• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မတ္တရာနယ် စိန်ပန်းကုန်းရွာအား စစ်တပ်ဝင်စီးကာ ဖမ်းဆီးမှုများ လုပ်နေ

by ဧရာဝတီ
13 June 2023
in သတင်း
A A
မတ္တရာမြို့အဝင်

မတ္တရာမြို့အဝင်

5.5k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း မတ္တရာအနောက်ခြမ်းရှိ စိန်ပန်းကုန်းရွာကို အင်အား ၁၀၀ ကျော်ပါ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းက ယနေ့နံနက်ပိုင်းက ဝင်စီးပြီး ဒေသခံများအား ဖမ်းဆီးထားကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “အဖမ်းခံရသူတွေက သူတို့ကို ဘာမှ မလုပ်လောက်ပါဘူး ဆိုပြီး ရွာထဲမှာ ဆက်နေကြတဲ့ သူတွေက တော်တော်များတယ်၊ အချို့ကလည်း မနက်ခင်းစောစော အမှတ်မထင် ဝင်လာ တာမို့ တိမ်းရှောင်ချိန် မရလိုက်ကြတဲ့သူတွေ၊ အဲဒီမှာ ဓားစားခံအနေနဲ့ အရွယ်ကောင်း မိန်းကလေး၊ ယောက်ျားလေးတွေ ကို ဖမ်းခေါ်ထားကြတယ်လို့ သိရတယ်”ဟု ပြောသည်။

အဖမ်းခံထားရသည့် အရေအတွက်ကို အတိအကျ မသိရသေးကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ရွာထဲတွင် ရှိနေဆဲဖြစ် ၍ ဒေသခံများ ရွာထဲသို့ ပြန်ဝင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

စစ်ဘေးရှောင် ကူညီသူတဦးက “အခုဝင်လာတဲ့ စစ်ကြောင်းမှာ စစ်သားထက် ပျူစောထီးတွေ ပိုများတာကို တွေ့ရတယ်၊ ပျူတွေမှာတောင် အသက် ၁၈ နှစ်ကနေ ၂၅ နှစ်ကြားအရွယ်တွေ ပိုများတယ်၊ အခုနောက်ပိုင်း စစ်ကြောင်းထိုးလာရင် စစ်တပ်က ပါတာ အတော်နည်းလာတယ်၊ စိန်ပန်းကုန်းကနေ အင်အားခွဲပြီးတော့ ဆင်ကုန်းရွာဘက် ကို ၂၀ လောက်၊ ဥယျာဉ်ရွာဘက်ကို ၄၀ လောက် ခွဲထွက်ပြီး ဆက်ပြီးတော့ စီးနင်းတာတွေ လုပ်ကြတယ်၊ စိန်ပန်းကုန်းမှာ အင်အား ၄၀ ကျော်နဲ့ နေ့လယ်ပိုင်းထိ စီးနင်းထားတုန်းပဲ၊ ရွာထဲက အခြေအနေကို မသိရသေးဘူး”ဟု ပြောသည်။

စိန်ပန်းကုန်းရွာအား ဝင်ရောက်စီးနင်းရခြင်းမှာ ဗန်းမော်ဆရာတော်ကြီး၏ အရိုးပြာရေမျှောပွဲပြုလုပ်စဉ်က ဧရာဝတီမြစ် အရှေ့ဘက်ကမ်းနှင့် အနောက်ဘက်ကမ်းတွင် လုံခြုံရေးယူသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) များက ယမန်နေ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အထိနာခဲ့သဖြင့် ဝင်ရောက်စီးနင်းခဲ့ကြခြင်းဟု သိရသည်။

မတ္တရာမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “အင်အား ၃၀ ကျော်လောက်ပဲ ရှိတာ၊ သူတို့က မပြန်သေးဘဲ ဆက်ပြီး ရှိနေတာကို မနေ့က PDF အဖွဲ့တွေက ခြုံခို တိုက်ခိုက်တာတွေ လုပ်ခဲ့တာ၊ အဲဒီလို တိုက်ခိုက်ခံရတာကြောင့် မနေ့က ညနေပိုင်းကတည်းက အင်အားတွေ ထပ်ဖြည့်ပြီးတော့ စိန်ပန်းကုန်းရွာကို ဝင်စီးတာတွေ လုပ်ကြတာ”ဟု ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ သပိတ်ကျင်းအခြေစိုက် ခလရ ၁၄၈ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီး အင်အား ၁၀၀ ခန့် ထပ်မံဖြည့်တင်းပြီး ယနေ့ နံနက်ပိုင်းတွင် စိန်ပန်းကုန်း ကျေးရွာအား ဝင်ရောက်စီးနင်းခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်မှ စိန်ပန်းကုန်းကျေးရွာအား ဝင်ရောက်စီးနင်းနေခြင်းကြောင့် ပိုဝ(တောင်/မြောက်)၊ ဆင်ကုန်း၊ စိန်ပန်းကုန်းနှင့် မြစ်ကမ်းဘေးကျေးရွာများမှ ဒေသခံများမှာလည်း စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

ယခုအခါ မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်ရိုး အရှေ့ဘက်တလျှောက်ရှိ ကျေးရွာများအား စစ်ကောင်စီတပ်များနှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းများက ဆက်တိုက် စစ်ကြောင်းထိုးနေလျက်ရှိပြီး ဒေသခံများမှာ မကြာခဏ စစ်ဘေးရှောင် နေကြရသလို စစ်ကြောင်းထိုး ဝင်ရောက်ရာတွင် ကျေးရွာများအတွင်း အထိုင်ချတပ်စွဲပြီး ၆၀ မမ၊ ၈၀ မမ လက်နက်ကြီး များ တပ်ဆင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တန်ဖိုးကြီးပစ္စည်းများအား ခိုးယူခြင်း၊ ဒေသခံများအား ဖမ်းဆီး သတ်ဖြတ်ခြင်းများကို ပြုလုပ်နေကြကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ဝက်လက်မြို့နယ်မှ ဗိုလ်မြေသြဇာက “အခုနောက်ပိုင်း မတ္တရာအနောက်ခြမ်း ဧရာဝတီမြစ်ကမ်းရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုးတာတွေ လုပ်နေတာက စစ်ကိုင်းတိုင်းရဲ့ချုပ်စပ်ဖြစ်တဲ့ ဝက်လက်နယ်ကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မှု မရှိတော့ဘူး၊ အခြားသော မန္တလေးတိုင်းက အဖွဲ့တွေကလည်း စစ်ကိုင်းတိုင်းမှာ လာရောက်ပူးပေါင်းတာတွေ ရှိလာတယ်၊ အဲဒီလိုအခြေအနေမျိုးမှာ မတ္တရာနယ်၊ စဉ့်ကူးနယ်တွေက မန္တလေးမြို့ရဲ့ အကာအရံ တံတိုင်းအဖြစ် သတ်မှတ်ပြီးတော့ PDF စိုးမိုးနယ်မြေအဖြစ် အရောက်မခံနိုင်လို့ အခုလိုတွေ လုပ်နေတယ်လို့ သုံးသပ်ပါတယ်”ဟု ပြောသည်။

လက်ရှိ မန္တလေး-မြစ်ကြီးနားလမ်းပိုင်း ရွှေဘိုအထိ စစ်ကောင်စီတပ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်းများကြောင့် စစ်ကောင်စီတပ်များ ရဲရဲဝံ့ဝံ့ သွားလာရဲခြင်းမျိုး မရှိတော့ဘဲ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မန္တလေး-မိုးကုတ်လမ်းပိုင်းပေါ် စဉ့်ကူးမှ ကျောက်မြောင်းကူးသည့် လမ်းအား အသုံးပြုနေကြကြောင်း သိရသည်။

ဗိုလ်မြေဩဇာက “အခုလက်ရှိ စစ်ကိုင်းကနေ ခွဲထွက်လာတဲ့ မိန်းလမ်း ၂ လမ်းရှိတာမှာ မြစ်ကြီးနားဘက်တက်တဲ့ ရွှေဘို-မန္တလေး လမ်းမကြီး ကို စစ်တပ်က သုံးသာ သုံးနေရတာ၊ အရင်ကလို ရဲရဲဝံ့ဝံ့ မသွားရဲကြတော့ဘူး၊ အဲဒီလိုပဲ စစ်ကိုင်းက ခွဲထွက်လာတဲ့ ဗျူဟာလမ်းပိုင်းကိုလည်း ရဲရဲဝံ့ဝံ့ မသုံးရဲကြတော့တာမို့ မတ္တရာ၊ စဉ့်ကူးဘက်နေ မြစ်ကူးပြီး စစ်ကိုင်းတိုင်း ဘက်ကို စစ်ကြောင်းထိုးကြတာမျိုးပေါ့၊ အဓိကတော့ သူတို့ သုံးနေကြတဲ့ လမ်းတွေကို PDF တွေ ထပ်ပြီး စိုးမိုးသွားမှာ ကြောက်တာကြောင့်ပဲ”ဟု ဆိုသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းနှင့် စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းရွာများ၊ မြေနုကျွန်းများပေါ်တွင် ကိုင်းသီးနှံအဖြစ် ထောပတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ မြေပဲများကို အဓိက စိုက်ပျိုးကြသော်လည်း စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးနေခြင်းကြောင့် ဒေသခံများ ထွက်ပြေးနေကြရသဖြင့် သီးနှံများ စိုက်ပျိုးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

You may also like these stories:

စစ်ကြောင်းထိုးမှုကြောင့် မတ္တရာနယ်က ဒေသခံများ ထွက်ပြေး၊ တချို့ ပိတ်မိနေ

ဧရာဝတီမြစ်ဘေး ကျေးရွာ ၂၀ မှ ဒေသခံများ ထွက်ပြေးနေကြရ

စစ်ကြောင်းဝင်သဖြင့် စဉ့်ကူးနှင့် မတ္တရာနယ်ရှိ သီးနှံများ မရိတ်သိမ်းနိုင်

Your Thoughts …
Tags: PDFစိန်ပန်းကုန်းပျူစောထီးဖမ်းဆီးမိုင်းဆွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်နှင့် တောင်အာရှ နိုင်ငံခြားသတင်းထောက်များအသင်း (FCC South Asia) ဥက္ကဋ္ဌ မစ္စတာ အက်စ် ဗန်ကက် နာရာယန်းတို့ ဇွန်လ ၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် / MNA

ဥက္ကဋ္ဌက စစ်ကောင်စီနှင့်တွေ့၍ အိန္ဒိယ နိုင်ငံခြားသတင်းထောက်များအသင်းဝင်များ နုတ်ထွက်

အိန္ဒိယ Committee on Foreign Trade Policy ၏ ဥက္ကဋ္ဌနှင့် မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦး / PTI

အိန္ဒိယ ကုန်သွယ်ရေး ရူပီး သုံးမည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved