ကျားဖြန့်ဂိုဏ်းရှင်းလင်းရေးနဲ့ ၁၀၂၇ စစ်ဆင်ရေးတွေရဲ့အောက်မှာ အသက်ရှူရပ်သွားခဲ့ရတဲ့ လောက်ကိုင် မြို့ဟာ အခုတော့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ရဲ့ လက်အောက်မှာ အသက်ပြန်ဝင်လာတာ တွေ့ရပါတယ်။
အရင်က ကျားဖြန့်လုပ်ငန်းတွေ၊ ကာစီနိုတွေ၊ ဟိုတယ်၊ KTV တွေနဲ့ ရောင်စုံမီးတွေ တဖိတ်ဖိတ်တောက် စည်ကားနေတဲ့ အဆင်မြင့်အဆောက်အဦးကြီးတွေက ဒီတခေါက်ရောက်တဲ့အချိန် တိတ်ဆိတ်နေပြီး မြို့ထဲမှာ ကိုးကန့်လူမျိုး ကြိုးတို့ကြဲတဲ သွားလာလှုပ်ရှားနေကြပါတယ်။
မြို့ပေါ်မှာ အရင်က ကိုးကန့်ဒေသကို စိုးမိုးခြယ်လှယ်နေတဲ့ စစ်တပ်၊ နယ်ခြားစောင့်တပ်နဲ့ ပယ်မိသားစုတို့ မရှိတော့ဘဲ MNDAA ရဲ့ မဟာမိတ် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခ တပ်တော် (AA) တို့ရဲ့ မဟာမိတ်ဆက်ဆံရေးရုံးတွေ အစားထိုးဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ကိုးကန့် #MNDAA #လောက်ကိုင် #WhathappensInMyanmar
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













