စစ်ကောင်စီခန့် စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး၏ မိသားစုကို အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့အား Justice for Myanmar (JFM) က တောင်းဆိုလိုက် သည်။
Justice for Myanmar (JFM)၏ အဆိုအရ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦး၏ ဒေါက်တာ ဥမ္မာမေတင်လှိုင်သည် သဘာဝပတ်ဝန်းကျင် အရည်အသွေး စီမံခန့်ခွဲရေး အတိုင်ပင်ခံလုပ်ငန်း Environmental Quality Management Co Ltd (EQM) ကို ပိုင်ဆိုင်ပြီး ထိုမိသားစု စီးပွားရေးလုပ်ငန်းသည် မြန်မာရှိ ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာနှင့် သတ္တုတွင်းကုမ္ပဏီများမှ အကျိုးအမြတ်များ ရနေပြီး (ဝန်ကြီးရာထူးနှင့် မိသားစုလုပ်ငန်းအကြား) အကျိုးစီးပွား ပဋိပက္ခ ဖြစ်နေကြောင်း ထင်ရှားကြောင်း သိရသည်။ JFM သည် မြန်မာတွင် တရားမျှတမှုနှင့်တာဝန်ခံမှုကို တောင်းဆိုပြီး စစ်ကောင်စီနှင့် ပတ်သက်သည့် စီးပွားရေး လုပ်ငန်းများကို ဖော်ထုတ်နေသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အစိုးရခေတ် ၂၀၁၂ ခုနှစ်က EQM ကို မှတ်ပုံတင်ပြီး ဒေါက်တာ ဥမ္မာမေတင်လှိုင်သည် ထိုလုပ်ငန်းကို ဖခင်ဖြစ်သူ အဆင့်မြင့် အရပ်ဘက်အရာရှိ ဦးတင်လှိုင်နှင့်အတူ ပိုင်ဆိုင်သည်။
EQM ၏ အင်တာနက် စာမျက်နှာတွင် စီမံကိန်း ၈၇ ခုကို ဖော်ပြထားကာ အများအပြားမှာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကုမ္ပဏီများဖြစ်ပြီး ထိုလုပ်ငန်းနှင့်ဆက်သွယ်သော လုပ်ငန်းများတွင် ပြင်သစ်မှ Total Energies, အိန္ဒိယမှ Oil and Natural Gas Corporation (ONGC) Videsh, အီတလီ လုပ်ငန်းကြီး Eni, တောင်ကိုရီးယားမှ POSCO International, ထိုင်းမှ PTTEP, မလေးရှားမှ Petronas, Shell နှင့် Petroleum Brunei တို့ ပါဝင်သည်။
EQM သည် ၂၀၁၈ ခုနှစ်တွင် လေနှင့်ဆူညံမှု လေ့လာစောင့်ကြည့်သည့် ဝန်ဆောင်မှုကို မြန်မာ့စီးပွားရေး ကော်ပိုရေး ရှင်း (MEC) ပိုင် ကရင်ပြည်နယ်မှ ပတ်ဝန်းကျင် ညစ်ညမ်းစေသည့် ဘိလပ်မြေစက်ရုံအတွက် ပြုလုပ်ပေးသည်။
၂၀၁၂ ခုနှစ်တွင် အငြင်းပွားဖွယ် တရုတ်ပိုင် လက်ပံတောင်း ကြေးနီမိုင်းအတွက် လေထုအရည်အသွေး စောင့်ကြည့် လေ့လာပေးခဲ့သလို ၂၀၁၆ ခုနှစ်တွင် ထိုကုမ္ပဏီသည် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က စီမံသည့် ဗိုလ်အောင်ကျော် ဆိပ်ကမ်းအတွက် သဘာဝပတ်ဝန်းကျင် စစ်ဆေးစီမံချက် အစီအစဉ်တခု ရေးဆွဲပေးခဲသည်။
ဦးမျိုးမြင့်ဦးမှာ ၂၀၁၄ ခုနှစ်တွင် USDP အစိုးရက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ပြီး သူသည် ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် စစ်ကောင်၏ စွမ်းအင်ဝန်ကြီး ဖြစ်လ သည်အထိ ထိုရာထူးတွင် တာဝန်ထမ်းဆောင်သည်။
အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂနှင့် ကနေဒါတို့သည် ဦးမျိုးမြင့်ဦးကို ပိတ်ဆို့အရေးယူသော်လည်း ဇနီးဖြစ်သူ ဒေါက်တာ ဥမ္မာမေတင်လှိုင်နှင့် EQM ဒါရိုက်တာတဦးဖြစ်သော သူ၏ဖခင်တို့သည် မည်သည့် အရေးယူပိတ်ဆို့မှုကိုမှ မခံရပေ။
ဦးမျိုးမြင့်ဦးသည် စစ်ကောင်စီအတွက် ဝင်ငွေဖန်တီးပေးသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ပြည်ပ ရင်းနှီးမြှုပ်နှံ မှုနှင့် မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရေးအတွက် တာဝန်ယူပြီး စစ်ကောင်စီ၏ ဘဏ္ဍာရေး လိုအပ်ချက် များ ပြည့်မီရေးနှင့် အရပ်သားများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်နိုင်စေည့် လေယာဉ်ဆီ တင်သွင်းရန် လုပ်ဆောင်ပေးသည်။
၎င်းတို့၏သမီး မလင်းဟေသီဦးသည် သြစတြေးလျတွင် ကျောင်းတက်နေသည်။
၎င်းတို့၏သမီး မလင်းဟေသီဦးသည် မိဘများ၏ စီးပွားရေးအကျိုးစီးပွားမှ အကျိုးခံစားနေပြီး သြစတြေးလျ အာဏာပိုင်များက သူ့ကို စုံစမ်းစစ်ဆေးသင့်ကြောင်း JFM က ပြောသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် Total Energies က လင်းဟေသီဦးကို ငါးလတာ အလုပ်သင်အဖြစ် ခန့်အပ်သည်။
ဦးမျိုးမြင့်ဦး၏ MOGE မှ ရာထူးနှင့် စွမ်းအင်ဝန်ကြီးရာထူးများသည် သူ့ဇနီး၏ စီးပွားရေးလုပ်ငန်းနှင့် အကျိုးစီးပွား ပဋိပက္ခဖြစ်နေကြောင်း ထင်ရှားပြီး အဂတိလိုက်စားမှုအတွက် အထူးစိုးရိမ်ရကြောင်း JFM ပြောသည်။
EQM တွင် လုပ်ငန်းအပ်နှံသူများဖြစ်သည့် ONGC Videsh, POSCO နှင့် PTTEP တို့သည် မြန်မာတွင် ဆက်လက် လုပ်ကိုင်နေပြီး စစ်ကောင်စီက အရပ်သားများကို တိုက်ခိုက်သည့် စစ်ဆင်ရေးများကို ငွေကြေးထောက်ပံ့နေသည်ဟု JFM က ဆက်လက် ဖော်ပြသည်။
ဦးမျိုးမြင့်ဦး မိသားစုနှင့် Total Energies ၏ ဆက်ဆံရေးသည် အထူးပြဿနာရှိကြောင်းလည်း ထိုအဖွဲ့က ဖော်ပြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Rights Group Demands Sanction for Myanmar Energy Minster’s Family ကို ဘာသာပြန်သည်။)
You may also like these stories:
မီးပြတ်၊ ရေပြတ်နှင့် ပြည်သူတို့၏ အပူပေါင်းများစွာ
လျှပ်စစ်မီး လုံလောက်စွာပေးရန် အမြန်ဆုံးလိုအပ်နေဟု စက်မှုလုပ်ငန်းရှင်များ ပြော
စက်သုံးဆီ ပြတ်လပ်လာ၍ အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ရနေ
MOGE ကို အကျိုးအမြတ် ခွဲဝေမပေးရန် PTTEP ကို NUG သတိပေး