• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပလက်ဝက စစ်ကောင်စီစခန်းကို CNA ဝင်တိုက်

by ဧရာဝတီ
6 July 2023
in သတင်း
A A
CNF တပ်ဖွဲ့ဝင်အချို့/ CNF

CNF တပ်ဖွဲ့ဝင်အချို့/ CNF

10.9k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ အုပ်စု၊ ခုံကျေးရွာအနီး တပ်စွဲနေထိုင်သည့် စစ်ကောင်စီ တပ်ကို ချင်းအမျိုးသားတပ်မတော် (CNA) တပ်များက ဇူလိုင်လ ၃ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။

CNA သည် ရခိုင်ပြည်နယ်နှင့် ထိစပ်နေသော ပလက်ဝမြို့ နယ်အတွင်း ပထမဆုံးအကြိမ် ဝင်ရောက်ကာ စစ်ရေးလှုပ်ရှား၍ တိုက်ပွဲဖော်ဆောင်ခြင်းဖြစ်ကြောင်း ပလက်ဝမြို့ နယ် ဒေသခံများက ပြောသည်။

ရှင်းလက်ဝကျေးရွာအုပ်စုမှ ဒေသခံကျေးရွာသားတဦးက “ခုံရွာအနီးက စစ်ကောင်စီ စခန်းကုန်းကို မနက်ပိုင်း ၅ နာရီလောက်မှာ တိုက်တာ။ စစ်ကောင်စီဘက်က ထိခိုက်မှုတချို့ရှိတယ်။ လက်နက်တွေ လည်း ပါသွားတယ်လို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကုလားတန်မြစ် အရှေ့ဘက်ကမ်းတွင်တည်ရှိသည့် ရှင်းလက်ဝ အုပ်စု၊ ခုံ ကျေးရွာအနီးဝန်းကျင်တွင် ယခင်က စစ်ကောင်စီတပ်၊ ရက္ခိုင့်တပ်တော် (AA)၊ ပလက်ဝမြို့နယ် အခြေစိုက် ချင်းကာကွယ်ရေးတပ် (CDF) တပ်ဖွဲ့များ လှုပ်ရှားနေသော်လည်း ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းကတည်းက CNA တပ်များ ဝင်ရောက်လှုပ်ရှားလာပြီးနောက် ယခုကဲ့သို့ တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး CNF/CNA ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ချင်းလက်နက်ကိုင်များ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (Chinland Joint Defense Committee- CJDC ) မှ အထွေထွေ အတွင်းရေးမှူး ဆလိုင်းတင်မီအား ဧရာဝတီမှ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

စစ်ရေးလေ့လာသူတဦးက “CNF ကတော့ ချင်းပြည်နယ်တခုလုံးကို ကိုယ်စားပြုတယ်ဆိုပြီး ကြွေးကြော် ထားတာပဲ၊ ချင်းလူမျိုးများရှိတဲ့ ဒေသတွေမှာ သူတို့ စစ်ရေးလှုပ်ရှားမှာပဲ၊ စစ်ရေးအရ စစ်ကောင်စီတပ်ကို အခွင့်အရေးရရင် ရသလို ဝင်တိုက်မှာပဲ၊ အခု တိုက်တဲ့နေရာက ကုလားတန် အရှေ့ခြမ်းဆိုတော့ AA ကလည်း အဲဒီနေရာမှာ သိပ်စိုးမိုးနိုင်တာမှ မဟုတ်တာ။ AA အဓိက စိုးမိုးနိုင်တာက ကုလားတန် အနောက်ခြမ်းပဲ” ဟု ဧရာဝတီသို့ ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အင်တာနက်များ ကာလရှည်စွာ ဖြတ်တောက်ထားသလို ကုန်စည်စီးဆင်းမှုလမ်းကြောင်းများကိုလည်း ပိတ်ဆို့ကန့်သတ်ထားသည့်အတွက် ဒေသခံများ၏ လူမှုစီးပွားဘဝတွင် အခက်အခဲများ ကြုံတွေ့နေကြရသည်။

ထိုသို့ ပိတ်ဆို့များ ပြုလုပ်ထားသည့်အချိန် အာဏာသိမ်းစစ်ကောင်စီသည် ပြီးခဲ့သော ဇွန်လ ၂၅ ရက်မှနေ ၂၇ ရက်နေ့အထိ ပလက်ဝမြို့ပေါ်တွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်မြင့်တက်ရေး ကွက်ကဲရေးမှူး ဌာန၊ နယ်လှည့်ပြည်သူ့ဆက်ဆံရေး ဇာတ်အဖွဲ့မှ နယ်မြေခံ စစ်ကောင်စီတပ်မိသားစုနှင့် မြို့ခံများကို ချင်း အဆိုတော်များ၏ တေးသီချင်းများနှင့် ရခိုင်အဆိုတော် တေးသီချင်းများကို သီဆို ကပြဖျော်ဖြေ ပေးခဲ့သည်။

ယင်းကဲ့သို့ လာရောက် ဖြေဖျော်သည့်နောက်ပိုင်းတွင် ကုလားတန်မြစ်၏ အနောက်ဘက်ကမ်း၊ ပလက်ဝ မြို့ အနီး တောင်ကုန်းများတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သားများနေရာ၌ ရဲတပ်ဖွဲ့ဝင်များကို အစားထိုး နေရာယူခိုင်းပြီး စစ်ကောင်စီတပ်သားများက ဇာတ်ရေယာဉ်များဖြင့် ပြောင်းရွေ့နေသည်ကိုလည်း တွေ့မြင်ရကြောင်း ပလက်မြို့နယ် ဒေသခံများက ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
32
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
26
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
208

ပလက်ဝမြို့နယ် ဒေသခံတဦးက “နယ်လှည့်ဇာတ်ကပြီး နောက်ပိုင်းကတည်းက ကုလားတန်မြစ် အနောက်ဘက်ကမ်း တောင်ကုန်းတွေမှာ ရှိတဲ့ စစ်သားတွေရဲ့ စခန်းတွေမှာ ရဲသားတွေကို ချထားတာတွေ့တယ်။ စစ်သားတွေ တော်တော် များများကို သင်္ဘောတွေနဲ့ လာတင်တာကို တွေ့တယ်။ သူတို့ ဘယ်ကို ပြောင်းတယ် ဆိုတာတော့ မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ရေးလေ့လာသူများက စစ်ကောင်စီခေါင်းဆောင်ပိုင်းများသည် ပလက်ဝမြို့နယ်ရှိ ရှေ့တန်းစစ်မျက်နှာသို့ ပို့ဆောင်ထားသည့် စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့ များထဲမှ ဗျူဟာအလိုက် ထုတ်နုတ်ကာ လတ်တလော စစ်ကောင်စီ အထိနာနေသည့် ကရင်နီပြည်နယ်အတွင်းသို့ လေကြောင်းဖြင့် တိုက်ရိုက်ပို့ဆောင်ပြီး စစ်အင်အား ဖြည့်တင်းမှုများ ပြုလုပ်နေကြောင်းလည်း သုံးသပ်ကြသည်။

You may also like these stories:

ပလက်ဝ မြို့အဝင်အထွက်ကို စစ်ကောင်စီ ပိတ်ဆို့

ပလက်ဝရှိ တဲမဝ တပ်စခန်းကို AA ဝင်တိုက်

စစ်ပဋိပက္ခကြား မြေဇာပင် ဖြစ်သွားတဲ့ ပလက်ဝ

Your Thoughts …
Tags: AACNF/CANကုလားတန်မြစ်စစ်ကောင်စီတိုက်ပွဲပလက်ဝပြောင်းရွှေ့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဟားခါးနှင့် ထန်တလန်မြို့ကြားရှိ သီတာကျေးရွာအနီးသို့ ရောက်ရှိနေသည့် စစ်ကောင်စီတပ် /ဧရာဝတီ

ထန်တလန်ကို တက်လာသည့် စစ်တပ်နှင့် CDF တို့ကြား တလကျော်ကြာ တိုက်ပွဲဖြစ်ပွားနေ

ကချင်ပြည်နယ်တွင် လှုပ်ရှားနေသည့် KIA တပ်များ (ဓာတ်ပုံ - ဧရာဝတီ)

စစ်ရေးသတိရှိကြရန် လိုင်ဇာလူထုကို KIA သတိပေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

19 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved