• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်း-တရုတ် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်း နှေးကွေးနေ၊ ထိုင်းပြည်သူတွေ စိတ်ပျက်လို့ ဆို

by ဧရာဝတီ
26 October 2025
in သတင်း
A A
ထိုင်း-တရုတ် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်း နှေးကွေးနေ၊ ထိုင်းပြည်သူတွေ စိတ်ပျက်လို့ ဆို

ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ Nakhon Ratchasima မြို့ကြား ပြေးဆွဲဖို့ ရည်ရွယ်ထားတဲ့ တရုတ်လုပ် A Fuxing Hao CR300 အမျိုးအစား မြန်နှုန်းမြင့် ရထား တစီးကို တွေ့ရစဉ် / Bangkok Post

757
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကြား ဆက်သွယ် ဖောက်လုပ်မယ့် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းဟာ ဆယ်စုနှစ်ကျော် ကြာမြင့်နေပြီလို့ ဆိုပါတယ်။

ထိုင်း နဲ့ တရုတ် တို့ရဲ့ အဓိက မြို့ကြီးတွေကို ဆက်သွယ်မယ့် အဲဒီ ရထားလမ်း စီမံကိန်းဟာ အခုလို နှောင့်နှေး ကြန့်ကြာနေတာကြောင့် ထိုင်းပြည်သူတွေ စိတ်ပျက်နေကြောင်းလည်း သိရပါတယ်။

ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံ တို့ရဲ့ ကာလကြာရှည် ပူးပေါင်း စီမံကိန်းဖြစ်တဲ့ အဆိုပါ ရထားလမ်း တည်ဆောက်မှု အဖြစ် မြို့တော် ဘန်ကောက်ကနေ ထိုင်း-လာအို နယ်စပ် နောင်ခိုင် (Nong Khai) အထိ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

စီမံကိန်းကို အဆင့်များစွာနဲ့ တည်ဆောက် နေတာဖြစ်ပြီး ပြီးစီးသွားခဲ့ရင် ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော မြန်နှုန်းမြင့် ရထားလမ်း ဖြစ်လာမယ်လို့ ဆိုပါတယ်။

ပထမအဆင့် အနေနဲ့ ဘန်ကောက်ကနေ Nakhon Ratchasima မြို့အထိ ၂၅၃ ကီလိုမီတာ ရှည်တဲ့ လမ်းပိုင်းကို ဆောက်လုပ် နေတာဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလ ထုတ်ပြန်ချက်အရ ၄၈ ဒဿမ ၆ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ သိရပါတယ်။

၂၀၂၈ မှာ စတင်နိုင်ဖို့ ရည်ရွယ်ထားပြီး ပထမအဆင့် အတွက် ထိုင်းဘတ် ၁၇၉ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်း ထားတယ် လို့ ဆိုပါတယ်။

စီမံကိန်း ဒုတိယ အဆင့်ဖြစ်တဲ့ Nakhon Ratchasima ကနေ နောင်ခိုင် အထိ ၃၅၇ ကီလိုမီတာ ရှည်တဲ့ လမ်းပိုင်းကို ထိုင်း လွှတ်တော်က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလက ခွင့်ပြုချက်ပေးခဲ့ပြီး ၂၀၃၁ ခုနှစ်မှာ စီမံကိန်း စတင်နိုင်ဖို့ မျှော်လင့် ထားတယ် လို့လည်း သိရပါတယ်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

အဲဒီ စီံကိန်း အနေနဲ့ ထိုင်းဘတ် ၃၄၁ ဘီလီယံ ကုန်ကျမယ်လို့ ဆိုပါတယ်။

စီမံကိန်း အတွက် ချေးငွေ ထုတ်ပေးမယ်လို့ တရုတ် ဘက်က ကမ်းလှမ်းခဲ့ပေမယ့် သဘောတူညီမှု မရခဲ့ဘဲ ထိုင်းက ကိုယ်ပိုင် ငွေတွေနဲ့ စတင် တည်ဆောက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

တတိယ အဆင့်ဖြစ်တဲ့ နောင်ခိုင်ကနေ လာအိုနိုင်ငံ ဗီယန်ကျင်း မြို့အထိ ဆောက်လုပ်မယ့် လမ်းပိုင်းကိုတော့ အတည် မပြုရသေးဘူးလို့ ဆိုပါတယ်။

ထိုင်း-တရုတ် ရထားလမ်း ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်း ဂျာနယ်လစ်များ အစည်းအရုံး (TJA) နဲ့ တရုတ် ဂျာနယ်လစ်များ အစည်းအရုံး (ACJA) တို့ဟာ တရုတ်နိုင်ငံမှာ မကြာသေးခင်က ဆွေးနွေးပွဲတခု ကျင်းပခဲ့သေးကြောင်းလည်း သိရပါတယ်။

ထိုင်းဘက်က ဆယ်စုနှစ်ကျော် ကြာမြင့်ပြီး အခုထိ မပြီးသေးတဲ့ အတွက် စိုးရိမ်ပူပန်မှုတွေကို ပြောကြားခဲ့တယ် လို့လည်း ဆိုပါတယ်။

တည်ဆောက်ရေး ကြာမြင့်မှုအပြင် ထိုင်းပြည်သူတွေ အနေနဲ့ တရုတ် ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေလည်း ရှိလာနေကြောင်း သိရပါတယ်။

ရထားလမ်း စီမံကိန်း တလျှောက်မှာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ ဒေသခံတွေနဲ့ ထိတွေ့ ဆက်ဆံမှုမရှိဘဲ သီးခြား နေထိုင်မှုပုံစံတွေကို ထိုင်းဘက်က နှစ်သက်မှု မရှိကြောင်း ဆွေးနွေးခဲ့ကြတယ် လို့လည်း ဆိုပါတယ်။

Ref : Bangkok Post

Your Thoughts …
Tags: Nakhon Ratchasimaဂျာနယ်လစ်တရုတ်ထိုင်းနောင်ခိုင်မြန်နှုန်းမြင့် ရထားလမ်းလာအို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
မည်းမှောင်ခြောက်ကပ်သွားတဲ့ KK Park (ရုပ်/သံ)

မည်းမှောင်ခြောက်ကပ်သွားတဲ့ KK Park (ရုပ်/သံ)

ဝိညာဉ်များနဲ့ ပျော်ပါးကြတဲ့ Halloween ပွဲတော်

ဝိညာဉ်များနဲ့ ပျော်ပါးကြတဲ့ Halloween ပွဲတော်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved