• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်ဒေသသို့ နိုင်ငံတကာ အကူအညီ စစ်ကောင်စီ ခွင့်မပြု

by ဧရာဝတီ
18 May 2023
in သတင်း
A A
သန့်ရှင်းသည့် သောက်ရေ ရရှိရေးအတွက် တန်းစီနေရသည့် စစ်တွေလူထု / ဧရာဝတီ

သန့်ရှင်းသည့် သောက်ရေ ရရှိရေးအတွက် တန်းစီနေရသည့် စစ်တွေလူထု / ဧရာဝတီ

9.5k
VIEWS
Share on FacebookShare on Twitter

မိုခါမုန်တိုင်းဒဏ်ခံ ရခိုင်ပြည်နယ်သို့ ကူညီထောက်ပံ့ရေးနှင့် ထိခိုက်မှုအခြေအနေများ မြေပြင်ကွင်းဆင်းကောက် ယူနိုင် ရေး စစ်ကောင်စီ၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲဖြစ်ပြီး အဟန့်အတားမရှိ အချိန်မီ သွားရောက်ရန် အရေးပေါ် လိုအပ် ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA-Myanmar)က ယမန့်နေက ထုတ်ပြန်သည်။

UNOCHA အနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မောင်တော၊ ပုဏ္ဏားကျွန်းနှင့် ကျောက်တော်မြို့နယ်တို့အား ဦးစားပေးအနေဖြင့် သတ်မှတ်ကာ ထိခိုက်မှုနှင့် လူသားချင်းစာနာမှုအကူအညီ လိုအပ် ချက်များအား မြေပြင်ကွင်းဆင်းရန် အသင့်ဖြစ်နေကြောင်းလည်း ဆိုထားသည်။

မုန်တိုင်းဒဏ်ခံဒေသများမှ ပြည်သူများအား ကူညီနိုင်ရန် အဟန့်အတားမရှိ အချိန်မီ သွားရောက်ခွင့် အရေးပေါ် လိုအပ် နေကြောင်း၊ အကဲဖြတ်ချက်များ ပြုလုပ်ရန်နှင့် အကူအညီများ မျှဝေရန်အတွက် ခရီးသွားလာခွင့်ရရှိရေး စည်းကမ်းများကို ပိုမို ပျော့ပျောင်းအောင်လုပ်ပေးရန်၊ ဘဏ်လုပ်ငန်း ကန့်သတ်ချက်များ ဖြေလျော့ရန်နှင့် အဓိကကျသော အကူအညီများ အတွက် အကောက်ခွန် ရှင်းလင်းမှုဆိုင်ရာများကို ချက်ချင်းလုပ်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း UNOCHA က အကြံပြုထားသည်။

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အပါအဝင် စုစုပေါင်းလူဦးရေ ၅ ဒဿမ ၄ သန်းကျော် ထိခိုက်ခံစားခဲ့ရ ကြောင်း UNOCHA က ခန့်မှန်းထားပြီး အမိုးအကာ၊ ကျန်းမာရေး၊ အိမ်သုံးပစ္စည်းများ၊ ရေနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး အကူအညီများ လိုအပ်နေကြောင်းလည်း ဆိုထားသည်။

ယင်းအပြင် အရပ်သားအသုံးပြုမှု ပိတ်ပင်ထားသည့် စစ်တွေလေဆိပ်အား ယနေ့(မေ ၁၈ ရက်)တွင် ပြန်လည်ဖွင့်ပေးရန် မျှော်လင့်ထားပြီး လေကြောင်းခရီးစဉ်များနှင့် ပုံမှန်ကုန်းလမ်း သယ်ယူပို့ဆောင်ရေးများအား မကြာမီ ပြန်လည် စတင် နိုင်ခြင်း မရှိပါက လောင်စာသည် အဓိကစိုးရိမ်စရာဖြစ်မည်ဖြစ်ပြီး လက်ရှိတွင် ရန်ကုန်နှင့်စစ်တွေကားလမ်းအား ပြန်လည် ဖွင့်လှစ်ပြီဖြစ်သည့်အတွက် ခွင့်ပြုချက်ရရှိပါက လိုအပ်နေသည့် အကူအညီများအတွက် လမ်းကြောင်းတခု ဖြစ်လာမည် ဖြစ်ကြောင်းလည်း ၎င်းတို့ကဆိုထားသည်။

စစ်ကောင်စီက စစ်တွေလေဆိပ်အား အရပ်သားအသုံးပြုမှု ပိတ်ပင်ထားခြင်းနှင့် ဒေသတွင်း ကူညီ ကယ်ဆယ်ရေးအတွက် လွတ်လပ်စွာ သွားလာခွင့်များအား ကန့်သတ်ထားခြင်းသည် အကူအညီ လိုအပ်နေသူများထဲ ကူညီပေးသူများ ရောက် မလာစေရန် တားဆီးထားသည့် သဘော သက်ရောက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ဝေဖန်သည်။

၎င်းက “ နာဂစ်မှာတုန်းကလည်း စစ်တပ်က ကူညီမယ့်ဟာတွေကို ဖမ်းဆီးတယ်၊ အရေးယူတယ်၊ နိုင်ငံတကာက ကူမယ့် ဟာကိုလည်း လုံးဝပိတ်ဆို့တယ်။ အခုလည်းလေကြောင်းခရီးစဉ်တွေကို ပိတ်တယ်ဆိုတော့ ကူညီမယ့် လမ်းကြောင်းတွေ ကိုလည်း ပိတ်တဲ့သဘော သက်ရောက်နေတယ်။ သွားကူညီမယ့်သူတွေကို ကူညီရမယ့်နေရာကို မရောက်အောင်တား ဆီးတာ၊ စောင့်တော့ကြည့်ရမှာပေါ့၊ နိုင်ငံတကာကလည်း ကူညီဖို့က ချက်ချင်းလက်ငင်းကူညီဖို့က အင်မတန်အရေးကြီးပါ တယ်၊ လူ့အသက်တွေကယ်တင်ဖို့ပေါ့” ဟုပြောသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
150
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.4k
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
79

လက်ရှိတွင် စစ်ကောင်စီက ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်အတွင်းမှ မြို့နယ် လေးမြို့နယ်တို့အား သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသများအဖြစ် သတ်မှတ်ထားပြီး မေလ ၁၇ မွန်လွဲပိုင်းအထိ ရရှိထားသည့် စာရင်း များအရ မုန်တိုင်းဒဏ်ကြောင့် တိုင်းနှင့်ပြည်နယ် ၁၁ ခုတွင် လူနေအိမ်၊အဆောက်အဦးအလုံးရေ ၄၆၀၀၀ ကျော် ပျက်စီး ခဲ့ပြီး ဒေသခံပြည်သူ ၄၈ ဦးသေဆုံးခဲ့ ကြောင်း ယနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာတွင် ဖော်ပြထားသည်။

ထိုအထဲတွင် ရခိုင်ပြည်နယ်သည် အပြင်းထန်ဆုံးခံစားခဲ့ရသည့် ဒေသတခုဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ထောက်ပံ့ ပစ္စည်းများအား ယမန်နေ့ကစတင်က စစ်ရေယာဉ်များ၊ ကားများဖြင့် ဆန်အိတ် နှစ်သောင်းကျော်နှင့် စားသုံးဆီတို့အပါ အဝင် အခြားလိုအပ်သည့် ပစ္စည်များ တန်နှင့်ချီကာပို့ဆောင်နိုင်ခဲ့ကြောင်း သတင်းများ ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် မိုခါမုန်တိုင်းဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်အတွက် ၇ ဘီလီယံ သုံးစွဲမည်ဖြစ်ကြောင်း ပြောဆိုထားသလို အလှူငွေများကိုလည်း လက်ခံနေကြောင်း ထုတ်ပြန်ထားသည်။

ကမာ္ဘ့စားနပ်ရိက္ခာအစီအစဉ်(WFP)ကလည်း ယမန်နေ့က စစ်တွေမြို့ပေါ် အဓိဌာန်ကျောင်းတွင် ခိုလှုံနေသည့် ပြည်သူတရာ ကျော် အား လူတဦးလျှင် တပတ်စာ ဆန်နို့ဆီဗူး ၂၈ ဗူးနှုန်းဖြင့် ထောက်ပံ့ပေးဝေခဲ့ကြောင်းလည်း သိရသည်။

စစ်တွေမြို့ရှိ အဓိဌာန်ဘုန်းတော်ကြီး ကယ်ဆယ်ရေးစခန်း(ဧရာဝတီ)

သို့သော် လတ်တလောစစ်ကောင်စီက ထောက်ပံ့မှုသည် အမှန်တကယ်ထိခိုက်ခံစားရသည့် ရခိုင်ပြည်သူများအတွက် တဝက်ခန့်ကိုပင် ဖြည့်ဆည်းနိုင်ခြင်းမရှိဘဲ စားနပ်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်း အမိုးအကာများနှင့် သောက်ရေများ အရေးပေါ်လိုအပ်နေဆဲဖြစ်ကြောင်း စစ်တွေမြို့နယ်တွင် ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူတဦးကပြောသည်။

၎င်းက “ လှူဒါန်းတာတွေ ထောက်ပံ့တာတွေ ရှိတော့ရှိပါတယ်၊ ဒါပေမယ့်ဖြစ်တဲ့ဧရိယာနဲ့ လူဦးရေက အရမ်းများတော့ တဝက်လောက်ကိုတောင် ခြုံငုံမိဖို့က သိပ်မလွယ်ဘူး၊ အခုထိတိုင်အောင် တနေရာနဲ့တနေရာ သွားဖို့လာဖို့က ခက်ခဲနေ ဆဲပဲဖြစ်ပါတယ်။ အရင်ထဲက ရခိုင်မှာ က UN အဖွဲ့အစည်းတွေရုံးထိုင်ပြီး အလုပ်လုပ်နေကြတာရှိပါတယ်။ သူတို့ သိုလှောင်ရုံတွေမှာ အရန်သင့်ထားထားတဲ့ ပစ္စည်းတွေလည်း ရှိပါတယ်၊ လတ်တလောမှာက သူတို့လည်း ဖြန့်ဝေတာတွေ လုပ်ရင် လုပ်နေမှာပါ။ ဒါပေမယ့် အခုဖြစ်တဲ့ ပျက်တဲ့ အနေအထားက အရမ်းကြီးနေတော့ သူတို့လည်း ဘယ်လိုမှ လိုက်မီမှာ မဟုတ်သေးဘူး” ဟု ပြောသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း မုန်တိုင်းဒဏ်ခံပြည်သူများအား ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ရာတွင် အစိုးရဘက်ဂျက်တခုတည်းဖြင့် လုံလောက်မည်မဟုတ်ဘဲ နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများ လိုအပ်မည်ဖြစ်ပြီး ထိန်းချုပ်ကန့်သတ်မှုများ မပြုလုပ်ဖို့လိုအပ်ကြောင်း ထောက်ပြသည်။

၎င်းက “ အခုအချိန်မှာ လမ်းတွေပျက်နေတယ်၊ ပိတ်ဆို့နေတယ်၊ လိုင်းကားတွေတော့ မထွက်ဘူး။ ဒီအခြေအနေမျိုးမှာ ဟိုလူလက်မှတ်နဲ့ ဒီလူလက်မှတ်နဲ့ ခွင့်ပြုချက်ပေးတာမျိုး၊ စစ်တာဆေးတာမျိုး မလုပ်သင့်ဘူး၊ အဓိကတာဝန်ရှိတဲ့ အဖွဲ့ အစည်းကတော့ နိုင်ငံတော်အစိုးရပေါ့ဗျာ၊ ဒီကိစ္စမှာ တာဝန်ခံမှု ရှိစေချင်တာပေါ့၊ နိုင်ငံတော်ဘက်ဂျက်နဲ့ ထိထိရောက် ရောက် ကူညီစေချင်တာပေါ့၊ ကိုယ်နိုင်ငံမှာဖြစ်တဲ့ပြဿနာကို ကိုယ်တိုင်ဖြေရှင်းဖို့တော့လိုတယ်၊ ခုနကပြောသလို ပိတ်ပင် တာတွေ၊ တားဆီးတာတွေ မလုပ်ဖို့လိုတယ်ပေါ့ဗျာ” ဟု ပြောသည်။

မုန်တိုင်းဒဏ်မခံရမီကတည်းက စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်အတွင်းသို့ ပစ္စည်းများတင်သွင်းပါက နယ်စပ် ရေးရာလုံခြုံရေး ဝန်ကြီး၏ ထောက်ခံချက်လက်မှတ်လိုအပ်သည့် ကန့်သတ်ထိန်းချုပ်မှုပြုလုပ်ထားပြီး လက်ရှိ ဘေး အန္တရာယ် ကျရောက်နေသည့် ကာလတွင် ယင်းသို့ကန့်သတ်ချက်များအား ပယ်ဖျက်ပေးစေလိုကြောင်း မြောက်ဦးဒေသခံ တဦးကပြောသည်။

၎င်းက “ သူတို့ဘက်က ခွင့်ပြုချက်မရရင် ရန်ကုန်ကနေ ရခိုင်ကို သွင်းလို့မရဘူး၊ ရန်ကုန်က မှာမယ်ဆိုရင်တောင် နယ်လုံ ဝန်ကြီးလက်မှတ်ရှိမှ ဖြစ်မယ်၊ အဲဒါက အနည်းဆုံး တလလောက်ကြာတယ်။ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့အစည်း တွေ ဆိုရင် ကျနော်တို့ထောက်ခံစာကို နယ်လုံဆီကမယူဘဲနဲ့ အရင်ဆုံးဒီဘက်ကို ဘယ်လိုဖြတ်သန်းနိုင်မလဲ။ အဲဒါလေးတခုလောက်လိုချင်တယ် ကျနော်တို့က။ တခြားစီးပွားရေးသမားတွေတော့ မပြောဘူး။ ရေဘေးကယ်ဆယ်ရေး လုပ်နေတယ်ဆိုရင် သူတို့သယ်ယူလာတဲ့ပစ္စည်းတွေ အမိုးအကာ၊ နယ်လုံဆီကနေ ခွင့်ပြုချက် အမြန်ဆုံးပေါ့၊ အဲဒါတခုတော့ တောင်းဆိုချင်တယ်” ဟု ပြောသည်။

လက်ရှိတွင် မုန်တိုင်းဒဏ်အပြင်းထန်ဆုံး ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်အတွင်းမှ စစ်တွေ၊ ရသေ့တောင်နှင့်မြို့နယ်အချို့တွင် လျှပ်စစ်မီးနှင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့မှုများကြောင့် ထိခိုက်ပျက်စီး မှုနှင့်လူသေဆုံးမှုများ စာရင်းကောက်ယူအတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်တွေလေဆိပ်ကိုလည်း ဆက်လက်ပိတ်ပင် ထားဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

NUG အစိုးရဘက်ကမူ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာဒုက္ခသည်များအပါအဝင် စုစုပေါင်းလူဦးရေ ၄၀၀ ခန့် သေဆုံးနိုင် ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကနဦးမတည်ငွေ အမေရိကန်ဒေါ်လာ တသန်းကို စတင်သုံးစွဲနေပြီဖြစ်ကြောင်း ပြောသည်။

ရခိုင်ပြည်နယ်နှင့် အနောက်မြောက်ပိုင်းကို ဖြတ်၍ တိုက်ခိုက်သွားသော မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၅ ဒသမ ၄ သန်းနီးပါး မုန်တိုင်းဒဏ်ခံစားရနိုင်ပြီး ယင်းတို့အနက် ၃ ဒသမ ၂ သန်းမှာ ထိခိုက်လွယ်သူများဖြစ်သောကြောင့် အကူညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA -Myanmar)က မေလ ၁၆ ရက်နေ့က ထုတ်ပြန်ထားသည်။

You may also like these stories:

မုန်တိုင်းဒဏ်ခံရသူများ စားနပ်ရိက္ခာလိုအပ်၊ ကုလက သွားခွင့်ရရန် ညှိနှိုင်းနေဆဲ

မုန်တိုင်းဒဏ်သင့် မြောက်ဦး၌ ရေသန့်နှင့်အမိုးအကာများ အရေးပေါ်လို

ဆိုင်ကလုန်းမိုခါကြောင့် သေဆုံးသူ ၂၀၀ ကျော်အထိ မြင့်တက်လာ

စစ်ကောင်စီ ကန့်သတ်ချက်ကြောင့် မိုခါမုန်တိုင်း နောက်ဆက်တွဲ ကူညီရေး အဟန့်အတားဖြစ်

Your Thoughts …
Tags: UNOCHAခွင့်မပြုစစ်ကောင်စီမိုခါမုန်တိုင်းရခိုင်အရေးပေါ်အကူအညီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၉ ခုနှစ် ဘန်ကောက်လက်နက်ပြပွဲပါ မြန်မာပြခန်းနှင့်  စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်

အာဏာသိမ်းစစ်ကောင်စီ လက်နက် ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူ

ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ဆန်ပွဲရုံ တရုံ / ဧရာဝတီ

ဆန်စပါး သိုလှောင်ပါက မှတ်ပုံတင်ရမည်ဟု စစ်ကောင်စီထုတ်ပြန်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved