• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

by ဧရာဝတီ
17 May 2025
in သတင်း
A A
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် နဲ့ တက်စ်လာ ကား / msn.com

1.7k
VIEWS
Share on FacebookShare on Twitter

အီလွန်မတ်စ် ပိုင် တက်စ်လာ (Tesla) ဟာ ၂၀၁၉ တုန်းက Model 3 sedans ကားတွေကို အငှားနဲ့ ရယူနိုင်ပြီး သတ်မှတ်ချိန် ပြည့်ရင် ပြန်အပ်ရမယ်လို့ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလ ကယ်လီဖိုးနီးယားမှာ ပြုလုပ်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတွေ တွေ့ဆုံပွဲတခုမှာ အီလွန်မတ်စ်က “ခင်ဗျားတို့ ဝယ်လို့မရဘူး။ ဒီကားတွေကို ကျနော်တို့ ပြန်လိုချင်တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် “သေချာတာက နောက်နှစ်မှာ လမ်းတွေပေါ် robotaxi ၁ သန်းကျော် ရောက်နေလိမ့်မယ်” လို့လည်း ပြောဆိုခဲ့ ပါတယ်။

အဆိုပါ ကားတွေကို တက်စ်လာရဲ့ အစီအစဉ်ဖြစ်တဲ့ robotaxi ကွန်ရက်မှာ အသုံးပြုဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလမှာ အဲ့ဒီ ပေါ်လစီကို အဆုံးသတ်လိုက်ပြီလို့ သိရပါတယ်။

အီလွန်မတ်စ် ပြောခဲ့တဲ့ robotaxi တွေဟာ အခုချိန်ထိ ဖြစ်မလာခဲ့ဘဲ တက်စ်လာ ကုမ္ပဏီ အနေနဲ့ အဆိုပါ ငှားရမ်းထားတဲ့ ကားတွေကို ထုတ်ရောင်းခဲ့တယ်လို့ တက်စ်လာရဲ့ လုပ်ငန်းစဉ်တွေနဲ့ နီးစပ်သူ ၄ ဦးက ပြောဆိုကြပါတယ်။

အဆိုပါ ကားတွေကို ဆော့ဖ်ဝဲ အဆင့်မြှင့်ပြီး features အသစ်တွေ ထည့်သွင်းကာ ဝယ်သူ အသစ်တွေထံ ပုံမှန်ဈေးထက် တင်ပြီး ရောင်းချခဲ့တယ် လို့လည်း ၎င်းတို့က ပြောပါတယ်။

“ဒီနည်းလမ်းက အသုံးပြုပြီးသား ကားတွေကို ဈေးတင်ဖို့ အလွယ်ကူဆုံး နည်းလမ်းပဲ” လို့ သူတို့ထဲက တဦးက ဆိုပါတယ်။

တက်စ်လာနဲ့ အီလွန်မတ်စ်ကို ဒီသတင်းအတွက် မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တုံ့ပြန်မှု မရှိခဲ့ပါဘူး။

အီလွန်မတ်စ်ရဲ့ လူသိထင်ရှား ပြောဆိုခဲ့မှုတွေနဲ့ တက်စ်လာရဲ့ ဝက်ဘ်ဆိုက်မှာ ရှိတဲ့ ငှားရမ်းမှုဆိုင်ရာ ဖော်ပြချက်တွေကို ဘေးဖယ်ထားမယ်ဆိုရင် အခုနည်းလမ်းဟာ တရားဥပဒေနဲ့ ညီညွတ်မှု ရှိနိုင်တယ် လို့လည်း ဆိုပါတယ်။

တက်စ်လာရဲ့ ဘဏ္ဍာရေး အချက်အလက်တွေအရ ၂၀၁၉ ကစတင်ပြီး ထုတ်လုပ်မှုရဲ့ ၄ ဒသမ ၄ ရာနှုန်းဖြစ်တဲ့ ကား အစီးရေ ၃၁၄၀၀၀ ကို ကမာ္ဘတဝန်းမှာ ငှားရမ်းခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

Tesla Model 3 ကား / Tesla

နီးစပ်သူတွေရဲ့ အဆိုအရ ငှားရမ်းပြီး ပြန်ရောက်လာတဲ့ ကားတွေကို အဆင့်မြှင့်တင်တဲ့ အနေနဲ့ အရင်က ဒေါ်လာ ၁၅၀၀၀၊ အခု ဒေါ်လာ ၈၀၀၀ နဲ့ သီးသန့် ရောင်းချနေတဲ့ “Full Self-Driving” ဆော့ဖ်ဝဲ နဲ့ ကားကို ပိုမြန်စေတဲ့ ဒေါ်လာ ၂၀၀၀ တန် “acceleration boost” တို့ကို ထည့်သွင်း ပေးခဲ့ကြောင်းလည်း သိရပါတယ်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
94
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
26

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
41

အပြီးသတ် ဝယ်ယူခွင့် မရှိတဲ့ ငှားရမ်းမှု ပေါ်လစီကို Model 3 နဲ့ စတင်ခဲ့ပေမယ့် နောက်ပိုင်းမှာ တခြား မော်ဒယ်တွေကိုပါ ထည့်သွင်း လာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှာတော့ တက်စ်လာရဲ့ မြောက်အမေရိက ရုံးက “ငှားရမ်းပြီး အပြီးသတ် ဝယ်လို့ရပြီ” လို့ X မှာ တင်ခဲ့ပါတယ်။

တက်စ်လာရဲ့ ငှားရမ်းမှုဆိုင်ရာ ဝက်ဘ် စာမျက်နှာတွေမှာလည်း “ဝယ်ယူဖို့ ဖြစ်နိုင်သည်” လို့ ပြောင်းလဲခဲ့ပါတယ်။

တချို့သော ငှားရမ်းခဲ့ဖူးသူတွေ ကတော့ အခု သတင်းအတွက် စိတ်ပျက်နေကြတယ်လို့ ဆိုပါတယ်။

Model Y ကို ၃ နှစ် ငှားရမ်းပြီး ပြန်အပ်ခဲ့သူ Joe Mendenhall ဆိုသူက တက်စ်လာ ဝန်ထမ်းတွေဟာ robotaxi တွေ အတွက် သူငှားခဲ့တဲ့ ကားကို ပြန်လိုတယ်လို့ ပြောခဲ့ပေမယ့် နောက် တနှစ်မှာ ကားကို ရောင်းချလိုက်တယ် ဆိုတာ သိလိုက်ရကြောင်း ပြောဆိုပါတယ်။

Joe က X မှာ “ငှားတဲ့ကားကို ဝယ်မရဘူးဆိုတာ အလိမ်အညာတွေပဲ။ ငါ့ကိုပြောခဲ့သလို robotaxi မလုပ်ဘဲ အဲ့ဒီ ကားကို လေလံတင် ရောင်းချခဲ့တယ်” လို့ ရေးသားခဲ့ပါတယ်။

တက်စ်လာ ကားတွေရဲ့သက်တမ်းနဲ့ အခြားသော EV ကား ပြိုင်ဖက်တွေကြောင့် အခြားသော ကားတွေထက် တက်စ်လာ ကားတွေဟာ တန်ဖိုး ကျဆင်းမှု ပိုမြန်နေတယ်လို့ သိရပါတယ်။

ကားဟောင်း ရောင်းချမှု အချက်အလက်တွေကို သုံးသပ်တဲ့ CarGurus ရဲ့ ဆန်းစစ်ချက်မှာ တက်စ်လာ ကားဟောင်းတွေ ရဲ့ ပျမ်းမျှ ရောင်းဈေးဟာ မနှစ်ကထက် ၇ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းလာပြီး အခြားသော ကားအမျိုးအစား အားလုံးကတော့ ၀ ဒသမ ၈ ရာခိုင်နှုန်းပဲ ကျဆင်းတယ်လို့ ဆိုထားပါတယ်။

Cybertruck ကားတွေရဲ့ ဈေးနှုန်းက မနှစ်ကထက် ၄၆ ရာခိုင်နှုန်း ကျဆင်းလာပြီး Model Y ရဲ့ ဈေးနှုန်းကတော့ ၁၄ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းလာခဲ့တယ်လို့ သိရပါတယ်။

Ref : Reuters

Your Thoughts …
Tags: CybertruckModel 3 sedansModel YrobotaxiTeslaXတက်စ်လာဘာသာပြန်အီလွန်မတ်စ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

by ဧရာဝတီ
25 March 2025
11.6k

မစ္စတာ အီလွန်မတ်စ်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက စကားမပြောတော့သည့် မစ္စ ဝီလ်ဆင်သည် ဘီလျံနာ မတ်စ်ကို လူသိရှင်ကြား ဝေဖန်သည်မှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပေ။

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

by ဧရာဝတီ
22 December 2024
9.6k

သူဟာ ChatGPT အပါအဝင် AI စနစ်တွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ OpenAI ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဖွင့်ချရင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့်…

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.8k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

by ဧရာဝတီ
15 March 2025
7.4k

မကြာသေးခင် ကလည်း ဖက်ဒရယ် လုပ်သား အင်အားလျှော့ချမှုမှာ မတ်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်မှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

၂၀၂၅ တရုတ် ရိုးရာ မြွေနှစ် ကံကောင်းခြင်းတွေ ယူဆောင်လာမှာလား

၂၀၂၅ တရုတ် ရိုးရာ မြွေနှစ် ကံကောင်းခြင်းတွေ ယူဆောင်လာမှာလား

by ဧရာဝတီ
4 January 2025
6k

တရုတ် ယဉ်ကျေးမှုအရ ရာသီ စက်ဝန်း သင်္ကေတ (Zodiac Sign) ၁၂ ခု အနက် မြွေဟာ နားလည်ရ အခက်ဆုံးဖြစ်ပြီး မြွေနှစ်မှာ မွေးဖွားသူတွေဟာ ထိုးထွင်း သိမြင်နိုင်စွမ်း မြင့်မားတယ်လို့ ဆိုကြပါတယ်။

Next Post
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved