လူထုအများပါဝင်တဲ့ ဖယ်ဒရယ်နိုင်ငံရေးစနစ်နဲ့ အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူလူထုရဲ့ ကြံ့ကြံ့ခံရင်ဆိုင်မှုတွေအကြောင်းကို လေ့လာထားတဲ့ ဝါရင့် မြန်မာ့အရေး သုတေသီ ဒေါက်တာ အက်ရှ်လေဆောက်သ် က မြန်မာနိုင်ငံကို ဘယ်လို ဖယ်ဒရယ်စနစ်နဲ့ တည်ဆောက်နိုင်မလဲဆိုတာ အကြံပြုထားပါတယ်။
သူက “သဘာဝသယံဇာတ စီမံမှုကို အောက်ခြေလူထုကနေ လုပ်ဆောင်နိုင်မယ်ဆိုရင် တိုင်းရင်းသား လူမှုအသိုင်းအဝိုင်း တွေရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်။ သဘာဝ အရင်းအမြစ်ကိစ္စသာမက ပညာရေးနယ်ပယ်မှာပါ မြေပြင်မှာ အလုပ်ဖြစ်တဲ့ အုပ်ချုပ်မှုစနစ်ရှိတယ်။ ဒီလိုတွေ ဆောင်ရွက်ရင် အာဏာသိမ်းမှုနောက်ဆက်တွဲ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေသလိုမျိုး ပြည်ထောင်စု အဆင့် စနစ် ပြိုကွဲသွားရင်တောင်မှ ဒေသန္တရစီမံအုပ်ချုပ်ရေးစနစ်တွေက ဆက်ရှိနေမယ်။ ဒါကြောင့် ဒါဟာ ကြံ့ကြံ့ခံ ခံနိုင်ရည်ရှိအောင် ပံ့ပိုးပေးတဲ့ နည်းလမ်းတခုလို့ ကျနော်ထင်ပါတယ်” လို့ ဧရာဝတီသတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ အခုလို ပြောဆိုပါတယ်။
ဒေါက်တာ အက်ရှ်လေဟာ မြန်မာနိုင်ငံအရေး၊ တိုင်းရင်းသားနိုင်ငံရေးပြဿနာ၊ ပညာရေးနဲ့ လူသားချင်းစာနာမှု ကိစ္စရပ်တွေအပြင် ဖက်ဒရယ်စနစ်နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သုတေသနလုပ်ငန်းတွေကိုပါ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။
မြန်မာ့အရေးကို နှစ်ပေါင်း ၃၀ ကြာ လေ့လာရေးသားနေသူ ဖြစ်သလို မကြာခင်က “ပဋိပက္ခ၊ ရှုပ်ထွေးပွေလီမှု နဲ့ ဥတုရာသီပြောင်းလဲမှု” စာအုပ်ကို ပုံနှိပ်ထုတ်ထားပါတယ်။
#climatechange
#ClimateDesk
#TheIrrawaddy
#forest
#Myanmarforest #naturalresources #naturalresourcesmanagement
#bottomupfederalism #governance #politics #minority #ethnic #education #humanitarianaid
#conflict #environment #environmentalimpact
#WhatsHappeningInMyanmar
#ဧရာဝတီ
#သဘာဝပတ်ဝန်းကျင်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR