• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အလုအယက် ကျောက်တူးသဖြင့် မိုးကုတ် ပျက်စီးနေ

by ဧရာဝတီ
15 November 2025
in သတင်း
A A
အလုအယက် ကျောက်တူးသဖြင့် မိုးကုတ် ပျက်စီးနေ

မိုးကုတ်ဂေါက်ကွင်းတွင် ပတ္တမြားတူးဖော်နေကြပုံ / Mai Thein Htike Zaw Tiktok

1.1k
VIEWS
Share on FacebookShare on Twitter

တရုတ်ကြားဝင်သည့် အပစ်အခတ်ရပ်စဲရေးအရ မန္တလေးတိုင်း မြောက်ပိုင်းမှ ပတ္တမြားမြေ မိုးကုတ်ကို ပလောင် (တအောင်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်အုပ်စုကို ပြန်ပေးရန် ပြင်ဆင်နေစဉ် ထိုလက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်နေသော တရုတ်ကုမ္ပဏီများက အလွန်အကျွံကျောက်တူးဖေါ်မှုကြောင့် ဒေသသဘာဝပတ်ဝန်းကျင် ပျက်စီးနေသည်ဟု ဒေသခံများပြောသည်။ ယခင်တူးဖော်ခြင်း မရှိသည့် မြို့ရှိ ဂေါက်ကွင်းနှင့် ပတ်ဝန်းကျင်ဒေသများတွင် ကျောက်တူးဖေါ်မှု အရှိန်မြင့်မားလာခြင်းကို ဒေသခံတို့က ထောက်ပြကြသည်။

အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၏ အကူအညီဖြင့် TNLA သည် မိုးကုတ်ကို တလကြာတိုက်ပြီးနောက် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် သိမ်းယူသည်။ သို့သော် စစ်တပ်နှင့် သဘောတူထားသည့် မြို့ပြန်လည်လွှဲပြောင်းရေးအစီအစဉ်ကြောင့် TNLA ထိန်းချုပ်မှုသည် မကြာမီပြီးဆုံးတော့မည်ဖြစ်ရာ နောက်ဆုံးအချိန်ထိ ကျောက်များကို အလုအယက်တူးဖေါ်နေကြကြောင်း ဒေသခံများက ပြောသည်။

တရုတ်အစိုးရထံမှ ပြင်းထန်သော ဖိအားအောက်တွင် TNLA သည် ဘေ့ဂျင်းကကြားဝင်စေ့စပ်သည့် အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာလ နှောင်းပိုင်းတွင် လက်မှတ်ထိုးလိုက်ရပြီး မိုးကုတ်နှင့် မိုးကုတ်အနီး ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်ကို စစ်အုပ်စုထံပြန်လည်ပေးအပ်ရန် သဘောတူခဲ့သည်။

ပတ္တမြားအပါအဝင် အဖိုးတန် တွင်းထွက် သယံဇာတကြွယ်ဝသည့် မိုးကုတ်မြို့ကို ထိန်းချုပ်ပြီးနောက် မြို့တွင် အုပ်ချုပ်ရေး ချမှတ်ကာ ကျောက်အကြီးအကျယ်တူးဖေါ်ခွင့်ကို TNLA ခေါင်းဆောင်များနှင့် အဆက်အသွယ်ရှိသူများ၊ ပြည်ပကုမ္ပဏီများ၊ အထူးဖြင့် တရုတ်မှ ကုမ္ပဏီများ၊ ကိုးကန့်ဒေသနှင့် ဝပြည်မှ လုပ်ငန်းများကို လုပ်ပိုင်ခွင့်ချထားပေးသည်။

ကိုးကန့်ဒေသသည် TNLA ၏ မဟာမိတ် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ်ဒေသဖြစ်ပြီး ဝပြည်ကို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ထိန်းချုပ်သည်။ ထိုလက်နက်ကိုင်အဖွဲ့များအားလုံးသည် ရှမ်းပြည်မှ ဖြစ်သည်။

မိုးကုတ်မြို့အား ထိန်းချုပ်ပြီးချိန်မှ စတင်၍ TNLA သည် မြို့မှ ကျောက်တူးဖေါ်သည့် လုပ်ငန်းကို လက်ဝါးကြီးအုပ်ထားပြီး ဂေါက်ကွင်းတွင် တရုတ်ကုမ္ပဏီများကို ကျောက်တူးဖေါ်ခွင့်ပေးသည်ဟု စွပ်စွဲခံရသည်။ သို့သော် မကြာသေးမီ ရက်သတ္တပတ်များတွင် TNLA က ဒေသခံ ကျောက်တူးဖေါ်သူများကို ထိုနေရာတွင် ကျောက်တူးခွင့်ပေးလိုက်ပြီး ထိုသို့လုပ်ခြင်းသည် ပျက်စီးမှုများအတွက် အပြစ်ကို လမ်းကြောင်းပြောင်းရန် ဖြစ်သည်ဟု ဒေသခံအချို့က မြင်ကြသည်။

TNLA ဆုတ်ခွာရန် ပြင်ဆင်နေစဉ် တရုတ် ကုမ္ပဏီများသည် ဂေါက်ကွင်းတွင် ကျောက်တူးဖေါ်မှု အရှိန်မြှင့်တင်ကာ ဒေသခံကျောက်တူးသမားများကို လွန်ခဲ့သော ၁၂ ရက်ခန့်မှစကာ တူးဖေါ်ခွင့်ပေးလိုက်ကြောင်း ဒေသခံများက နိုဝင်ဘာ ၁၂ ရက်တွင် ပြောသည်။ ဒေသခံကျောက်တူးသမားများသည် ၎င်းတို့ကုန်ကျစရိတ်ဖြင့် တူးဖေါ်ရမည်ဖြစ်ပြီး တူးဖေါ်ရရှိသည့် ကျောက်ပါသောမြေ အိတ် ၁၀၀ အနက် အိတ် ၃၀ သာ ယူခွင့်ပေးသည်။ ကျန်အိတ် ၇၀ ကို တရုတ်ကုမ္ပဏီများသို့ ပေးအပ်ရသည်။

ကျောက်တူးဖေါ်မှု အရှိန်မမြှင့်တင်မီနှင့် မြှင့်တင်ပြီးနောက် ဓာတ်ပုံများကို နှိုင်းယှဉ်ကာ မြို့အလှနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများအတွက် TNLA နှင့် တရုတ်ကုမ္ပဏီများကို ဒေသခံများက အပြင်းအထန် အပြစ်တင်သည်။

TNLA မထိန်းချုပ်မီ မိုးကုတ်ဂေါက်ကွင်းကို မြင်တွေ့ရစဉ် / CJ

ဂေါက်ကွင်းတွင် ကျောက်ထုတ်ယူရန် ဒေသခံများကို ခွင့်ပြုသည့် မီဒီယာတွင် သတင်းဖော်ပြမှုမှာ TNLA ၏ ရည်ရွယ်ချက်များကို မှားယွင်းဖေါ်ပြခြင်းဖြစ်ကြောင်း မိုးကုတ်ဒေသခံတဦးက ဧရာဝတီ သတင်းဌာနသို့ ပြောသည်။ TNLA နှင့် တရုတ်ကုမ္ပဏီများသည် ဂေါက်ကွင်းဒေသ တခုလုံးကို လုံး၀ ဖျက်ဆီးပြီးမှသာ ဒေသခံများကို ထုတ်ယူခွင့်ပြုခြင်း ဖြစ်ကြောင်း သူပြောသည်။

“သူတို့က သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအတွက် အပြစ်ကို ဒေသခံတွေအပေါ် လွှဲချဖို့ ကြိုးစားနေကြတယ်” ဟု ဒေသခံက ပြောသည်။

“သူတို့ ထိန်းချုပ်တဲ့ လွန်ခဲ့တဲ့နှစ်အတွင်းမှာ ဒေသခံတွေကို ဂေါက်ကွင်းနားသွားခွင့် မပေးဘူး။ တရုတ်ကုမ္ပဏီတွေအတွက် သူတို့ရဲ့ကျောက်တွင်းမှာ အလုပ်လုပ်ဖို့ ဒေသခံတွေကို ဘယ်တုန်းကမှ မငှားကြဘူး” ဟု သူက ရှင်းပြသည်။

TNLA က ထိုမြို့ကို စစ်အုပ်စုသို့ ပြန်ပေးမည့် အစီအစဉ် ရှိသော်လည်း PDF အုပ်စုများနှင့် ၎င်းနှင့် မဟာမိတ် တော်လှန်ရေး အင်အားစုများက ပူးတွဲခုခံကာကွယ်ပြီး ထိုဒေသကို စီမံအုပ်ချုပ်ရန် ကတိပြုထားသည်။ TNLA ဆုတ်ခွာသောအခါ မြို့ကို ပြန်လည်သိမ်းယူရန် စစ်တပ်က ထိုးစစ်အသစ် ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် မိုးကုတ် လူဦးရေ ထက်ဝက်နီးပါးသည် တဖန် ပြန်လည်ထွက်ပြေးကြသည်ဟု ဒေသခံများက ပြောသည်။

TNLA ပြောခွင့်ရသူ လွေးယေဦးကို မှတ်ချက်တောင်းရန် ဆက်သွယ်နိုင်ခြင်းမရှိပေ။ ယခင် မီဒီယာများကို ဖြေကြားသည့် သူ၏ Signal အကောင့်ကို ခေတ္တဖျက်ထားသည်။

၂၀၂၁ ခုနှစ် နှောင်းပိုင်း Global Witness က ထုတ်ပြန်သည့် အစီရင်ခံစာတစောင်အရ မြန်မာ ကျောက်မျက်လုပ်ငန်းသည် ပျမ်းမျှ တနှစ်လျှင် ဒေါ်လာ ၃၄၆ သန်းမှ ၄၁၅ သန်းအထိ ဝင်ငွေရှိကြောင်း တရားဝင်ထုတ်လုပ်မှု အချက်အလက်များအရ သိရသည်။ သို့သော် လက်တွေ့တွင် ထိုပမာဏ၏ ၅ ဆအထိ မြင့်မားနိုင်သည်ဟု အထက်ပါ လူ့အခွင့်အရေးအဖွဲ့က ခန့်မှန်းသည်။

မိုးကုတ်ဂေါက်ကွင်းတွင် ပတ္တမြားတူးဖော်နေကြပုံ/CJ

ထို Global Witness အစီရင်ခံစာအရ ၁၉၉၀ ပြည့်နှစ်များမှစတင်ပြီး မြန်မာစစ်တပ်သည် နိုင်ငံ၏ ပတ္တမြား လုပ်ငန်းကို စစ်တပ်ပိုင် ကုမ္ပဏီများဖြစ်သည့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် (MEHL) မှတဆင့် ထိန်းချုပ်မှု ခိုင်မာအောင် လုပ်ထားကြောင်း သိရသည်။ ထိုကုမ္ပဏီ ၂ ခုလုံးကို ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းသည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ထိန်းချုပ်ထားသည်။

စစ်အုပ်စုသည် အကျိုးအမြတ်များသော ပတ္တမြားတူးဖေါ်သည့် လုပ်ငန်းလိုင်စင်များကို အင်အားကြီးမားသော UWSA၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA) နှင့် ရှမ်းပြည်နယ်မှ အခြားလက်နက်ကိုင်များကို ပေးအပ်ထားသည်။ အပေါ်ယံ အမည်ခံအရ ရန်သူများဖြစ်ကြသော်လည်း ထိုအုပ်စုများသည် ကျောက်တူးဖေါ်ခြင်းမှ အကျိုးအမြတ်ရကြပြီး စစ်တပ်နှင့် ၎င်းတို့အကြား စီးပွားရေး ဆက်ဆံမှုဖြင့် အပေးအယူလုပ်ထားသည်ဟု Global Witness က ဆိုသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
28
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
25
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
199

သို့သော် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် TNLA နှင့် မဟာမိတ် PDF များထံ မိုးကုတ်ကျသွားသောအခါ စစ်အုပ်စုသည် နိုင်ငံ၏ ပတ္တမြားတူးဖေါ်ရေး လုပ်ငန်းအများစုအပေါ် ထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့ရသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Mining Frenzy Devastates Mogoke as TNLA Prepares to Hand Town Back to Junta ကို ဘာသာပြန်သည်။)

You may also like these stories:

မိုးကုတ်ကနေ TNLA ဘယ်လို ဆုတ်ခွာမလဲ

အသက်နဲ့ခန္ဓာရှိသ၍ မိုးကုတ်ကို ကာကွယ်မယ် (ရုပ်/သံ)

TNLA ပြန်ဆုတ်တော့ မိုးမိတ်၊ မိုးကုတ် ပြည်သူတွေကို ဘယ်သူကာကွယ်ပေးမလဲ

အာဏာသိမ်းတပ်ကို လက်မခံကြောင်း မိုးကုတ်ပြည်သူတွေ သံပုံးတီးဆန္ဒပြ (ရုပ်/သံ)

TNLA ၏ အားသာချက်များနှင့် အားနည်းချက်များ

Your Thoughts …
Tags: Global WitnessNUGPDFTNLAတရုတ်ကုမ္ပဏီများပတ္တမြားမြေမိုးကုတ်အလုအယက် ကျောက်တူး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
အီလွန်မတ်စ်ရဲ့ X စပိန်မှာ ဒေါ်လာ ၆ သန်းနီးပါး ဒဏ်တပ်ခံရ

အီလွန်မတ်စ်ရဲ့ X စပိန်မှာ ဒေါ်လာ ၆ သန်းနီးပါး ဒဏ်တပ်ခံရ

ဒေါ်သက်သက်ခိုင်ရဲ့ အသနားခံစာကို UEC ငြင်းပယ် (ရုပ်/သံ)

ဒေါ်သက်သက်ခိုင်ရဲ့ အသနားခံစာကို UEC ငြင်းပယ် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

18 hours ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved