• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အီလွန်မတ်စ် SpaceX က ပင်တဂွန် နဲ့ ဒေါ်လာ သန်း ၇၀၀ ကျော် တန်ဖိုးရှိစာချုပ်တွေ ချုပ်နိုင်လို့ ဆို

by ဧရာဝတီ
11 October 2025
in သတင်း
A A
အီလွန်မတ်စ် SpaceX က ပင်တဂွန် နဲ့ ဒေါ်လာ သန်း ၇၀၀ ကျော် တန်ဖိုးရှိစာချုပ်တွေ ချုပ်နိုင်လို့ ဆို

ကမ္ဘာ့ အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ် နဲ့ SpaceX / screenrant.com

556
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ အချမ်းသာဆုံး ဘီလီယံနာ သူဌေးကြီး အီလွန်မတ်စ်ပိုင် SpaceX ကုမ္ပဏီက အမေရိကန် စစ်ဌာနချုပ် ပင်တဂွန် အာကာသ လုံခြုံရေး အဖွဲ့နဲ့ ဒေါ်လာ သန်း ၇၀၀ ကျော် တန်ဖိုးရှိ စစ်ဘက် အာကာသ လွှတ်တင်မှု ဆိုင်ရာ စာချုပ်တွေ ချုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန် အာကာသ လုံခြုံရေး အဖွဲ့ဟာ လာမယ့် ဘဏ္ဍာရေးနှစ် အတွက် အရေးကြီး စစ်ဘက်ဆိုင်ရာ အာကာသ လွှတ်တင်မှု ၇ ခုထဲက ၅ ခု အတွက် SpaceX ကုမ္ပဏီကို ရွေးချယ် ချုပ်ဆိုခဲ့ပြီး စုစုပေါင်း တန်ဖိုး ဒေါ်လာ ၇၁၄ သန်း ရှိကြောင်း သိရပါတယ်။

အီလွန်မတ်စ်နဲ့ သမ္မတ ဒေါ်နယ်ထရမ့် ကြားမှာ လူသိရှင်ကြား တင်းမာမှုတွေ ရှိနေပေမယ့် အခုစာချုပ်တွေက ပင်တဂွန်ရဲ့ အာကာသ ဆိုင်ရာ စာချုပ်တွေအပေါ် SpaceX ရဲ့လွှမ်းမိုးနိုင်စွမ်းကို ဖော်ပြနေတယ်လို့ ဆိုကြပါတယ်။

ဒေါ်လာ ၄၂၈ သန်း တန်ဖိုးရှိ ကျန်တဲ့ မစ်ရှင် ၂ ခု အတွက်ကိုတော့ United Launch Alliance (ULA) ကို ရွေးချယ် ခဲ့ကြောင်း သိရပါတယ်။

စာချုပ်တွေက အမျိုးသား လုံခြုံရေးဆိုင်ရာ အာကာသ လွှတ်တင်ရေး ပရိုဂရမ် (NSSL) ရဲ့ လက်အောက်မှာ ရှိပြီး ၂၀၂၇ ခုနှစ်ကနေ ၂၀၃၂ ခုနှစ်အတွင်း လွှတ်တင်ဖို့ ရည်ရွယ်ထားတဲ့ ဒေါ်လာ ၁၃ ဒသမ ၅ ဘီလီယံ တန်ကြေးရှိ မစ်ရှင် ၅၄ ခု အတွက် SpaceX, ULA နဲ့ ဂျက်ဘီဇော့ဖ် ပိုင် Blue Origin ကုမ္ပဏီတွေကို ရွေးချယ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အာကာသက အမျိုးသား လုံခြုံရေးအတွက် အရေးကြီးတဲ့ နေရာပါ” လို့ အမေရိကန် အာကာသ စနစ် ကွပ်ကဲရေးရဲ့ ဗိုလ်မှူးကြီး Eric Zarybnisky က ပြောပါတယ်။

သူက“စစ်သူရဲကောင်းတွေဆီ အထောက်အပံ့ ကောင်းတွေ ပေးနိုင်ဖို့က ကျနော်တို့ရဲ့ အမြင့်ဆုံး ရည်မှန်းချက်ပါ။ ဒီ ရည်မှန်းချက်ကို အောင်မြင်နိုင်ဖို့ အစိုးရနဲ့ ပူးပေါင်းမှုတွေ အားကောင်းမှုအပေါ် ကျနော်တို့ မှီခိုနေပါတယ်” လို့လည်း ပြောဆို ပါတယ်။

SpaceX နဲ့ ချုပ်ဆိုထားတဲ့ မစ်ရှင်တွေထဲမှာ ဆက်သွယ်ရေး ဂြိုဟ်တု ၁ လုံး၊ ကင်းထောက် ဂြိုဟ်တု ၁ လုံး လွှတ်တင်ဖို့နဲ့ လျှို့ဝှက်ထားတဲ့ ငွေပေးချေမှု ၃ ခု ပါဝင်ပြီး အာကာသ တပ်ဖွဲ့ရဲ့ ၂ နှစ် ကြိုတင် စီမံကိန်းအရ ၂၀၂၇ မှာ လွှတ်တင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

Blue Origin ရဲ့ New Glenn ဒုံးပျံတွေကိုတော့ NSSL မစ်ရှင်တွေအတွက် အရည်အသွေး မပြည့်မီကြောင်း သတ်မှတ်ခဲ့ပြီး အခုတခေါက်မှာ မရွေးချယ်ခဲ့ဘူး လို့လည်း သိရပါတယ်။

၂၀၂၄ ခုနှစ်တည်းက နောက်ဆုတ်ထားပြီး ပြီးခဲ့တဲ့ စက်တင်ဘာ လကုန်ပိုင်းမှာ လွှတ်တင်ဖို့ ရည်ရွယ်ထားတဲ့ Blue Origin ရဲ့ NASA Mars မစ်ရှင်က သူတို့ရဲ့ အရည်အသွေး ပြည့်မီမှု အလားအလာကို မြှင့်တင်ပေးနိုင်ချေ ရှိပေမယ့် စာချုပ် ချုပ်ဆို နိုင်မယ့် အခွင့်အရေးက ၂၀၂၇ ဘဏ္ဍာရေးနှစ် ရောက်မှ ရနိုင်တော့မယ်လို့ ဆိုပါတယ်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
12
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
490
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
40

အခု စာချုပ်တွေက အမျိုးသား လုံခြုံရေးဆိုင်ရာ အာကာသ လွှတ်တင်မှုတွေမှာ SpaceX ရဲ့ ဦးဆောင်မှုကို မီးမောင်းထိုးပြ နိုင်ခဲ့ပြီး Blue Origin အနေနဲ့တော့ ယှဉ်ပြိုင်မှုမှာ ခြေကုပ် ရရှိနိုင်ဖို့ ဆက်လက် ကြိုးစားသွားရဦးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

Ref : Times of India

Your Thoughts …
Tags: NSSLSpaceXဂျက်ဘီဇော့ဖ်ပင်တဂွန်အာကာသအီလွန်မတ်စ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

by ဧရာဝတီ
25 March 2025
11.6k

မစ္စတာ အီလွန်မတ်စ်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက စကားမပြောတော့သည့် မစ္စ ဝီလ်ဆင်သည် ဘီလျံနာ မတ်စ်ကို လူသိရှင်ကြား ဝေဖန်သည်မှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပေ။

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

by ဧရာဝတီ
22 December 2024
9.6k

သူဟာ ChatGPT အပါအဝင် AI စနစ်တွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ OpenAI ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဖွင့်ချရင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့်…

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.8k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

by ဧရာဝတီ
15 March 2025
7.4k

မကြာသေးခင် ကလည်း ဖက်ဒရယ် လုပ်သား အင်အားလျှော့ချမှုမှာ မတ်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်မှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

ထရမ့် အစိုးရမှာ ပါဝင်မယ့် ဘီလီယံနာတွေ ဝါရှင်တန်မှာ ဇိမ်ခံ တန်ဖိုးကြီး အိမ်ရာတွေ ဝယ်ယူနေ

ထရမ့် အစိုးရမှာ ပါဝင်မယ့် ဘီလီယံနာတွေ ဝါရှင်တန်မှာ ဇိမ်ခံ တန်ဖိုးကြီး အိမ်ရာတွေ ဝယ်ယူနေ

by ဧရာဝတီ
25 January 2025
4.9k

ရွေးကောက်ခံ သမ္မတ ဒေါ်နယ် ထရမ့် ရဲ့ အစိုးရအဖွဲ့မှာ ဘီလီယံနာတွေ ဒါဇင်နဲ့ချီ ပါဝင်နေပြီး သူတို့ဟာ ဦးဆောင်သူ နေရာတွေကို ရယူသွားမယ် လို့လည်း ဆိုပါတယ်။

Next Post
ရွေးကောက်ပွဲ စိုင်းပြင်းမှုနှင့်အတူ ပိုမိုပြင်းထန်လာနေသည့် တိုက်ခိုက်မှုများ

ရွေးကောက်ပွဲ စိုင်းပြင်းမှုနှင့်အတူ ပိုမိုပြင်းထန်လာနေသည့် တိုက်ခိုက်မှုများ

အာဆီယံက ထောက်ခံနေပါတယ်ဆိုပြီး စစ်တပ်က ပြည်သူကို လိမ်တာ (ရုပ်/သံ)

အာဆီယံက ထောက်ခံနေပါတယ်ဆိုပြီး စစ်တပ်က ပြည်သူကို လိမ်တာ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved