• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်တွင် ကုန်စျေးနှုန်းတွေတက်၊ အမိုးအကာရရှိရေး အခက်အခဲဖြစ်နေ

by ဧရာဝတီ
17 May 2023
in သတင်း
A A
မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် စစ်တွေမြို့ မြင်ကွင်း / ဧရာဝတီ

မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် စစ်တွေမြို့ မြင်ကွင်း / ဧရာဝတီ

3.6k
VIEWS
Share on FacebookShare on Twitter

မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေနှင့်ဒေသအချို့တွင် စားသောက်ကုန် ပစ္စည်းဈေးနှုန်းများ ခုန်တက်ကာ စားနပ်ရိက္ခာ အခက်အခဲဖြစ်လာပြီး နေထိုင်ရေးအတွက် အမိုးအကာ အိမ်ဆောက်ပစ္စည်းများလည်း ပစ္စည်းပြတ်ကာ အရေးပေါ်လိုအပ်နေကြောင်း ဒေသခံများကပြောသည်။

လက်ရှိစစ်တွေမြို့တွင် ဆန်တအိတ်လျှင်ကျပ်တသိန်းခွဲ၊ ဓာတ်ဆီတလီတာလျှင် ကျပ်ငါးထောင်၊ ကြက်ဥတလုံးလျှင် ကျပ်ငါးရာမှ ခုနှစ် ရာအထိ ဈေးနှုန်းများမြင့်တက်လျှက်ရှိနေပြီး နေအိမ်အပျက်အစီးများ ပြန်လည်ပြုပြင်ရေးနှင့် ယာယီ နေထိုင်ရန်အတွက် တာပေါ်လင်စများ အပါအဝင် အိမ်ဆောက်ပစ္စည်းများလည်း ဝယ်၍မရကြောင်း စစ်တွေဒေသခံတဦးက ပြောသည်။

၎င်းက “စားသောက်ကုန်မှန်သမျှ အကုန်ဈေးတက်တယ်၊ လျှပ်စစ်မီးကလည်း ပြတ်နေတာကြောင့် မီးသွေးမီးဖိုတွေ လိုက်ဝယ်နေကြရတာ၊ သွပ်ပြားတွေဝယ်မရဘူး၊ မီးစက်တွေဝယ်မရဘူး၊ ဆိုင်တွေမှာလည်းမရှိဘူး၊ ဈေးဆိုင်အများစု ကလည်း ပြန်မဖွင့်ကြသေးဘူး။ အိမ်တွေက မပျက်တဲ့အိမ်ကိုမရှိဘူး၊ အမိုးတွေပျက်စီးကုန်တော့ ဒီလိုပဲ မိုးကာစလေးတွေနဲ့ ယာယီနေကြရတာပေါ့၊ လုံလုံခြုံခြုံဖြစ်ဖို့အတွက် အမိုးအကာ လိုအပ်နေတယ်” ဟု ပြောသည်။

မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် စစ်တွေမြို့ မြင်ကွင်း/ ဧရာဝတီ

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် ရသေ့တောင်မြို့နယ်ဒေသခံတဦးကလည်း လတ်တလောတွင် စားသောက်ရေးအတွက် အဆင်ပြေသော်လည်း ရက်ကြာလာပါက ကုန်စည်ပြတ်လပ်မှုကြုံတွေ့ရနိုင်ပြီး နေထိုင်ရေးအတွက် သွပ်များ၊ အမိုးအကာများ အရေးတကြီးလိုအပ်နေကြောင်း ပြောသည်။

၎င်းက “ ကျနော်တို့ရွာနီးချုပ်စပ်မှာတော့ သေတာမရှိဘူး၊ ကျနော်တို့ရွာရဲ့ တောင်တလုံးကျော်လောက်က ရွာမှာတော့ ၁၃ ယောက် သေတာ ရှိတယ်၊ နောက်တရွာမှာက တဦးသေတယ် ကြားတယ်၊ စားဝတ်နေရေးက အဆင်ပြေသလို လုပ်နေရတယ်၊ ဒီအတိုင်းသာဆက်သွားနေရင် ကုန်စည်ပြတ်တာတော့ ရှိလာနိုင်တယ်၊ ခုလောလောဆယ်ပြဿနာက သွပ်တွေ၊သံမှိုတွေ ရှာဝယ်လို့ မရဘူး၊ တာလပတ်တွေမရှိဘူး၊ ဆောက်လုပ်ရေးပစ္စည်းတွေပြတ်နေတယ်။ အခုက မိုးတိတ်သွားလို့၊ မိုးသာမတိတ်ရင် အခက်အခဲက တော်တော်များမှာ” ဟု ပြောသည်။

လက်ရှိတွင် ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် စစ်တွေ၊ ရသေ့တောင်နှင့် ဒေသအချို့တွင် သစ်ပင်များ၊ ဓာတ်တိုင်များ ပြိုလဲမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်သည့်အပြင် ဖုန်းလိုင်းအချို့လည်း ပြတ်နေသည့်အတွက် ဆက်သွယ်ရေးအခက်အခဲလည်းရှိနေကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် ကိုတင်ငြိမ်းဦးကပြောသည်။

မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် စစ်တွေမြို့ မြင်ကွင်း/ ဧရာဝတီ

ယင်းသို့ လမ်းပန်းဆက်သွယ်ရေးနှင့် ဖုန်းလိုင်းများပြတ်နေသည့်အတွက် သေဆုံးထိခိုက်မှုအခြေအနေများအား အတည်ပြုရန်ခက်ခဲပြီး လတ်တလော စုစည်းရရှိထားသည့်စာရင်းများအရ စစ်တွေမြို့နယ်အတွင်း သေဆုံးမှုမှာ ရာဂဏန်းအထိ ရှိနိုင်ကြောင်လည်း ၎င်းက ပြောသည်။

၎င်းက “ မြစ်ချောင်းနားမှာနေတဲ့ Camp တွေမှာ လူအသေအပျောက် ရှိတယ်ဆိုပြီးတော့ ဘယ်နေရာက ဘယ်နှစ်ယောက်လဲ ဆိုတာတော့ မသိရပါဘူး။ စစ်တွေမြို့ပေါ်က ကယ်ဆယ်ရေးစခန်းတခုမှာလည်း မှန်စထိပြီးတော့ ဆုံးသွားတဲ့သူတွေရှိတယ်၊ တခြားဒဏ်ရာ ရတဲ့သူတွေလည်း အများကြီးပါပဲ။ အဓိကလိုအပ်နေတာက မိုးရာသီလည်း လာနေပြီဆိုတော့ မနေ့ကလည်းမိုးရွာတယ်၊ အမိုးအကာက ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတော့ဘူး၊ လိုအပ်ချက်က အရမ်းများနေတယ်။ ရှိတဲ့သွပ်ပြားအဟောင်းတွေကို ထုရိုက်ပြီးတော့ နေနေရတဲ့ အနေအထားမှာရှိတယ်” ဟု ပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
149
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.4k
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
79

အလားတူ မြောက်ဦးမြို့နယ်တွင်လည်း အိမ်များပျက်စီးကာ မီးတိုင်များ ပြိုလဲခြင်း၊ သစ်ပင်များ ပြိုလဲခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ဆောက်ပစ္စည်းများကို တန်းစီဝယ်ယူနေရကြောင်း ဒေသခံတဦးက ပြောသည်။

မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် စစ်တွေမြို့ မြင်ကွင်း/ ဧရာဝတီ

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA-Myanmar)ကလည်း မိုခါမုန်တိုင်းကြောင့် လူပေါင်း ၅ ဒသမ ၄ သန်းနီး ပါးထိခိုက်နိုင်ပြီး လတ်တလောတွင် ကုန်စည်ဈေးနှုန်း အဆမတန်မြှင့်တက်မှုကြောင့် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ငွေကြေးထက် စားနပ်ရိက္ခာအထောက်အပံ့မှာ ပို၍လိုအပ်နေကြောင်း၊ ကျန်းမာရေး၊ ကယ်ဆယ်ရေး ပစ္စည်းများ၊ အမိုးအကာ၊ ရေသန့်၊ မိလ္လာနှင့် တကိုယ် ရေးသန့်ရှင်းမှုဆိုင်ရာ လိုအပ်ချက်များအား တင်ပြတောင်းခံထား ကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။

ယင်းအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တို့တွင် ပျက်စီးဆုံးရှုံးမှုများနှင့် အရေးပေါ်လိုအပ်ချက်များအား ဦးစားပေး အနေဖြင့် စစ်တမ်းစတင် ကောက်ယူရန် ဆောင်ရွက်လျှက်ရှိပြီး အဆိုပါဒေသများသို့ ဝင်ရောက်ခွင့်ရရေးအတွက် ညှိနှိုင်းမှုများ လုပ်ဆောင်နေကြောင်းလည်း ၎င်းတို့ကဆိုသည်။

UNOCHA က “ပြည်တွင်းနေရပ်စွန့်ခွာသူများအပါအဝင် သေဆုံး (သို့မဟုတ်) ပျောက်ဆုံးသူများ ရှိနိုင်သည်ဆိုသည့် သတင်းများရှိနေသည်။ ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများသည် မုန်တိုင်း၏ သက်ရောက်မှုကို ပိုမိုနားလည်ရန်အတွက် သွားရောက်ခွင့်ရသည်နှင့် အမြန်ဆုံးလိုအပ်ချက်များ အကဲဖြတ်ချက်ပြုလုပ်ရန် ကြိုးစားနေသည်။ သွားရောက်ခွင့် ရရှိရေးအတွက် ညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်သည်” ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် စစ်တွေမြို့ မြင်ကွင်း/ ဧရာဝတီ

အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများကလည်း မုန်တိုင်းဒဏ်သင့်ဒေသများရှိ ထိခိုက်နစ်နာသူများအား ထောက်ပံ့ကူညီနိုင်ရန်အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ အတားအဆီး၊ အဟန့်အတားမရှိဘဲ ခွင့်ပြုပေးရန် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနှင့် ပြင်သစ်သံရုံးတာဝန်ရှိသူများက ထုတ်ဖော် တောင်းဆို ထားကြသည်။

မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့နယ်အတွင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် နေထိုင်သူအား မုန်တိုင်း ကြိုတင် ကာကွယ်ရေး ပြောင်းရွေ့ နေရာချပေးခြင်းမရှိသည့်အတွက် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ် ၄၀၀ ကျော် သေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နှင့် ရိုဟင်ဂျာလူငယ်အဖွဲ့တို့က ပြောထားသည်။

You may also like these stories:

ရခိုင်၌ စားသောက်ကုန်၊ ဆေးဝါး အိမ်ဆောက်ပစ္စည်း ဝယ်မရဖြစ်နေ

မိုခါမုန်တိုင်းကြောင့် စစ်တွေတွင် သေဆုံးသူ ရာချီရှိနိုင်

မုန်တိုင်းကြောင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ယာယီ ရပ်တန့်

ချင်းပြည်နယ်အတွင်း မုန်တိုင်းကြောင့် အဆောက်အအုံ ၁၀၀၀ ခန့် ပျက်စီး

Your Thoughts …
Tags: ကုန်ဈေးနှုန်းတက်စစ်တွေပြတ်လပ်အရေးပေါ်အကူအညီအိမ်ဆောက်ပစ္စည်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

by ဧရာဝတီ
23 February 2024
14k

ရခိုင်စစ်မျက်နှာတွင် အဓိကခံစစ်စည်းဖြစ်လာသည့် စစ်တွေနှင့် ကျောက်ဖြူတို့သည် စစ်ကောင်စီနှင့် AA နှစ်ဖက်စလုံးအတွက် စစ်ရေးသာမက နိုင်ငံရေးနှင့် စီးပွားရေးအတွက်ပါ အဓိကအရေးပါသောကြောင့် စစ်ကောင်စီဘက်က စစ်အင်အားဖြည့်တင်းခုခံမှုနှင့် AA ၏ ပိတ်ဆို့ထိုးစစ်ဆင်မှုများကြား တိုက်ပွဲရှည်ကြာ ပြင်းထန်နိုင်ကြောင်း

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

by ဧရာဝတီ
5 March 2024
11.2k

ရခိုင်စစ်မျက်နှာတွင် အထိနာနေသည့် စစ်ကောင်စီသည် လက်လွှတ်ခဲ့ရသည့် မြို့များ၊ စခန်းများမှ တပ်ဖွဲ့ဝင်များအား စစ်တွေနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတို့တွင် ပြန်လည်စုစည်းမှုများ ပြုလုပ်ကာ ခံစစ်ပြင်နေသည့်အခြေအနေဖြစ်ကြောင်း

ရခိုင်မြောက်ပိုင်းမှ တပ်စခန်း ၄ ခု AA တပြိုင်နက် တိုက်ခိုက်

ရခိုင်မြောက်ပိုင်းမှ တပ်စခန်း ၄ ခု AA တပြိုင်နက် တိုက်ခိုက်

by ဧရာဝတီ
27 February 2024
6.2k

အမ်းမြို့နှင့် တောင်ကုတ်မြို့နယ်အထိပါ ပိတ်ဆို့ခြိမ်းခြောက်နေသည့်အတွက် တိုင်းစစ်ဌာနချုပ်ရှိရာ အမ်းနှင့် အုပ်ချုပ်ရေးမြို့တော် စစ်တွေတို့တွင် စစ်ကောင်စီက ခုခံစစ်ပြင်ဆင်နေရသည့် အခြေအနေ ဖြစ်ကြောင်း

AA သိမ်းလိုက်သည့် ပေါက်တောမြို့ကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်

AA သိမ်းလိုက်သည့် ပေါက်တောမြို့ကို စစ်ကောင်စီ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်

by ဧရာဝတီ
16 November 2023
5.5k

ပေါက်တောမြို့မ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် လက်နက်ချရန် ငြင်းဆန်ခဲ့သဖြင့် AA မှ သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ရာ စခန်းမှူးအပါအဝင် အင်အား ၇၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက လက်နက်ချခဲ့ခြင်းဖြစ်ကြောင်း

တချို့လည်း အသက်စွန့်ပြီး ပင်လယ် ဖြတ်ပြေးကြတယ်

တချို့လည်း အသက်စွန့်ပြီး ပင်လယ် ဖြတ်ပြေးကြတယ်

by ဧရာဝတီ
16 February 2024
4.9k

ဖုန်းလိုင်းတွေက အဆင်မပြေတော့ မိုင်တဲလ်ဆင်းကတ်တွေ ချိန်းလိုက်ရတော့ ဆွေမျိုးမိတ်သင်္ဂဟ သူငယ်ချင်းတွေနဲ့ ပါ အဆက်အသွယ်တွေ ပြတ်ကုန်တယ်၊ အင်တာနက်လိုင်းတွေ လုံးဝမရတော့ ငွေပေးငွေယူ ကိစ္စတွေလည်း အတော်လေးကို ဒုက္ခရောက်နေကြရတယ်။

မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ

မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ

by ဧရာဝတီ
18 March 2024
4.7k

လူထုကတော့ စစ်ရေးကာလ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားကနေ AA ရဲ့ အောင်မြင်မှုကို စောင့်ကြည့် ပြီး အားတက်နေကြသလို တိုက်ပွဲတွေ မြန်မြန်ပြီးပြတ်စေဖို့ စိတ်ဆန္ဒတွေလည်း ရှိနေကြပါတယ်။

Next Post
၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် အပျက်အစီးများကို တွေ့ရစဉ်

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် မိုခါမုန်တိုင်း နောက်ဆက်တွဲ ကူညီရေး အဟန့်အတားဖြစ်

Move Forward ပါတီ ခေါင်းဆောင် မစ္စတာ ပီတ လင်ဂျာရွန်ရတ်နှင့် ထောက်ခံသူများကို မေလ ၁၅ ရက်နေ့က ဘန်ကောက်ရှိ စီးတီးဟောအပြင်ဘက်တွင် တွေ့ရစဉ် / AFP

Move Forward ပါတီ ဦးဆောင်တဲ့ ထိုင်းအစိုးရဖွဲ့ရေးက ဆပ်ပြာပူဖောင်းလား

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved