• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ချင်းမိုင် လေထုညစ်ညမ်းမှုကို ထိန်းချုပ်မည်ဟု ထိုင်း ဝန်ကြီးချုပ်ပြော

by ဧရာဝတီ
18 March 2024
in သတင်း
A A
ချင်းမိုင် လေထုညစ်ညမ်းမှုကို ထိန်းချုပ်မည်ဟု ထိုင်း ဝန်ကြီးချုပ်ပြော

၂၀၂၄ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က ချင်းမိုင်ပြည်နယ် ဆရီလန်နာ အမျိုးသားဥယျာဉ်တွင် လေထုညစ်ညမ်းမှု မြင်ကွင်း / AFP

259
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံ မြောက်ပိုင်း ခရီးသွားလုပ်ငန်း အချက်အချာနေရာတခုဖြစ်သော ချင်းမိုင်မြို့၏ လေထုညစ်ညမ်းမှုကို ထိန်းချုပ်မည်ဖြစ်ကြောင်း မတ်လ ၁၈ ရက်နေ့ ချင်းမိုင်ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ဆရီထာ ထာဝီဆင်က ပြောကြောင်း AFP သတင်း၌ ဖော်ပြသည်။

လေထုအခြေအနေ စောင့်ကြည့်လေ့လာသည့် ဝက်ဘ်ဆိုက် IQAirs ၏ ကမ္ဘာ့လေထု အညစ်ညမ်းဆုံး မြို့ကြီးများ စာရင်းတွင် ချင်းမိုင်သည် ဒုတိယမြောက်နေ့အဖြစ် နှစ်ရက်ဆက်တိုက် ထိပ်ဆုံးရောက်နေစဉ် ထိုင်းဝန်ကြီးချုပ် သွားရောက်ခဲ့ခြင်းဖြစ်သည်။

ရှုခင်းလှပသော သမိုင်းဝင် မြို့တော်ဖြစ်သည့် ချင်းမိုင်သည် ခရီးသည်များအကြား ရေပန်းစားသော်လည်း သီးနှံပင်များကို လယ်သမားများ မီးရှို့သည့် နှစ်တနှစ်၏ အစောပိုင်းလများတွင် လေထုအရည်အသွေး ဆိုးရွားမှုကို နှစ်စဉ်ခံစားရသည်။

နိုင်ငံမြောက်ပိုင်းသို့ လေးရက်ကြာ သွားရောက်နေသည့် ဝန်ကြီးချုပ် မစ္စတာ ဆရီထာ ထာဝီစင်က အစိုးရအနေဖြင့် မီးခိုးမြူ ပြဿနာကို ကိုင်တွယ်ရန် လိုအပ်ကြောင်း ဝန်ခံပြောကြားသည်။

၎င်းက “အခုအချိန်မှာ ညစ်ညမ်းမှုအဆင့်က မနှစ်ကထက် နိမ့်ကျတယ်ဆိုရင်တောင် ကျနော်တို့ စိုးရိမ်ဆဲဖြစ်ပြီး ပြည်သူတွေရဲ့ အသက်မွေးဝမ်းကြောင်း တိုးတက်အောင် အဖြေရှာမယ်” ဟု သတင်းထောက်များကို ပြောသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
169
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
106
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

အဆုတ်မှတဆင့် သွေးအတွင်း ဝင်ရောက်နိုင်လောက်အောင် သေးငယ်သည့် PM 2.5 ညစ်ညမ်းစေသော အရာများ ပါဝင်မှုအဆင့်မှာ မတ်လ ၁၆ ရက်နေ့ မွန်းလွဲချိန်တွင် ၂၂၄ ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က လက်ခံနိုင်သော အဆင့်ထက် အဆ ၂၀ ပိုမိုဆိုးရွားသည်။

၂၀၂၄ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်းခရီးစဉ်အတွင်း ဝန်ကြီးချုပ် မစ္စတာ ဆရီထာ ထာဝီစင်နှင့် ရိုးရာအဝတ်အထည်ချုပ်လုပ်ကိုင်သူများနှင့် တွေ့ဆုံစဉ်/AFP

အစောပိုင်းတွင် ဝန်ကြီးချုပ် ဆရီထာသည် ချင်းမိုင်မြို့မှ မယ်တန်ခရိုင်ရှိ တောမီးကွပ်ကဲရေးနှင့် PM 2.5 တားဆီးရေးဌာနသို့ သွားရောက်ခဲ့သည်။

အလုပ်သမားများနှင့် တွေ့ဆုံပြီးနောက် နိုင်ငံဖြတ်ကျော် မီးခိုးမြူများ၏ သက်ရောက်မှုကို လေ့လာရန် အာဏာပိုင်များနှင့် လုပ်ဆောင်နေကြောင်း ၊ သီးနှံရိတ်သိမ်းပြီး ကျန်သည့် အပင်အစိတ်အပိုင်းများကို မီးရှို့သော လယ်သမားများအတွက် လုပ်ထုံးလုပ်နည်းများ ချမှတ်မည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောသော်လည်း အသေးစိတ်ကို ပြောကြားခြင်း မရှိပေ။

ယခုနှစ်အစောပိုင်းတွင် ဝန်ကြီးချုပ် ဆရီထာ အစိုးရသည် ထိုပြဿနာကို ကိုင်တွယ်ရန် သန့်ရှင်းသောလေ အက်ဥပဒေကို အတည်ပြုခဲ့သည်။

ထိုင်းနိုင်ငံတွင် လွန်ခဲ့သောနှစ်က လေထုညစ်ညမ်းမှုနှင့် ပတ်သက်သည့် ရောဂါများအတွက် ကုသမှုခံယူသူ ၁၀ သန်းကျော်ရှိကြောင်း အစိုးရဌာနတခုက ယခုလအတွင်း သတိပေးခဲ့ပြီး ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဆရီထာ၏ ချင်းမိုင်ခရီးစဉ်သည် ဝန်ကြီးချုပ်ဟောင်းနှင့် အငြင်းပွားဖွယ် ဘီလီယံနာ မစ္စတာ သက်ဆင် ရှင်နာဝပ်၊ အတိုက်အခံ ပါလီမန်ကိုယ်စားလှယ်နှင့် ရှေ့သို့ချီပါတီ (Move Forward Party) ခေါင်းဆောင်ဟောင်း မစ္စတာ ဖိထာ လင်ဂျာရွန်ရက်တို့ ချင်းမိုင်သို့ရောက်နေချိန်နှင့် တိုက်ဆိုင်နေသည်။

နိုင်ငံပြင်ပတွင် သွားရောက်နေထိုင်ပြီး နိုင်ငံသို့ပြန်လာကာ ထောင်ကျခံပြီးနောက် လွတ်လာစဉ် ပထမဆုံးအကြိမ် လူသိရှင်ကြား ပြင်ပသို့ထွက်လာသည့် မစ္စတာ သက်ဆင်ကလည်း PM 2.5 မှာအဆိုးရွားဆုံးပြဿနာဖြစ်ကြောင်း သတ်မှတ် ပြောဆိုခဲ့သည်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။

Your Thoughts …
Tags: PM 2.5WHOခရီးသွားလုပ်ငန်းချင်းမိုင်ထိုင်းလေထုညစ်ညမ်းမှုသဘာဝပတ်ဝန်းကျင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
16k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

ဘန်ကောက်က နာမည်ကြီးဆိုင် ကြက်ဥကြော် ပြဿနာ ထောင်ဒဏ် အထိ ချမှတ်နိုင်လို့ ဆို

by ဧရာဝတီ
23 August 2025
15k

ဈေး ပိုတောင်းခြင်းဟာ ထောင်ဒဏ် ၇ နှစ် အထိ ဒါမှမဟုတ် ငွေဒဏ် ဘတ် ၁၄၀,၀၀၀ အထိ ချမှတ်ခံရ နိုင်တယ် လို့လည်း…

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
15k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.2k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

Next Post
ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (နိဂုံး)

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (နိဂုံး)

မင်းပြားမြို့ ရိုဟင်ဂျာရွာကို စစ်တပ်ဗုံးကြဲ၊ ၂၃ ဦး သေဆုံး

မင်းပြားမြို့ ရိုဟင်ဂျာရွာကို စစ်တပ်ဗုံးကြဲ၊ ၂၃ ဦး သေဆုံး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved