• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Crime

ဝေဠုကျော်ရဲ့ တရားရုံး ကင်းလွတ်ခွင့် လျှောက်ထားမှု ပယ်ချခံရ

by ယုဖြူဟန်
3 July 2019
in Crime
A A
သရုပ်ဆောင် ဝေဠုကျော်၊ အလှမယ် သင်းသင်း / ယုဖြူဟန် / ဧရာဝတီ

သရုပ်ဆောင် ဝေဠုကျော်၊ အလှမယ် သင်းသင်း / ယုဖြူဟန် / ဧရာဝတီ

27.2k
VIEWS
Share on FacebookShare on Twitter

ကာမလိမ်လည်မှုဖြင့် တရားစွဲဆို ခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ဟာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးသို့ တရားရုံး ကင်းလွတ်ခွင့် လျှောက်ထားခဲ့ရာ ယနေ့၊ ဇူလိုင်လ ၃ ရက်နေ့ ရုံးချိန်းမှာ အကြောင်းပြချက် မခိုင်လုံတာကြောင့် တရားသူကြီးမှ ပယ်ချလိုက်ပါတယ်။

“ဒါကတော့ တရားရုံးရဲ့ ဆင်ခြင်တုံတရားပါပဲ။ ကျနော်တို့ကလည်း ပုဒ်မ ၂၀၅ အရ ပုဒ်မအရ လျှောက်ကြည့်တဲ့ သဘောပါပဲ။ မရတာကလည်း တရားသူကြီးရဲ့ဆင်ခြင်တုံတရားပါပဲ။ အဲဒီအတွက် ပြောစရာမရှိပါဘူး” လို့ ဝေဠုကျော်က ပြောပါတယ်။ ဝေဠုကျော်ရဲ့ တရားရုံးကင်းလွတ်ခွင့် လျှောက်ထားမှုကိုတော့ အကြောင်းပြချက် မခိုင်လုံတာကြောင့် ပယ်ချလိုက်တာဖြစ်ပြီး သူ့အနေအထားအရ ကင်းလွတ်ခွင့် မရနိုင်ဘူးလို့ သိရပါတယ်။

“ရုံးကင်းလွတ်ခွင့်ကတော့ ဒီပုဒ်မရဲ့ အဓိက အနှစ်သာရက တမျိုး သူက အသက်အရွယ်ကြီးရင့်လို့ ရောဂါတွေ ဘာတွေရှိလို့၊ ဝန်ထမ်းဖြစ်နေလို့ ဒီလိုမျိုးအကြောင်းပြချက်တွေနဲ့မှ ပေးလို့ရတယ်။ သူ့အနေအထားနဲ့ လျှောက်လို့ မရပါဘူး။ သူ့အနေနဲ့ ကင်းလွတ်ခွင့်က မရပါဘူး။ ပယ်လိုက်ပါတယ်”လို့ သင်းသင်းရဲ့ရှေ့နေဦးကျော်လတ်စိုးက ပြောပါတယ်။

လက်ရှိမှာတော့ တရားလိုဖြစ်သူ သင်းသင်းဘက်မှ တင်ထားတဲ့ သက်သေခံ စာရွက်စာတမ်းများ၊ နှစ်ဦး နှစ်ဖက် ပြောဆိုထားတဲ့ အသံဖိုင်များကို စစ်ဆေးလျက် ရှိပါတယ်။

“တရားလို မသင်းသင်းဦးဘက်က တင်ထားတဲ့ သက်သေခံ စာရွက်စာတမ်းတွေ၊ အသံဖိုင်တွေ ၂၄၀ နီးပါးပေါ့။ ဒီနေ့ကတော့ စာမျက်နှာ ၈၀ ပြီးသွားပြီ။ နောက် ၂ ချိန်းလောက်ဆိုရင်တော့ အသံဖိုင်နဲ့ ပတ်သက်ပြီး ပြီးသွားလောက်ပါပြီ။ နောက်ရုံးချိန်းမှာတော့ မှုခင်း စီမံခန့်ခွဲမယ်။ အသံဖိုင် ဆက်နားထောင်မယ်” လို့ အထက်တန်းရှေ့နေ ဦးကျော်လတ်စိုးက ပြောပါတယ်။

အသံဖိုင်စုစုပေါင်း ၂၄၀ နီးပါး ရှိတဲ့အနက် လက်ရှိမှာတော့ ၈၀ ပြီးသွားပြီဖြစ်ပြီး ရုံးချိန်း ၂ ခုခန့် စစ်ဆေးလိုက်ပါက ပြီးသွားနိုင်တယ်လို့ သိရပါတယ်။ အဆိုပါအမှုကိုတော့ သင်းသင်းက ဇန်နဝါရီ ၈ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဝေဠုကျော်က အာမခံ ကျပ်သိန်း ၅၀ ရယူကာ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

You may also like these stories:

လက်ပြနှုတ်ဆက်ခဲ့တဲ့ ချစ်သူဟောင်းတွေကို ကျေးဇူးတင်တဲ့ ဝေဠုကျော်

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
131
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

“ဝေဠုကျော်က ဝါသနာအရ အတူနေတဲ့ အသံဖိုင်များကို သွင်းထားခိုင်းတာ”လို့ သင်းသင်းပြော

ပရဟိတမင်းသား ဝေဠုကျော်အပေါ် အနုပညာရှင်များရဲ့ အမြင်

အမှုဖြစ်နေပေမယ့် ပရဟိတလုပ်ငန်းများကို အကျိုးသက်ရောက်မှုမရှိဟု ဝေဠုကျော်ပြော

Your Thoughts …
Tags: တရားရုံး ကင်းလွတ်ခွင့်ဝေဠုကျော်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင်ဝေဠုကျော်နှင့် အလှမယ် သင်းသင်း

ဝေဠုကျော်တင်သည့် လိင်ပိုင်းဆိုင်ရာဓာတ်ပုံများကို တရားရုံး ပယ်ချ

by ဧရာဝတီ
20 April 2022
13.8k

ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမိန့်တခုပါပဲ။ သင့်တော်မျှတတယ်။ ရုံးတော်က မဖွယ်မရာဖြစ်တဲ့အရာတွေကို လက်မခံဘူး။ အမှုနဲ့ဆက်စပ်နိုင်တဲ့အရာကို လက်ခံတယ်ဆိုတော့ ကျနော်တို့ဘက်က သင့်တော်မျှတတဲ့ အမိန့်တခုလို့ သတ်မှတ်တယ်

ယနေ့ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ်သင်းသင်းနဲ့ ဝေဠုကျော် / ယုဖြူဟန် / ဧရာဝတီ

“ဝေဠုကျော်က ဝါသနာအရ အတူနေတဲ့ အသံဖိုင်များကို သွင်းထားခိုင်းတာ”လို့ သင်းသင်းပြော

by ယုဖြူဟန်
19 June 2019
77.8k

“ဝေဠုကျော်နဲ့ရည်းစားဖြစ်ခဲ့တာ ၆လကျော် ၇လအတွင်းမှာ ဝေဠုကျော်နဲ့ ထဲထဲဝင်ဝင်နေလာတာလေ။ ရည်းစားတယောက် ချစ်သူတယောက်အနေနဲ့နေလာတာ။ ဝေဠုကျော်ရဲ့အကျင့်စိတ်ဓာတ်ကို ကိုယ့်ထက်ဘယ်သူ ပိုသိနိုင်မှာလဲ။

အလှမယ် သင်းသင်း

အလှမယ် သင်းသင်းအား ဧည့်စာရင်းအကြောင်းပြ ဝင်ရောက်ဖမ်းဆီး

by ဧရာဝတီ
23 February 2022
8.9k

ညအချိန် တံခါးခေါက်ကာ နှောက်ယှက်မှုကို သင်းသင်းအနေဖြင့် ယခင်ဇူလိုင်လ အတွင်း က ပထမ အကြိမ် ကြုံခဲ့ရပြီး ထိုစဉ်က ရိုက်နှက်ခံခဲ့ရသဖြင့် ယခုအကြိမ်တွင် Live လွှင်ကာ သက်သေ အနေဖြင့် မှတ်တမ်းယူခြင်းဖြစ်သည်။

ယနေ့ ရုံးချိန်းမှာ တွေ့ရတဲ့ အလှမယ် သင်းသင်းနဲ့ သရုပ်ဆောင် ဝေဠုကျော်  / ဧရာဝတီ

“သက်သေအဖြစ် တင်သွင်းတဲ့ ဗီဒီယိုဖိုင်က ၁ မိနစ်စာ ရှိတယ်”လို့ ဝေဠုကျော်ရဲ့ ရှေ့နေ ပြော

by ယုဖြူဟန်
5 September 2019
17k

“ကျနော်တို့က အမှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်တွေ ထုတ်ပြန်တဲ့အခါမှာလည်း အမှုနဲ့ ပတ်သက်ပြီးတော့ အမှုသည်ကို မထိခိုက်အောင် စကားကို ထိန်းပြောရတာမျိုး ရှိတယ်။

တရားလိုဖြစ်သူ အလှမယ် သင်းသင်း  /  ယုဖြူဟန် / ဧရာဝတီ

“ဝေဠုကျော်ကို ၃ ကြိမ်တိတိ ဖြတ်ခဲ့တယ်”လို့ သင်းသင်း ပြော

by ယုဖြူဟန်
28 August 2020
62.3k

တဖက်လူရဲ့အနေအထားနဲ့ ကျမလို အနေအထားကို တိတ်တိတ်ပုန်း ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေမှ အများကြီးပဲ။ ကျမ လိုချင်တာ ငွေ မဟုတ်ဘူး။

သရုပ်ဆောင် ဝေဠုကျော်အား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားသည့် အလှမယ် သင်းသင်းက အဆိုပါ အမှုအား ရုတ်သိမ်းထားခြင်း မရှိဘဲ အဆုံးထိ ရင်ဆိုင်သွားမည်ဟု ဧရာဝတီကို ပြောသည်

ဝေဠုကျော်ကို တရားစွဲဆိုထားသည့်အမှု သင်းသင်း အဆုံးထိ ရင်ဆိုင်သွားမည်

by ဧရာဝတီ
26 February 2022
11.7k

သရုပ်ဆောင် ဝေဠုကျော်အား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားသည့် အလှမယ် သင်းသင်းက အဆိုပါ အမှုအား ရုတ်သိမ်းထားခြင်း မရှိဘဲ အဆုံးထိ ရင်ဆိုင်သွားမည်ဟု ဧရာဝတီကို ပြောသည်။

Next Post
ပုဂံသာ ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲ(ရုပ်/သံ)

ပုဂံသာ ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ခဲ့ရင် ဘာတွေဖြစ်လာနိုင်မလဲ(ရုပ်/သံ)

ရင်သွေးငယ်များ၏ ပညာရေးအတွက် စာသင်သားအသက်အာမခံ (ရုပ်/သံ)

ရင်သွေးငယ်များ၏ ပညာရေးအတွက် စာသင်သားအသက်အာမခံ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved