• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ငလျင်ဒဏ်ခံ မန္တလေးသည် စစ်အုပ်စု ရွေးကောက်ပွဲထိုးစစ် ဗဟိုချက်ဖြစ်နေ

by ဧရာဝတီ
30 September 2025
in ဆောင်းပါး
A A
ငလျင်ဒဏ်ခံ မန္တလေးသည် စစ်အုပ်စု ရွေးကောက်ပွဲထိုးစစ် ဗဟိုချက်ဖြစ်နေ

မန္တလေး စကိုင်းဗီလာအနီး အပြိုအပျက်များ ရှင်းလင်းနေစဉ်/AFP

503
VIEWS
Share on FacebookShare on Twitter

မုဆိုးမ ခြောက်ဦးသည် ပြိုပျက်နေသည့် မန္တလေးနန်းတော်အတွင်း လမ်းလျှောက်ရင်း ဝမ်းနည်းကြေကွဲမှုများအကြောင်း ပြောဆိုနေကြပြီး ၎င်းတို့သည် ငလျင်ဒဏ်ကြောင့် ပျက်စီးနေကာ ပဋိပက္ခကြောင့် အင်အားချိနဲ့နေသည့် မြို့တော်သို့ အသစ်ရောက်လာသူများ ဖြစ်သည်။

“ကျမတို့ ဒီမှာ ပိုလွတ်လပ်တယ်” ဟု သေဆုံးစစ်သားများ၏ မုဆိုးမများအနက် တဦးကပြောသည်။

သူသည် “စစ်ကြောင့် ပျက်စီးသွားသည့်” သူ၏ဇာတိမြေတွင် စစ်တပ်က စီမံသည့် ငလျင်နာလန်ထရေးဇုန်မှ အဆင်ပြေနိုင်သည့် ခိုလှုံရာသို့ ငလျင်အပြီး လအတန်ကြာတွင် ဘေးလွတ်ရာ ရွှေ့ပြောင်းလာသူဖြစ်သည်။

မတ်လ ၂၈ ရက်နေ့ငလျင်သည် သစ်တောများ အနားသတ်ထားသည့် တောင်များနှင့် ကွေ့ဝိုက်စီးဆင်းနေသော ဧရာဝတီမြစ်အနီး ရှေးဟောင်းမြို့တော် မန္တလေးမှ ဒေသများကို ပြားပြားဝပ်သွားစေပြီး လူ ၃၈၀၀ နီးပါး သေဆုံးစေသည်။

မတ်လ ၂၈ ရက်နေ့ငလျင်သည် သစ်တောများ အနားသတ်ထားသည့် တောင်များနှင့် ကွေ့ဝိုက်စီးဆင်းနေသော ဧရာဝတီမြစ်အနီး ရှေးဟောင်းမြို့တော် မန္တလေးမှ ဒေသများကို ပြားပြားဝပ်သွားစေပြီး လူ ၃၈၀၀ နီးပါး သေဆုံးစေသည်။

ပြင်းအား ၇.၇ ရှိ ငလျင်သည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုမှစတင်ပြီး ပြည်တွင်းစစ်နှင့် ရုန်းကန်နေရသော နိုင်ငံတွင် ပြင်းထန်သော ထိုးနှက်ချက်ဖြစ်သည်။

စစ်အုပ်စုသည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်မည့် ရွေးကောက်ပွဲ ကတိပေးထားပြီး ထိုရွေးကောက်ပွဲများက ပြန့်ကျဲနေသော ဒီမိုကရေစီဘက်တော်သားများမှသည် စစ်သားတပိုင်း တိုင်းရင်းသားတပ်မတော်များအထိ ၎င်း၏ များပြားလှသော ရန်သူများနှင့် ငြိမ်းချမ်းရေးလမ်းကြောင်းဖြစ်သည်ဟု ဆိုသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
143
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.7k
သဇင်ပန်း

သဇင်ပန်း

10 January 2026
104

သို့သော် ကုလသမဂ္ဂမှ ကျွမ်းကျင်သူတဦးက ထိုရွေးကောက်ပွဲသည် “အတုအယောင်” ဖြစ်သည်ဟု ပြောပြီး တော်လှန်ရေးအင်အားစုများကလည်း ထိုရွေးကောက်ပွဲကို တားဆီးမည်ဟု ကြေညာထားသည်။

စစ်အုပ်စုသည် ထိုးစစ်သစ်များဖြင့် တော်လှန်ရေးအင်အားစုများ၏ နယ်မြေများကို ဝိုင်းပတ်ပြီး ၎င်းတို့ လက်ရှိ ထိန်းချုပ်ထားသည့် နယ်မြေများသို့ ရွေးကောက်ပွဲ လက်လှမ်းမီစေရန် နယ်မြေ ချဲ့ထွင်နေသည်။

ဂျက်တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များသည် မန္တလေး၏ ငလျင်ဒဏ်ခံ ကောင်းကင်ကိုဖြတ်၍ ရှေ့တန်း စစ်မျက်နှာသို့ ပျံသန်းနေစဉ် နေရပ်စွန့်ခွာသူသစ်များ နေ့စဉ်ရောက်လာပြီး အများအပြားပျက်စီးနေသည့် ထိုမြို့ကြီးတွင် နေထိုင်ရာနေရာများ ကျပ်တည်းနေသည်။

တာပေါ်လင် အုပ်ထားသည့် နန်းတော်နံရံတွင် စစ်အုပ်စု၏ အနီရောင်စာတန်းက “တပ်နှင့်ပြည်သူ လက်တွဲကူ ပြည်ထောင်စုဖြိုခွဲသူမှန်သမျှ ချေမှုန်းကြ” ဟု တိုက်တွန်းထားသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုမုဆိုးမများသည် ဝမ်းနည်းကြေကွဲနေပြီး ထူးဆန်းကာ ထိခိုက်ပျက်စီးနေသည့် နန်းတော်သို့ နေရပ်စွန့်ခွာရသည်။

“ကျမတို့ယောက်ျားတွေထဲက တချို့က ကျမတို့ မျက်စိရှေ့မှာတင် တိုက်ပွဲမှာသေတာ။ တချို့က အဝေးမှာ သေတာ” ဟု ယခုအခါ ကလေး သုံးယောက်ကို တယောက်တည်း ပြုစုပျိုးထောင်နေရသည့် မုဆိုးမတဦးက ပြောသည်။

နေရပ်စွန့်ခွာ ၉၀,၀၀၀ ကျော် မန္တလေးတိုင်းတွင် နေသည်ဟု ကုလသမဂ္ဂ စာရင်းများအရ သိရသည်/AFP

“ကျမ နိုင်ငံရေး နားမလည်ဘူး။ မြန်မာပြည်သူတွေ တယောက်နဲ့ တယောက် တိုက်ခိုက်နေတာ ကောင်းတယ်လို့ ကျမ မထင်ဘူး” ဟုလည်း သူကပြောသည်။

“စစ်ကို တကယ်မုန်းတယ်” ဟုလည်း သူကပြောသည်။

ထိုဖိအားကို လမ်းမများတွင် ရုတ်တရက် မမြင်နိုင်ပေ။

ပျက်စီးသွားသော အဆောက်အအုံအများစုကို ရှင်းလင်းပြီး ငြမ်းများဖြင့် ပြည့်နေသည့် ထိုမြို့ကြီးသည် ဆောက်လုပ်ရေးလုပ်ငန်း အသင့်အတင့် ထွန်းကားနေသည်နှင့် တူနေသည်။

ကျောက်မျက်ဈေးကွက်သည် မြောက်ဘက် ၁၁၅ ကီလိုမီတာရှိ ပတ္တမြားမြေ မိုးကုတ်မှ နေရပ်စွန့်ခွာသူများအတွက် မျှော်လင့်မထားသည့် အချက်အချာနေရာ ဖြစ်နေသည်။

လွန်ခဲ့သောနှစ် နွေရာသီက တော်လှန်ရေးအင်အားစု သိမ်းပိုက်ချိန်မှစတင်ပြီး မိုးကုတ်ကို လေကြောင်းတိုက်ခိုက်မှုများဖြင့် ထောင်းထောင်းကြေအောင် တိုက်နေသည့် စစ်ကောင်စီက ထိုမြို့တွင် ရွေးကောက်ပွဲများ ပြုလုပ်မည်ဟု ကြေညာထားသည်။

လွန်ခဲ့သောနှစ် နွေရာသီက တော်လှန်ရေးအင်အားစု သိမ်းပိုက်ချိန်မှစတင်ပြီး မိုးကုတ်ကို လေကြောင်းတိုက်ခိုက်မှုများဖြင့် ထောင်းထောင်းကြေအောင် တိုက်နေသည့် စစ်ကောင်စီက ထိုမြို့တွင် ရွေးကောက်ပွဲများ ပြုလုပ်မည်ဟု ကြေညာထားသည်။

ယခုအခါ စစ်ဘေးရှောင်များ မန္တလေးသို့ ထွက်ပြေးကြပြီး နံရံများအက်ကွဲနေသည့် ဈေးဝယ်စင်တာတွင် လှည့်လည် ရောင်းချကြသည်။ ထိုဈေးဝယ်စင်တာတွင်လည်း ရောင်းဝယ်မှုကို မြေညီထပ်တွင်သာ ခွင့်ပြုထားသည်။

“ပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် နေ့စဉ် လူတွေ ထပ်ရောက်လာနေတယ်” ဟု မကြာသေးမီက ရောက်လာသူတဦးက ပြောကြားပြီး သေးငယ်သော ကျောက်များကို ဝယ်လက်သို့ ပြသနေသည်။

အကူအညီ အလွန်လိုနေသူ နေရပ်စွန့်ခွာ ၉၀,၀၀၀ ကျော် မန္တလေးတိုင်းတွင် နေသည်ဟု ကုလသမဂ္ဂ စာရင်းများအရ သိရသည်။

“ငလျင်နောက်ပိုင်းမှာ အရ ပိုပိုနည်းလာတယ်” ဟု ဘုန်းကြီးကျောင်းခန်းမတခုရှိ အထုတ်အပိုးများအကြား ကြမ်းပြင်တွင်ထိုင်နေသူများအနက် အသက် ၆၂ နှစ်အရွယ် ဒေါ်အုန်းမေက ပြောသည်။

“ကြက်တွေ အစာစားဖို့ စောင့်နေသလိုပဲ၊ ကျမတို့လည်း လှူဒါန်းမှုကို စောင့်နေရတယ်” ဟု ၎င်းကပြောသည်။

လူအချို့သည် နေ့စဉ်လိုအပ်ချက်များအတွက် အလုအယက်ရှာနေရသောကြောင့် ရွေးကောက်ပွဲအလားအလာကို ၎င်းတို့စိတ်မဝင်စားပေ။

“ဘယ်သူမှန်တယ်မှားတယ် မစဉ်းစားချင်ဘူး။ အာဏာအကြောင်း၊ နိုင်ငံရေးအကြောင်း ဘာအကြောင်းမှ မစဉ်းစားချင်ဘူး။ ကျနော်သိတာက စစ်ကို ကျနော်မုန်းတယ်” ဟု အသက် ၅၆ နှစ်အရွယ် စစ်ဘေးရှောင် ကျောင်းဆရာတဦးက ပြောသည်။

“ဘယ်သူမှန်တယ်မှားတယ် မစဉ်းစားချင်ဘူး။ အာဏာအကြောင်း၊ နိုင်ငံရေးအကြောင်း ဘာအကြောင်းမှ မစဉ်းစားချင်ဘူး။ ကျနော်သိတာက စစ်ကို ကျနော်မုန်းတယ်” ဟု အသက် ၅၆ နှစ်အရွယ် စစ်ဘေးရှောင် ကျောင်းဆရာတဦးက ပြောသည်။

မန္တလေးရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် ခိုလှုံနေသူ အမျိုးသမီးကြီးတဦး/AFP

ဆယ်စုနှစ်ဝက်နီးပါးကြာ တိုက်ခိုက်မှုများကြောင့် အသက် ၅၅ နှစ်အရွယ် ဦးခင်မောင်ထွေးကဲ့သို့သော အခြားသူများက ရွေးကောက်ပွဲကို ဆုံးရှုံးစရာမရှိတော့ဆိုသည့် စိတ်ဓာတ်ဖြင့် ရှုမြင်ကြသည်။

“နည်နည်းတော့ ငြိမ်းချမ်းတည်ငြိမ်မှု ရရင်ရမှာပေါ့” ဟု ၎င်းက ပြောသည်။

“တိုက်ခိုက်နေတာကြောင့် အဆိုးဆုံး အခြေအနေရောက်နေတယ်” ဟု သူကပြောသည်။

ပေးစရာ ဘာမှမရှိ

မတ်လက ငလျင်သည် အင်အားအလွန်ပြင်းထန်သောကြောင့် နေရာအများအပြားတွင် မြေပြင်သည် ၆ မီတာ ပြတ်ရွေ့ပြီး လမ်းများတွင် ကျင်းများဖြစ်နေသည်ဟု အမေရိကန် အမျိုးသားအာကာသနှင့် လေကြောင်း ဦးစီးဌာန (NASA) သုတေသီများက ပြောသည်။

မန္တလေးမှ စကိုင်းဗီလာ ကွန်ဒိုသည် အသေအပျောက်အများဆုံးဖြစ်ပြီး လူ ၂၀၆ ဦးသေသည်ဟု တန်ဖိုးကြီး အထပ်မြင့်အဆောက်အအုံ မန်နေဂျာများက ပြောသည်။

နောက်ဆုံးအလောင်းများကို စက်တင်ဘာလလယ်တွင် ပြန်လည်တူးဖော်ရရှိသည်ဟု မြေတူးစက်များဖြင့် အပျက်အစီးများကို ဖယ်ရှားနေသည့် ရှာဖွေကယ်ဆယ်ရေးသမားတဦးက ပြောသည်။

စကိုင်းဗီလာတွင် နေထိုင်သူများ၏ နေစဉ်ဘဝကို တချိန်က စောင့်ကြည့်နေရသည့် လုံခြုံရေး လုပ်သားတဦးသည် သူ၏ရာထူးတွင် ဆက်လက်ရှိနေသည်မှာ ခြောက်လရှိပြီဖြစ်သည်။

သူသည် လူအများအပြားကို အရှင်လတ်လတ် မြှုပ်နှံလိုက်သည့် နေအိမ်အပျက်အစီးများကို စောင့်ကြပ်နေရပြီး သဘာဝနှင့် လူလုပ်ဘေးအန္တရာယ်များ ပေါင်းစပ်ထိခိုက်သောကြောင့် ပြိုပျက်နေသည့် မြို့တမြို့ကို စောင့်ကြည့်နေရသည်။

သူသည် လူအများအပြားကို အရှင်လတ်လတ် မြှုပ်နှံလိုက်သည့် နေအိမ်အပျက်အစီးများကို စောင့်ကြပ်နေရပြီး သဘာဝနှင့် လူလုပ်ဘေးအန္တရာယ်များ ပေါင်းစပ်ထိခိုက်သောကြောင့် ပြိုပျက်နေသည့် မြို့တမြို့ကို စောင့်ကြည့်နေရသည်။

“လူတိုင်းမှာ သူ့ပြဿနာတွေနဲ့ သူရှိပြီး ကိုယ့်ကိုကိုယ် စောင့်ရှောက်နေရတယ်” ဟု အသက် ၆၅ နှစ်အရွယ် ထိုအစောင့်က အမည်မဖော်ဘဲ ပြောသည်။

“တယောက်ကို တယောက်က မစောင့်ရှောက်နိုင်တော့ဘူး” ဟု ၎င်းပြောသည်။

(AFP သတင်း Quake-Hit Mandalay Becomes Epicenter of Myanmar Junta’s Election Offensive ကို ဘသာပြန်သည်။)

You may also like these stories:

မန္တလေးစည်ပင်ကြောင့် ငလျင်သင့်အိမ်များပြင်ရန် အခက်ကြုံ

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

အပူပေါ်အပူဆင့်တဲ့ ငလျင်သင့်မန္တလေး

မန္တလေးရောက် စစ်ရှောင်များ ငလျင်ဘေး အကူအညီမရဖြစ်နေ

ငလျင်ဒဏ်သင့် မန္တလေး အခြေအနေ (ရုပ်/သံ)

Your Thoughts …
Tags: ငလျင်စစ်ကော်မရှင်စစ်ဘေးရှောင်စစ်အာဏာသိမ်းမှုတော်လှန်ရေးအင်အားစုပြည်တွင်းစစ်မန္တလေးရွေးကောက်ပွဲလေကြောင်းတိုက်ခိုက်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

Next Post
နိုင်ငံ့တာဝန်ကို မင်းအောင်လှိုင်က လွှဲပြောင်းပေးမယ်ဆိုပါလား

နိုင်ငံ့တာဝန်ကို မင်းအောင်လှိုင်က လွှဲပြောင်းပေးမယ်ဆိုပါလား

MNDAA အသက်ပြန်သွင်းနေတဲ့ ကိုးကန့်တို့ရဲ့အိမ် (ရုပ်/သံ)

MNDAA အသက်ပြန်သွင်းနေတဲ့ ကိုးကန့်တို့ရဲ့အိမ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved