စစ်ကော်မရှင် (စကမ) က ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာလိုက်သည့် တပြိုင်တည်း တိုက်ခိုက်မှုများက တပြည်လုံးအနှံ့ စစ်ရှိန်ပြန်မြင့်လာသည်ကို တွေ့ရ၏။ တဖက်ကလည်း စကမ တပ်က ရွေးကောက်ပွဲ ကျင်းပနိုင်ရန်ဆိုသည့် ခေါင်းစဉ်အောက်တွင် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်ရန် စစ်ရှိန်မြင့်လာခဲ့သည်ကို တွေ့ရသည်။
ဩဂုတ်လနှင့် စက်တင်ဘာ နှစ်လအတွင်း စကမ တပ်များသည် တပြည်လုံး နေရာအတော်များများတွင် ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။ ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် တပ်မနှစ်ခုဖြင့် စစ်ဆင်နေပြီး တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေသည်။ ဗန်းမော်ဒေသတွင် ရေကြောင်းမှ စစ်ကူရောက်ပြီး စကမ တပ်များ ပြန်လည် ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ပြင်းထန်ကာ တပ်စခန်းအချို့အား စကမ တပ်များက ပြန်လည် သိမ်းပိုက်နိုင်သည်ကို တွေ့ရသည်။
သို့သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ဗန်းမော်မှ ဆုတ်ခွာမသွားဘဲ အချို့နေရာများကို ပြန်လည် ထိုးစစ်ဆင်သိမ်းပိုက်ပြီး အကြိတ်အနယ် တိုက်ခိုက်နေသည်ကို တွေ့ရသည်။
သို့သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ဗန်းမော်မှ ဆုတ်ခွာမသွားဘဲ အချို့နေရာများကို ပြန်လည် ထိုးစစ်ဆင်သိမ်းပိုက်ပြီး အကြိတ်အနယ် တိုက်ခိုက်နေသည်ကို တွေ့ရသည်။
မြစ်ကြီးနားအရှေ့ ဝိုင်းမော်၊ လမြန်တွင်လည်း ဆဒုံးကို ထိုးစစ်ဆင်မည်ဟု ကြွေးကြော်နေသည့် စကမ တပ်များနှင့် တိုက်ပွဲဖြစ်ပွားနေသည်။ ဆော့လော်မြို့နယ်၊ လန်ဆယ်ဒေသသို့ ထိုးစစ်ဆင်တိုက်ခိုက်သည့် စကမ တပ်နှင့် ပြည်သူ့စစ် (ပသစ) များကမူ နောက်ပြန်လန်ကျသွားသည်ကို တွေ့ရသည်။ မြစ်ကြီးအရှေ့မြောက် ဂွေထုတွင် စကမ တပ်များ အင်အားစုပြီး ချီဗွေအား ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည့် သတင်းများလည်း ကြားသိရ၏။
ရှမ်းပြည်မြောက်ပိုင်းတွင် ကျောက်မဲမြို့ကို ပြန်လည်သိမ်းပိုက်ရန် စစ်ရှိန်မြှင့်ခဲ့သည်ကိုတွေ့ရပြီး နှစ်လခန့် အပြင်းအထန်တိုက်ခိုက်ပြီးနောက် အောက်တိုဘာလ ၁ ရက်နေ့တွင် ကျောက်မဲမြို့ကို သိမ်းပိုက်နိုင်ပြီဟု ကြေညာခဲ့၏။ ကျောက်မဲရပြီးနောက် သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံတို့ကို အဆက်မပြတ်ဗုံးကြဲပြီး သီပေါကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်။
မန္တလေးတိုင်းအတွင်း မတ္တရာအရှေ့ဘက်ရှိ ရွှေတွင်းနှင့် ဘိလပ်မြေစက်ရုံကို စကမ တပ်များ ပြန်လည် ထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ပြီး ဆည်တော်ကြီးအား ဆက်လက် ထိုးစစ်ဆင်နေသည်ကို တွေ့ရ၏။ သပိတ်ကျဉ်းနယ်အတွင်း ပြင်းပြင်းထန်ထန် တိုက်ပွဲများဖြစ်ပွားနေပြီး မိုးကုတ်သို့ ချီတက်သည့်လမ်းကြောင်းအား ထိန်းချုပ်နိုင်အောင် စကမ တပ်များ ကြိုးစားနေသော်လည်း ထိန်းချုပ်နိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်ကို တွေ့ရသည်။
မန္တလေးတိုင်းတောင်ပိုင်း မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်များတွင် စကမ စစ်တပ်နှင့် ပြူစောထီးများ အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့် တိုက်ပွဲများ ပြင်းထန်နေသည်ကို တွေ့ရသည်။

ကရင်နီဒေသတွင် မိုးဗြဲ၊ ဒီးမော့ဆို၊ ဖရူဆိုမြို့များကို စကမ တပ်များက ပြန်လည် ထိန်းချုပ်ပြီး ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ ပြင်းထန်နေပြီး ထိုနယ်မြေများတွင် ပြောက်ကျားစစ်ပွဲ အနှံ့အပြားဖြစ်ပွားနေသည်။
ကရင်ပြည်နယ်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားပြီး ဒေါနတောင်ကြောအား စကမ တပ်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် ပြန်လည် ထိန်းချုပ်နိုင်သွားပြီးနောက် စက်တင်ဘာလ ၂၀ ရက်ဝန်းကျင်မှစ၍ လေးကေ့ကော်ဒေသသို့ ထိုးစစ်ဆင်လာရာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်သည်။
စကမ တပ်သည် ဒေါနတောင်ကြောအား ပြန်လည် သိမ်းပိုက်နိုင်သော်လည်း ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီလမ်းကြောင်းအား လုံခြုံရေးအပြည့်အဝ မယူနိုင်သေးဘဲ လမ်းကြောင်းအား ချုပ်ကိုင်နိုင်ရန် အသည်းအသန် ကြိုးစားနေရဆဲဖြစ်သည်။ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်အား ပြန်လည် ထိုးစစ်ဆင်ရန် စကမ တပ်များ စုဖွဲ့ကြိုးပမ်းနေသော်လည်း ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။
စကမ တပ်သည် ဒေါနတောင်ကြောအား ပြန်လည် သိမ်းပိုက်နိုင်သော်လည်း ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီလမ်းကြောင်းအား လုံခြုံရေးအပြည့်အဝ မယူနိုင်သေးဘဲ လမ်းကြောင်းအား ချုပ်ကိုင်နိုင်ရန် အသည်းအသန် ကြိုးစားနေရဆဲဖြစ်သည်။ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်အား ပြန်လည် ထိုးစစ်ဆင်ရန် စကမ တပ်များ စုဖွဲ့ကြိုးပမ်းနေသော်လည်း ထိုးစစ်ဆင်နိုင်ခြင်း မရှိပေ။
မွန်ပြည်နယ်တွင် ရေးနှင့်ထားဝယ်ကားလမ်းကြောင်းအား ပြန်လည် ထိန်းချုပ်နိုင်ရန် စကမ စစ်ကြောင်းများ ထိုးစစ်ဆင်နေပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ရင်ဆိုင်နေသည်ကို တွေ့ရ၏။
တနင်္သာရီတိုင်းတွင် ထားဝယ်၊ မေတ္တာလမ်းကြောင်း၊ တနင်္သာရီ မောတောင်လမ်းကြောင်းများတွင် စကမ တပ်များက ထိုးစစ်ဆင်နေ၍ တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ တနင်္သာရီတိုင်း အနှံ့အပြားတွင် တော်လှန်ရေးတပ်ဖွဲ့များက ဖြန့်ခွဲတိုက်ခိုက်နေသည်ကို တွေ့ရသည်။
ရခိုင်၊ ကျောက်ဖြူတွင် စကမ တပ်များသည် အင်အားအလုံးအရင်း အသုံးပြု၍ စစ်မျက်နှာသုံးခုဖွင့်ပြီး ထိုးစစ်ဆင်နေသော်လည်း တိုးမပေါက်ပေ။ ထို့ပြင် မကွေးတိုင်း ပဒါန်းလမ်းတွင် စကမ တပ်များက ထိုးစစ်ဆင်နေသည့်ကြားမှ ဂုတ်ကြီးအပါအဝင် ကာကင်းစခန်းများကျပြီး နတ်ရေကန်စခန်းအား စကမ တပ်များ အသည်းအသန် ကာကွယ်နေသည်ကို တွေ့ရသည်။
ပြည်-တောင်ကုတ်တောင်ကြားလမ်းတွင် ညောင်ကျိုးကို သိမ်းပိုက်ထားသည့် အာရက္ခတပ်တော် (AA) တပ်များကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော်လည်း နောက်ပြန်လန်ကျပြီး ဆင်လန်တဝိုက်မှ စကမ ကာကင်းစခန်းများကိုပါ စကမ တပ်များ လက်လွှတ်နေရသည်ကို တွေ့ရသည်။
ဧရာဝတီတိုင်းသို့ ထိုးဖောက်လာသည့် AA နှင့် ပူးပေါင်းတပ်များအား အလုံးအရင်းအဖြင့် စကမ တပ်က ထိုးစစ်ဆင်နေသော်လည်း ငသိုင်းချောင်း၊ မြောက်စမ်း အမြောက်တပ်အနီးနှင့် အင်္ဂပူနယ်မြေအတွင်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေဆဲဖြစ်သည်။
မိုးများပြီး စစ်တောင်းမြစ်ရေကြီးသဖြင့် ပဲခူးတိုင်းအရှေ့ခြမ်းတွင် တိုက်ပွဲများ ငြိမ်သက်နေသော်လည်း ပဲခူးတိုင်းအနောက်ခြမ်းတွင် ပြောက်ကျားတိုက်ပွဲများ ပုံမှန်ရှိနေ၏။ သို့သော် ပန်းတောင်း၊ ညောင်ကျိုးဒေသတွင် အားစိုက်နေရ၍ ပဲခူးရိုးမအနောက်ခြမ်းတွင် စကမ ၏ ထိုးစစ်အရှိန်က ပြန်လည်လျော့ကျနေ၏။
စစ်ကိုင်းတိုင်းတွင် စကမ က တပိုင်တနိုင် စစ်ကြောင်းထိုးနေသော်လည်း တပ်အင်အား အလုံအလောက် မသုံးနိုင်၍ တတိုင်းလုံးကို အပြည့်အဝ စစ်ကြောင်းမထိုးနိုင်ပေ။ PDF များက ဗန်းမောက်မြို့ကို စက်တင်ဘာလ ၂၀ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်။
စစ်ကိုင်းတိုင်းတွင် စကမ က တပိုင်တနိုင် စစ်ကြောင်းထိုးနေသော်လည်း တပ်အင်အား အလုံအလောက် မသုံးနိုင်၍ တတိုင်းလုံးကို အပြည့်အဝ စစ်ကြောင်းမထိုးနိုင်ပေ။ PDF များက ဗန်းမောက်မြို့ကို စက်တင်ဘာလ ၂၀ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်။
ထို့ပြင် ကန့်ဘလူနယ်တွင် တပိုင်တနိုင် စခန်းငယ်များ သိမ်းပိုက်ခြင်း၊ ဝန်းသို၊ ကနီ-ချောင်းမ တို့တွင် စကမ စစ်ကြောင်းများအား ဖြတ်တောက်ချေမှုန်းခြင်း တွေ့ရ၏။ စကမ သည် တပ်အင်အားအချို့အား ဟုမ္မလင်းသို့ လေကြောင်းဖြင့်ပို့ပြီး ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်များနှင့် ပူးပေါင်းကာ ဗန်းမောက်သို့ ပြန်လည် ထိုးစစ်ဆင်သဖြင့် ဗန်းမောက် အနောက်ဘက်နှင့် မြောက်ဘက်ခြမ်းတွင် တိုက်ပွဲများပြင်းထန်နေသည်။
မကွေးတိုင်း အနောက်ခြမ်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းတွင် စကမ က ထိုးစစ်ဆင်လျက်ရှိသကဲ့သို့ ပခုက္ကူ၊ ပေါက်၊ မြိုင်၊ ဆိပ်ဖြူ၊ စလင်း၊ မင်းဘူး၊ သရက်နယ်တွင် စကမ က စစ်ကြောင်းထိုးလျက်ရှိပြီး တိုက်ပွဲငယ်များ မပြတ်ဖြစ်ပွားနေသည်ကို တွေ့ရသည်။

ရန်ကုန်တိုင်းအတွင်း မြို့တွင်းတိုက်ခိုက်မှုများ လျော့ကျရာနေရာမှ ဩဂုတ်လတွင် တိုက်ခိုက်မှု ငါးခု၊ စက်တင်ဘာလတွင် ရှစ်ခု၊ အောက်တိုဘာလဆန်းတွင် တခုရှိသည်ကိုတွေ့ရသည်၊ တိုက်ခိုက်မှုပြုလုပ်သူများကို ဖမ်းဆီးရမိကြောင်း မတွေ့ရဘဲ ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာလကုန်အထိ တိုက်ခိုက်မှုများ မြင့်တက်လာနိုင်ပါသည်။
လောလောဆယ် စကမ ထိုးစစ်ရပ်တန့်နေသည်မှာ ချင်းပြည်နယ်တခုသာရှိ၏။ မိုးမကျမီက ချင်းပြည်နယ်မြောက်ပိုင်းအား ထိုးစစ်ဆင်ရာ ပြန်လန်ကျပြီးနောက် ထိုးစစ်များရပ်တန့်နေ၏။ သို့သော် ချင်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းအား ပြန်လည် ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေသည်ဟု ဆိုကြသည်။
သို့ဖြစ်ရာ စကမ က ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာကတည်းက တကယ်တမ်း မြင့်တက်လာသည်မှာ စစ်ပွဲများ၊ တိုက်ခိုက်မှုများဖြစ်၏။ ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့၊ ရွာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံများနှင့် ဘာသာရေးပွဲလမ်းများအား လေကြောင်း၊ ဒရုန်း၊ စက်တပ်လေထီးတို့ဖြင့် တိုက်ခိုက်ခြင်းများကို စကမ တပ်က အများအပြား ပြုလုပ်သဖြင့် အရပ်သားသေဆုံးမှု မြင့်တက်လာသည်ကို တွေ့ရသည်။
တဖက်ကလည်း ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာနေသော်လည်း တပြည်လုံးအနှံ့တွင် တည်ငြိမ်ခြင်း၊ လုံခြုံရေးအရ အာမခံနိုင်ခြင်း မရှိသည်ကို တွေ့ရ၏။ စစ်တပ်ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ဝင်ရောက်အရွေးခံမည့် အမတ်လောင်းစာရင်းကို မကြေညာရဲကြ။ မထုတ်ဖော်ပေ။
တဖက်ကလည်း ရွေးကောက်ပွဲပြုလုပ်မည်ဟု ကြေညာနေသော်လည်း တပြည်လုံးအနှံ့တွင် တည်ငြိမ်ခြင်း၊ လုံခြုံရေးအရ အာမခံနိုင်ခြင်း မရှိသည်ကို တွေ့ရ၏။ စစ်တပ်ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ဝင်ရောက်အရွေးခံမည့် အမတ်လောင်းစာရင်းကို မကြေညာရဲကြ။ မထုတ်ဖော်ပေ။
USDP အမတ်တဦးဖြစ်သူ ဦးမောင်မြင့်က ကနီ၊ မင်းကင်းဒေသတွင် နယ်မြေလုံခြုံမှု မရှိသဖြင့် သွားရောက်ယှဉ်ပြိုင်ခြင်း ပြုမည်မဟုတ်ဘဲ နေပြည်တော်တွင်သာ ဝင်ပြိုင်မည်ဟု ဆိုနေသည်။
ထို့ကြောင့်လည်း စကမ၏ ရွေးကောက်ပွဲသည် မြန်မာပြည်ပြဿနာကို မဖြေရှင်းနိုင်ဟု ဆိုနေကြခြင်းဖြစ်၏။ ရွေးကောက်ပွဲသည် ဦးစားပေးမဟုတ်၊ အကြမ်းဖက်မှုများ အဆုံးသတ်ရေးကိုသာ အာရုံစိုက်ရမည် အာဆီယံက ဆိုနေခြင်းဖြစ်သည်။
ထို့ပြင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာပြီးကတည်းက အကြမ်းဖက်မှုများ၊ မတည်ငြိမ်မှုများ၊ စစ်ပွဲများ ပို၍ တိုးပွားလာသည်ကို တွေ့နေရရာ ရွေးကောက်ပွဲကျင်းပပြီးသည့်ကာလအထိ မြန်မာပြည်လုံခြုံမှု၊ တည်ငြိမ်မှုအခြေအနေသည် ပိုမို ဆိုးဝါးမည်သာ ဖြစ်သည်ဟု ခန့်မှန်းသုံးသပ်ရပေသည်။
(ဇေယျ (အညာ) သည် နိုင်ငံရေးနှင့် စစ်ရေး လေ့လာသူစောင့်ကြည့်သူတဦးဖြစ်သည်။)
You may also like these stories:
စကမ ထိုးစစ်အပေါ် ဆိုက်ဝါးမဟုတ်သော သုံးသပ်ချက်
စစ်တပ်ရွေးကောက်ပွဲက ကရင်ပြည်နယ်တွင်း အခြေအနေပိုရှုတ်ထွေးစေနိုင်
ငလျင်ဒဏ်ခံ မန္တလေးသည် စစ်အုပ်စု ရွေးကောက်ပွဲထိုးစစ် ဗဟိုချက်ဖြစ်နေ
ရွေးကောက်ပွဲနီးလာလေ မြန်မာနိုင်ငံသားတွေ စိုးရိမ်ရလေ
ရွေးကောက်ပွဲလမ်းကြောင်း စစ်အုပ်စု အကြီးအကျယ် ကြိုးစားရှင်းနေသော်လည်း














