• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

ရပ်/ကျေးအဆင့်ထိ လက်နက်တပ်ဆင်ဖို့ စစ်ကောင်စီ လုပ်ဆောင်

by ဧရာဝတီ
19 August 2024
in Military, သတင်း
A A
ရပ်/ကျေးအဆင့်ထိ လက်နက်တပ်ဆင်ဖို့ စစ်ကောင်စီ လုပ်ဆောင်

စစ်မှုထမ်းရန်စုဆောင်းထားသည့်သူများအား စစ်ရေးပြသင်တန်းပေးနေစဉ်

2.6k
VIEWS
Share on FacebookShare on Twitter

မြို့၊ ရွာလုံခြုံရေး အကြောင်းပြချက်ဖြင့် စစ်တပ် လက်အောက်ခံ ရပ်ကွက်/ ကျေးရွာအဆင့် အဖွဲ့အစည်းများအား လက် နက်တပ်ဆင်ပေးရန်အတွက် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို စစ်ကောင်စီက ဩဂုတ် ၁၆ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ထိုအဖွဲ့ ဖွဲ့စည်းကြောင်း အမိန့်ကြေညာစာအား စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက်မှတ် ရေးထိုးထားခြင်း ဖြစ်သည်။

အဖွဲ့အား စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်မည်ဖြစ်ပြီး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ကွပ်ကဲမှု အဖွဲ့များဖွဲ့စည်းခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့များဖွဲ့ကာ တိုက်ပွဲနှင့် ကိုက်ညီသည့် လက်နက်တပ်ဆင်ခြင်း၊ ထိရောက်စွာ တိုက်ပွဲဝင်နိုင်ရေး နည်းဗျူဟာများ လေ့ကျင့်ပေးခြင်း၊ ရိက္ခာ အချိန်မီ ဖြည့်တင်းနိုင်ရေး စီစဉ်ခြင်းတို့ကို ကွပ်ကဲရမည် ဖြစ်ကြောင်း ဗဟိုအဖွဲ့ လုပ်ငန်းတာဝန်တွင် ဖော်ပြထားသည်။

ထို့ပြင် တပ်ဖွဲ့ဝင်များအား နောက်ပိုင်း နယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေးအပြင် ရှေ့တန်းအထိ ထောက်ပံ့ဆက်သွယ်ရေးနှင့် ဒဏ်ရာရသူများ ကယ်ထုတ်ရေး ထမ်းဆောင်ရန်လေ့ကျင့်ပေးခြင်း၊ ပြုန်းတီးအင်အားဖြည့်တင်းခြင်းနှင့် တိုးချဲ့ဖွဲ့စည်းခြင်း၊ ဒဏ်ရာရနှင့် တိုက်ပွဲကျ ဆုံးသူများအတွက် ထောက်ပံ့မှုရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်း လည်း ဖော်ပြထားသည်။

နည်းပညာမြင့် စစ်လက်နက်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရန်အတွက် အတတ်ပညာရှင်များထည့်သွင်းဖွဲ့စည်းရန်နှင့် တာ ဝန်ထမ်းဆောင်မှုအပေါ် မူတည်ကာ စစ်မှုထမ်းရွှေ့ဆိုင်းခွင့် လျော့ပေါ့၊ သက်သာခွင့်များ ဆောင်ရွက်ပေးရန်လည်း ဖော်ပြ ထားသည်။

နိုင်ငံအနှံ့ ခုခံတိုက်ခိုက်မှုများကြောင့် စစ်ရေးအရ ရှုံးနိမ့်ကာ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးပြီး ထိန်းချုပ်နယ်မြေ အများအပြား လက်လွှတ်ခဲ့ရသည့် စစ်တပ်အနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းကာ အတင်းအကျပ် စစ်သား စု ဆောင်း လေ့ကျင့်ပေးလျက်ရှိသည့်အပြင် ၎င်းတို့လက်အောက်ခံ ရပ်/ကျေးအဆင့်များကိုပါ လက်နက်တပ်ဆင်ရန် ထပ်မံ ပြုလုပ်လာခြင်း ဖြစ်သည်။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့အား မည်သူမည်ဝါဖြင့် ဖွဲ့စည်းမည်ကို အတိအကျ မသိရသေးသော် လည်း စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်တပ်ဖော်ဆောင်ရန် လုပ်ဆောင်နေသည့် ပြည်သူ့လုံခြုံရေး စနစ်တွင် စစ်တပ်၊ ရဲ၊ ရပ်ရွာလုံခြုံရေး အထောက်အကူပြုအဖွဲ့နှင့် ပြည်သူများ ပါဝင်မည်ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်က ထုတ် ပြောထားသည်။

ထို့ပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ယခုနှစ် ဇန်နဝါရီလက စစ်ကောင်စီထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးစနစ်အကြောင်းပြောဆိုခဲ့ပြီး နိုင်ငံရေးပါတီများအနေဖြင့် ပူးပေါင်း ပါဝင်ကြရန်လည်း ပြောဆိုခဲ့သည်။

လက်ရှိ ဖွဲ့စည်းလိုက်သည့် ဗဟိုအဖွဲ့တွင်မူ ဒုဥက္ကဋ္ဌများအနေဖြင့် ကာကွယ်ရေးဒုဝန်ကြီးနှင့် ပြည်ထဲရေးဒုဝန်ကြီး၊ အဖွဲ့ဝင် များအဖြစ် တွဲဖက်စစ်ရေးချုပ်၊ တွဲဖက်စစ်ထောက်ချုပ်၊ ဒုတိုင်းမှူးများ၊ လုံ/နယ်ဝန်ကြီးများ၊ ရဲချုပ်၊ စစ်မှုထမ်းဟောင်းအဖွဲ့ ဌာနချုပ်မှူး၊ စစ်ဦးစီးဗိုလ်မှူးကြီး (တာဝန်) ကကကြည်းစီမံရေးနှင့် တာဝန်ဌာန(တာဝန်ဌာနခွဲ)၊ ဒုညွှန်ကြားရေးမှူး ပြည်သူ့စစ် နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၊ ထွေ/အုပ် ဒုညွှန်ကြားရေးမှူးချုပ်၊ မီးသတ် ဒုညွှန်ကြားရေးမှူးချုပ်တို့ ပါဝင်မည်ဖြစ် ပြီး အတွင်းရေးမှူးအဖြစ် ဥက္ကဋ္ဌ တာဝန်ပေးအပ်သူက ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
88
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

နိုင်ငံအနှံ့တိုက်ပွဲများ ဖြစ်ပွားလာသလို စစ်တပ်အနေဖြင့် မြို့များကို လက်လွှတ်ဆုံးရှုံးရမှုများလာခြင်း၊ စစ်သားအင်အား လျော့နည်းလာခြင်းတို့ကြောင့် လက်ရှိတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းပြီး စစ်သင်တန်းများပေးနေသလို ကျေးရွာ များ၌လည်း ပြည်သူ့စစ် (ပျူစောထီး) အတွင်း ဝင်ရောက်ရန် အဓမ္မခေါ်ယူနေခြင်းများလည်း ရှိနေသည်။

You may also like these stories:

ထောက်ခံသူများကပင် မင်းအောင်လှိုင်ကို ပြန်ရှုတ်ချနေကြပြီ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်

Your Thoughts …
Tags: နယ်စပ်ရေးရာဝန်ကြီးပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးလက်နက်တပ်ဆင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဆိုက်ကားဆရာများ ပြည်သူ့စစ်လုပ်ရန် စစ်ကောင်စီစည်းရုံးနေ

ဆိုက်ကားဆရာများ ပြည်သူ့စစ်လုပ်ရန် စစ်ကောင်စီစည်းရုံးနေ

by ဧရာဝတီ
10 September 2024
2.3k

သြဂုတ်လနှောင်းပိုင်းက စီးပွားရေးမြို့တော် ရန်ကုန်တွင် ရပ်ကွက်အဆင့် ပြည်သူ့စစ်များကို စတင်ဖွဲ့ရန် စည်းရုံးနေသည်။

Next Post
ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ရုံးခန်း ပြောင်းရွှေ့ခံရ

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရုံးခန်း ပြောင်းရွှေ့ခံရ

လားရှိုးထောင် ဘယ်လိုပွင့်ခဲ့သလဲ (ရုပ်/သံ)

လားရှိုးထောင် ဘယ်လိုပွင့်ခဲ့သလဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved