နှစ်ပေါင်း ၇၀ ကျော် ရပ်တည်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပထမဆုံး အမျိုးသမီး ဒုတိယဥက္ကဌ ဖြစ်ခဲ့သူ ပဒိုနော်စီဖိုးရာစိန်ဟာ ဇူလိုင်လ ၂၄ ရက်နေ့က ထိုင်းနိုင်ငံ မယ်စရင်းမြို့က သူ့ရဲ့နေအိမ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
KNU ရဲ့ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘောရဲ့ စတုတ္ထမြောက် သမီးဖြစ်တဲ့ သူမဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၆၉ နှစ်ရှိပြီ ဖြစ်ပါတယ်။
ဦးသိန်းစိန် အစိုးရက ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) အဖွဲ့ ကိုစေလွှတ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (Senior Delegation –SD) ကိုတော့ ပဒိုနော်စီဖိုးရာစိန်က အဖွဲ့ခေါင်းဆောင် အဖြစ် ဦးဆောင်ခဲ့ရတာဖြစ်ပါတယ်။
အမျိုးသားတွေကြားမှာ အဂတိကင်းပြီး ရပ်တည်ချက် ခိုင်မာလွန်းတဲ့ ပဒိုနော်စီဖိုးရာစိန် ကို စစ်တပ်ဘက်ကရော၊ တိုင်းရင်းသားတွေဘက်ကပါ အမျိုးသားတွေက ခေါင်းမာသူ၊ အမာလိုင်း၊ အမာလိုင်း အဖြစ် နောက်ကွယ်မှာ ပြောဆိုမှုတွေရှိခဲ့ကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR