• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

လက်နက်ခဲယမ်းကြောင့် ဒီပဲယင်းမှ ပြန်ဆုတ်ရ ဟု PDF တို့ဆို

by စောလွင်
20 August 2024
in Military, သတင်း
A A
လက်နက်ခဲယမ်းကြောင့် ဒီပဲယင်းမှ ပြန်ဆုတ်ရ ဟု PDF တို့ဆို

ဒီပဲယင်းမြို့ရှိ စစ်စခန်းများအား ဝင်ရောက် တိုက်ခိုက်ခဲ့သည့် PDF တပ်ဖွဲ့တချို့/ PDF

3.5k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နေ့တဝက်အတွင်းမှာပင် စစ်ကောင်စီ၏ လေကြောင်းသာမက မြေပြင်စစ်ကူအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ရာ လက်နက်ခဲယမ်း အခက်အခဲကြောင့် မြို့ကို ပြန်ပေးလိုက်ရသည်။

သြဂုတ် ၁၈ရက်က ဒီပဲယင်းမြို့မ ရဲစခန်း၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုးရုံး၊ ရွှေစာရံဘုရားကုန်းနှင့် ဇွဲစားသောက်ဆိုင် သုံးထပ်တိုက် စသည့် နေရာ ၄ ခု၌ တပ်စွဲထားသော အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ် ရေး တပ် (PDF) များမှ ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်။

ထိုတိုက်ပွဲတွင် ပါဝင်သည့် 96 Soilders PDF (အညာဒေသ) တာဝန်ခံ ရဲဘော် မန်းလေးက “နှစ်ရက်လောက်ကို ခဲယမ်းအများအပြားနဲ့ အတော် အင်အားသုံး တိုက်ခိုက်လိုက်ရတယ်။ လေကြောင်းကလည်း ရဲစခန်းက လွဲပြီး ဘေးပတ်ချာလည်တွေ တိုက်ပွဲဖြစ်ရာနေရာ အကုန်ကြဲတာ” ဟု ပြောသည်။

တိုက်ပွဲစကတည်းက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ပစ်ခတ်ခဲ့သည့်ကြား ပူးပေါင်းတပ်များက မြို့ပေါ်ရှိ တပ်စွဲထားသည့် နေရာ အားလုံးကို ထိုးစစ်ဆင် တိုက်ခိုက်လိုက်နိုင်သော်လည်း စစ်ကောင်စီက နာရီပိုင်းအတွင်းမှာပင် လေကြောင်းပစ်ကူပေး၍ အင်အားများပြီး မြို့ကို ပြန်လည် ထိုးစစ် ဆင်ခဲ့သည်။

ထိုအခြေအနေနှင့် ပတ်သက်၍ ရဲဘော် မန်းလေးက “မနက် ၆ နာရီခွဲလောက် မြို့ကို အကုန်သိမ်းနိုင်ပြီးတော့ နယ်မြေခံ အဖွဲ့ အစည်းတွေက နယ်မြေရှင်းလင်းရေး လုပ်ကြတယ်ပေါ့။ ၁၁ နာရီကျော်လောက် ကျနော်တို့ ပြန်လာတဲ့လမ်းမှာပဲ လေ ကြောင်းတက်သွားတာ တွေ့လိုက်တယ်။ မြို့သိမ်းပြီး ၅ နာရီ၊ ၆ နာရီလောက်အတွင်းမှာ ပြန်ပြီး ထိုးစစ်ဆင်လာတာပေါ့” ဟု ပြောသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
62
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
43
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
295

စစ်ကောင်စီက ပထမအကြိမ် Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ဒီပဲယင်းမြို့အနီး ပစ်ခတ်ပြီး Mi 17 နှစ်စီးနှင့် မြို့ ၏ အရှေ့မြောက်ဘက် အောင်ချမ်းသာရွာ၌ လူအင်အားချ၍ မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးလာသော တပ်ဖွဲ့ဝင်များနှင့် ပေါင်း ကာ ပြန်လည် ထိုးစစ်ဆင်ခဲ့သည်။

ထို့နောက် ညနေ ၃ နာရီခန့်တွင် Mi 35 ဖြင့် လုံခြုံရေးယူ၍ Mi 17 နှစ်စီးနှင့် လူအင်အားများ ထပ်မံချပေးခဲ့ပြီး ဆက်လက် ထိုးစစ်ဆင်ခဲ့ရာ သြဂုတ် ၁၈ ရက် ညနေပိုင်းအတွင်းမှာပင် မြို့ပေါ်နေရာများကို စစ်ကောင်စီတပ်က ပြန်လည် ထိန်းချုပ် နိုင်ခဲ့သည်။

ဒီပဲယင်းမြို့ရှိ စစ်စခန်းများအား ဝင်ရောက် တိုက်ခိုက်ခဲ့သည့် PDF တပ်ဖွဲ့တချို့/ PDF

ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “တခြားက လာတဲ့ပူးပေါင်းတပ်တွေ ပြန်သွားကြပြီး နယ်မြေခံ တပ်တွေပဲ လုံခြုံရေးယူထားတဲ့အချိန်မှာ အရှေ့ရက်မှာ စစ်ပန်းထားတာရော ခဲယမ်းအခက်အခဲကြောင့် ဆုတ်ပေးလိုက်ရ တယ်။ ပူးပေါင်းတပ်တွေအနေနဲ့ ပြန်လာဖို့ကလည်း သူတို့မှာလည်း ခဲယမ်း ပြဿနာက ရှိနေတယ်” ဟု ပြောသည်။

ခဲယမ်းအခက်အခဲကြောင့် မြို့ပေါ်ကနေဆုတ်ခွာပေးခဲ့ရသော်လည်း စစ်ကောင်စီ၏ နမခ (အနောက်မြောက်တိုင်း စစ်ဌာန ချုပ် မုံရွာ) နှင့် မိုင် ၄၀ ခန့်အကွာရှိမြို့အား သိမ်းနိုင်ခဲ့ခြင်း၊ လေကြောင်း ပစ်ကူများကြား ဒီပဲယင်းမြို့ပေါ်ရှိ စခန်းများကို သိမ်းပိုက်၊ ဖျက်ဆီးနိုင်ခဲ့ခြင်းသည် ကြီးမားသည့်အောင်မြင်မှုဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကိုင်းတိုင်းတွင် မြို့များကိုသိမ်းနိုင်သော်လည်း ထိန်းနိုင်ခြင်းမရှိသည့်အခြေအနေနှင့်ပတ်သက်၍ မြောင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ တာဝန်ရှိသူ ကိုနွေဦးက “အဓိက ကျနော်တို့ပြဿနာက သိမ်းနိုင်တဲ့ အခြေအနေမှာပဲ ခဲယမ်း လုံလုံလောက်လောက် သုံးနိုင်ပြီးတော့ ထိန်းဖို့ပြန်ပြီး ခုခံဖို့အတွက် မလုံလောက်ပြန်တော့ဘူး “ဟု ပြောသည်။

စစ်ကိုင်းတိုင်းတွင် တော်လှန်ရေး ပူးပေါင်းတပ်များ လက်နက်ခဲယမ်းလုံလောက်မှုမရှိခြင်း၊ မြေပြန့်ဖြစ်သည့်အပြင် မြို့များ တမြို့နှင့် တမြို့ ဆက်စပ်နေပြီး လမ်းကြောင်း များပြားခြင်း၊ စစ်ဗျူဟာချမှတ် တိုက်ပွဲဖော်ဆောင်ခြင်း မဟုတ်သော ကြောင့် ဖြစ်သည်ဟု စစ်ကိုင်းဖိုရမ် ဖြစ်မြောက်ရေးတာဝန်ခံလည်း ဖြစ်ပြီး စစ်ကိုင်းတိုင်းစစ်ရေးအခြေအနေများအား လေ့ လာစောင့်ကြည့်နေသူ ကိုစိုးဝင်းဆွေက ပြောသည်။

၎င်းက “စစ်ဗျူဟာအရ အားလုံးကို စစ်ကိုင်းတိုင်းတတိုင်းလုံး တစုံလုံးစာ ခြုံငုံပြီးတော့ စစ်ရေးအရ ဘယ်မြို့ကတော့ အရေးပါတယ်၊ ဘယ်မြို့ကတော့ သိမ်းပြီး ထိန်းလို့ရမယ်။ ဘယ်မြို့ကို ဆက်သိမ်းမယ်ဆိုတဲ့ အစီအမံမျိုးနဲ့သွားတာ မဟုတ် ဘဲ အားနည်းမယ်ထင်တဲ့ မြို့ကို သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက ဝင်သိမ်းလိုက်တာ။ စစ်ရေး Plan၊ စစ်ရေးဗျူဟာ ဆွဲပြီး လုပ်တာမဟုတ်ဘဲနဲ့ မိမိနီးစပ်ရာအဖွဲ့တွေက ကိုယ်နဲ့အနီးဆုံး ရန်သူ အားနည်းတဲ့အချိန်မှာ ဝင်လုပ်တဲ့ပုံစံမျိုး ဖြစ်တာပေါ့” ဟု သုံးသပ်သည်။

စစ်ကိုင်းတိုင်းတွင် ခရိုင်မြို့ဖြစ်သည့် ကောလင်းမြို့ကို ပြီးခဲ့သော နိုဝင်ဘာလက သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အုပ်ချုပ်ရေး ယန္တရားများ ပြန်လည်ပတ်နေသည့် လပိုင်းအတွင်း ယခုနှစ် ဖေဖော်ဝါရီလ၌ အင်အားအလုံး အရင်းဖြင့် စစ်ကောင်စီ ထိုးစစ်ဆင်ခဲ့ကာ ပြန်လည် ထိန်းချုပ်ခဲ့သည်။

ထို့ပြင် ပြီးခဲ့သော မတ်လ၌လည်း ကနီမြို့ကို ပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သော်လည်း စစ်ကောင်စီ က ထိုးစစ် ဆင်၍ ရက်ပိုင်းအတွင်း ပြန်ထိန်းချုပ်နိုင်ခဲ့သည်။

စစ်ကိုင်းတိုင်းတွင် ပူးပေါင်းတပ်များ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည့် ခရိုင်အဆင့်၊ မြို့နယ်အဆင့် မြို့များသည် စစ်ကောင်စီ၏ ထိုးစစ်အတွင်း ပြန်လည် ဆုံးရှုံးခဲ့ရပြီး ဟုမ္မလင်းမြို့နယ်ရှိ ရွှေပြည်အေးမြို့၊ ခါမ်းပါတ်မြို့၊ မြို့သစ်မြို့၊ ကသာခရိုင်ရှိ မော်လူး မြို့တို့ကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထားပြီး ထိန်းချုပ်ထားဆဲဖြစ်သည်ဟု သိရသည်။

You may also like these stories:

PDF လက်မှ ဒီပဲယင်း ပြန်ရရန် လေကြောင်းသုံး စစ်ဆင်

ရပ်/ကျေးအဆင့်ထိ လက်နက်တပ်ဆင်ဖို့ စစ်ကောင်စီ လုပ်ဆောင်

Your Thoughts …
Tags: PDFစစ်ကောင်စီထိုးစစ်ဆင်ဒီပဲယင်းလေကြောင်းတိုက်ခိုက်မှု
စောလွင်

စောလွင်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဦးသိမ်းဝေကို စစ်ကောင်စီ စွဲချက်တင် (ရုပ်/သံ)

ဦးသိမ်းဝေကို စစ်ကောင်စီ စွဲချက်တင် (ရုပ်/သံ)

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved