• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကွတ်ခိုင်၌ စစ်ကောင်စီတပ်ကို KIA တိုက်

by ဧရာဝတီ
10 July 2023
in သတင်း
A A
ကွတ်ခိုင်မြို့နယ်အတွင်း လှုပ်ရှားနေသည့်  KIA တပ်ဖွဲ့ဝင်များ/ ဧရာဝတီ

ကွတ်ခိုင်မြို့နယ်အတွင်း လှုပ်ရှားနေသည့် KIA တပ်ဖွဲ့ဝင်များ/ ဧရာဝတီ

8.4k
VIEWS
Share on FacebookShare on Twitter

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ထိန်းချုပ်ရာ လိုင်ဇာမြို့အနီး တိုက်ပွဲများဖြစ်ပွားနေချိန် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ တောင်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA က ယမန်နေ့က တိုက်ခိုက်မှုများ ရှိလာကြောင်း ကွတ်ခိုင်မြို့ ဒေသခံအချို့က ဆိုသည်။

တိုက်ပွဲမှာ ကွတ်ခိုင်မြို့ တောင်ဘက် ၅ မိုင် အကွာရှိ နမ့်ပါချီရွာဝန်းကျင်က ဆက်သွယ်ရေး တာဝါတိုင်တွင် လုံခြုံရေး ယူနေသော စစ်ကောင်စီတပ်သားများကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တပ်ဖွဲ့များက ယမန်နေ့နံနက် ၁၀နာရီ မိနစ် ၅၀ တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကွတ်ခိုင်မြို့ ဒေသခံအမျိုးသားတဦးက ပြောသည်။

၎င်းက “လွယ်ဆမ်စစ်တောင် ဟိုဘက်နားက ရွာပေါ့။ အဲဒီမှာ ဖြစ်တာ။ အဲဒီက တာဝါတိုင်မှာ စစ်သားတွေ စောင့် နေတာ။ အဲဒီတိုင်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ။ ပစ်တော့ စစ်သား ၃ ယောက် သေတယ်။ ၄ ယောက်ကတော့ ဒဏ်ရာ တော်တော် အကြီးအကျယ်ရတယ်” ဟု ဆိုသည်။

ပစ်ခတ်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာကာ ဒဏ်ရာရသည့် တပ်ဖွဲ့ဝင်များကို ကွတ်ခိုင်မြို့ရှိ စစ်ဆေးရုံသို့ ခေါ်ဆောင်သွားကြောင်း ကွတ်ခိုင်မြို့ ဒေသခံအချို့က ပြောသည်။

ယင်းနောက် ညနေပိုင်းတွင် ကွတ်ခိုင်မြို့တောင်ဘက် လားရှိုး့မြို့မှ ကွတ်ခိုင်သို့ ထွက်လာသော စစ်ကား ၁၃ စီးသည် ကွတ်ခိုင်မရောက်မီ မန်ပြိန်းရွာ၌ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ကွတ်ခိုင်မြို့ ဒေသခံ အချို့ထံမှ သိရသည်။

ကွတ်ခိုင်မြို့ဒေသခံ အမျိုးသားတဦးက “ယာဉ်တန်းကို ၃၈ မိုင် မန်ပြိန်းမှာ ဖြတ်တိုက်တာ အဲဒီမှာလည်း ၅ ယောက် လောက် သေတယ်။ ဖြစ်တဲ့နေရာက မြို့ကနေ နည်းနည်းလှမ်းတယ်။ ၁၀ မိုင်၊ ၁၂ မိုင်လောက်ရှိတယ်။ အသံတော့ မကြားရဘူး” ဟု ဆိုသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ တပ်ရင်းတပ်ဖွဲ့ နံပါတ်ကို ဧရာဝတီက စုံစမ်းနေဆဲဖြစ်ပြီး ယေဘူယျ အားဖြင့် လားရှိုးမြို့တွင် စစ်ကောင်စီတပ်၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိသလို ကွတ်ခိုင်မြို့တွင်လည်း အမှတ် ၁ အခြေချ စစ်ဗျူဟာ၏ လက်အောက်ခံ ခြေလျင်တပ်ရင်း ၃ ရင်းနှင့် အမြောက်တပ်ရင်း ၃၄၇ ရှိသည်။

စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ည ၇ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့မြောက်ဘက် နမ့်ဖက်ကာရွာရှိ စစ်ကောင်စီ၏ ခလရ ၁၂၃ က နမ့်ဖက်ကာ အရှေ့မြောက်ဘက် နားဖိုင်ရွာသို့ လက်နက်ကြီးဖြင့် ပစ်သဖြင့် အဆိုပါရွာရှိ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရကြောင်း ကွတ်ခိုင်မြို့ ဒေသခံ အချို့ထံမှ သိရသည်။

ကွတ်ခိုင်မြို့ဒေသခံ အမျိုးသားက “ကျနော်တို့တောင် ရွာဘက်က လူတွေလှမ်းပြောမှ သိရတာ။ နမ့်ဖက်ကာ ၁၂၃ တပ်က ရမ်းပြီး လှမ်းပစ်လို့ ရွာဘက်က ခေါင်မိုးပေါ်ကို ကျတာ။ အမျိုးသမီးတယောက် ခေါင်းတွေ ဘာတွေ ထိသွားတယ်ကြားပါတယ်။ အဲဒီ နမ့်ဖက်ကာက ကွတ်ခိုင်နဲ့ဆိုရင် ၃၈ မိုင်လောက် ဝေးပါတယ်” ဟု ဆိုသည်။

မကြာသေးသည့် ဇူလိုင်လ ၈ ရက်ကလည်း ကွတ်ခိုင်တောင်ဘက် နမ့်ပါချီရွာနှင့် မန်ပြိန်းရွာအကြားရှိ ပါဂျိုရွာတွင် လမ်းလုံခြုံရေးယူသည့် စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့ဝင်များ ထိတွေ့ ပစ်ခတ်မှု ဖြစ်ခဲ့သေးသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရမှုကြောင့် လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းသည် ဇူလိုင်လ ၉ ရက်တွင် ယာယီ ပိတ်နေခဲ့သော်လည်း လက်ရှိတွင် ကားများ ပုံမှန်သွားနေပြီဖြစ်ကြောင်း ကွတ်ခိုင်မြို့ဒေသခံအချို့ ဆိုသည်။

ကွတ်ခိုင်မြို့နယ်ထဲက တိုက်ခိုက်မှုအကြောင်း ပိုမိုသိရှိရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူထံ ဧရာဝတီ က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းက တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြုသော်လည်း တိုက်ပွဲအသေးစိတ်ကို မပြောပေ။

ဗိုလ်မှူးကြီး နော်ဘူက “တိုက်ပွဲ ဖြစ်တယ်ဆိုတာလောက်တော့ ကြားရပါတယ်။ မြေပြင်သတင်းတွေတော့ မကြားရပါ ဘူး။ ဝေးလည်း ဝေးနေတော့လေ။ တိုက်ပွဲငယ်လေးတွေကတော့ ဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ စစ်ကောင်စီစစ် ကြောင်းတွေ လှုပ်ရှားလာလို့ ထိတွေ့ရင်ဆိုင်တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။၂ ဖက်ထိခိုက်မှုတွေ ကတော့ ကျနော်တို့ဆီ သတင်း မရောက်သေးပါဘူး” ဟု ဆိုသည်။

၎င်းက တိုက်ပွဲများသည် ယေဘူယျအားဖြင့် KIA တပ်မဟာ ၆ နယ်မြေနှင့် တပ်မဟာ ၄ နယ်မြေတွင် ဖြစ်ပွားခဲ့သည် ဟု ပြောနိုင်ကြောင်း ဆိုသည်။

ဆက်လက်၍ ဗိုလ်မှူးကြီး နော်ဘူက “တိုက်ပွဲတွေက သိပ်မကြီးပါဘူး။ အရပ်သား ထိခိုက်မှုတွေကိစ္စကတော့ ကျနော် မသိပါဘူး။ ဒါပေမယ့် အဲဒီသတင်းကမဟုတ်ဘူးလို့လည်း မပြောလိုဘူး။ တိုက်ပွဲတွေက သာမန်ထိတွေ့တိုက်ပွဲဆိုတော့ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားတာတွေရှိရင်တော့ တိုက်ပွဲ ဆက်ဖြစ်မှာပါ” ဟု ဆိုသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
81
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
22

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
32

ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ကွတ်ခိုင်မြို့ မြောက်ဘက်တွင် KIA တပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဖေဖော်ဝါရီ ၁၅ ရက်တိုင်အောင် တိုက်ပွဲ ပြင်းထန်ခဲ့ပြီးနောက် ယခုတဖန်တိုက်ပွဲပြန် ဖြစ်လာခြင်း ဖြစ်သည်။

ထိုကာလက ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်အစပ်တွင် စစ်ကောင်စီ၏ တပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် မူဆယ်ပြည်သူ့စစ် များ ပူးပေါင်းထားသည့်အဖွဲ့က ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်ကာ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင်လာသော ကြောင့် KIA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၉ နှင့် တွေ့ဆုံကာ တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ်သုံးကာ ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ယခုတိုက်ပွဲတွင် လေယာဉ်မသုံးဘဲ လက်နက်ကြီး ပစ်ခတ်မှုများသာရှိကြောင်း ကွတ်ခိုင်မြို့ခံအချို့က ဆိုသည်။

You may also like these stories:

စစ်ရေးသတိရှိကြရန် လိုင်ဇာလူထုကို KIA သတိပေး

ထန်တလန်ကို တက်လာသည့် စစ်တပ်နှင့် CDF တို့ကြား တလကျော်ကြာ တိုက်ပွဲဖြစ်ပွားနေ

Your Thoughts …
Tags: KIAကွတ်ခိုင်စစ်ကောင်စီတိုက်ပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလက ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ အိမ်များကို စစ်ကောင်စီက မီးတင်ရှို့နေစဉ်  / The Chinland Post

ထန်တလန်သို့ အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို CDF ပိတ်ဆို့တိုက်ခိုက်

KNDF တနှစ်ပြည့် စစ်ရေးပြပွဲ / KNDF Battalion 5

ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

11 hours ago
1.5k
ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

7 days ago
1.2k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved