် ဆင်းရဲတဲ့သူက မဝယ်နိုင်ဘူး” ဟု AFP သို့ သူပြောသည်။

အခြားစစ်တွေ ဒေသခံ ဒေါ်အေးလှသည် မြို့တော်မှ ဘုန်းကြီးကျောင်းတခုတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ပေးသည့် ဆန်ကို တန်းစီစောင့်ဆိုင်းနေသည်။

“အစာမစားရတာ ၄ ရက်ရှိပြီ” ဟု အသက် ၄၇ နှစ်အရွယ် ဒေါ်အေးလှ ပြောသည်။

ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးသွားသော စစ်တွေရှိ ဘာဆရာ ဒုက္ခသည်စခန်း/AFP

“အိုးခွက်ပန်းကန်တွေ မရှိတော့ဘူး။ အိမ်လည်း မရှိတော့ဘူး။ လဲစရာ အဝတ်တောင် မရှိတော့ဘူး။ မိသားစုက ငတ်နေလို့ ဒီမှာ ဆန်လာတောင်းတာ” ဟုလည်း သူပြောသည်။

ဆန်အိတ်ရာပေါင်းများစွာကို စစ်တွေသို့ လေကြောင်းမှ ပို့ဆောင်ထားပြီး ဆန်များ၊ ဆက်သွယ်ရေး ကိရိယာများနှင့် အခြားအကူအညီများတင်ဆောင်ထားသည့် ရေတပ်သင်္ဘောတစီး ဗုဒ္ဓဟူးနေ့တွင် ဆိုက်ရောက်သည်ဟု စစ်ကောင်စီသတင်းစာက ဖေါ်ပြသည်။

စောင့်ဆိုင်းနေရ

မြန်မာတွင် လူသားချင်းစာနာမှုကပ်ဘေး ဖြစ်ပေါ်နေကြောင်း မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှု ဌာနေ ညှိနှိုင်းရေးမှူးက အင်္ဂါနေ့တွင်ပြောသည်။

ဆိုင်ကလုန်းဒဏ်ခံဒေသများသို့ သွားရောက်ခွင့်ရရေးအတွက် မြန်မာစစ်ကောင်စီနှင့် ညှိနှိုင်းများဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုရုံး (OCHA) ပြောသည်။

ဆွေးနွေးမှုများ သို့မဟုတ် ကုလသမဂ္ဂအဖွဲများ ရိုဟင်ဂျာများနေထိုင်သည့် စခန်းများ အပါအဝင် မုန်တိုင်းသင့်ဒေသများသို့ သွားရောက်ခွင့် ရ မရ ဆိုသည့် မေးခွန်းများကို OCHA ပြောခွင့်ရသူက တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

“နိုင်ငံတကာအသိုက်အဝန်းမှ အကူအညီပေးမည့် ကမ်းလှမ်းချက်များကို လက်ခံထားပြီးဖြစ်သည်” ဟု စစ်ကောင်စီ မီဒီယာက အင်္ဂါနေ့တွင်ဖေါ်ပြသည်။

မုန်တိုင်းဒီရေကြောင့် သေဆုံးသူတဦးကို မြေမြှုပ်သဂြိုဟ်ရန် သယ်လာစဉ်/AFP

“သို့သော် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား လက်ရှိညီညွတ်သော အင်အားဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်” ဟု ဂလိုဘယ်နယူးလိုက်ဖ်အော့မြန်မာက ရေးသားသည်။

၂၀၀၈ ခုနှစ်တွင် ဆိုင်ကလုန်းနာဂစ်ကြောင့် လူ အနည်းဆုံး ၁၃၈၀၀၀ သေဆုံးသောအခါ ထိုစဉ်က စစ်အုပ်စုသည် အရေးပေါ်အကူအညီများကို ပိတ်ဆို့ပြီး လူသားချင်းစာနာမှု လုပ်သားများနှင့် အကူအညီများ သွားရောက် ပေးပို့ခွင့် မပေးခဲ့ဟု စွပ်စွဲခံရသည်။

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ၆ သိန်းခန့်ရှိပြီး ၎င်းတို့ကို လူအများအပြားက ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသူများအဖြစ် သတ်မှတ်ကာ နိုင်ငံသားဖြစ်ခွင့်နှင့် လွတ်လပ်စွာ သွားလာခွင့်မပေးပေ။

နေရပ်စွန့်ခွာများကို ထားသည့် စစ်တွေပတ်ဝန်းကျင်မှ ရိုဟင်ဂျာစခန်းများ မုန်တိုင်းကြောင့် ပျက်စီးသွားပြီး စခန်းများတွင် နေထိုင်သူများ မုန်တိုင်းဒီရေတွင် မျောပါပြီး နေအိမ်များလည်း ပျက်စီးကုန်သည်။

အကူအညီရရန် စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း စစ်တွေမြို့ပြင် စခန်းတခုမှ ခေါင်းဆောင်က ဗုဒ္ဓဟူး နေ့တွင် ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
150
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.4k
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
79

“ကျနော်တို့စခန်းကို လာတဲ့လမ်းက တံတားတခုကျိုးနေလို့ ဘယ်အဖွဲ့အစည်း အစိုးရက ပေးတဲ့ အကူအညီမှ ရောက်မလာသေးဘူး” ဟု AFP သို့ သူပြောသည်။

ရနိုင်သည့် မည်သည့်ရေကိုမဆို ကြိုချက်သောက်ရန် လိုကြောင်း အာဏာပိုင်များက ၎င်းကိုပြောထားသည်ဟု ထိုစခန်းခေါင်းဆောင်ပြောသည်။

“နောက် ၂ ရက်လောက်တော့ ဆက်စောင့်ရနိုင်တယ်” ဟု သူပြောသည်။

ကိုးကား။ ။ AFP သတင်း Cyclone-Hit Residents of Myanmar’s Rakhine Hunt for Water as UN Asks Junta for Access

You may also like these stories:

ဆိုင်ကလုန်းမိုခါကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်တက်လာ

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် မိုခါမုန်တိုင်း နောက်ဆက်တွဲ ကူညီရေး အဟန့်အတားဖြစ်

ရခိုင်တွင် ကုန်စျေးနှုန်းတွေတက်၊ အမိုးအကာရရှိရေး အခက်အခဲဖြစ်နေ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်

မုန်တိုင်းကြောင့် ဆင်ဖြူကျွန်း၌ ရေကြီးကာ ၃ ဦး သေဆုံး၊ အိမ်အများအပြား ပျက်စီး

ချင်းပြည်နယ်အတွင်း မုန်တိုင်းကြောင့် အဆောက်အအုံ ၁၀၀၀ ခန့် ပျက်စီး

ရခိုင်၌ စားသောက်ကုန်၊ ဆေးဝါး အိမ်ဆောက်ပစ္စည်း ဝယ်မရဖြစ်နေ

Your Thoughts …
Tags: OCHAWFPကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကုလသမဂ္ဂစစ်ကောင်စီစစ်တွေစားနပ်ရိက္ခာဆိုင်ကလုန်းနာဂစ်ဆိုင်ကလုန်းမိုခါဘင်္ဂလားဒေ့ရှ်ရခိုင်ပြည်နယ်ရိုဟင်ဂျာလူသားချင်းစာနာမှု အကူအညီလူသားချင်းစာနာမှုကပ်ဘေးသောက်ရေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
သန့်ရှင်းသည့် သောက်ရေ ရရှိရေးအတွက် တန်းစီနေရသည့် စစ်တွေလူထု / ဧရာဝတီ

ရခိုင်ဒေသသို့ နိုင်ငံတကာ အကူအညီ စစ်ကောင်စီ ခွင့်မပြု

၂၀၁၉ ခုနှစ် ဘန်ကောက်လက်နက်ပြပွဲပါ မြန်မာပြခန်းနှင့်  စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်

အာဏာသိမ်းစစ်ကောင်စီ လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved