• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရွေးကောက်ပွဲနီးလာလေ မြန်မာနိုင်ငံသားတွေ စိုးရိမ်ရလေ

by မောင်ကဝိ
17 September 2025
in ဆောင်းပါး
A A
ရွေးကောက်ပွဲနီးလာလေ မြန်မာနိုင်ငံသားတွေ စိုးရိမ်ရလေ

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့တွင် စစ်တပ် ကင်းလှည့်နေစဉ် / AFP

1k
VIEWS
Share on FacebookShare on Twitter

သာမန်ပြည်သူတွေကို ပိုမိုတိုက်ခိုက်၊ ထောက်လှမ်း၊ ဖိနှိပ်မယ့် လက္ခဏာတွေကြားမှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အတူ မြန်မာနိုင်ငံမှာ စိုးရိမ်ထိတ်လန့်မှုနဲ့ အယုံအကြည်ကင်းမဲ့မှုတွေ မြန်မာနိုင်ငံမှာ ပျံ့နှံ့နေပါတယ်။

အဆင့်လိုက် ရွေးကောက်ပွဲတွေကို ဒီဇင်ဘာလ ၂၈ ရက်နေ့နဲ့ ဇန်နဝါရီလမှာ ကျင်းပမယ်လို့ စစ်အုပ်စုက ကြေညာထားတယ်။

ဇူလိုင်လနှောင်းပိုင်းမှာ ရွေးကောက်ပွဲတွေကို ဆန့်ကျင်သူတွေအတွက် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေပါဝင်တဲ့ ရွေးကောက်ပွဲဥပဒေသစ်တွေကို စစ်အုပ်စုက ချမှတ်တယ်။ အဲဒီ ရွေးကောက်ပွဲတွေဟာ စစ်အုပ်ချုပ်ရေး အမြစ်ခိုင်မာစေဖို့ အတုအယောင်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချကြတယ်။

ရွေးကောက်ပွဲကို ဝေဖန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရှမ်းပြည်တောင်ပိုင်း တောင်ကြီးက မျက်မှောက်ရေးရာ ဘလော့ဂါတဦးကို ထောင် ၇ နှစ် ချလိုက်တဲအခါ အဲဒီဥပဒေတွေရဲ့ ပထမဆုံး သားကောင်ဖြစ်လာတယ်။

အခြား နှစ်ယောက်ကိုလည်း စစ်ဆေးနေတယ်လို့ သိရတယ်။

စစ်အုပ်စုဟာ သူတို့အုပ်ချုပ်ရေး ဆန့်ကျင်သူတွေကို စောင့်ကြည့် ဖမ်းဆီးဖို့ တရုတ်နည်းပညာ အကူအညီနဲ့ ပြုလုပ်ထားတဲ့ ဒစ်ဂျစ်တယ် ထောက်လှမ်းရေးကိရိယာ လူပုဂ္ဂိုလ်စိစစ်စောင့်ကြည့်ရေးစနစ် (PSMS) အသုံးပြုမှု တိုးချဲ့နေတယ်။

စစ်အုပ်စုဟာ သူတို့အုပ်ချုပ်ရေး ဆန့်ကျင်သူတွေကို စောင့်ကြည့် ဖမ်းဆီးဖို့ တရုတ်နည်းပညာ အကူအညီနဲ့ ပြုလုပ်ထားတဲ့ ဒစ်ဂျစ်တယ် ထောက်လှမ်းရေးကိရိယာ လူပုဂ္ဂိုလ်စိစစ်စောင့်ကြည့်ရေးစနစ် (PSMS) အသုံးပြုမှု တိုးချဲ့နေတယ်။

ရွေးကောက်ပွဲလုံခြုံရေး ဥပဒေသစ်က ရွေးကောက်ပွဲကာလအတွင်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကို ထောက်လှမ်းခွင့်၊ ထောက်လှမ်းရေး သတင်းစုဆောင်းခွင့်နဲ့ အရေးယူခွင့် ပေးထားတယ်။

အဲဒီဥပဒေကို ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဒုဝန်ကြီးက ဒုဥက္ကဋ္ဌနဲ့ ရဲချုပ်က အတွင်းရေးမှူးလုပ်တဲ့ ပါတီစုံ အထွေထွေရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကြီးကြပ်မှု ဗဟိုကော်မတီက အကောင်အထည် ဖော်နေတယ်။

သာမန်ပြည်သူတွေအတွက်တော့ ဒါဟာ ခေါင်းငုံ့ခံရမယ့် အဓိပ္ပာယ်ဖြစ်တယ်။ ပစ်မှတ်ထား အရေးယူခံရမှာ စိုးရိမ်လို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘာပို့စ်မှ မတင်သလို ရွေးကောက်ပွဲဆန့်ကျင်တဲ့ ပို့စ်တွေကို တုံ့ပြန်မှု မလုပ်ဘူးလို့ ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတဦးက ပြောပါတယ်။

“စစ်ကောင်စီကို မုန်းတီးလို့ ကျမ မဲမပေးဘူး” လို့ သူက ပြောပါတယ်။

တဖက်မှာလည်း စစ်အုပ်စုက လူတွေကို အတင်းအကျပ် မဲပေးခိုင်းမှာကို သူစိုးရိမ်နေတယ်။ အဲဒီလို ဖြစ်လာရင်တော့ ကျန်းမာရေးအကြောင်းပြပြီး မဲရုံကို မသွားဘူးလို့ သူကပြောပါတယ်။

ရန်ကုန်မြို့ထဲက မြို့နယ်တွေမှာ စစ်အုပ်စုဟာ သူတို့အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ လျှပ်စစ်မဲပေးစက်တွေကို မနားမနေ သရုပ်ပြနေပြီး မလာမနေရ လုပ်နေတယ်။ မမြင်ရတာ အချိန်အတန်ကြာပြီဖြစ်တဲ့ စစ်အုပ်စု ကင်းလှည့်ကားတွေကို လမ်းတွေမှာ ပြန်တွေ့လာရတယ်။

စစ်အုပ်စု လက်ဝေခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က အမျိုးသားရေးအုပ်စုတွေ၊ အမုန်းစကားနဲ့ အကြမ်းဖက်မှု လှုံ့ဆော်တဲ့ စစ်တပ်လိုလားတဲ့ ကွန်ရက်တွေ၊ စစ်အုပ်စုလိုလားတဲ့ မီဒီယာတွေနဲ့ အစည်းအဝေးကျင်းပပြီး ရွေးကောက်ပွဲအောင်မြင်အောင် ကူညီဖို့ တိုက်တွန်းတယ်။ ဒါဟာ လွတ်လပ်စွာ မဲပေးခွင့်နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ လူထုအကြားမှာ ဖြစ်စေတယ်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ USDP တို့ တွေ့ဆုံခဲ့သူတွေက ပြည်သူလူထုကို စောင့်ကြည့်ထောက်လှမ်းမှု ပိုမို လုပ်လာမှာကို စိုးရိမ်တယ်လို့ ရန်ကုန်က အိမ်ရှင်မတယောက်က ပြောတယ်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ USDP တို့ တွေ့ဆုံခဲ့သူတွေက ပြည်သူလူထုကို စောင့်ကြည့်ထောက်လှမ်းမှု ပိုမို လုပ်လာမှာကို စိုးရိမ်တယ်လို့ ရန်ကုန်က အိမ်ရှင်မတယောက်က ပြောတယ်။

“ရွေးကောက်ပွဲအကြောင်း များများမပြောရဲဘူး။ လူတိုင်း ကြောက်နေကြတယ်။ ရွေးကောက်ပွဲကို အွန်လိုင်းမှာ ဝေဖန်လို့ တယောက် အဖမ်းခံရတယ်လို့ ကျနော်တို့ ကြားတယ်။ ဒါဟာ ကျန်တဲ့ ကျနော်တို့ အားလုံးကို သတိပေးလိုက်တာပဲ” လို့ အငှားယာဉ်မောင်းတယောက်က ပြောတယ်။

ရွေးကောက်ပွဲပြီးရင် တည်ငြိမ်မှုရှိလာမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ရင်းနှီးမြှုပ်နှံသူတွေကို ကတိပေးပေမဲ့ မရေရာမှုတွေ တိုးလာနေတယ်လို့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် တယောက်က ပြောပါတယ်။ သူ့ရဲ့ငွေတွေကို အိမ်မှာပဲ ထားရမလား၊ ဘဏ်မှာ အပ်ရမှာလား မသိဘူးလို့ ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်က အိမ်ခြံမြေသမားတယောက်က ပြောပါတယ်။

“ရွေးကောက်ပွဲနီးလာလို့ ဘာဖြစ်မယ်ဆိုတာ ကျမတို့ မသိဘူး။ တခုခုဖြစ်ပြီး ဘဏ်တွေက ငွေထုတ်ပေးတာ ရပ်လိုက်ရင်း ကျမတို့ ဘာလုပ်ရမလဲ။ အဲဒီအစား ရွှေဝယ်သိမ်းထားရမှာလား။ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့ ကျမ အမျိုးသားက ကျမကို ပြောနေတယ်” ဟုလည်း သူကပြောသည်။

အစိုးရဝန်ထမ်းအများစုက သူတို့ဘဝတွေကို ဘယ်လို ပြန်လည်တည်ဆောက်မလဲဆိုတာနဲ့ အလုပ်ရှုပ်နေပြီး ရွေးကောက်ပွဲအတွက် အချိန်မရှိဘူးလို့ မတ်လက ငလျင်ထဲမှာ အကြီးအကျယ် ပျက်စီးသွားတဲ့ နေပြည်တော်က အစိုးရဝန်ထမ်းတယောက်က ပြောပါတယ်။ အများစုက ယာယီတဲတွေမှာ နေထိုင်နေကြဆဲဖြစ်ပါတယ်။

“လူတွေက မဲပေးဖို့နေနေသာသာ ကိုယ့်အခက်အခဲကို ကိုယ့်ဟာကိုယ် အာရုံစိုက်နေရတယ်” လို့ သူကပြောတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ မတွေ့ရဘူးလို့ ရွေးကောက်ပွဲ ပထမဆင့်အတွက် စီစဉ်ထားတဲ့ မြို့နယ် ၂၄၇ ခုထဲက တခုဖြစ်ပြီး တော်လှန်ရေးအင်အားစု အမာခံ ဒေသဖြစ်တဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က လယ်သမားတယောက်က ပြောပါတယ်။

တချိန်တည်းမှာ လက်နက်ကိုင်အင်အားစုတွေကလည်း စစ်အုပ်စုရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေးတိုးချဲ့ဖို့နဲ့ ပြည်ပမှာ တရားဝင်မှုရဖို့ ထောင်ချောက်ဖြစ်တယ်လို့ ပယ်ချကြတယ်။ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း သူတို့ထိန်းချုပ်ထားတဲ့ဒေသတွေမှာ ရွေးကောက်ပွဲလုပ်တဲ့သူတွေကို ဖမ်းမယ်လို့ သတိပေးထားတယ်။

ရွေးကောက်ပွဲမတိုင်ခင် ပိုင်နက်တွေ ပြန်သိမ်းဖို့ ကြီးမားတဲ့ တန်ပြန်ထိုးစစ် အများအပြားရှိပေမဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ ပထမဆင့်မှာ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်း ၅၆ ခုက မဲဆန္ဒနယ် ၁၂၁ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ စစ်အုပ်စုက စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကြေညာတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေ မတွေ့ရဘူးလို့ ရွေးကောက်ပွဲပထမဆင့်အတွက် စီစဉ်ထားတဲ့ မြို့နယ် ၂၄၇ ခုထဲက တခုဖြစ်ပြီး တော်လှန်ရေးအင်အားစု အမာခံ ဒေသဖြစ်တဲ့ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က လယ်သမားတယောက်က ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
107
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
392
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
192

“ဒီမှာ ရွေးကောက်ပွဲလုပ်ဖို့ လွယ်မှာ မဟုတ်ဘူး။ နှစ်ဖက် တိုက်ခိုက်နေကြတယ်” လို့ သူကပြောပါတယ်။

ရွေးကောက်ပွဲနီးကပ်လာတဲ့အခါ ဖမ်းဆီးမှုတွေ၊ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာမယ်လို့ သုတေသီတယောက်က ပြောပါတယ်။ ရွေးကောက်ပွဲဟာ တော်လှန်ရေးအင်အားစုတွေကို ပိုမိုကျစ်လစ်သိပ်သည်း ခိုင်မာစေပြီး လက်နက်ကိုင်တိုက်ပွဲ ပြင်းထန်လာမယ်လို့ NUG ကလည်း ပြောပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar Citizens Fear More Harassment, Violence as Election Nears ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ဗိုလ်ချုပ်တို့သာမက ဝန်ကြီးတချို့လည်း ရွေးကောက်ပွဲ ဝင်မည်

လက်လွှတ်ရသည့် မြို့နယ်အချို့ ရွေးကောက်ပွဲကျင်းပမည်ဟု စစ်ကော်မရှင်ဆို

ဒု ဗိုလ်ချုပ်ကြီး ၆ ဦး ကြံ့ခိုင်ရေးပါတီမှ ရွေးကောက်ပွဲ ဝင်မည်

ပွင့်ဖြူ၌ ရွေးကောက်ပွဲကျင်းပနိုင်ရေး နယ်မြေရှင်းလင်းရန် ပြင်

ရွေးကောက်ပွဲကို ပံ့ပိုးကူညီမယ်လို့ DKBA လေသံပြောင်း(ရုပ်/သံ)

ရွေးကောက်ပွဲအလွန် စစ်တပ် စတုတ္ထမျိုးဆက် ဘယ်သူတွေဖြစ်မလဲ

ရွေးကောက်ပွဲ မတိုင်မီ အရပ်သားများကို ပစ်မှတ်ထား ထိုးစစ်ဆင် တိုက်ခိုက်နေ

Your Thoughts …
Tags: NUGUSDPစစ်ကော်မရှင်စစ်အာဏာသိမ်းမှုတရုတ်တော်လှန်ရေးအင်အားစုရွေးကောက်ပွဲအမုန်းစကား
မောင်ကဝိ

မောင်ကဝိ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လူ ၃ ယောက်မှာ တယောက် အစာမဝတော့

လူ ၃ ယောက်မှာ တယောက် အစာမဝတော့

အင်အားအလုံးအရင်းနဲ့ စစ်ဆင်နေတဲ့ ကျောက်မဲအခြေအနေ (ရုပ်/သံ)

အင်အားအလုံးအရင်းနဲ့ စစ်ဆင်နေတဲ့ ကျောက်မဲအခြေအနေ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved