ဧရာဝတီ၊ ဇူလိုင် ၃၊ ၂၀၁၉
အဇာဘိုင်ဂျန် နိုင်ငံ ဘာကူးမြို့မှာ ကျင်းပနေတဲ့ ၄၃ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ညီလာခံမှာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်ကို ယူနက်စကို အသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ် စာရင်းဝင်မဝင် ဆုံးဖြတ်မှာဖြစ်ပါတယ်။
လက်ရှိ ယူနက်စကိုရဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ နိုင်ငံတကာ အထိမ်းအမှတ် အဆောက်အအုံနှင့် နေရာဒေသများ ဆိုင်ရာ ကောင်စီ(ICOMOS)က ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေးမှာ ထောက်ခံချက် ပေးထားတဲ့ အခြေအနေ ကောင်းတွေကိုလည်း မြင်တွေ့နေရပါတယ်။
တကယ်လို့ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်သာ ယူနက်စကို အသိအမှတ်ပြု ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ခဲ့ရင် ရရှိလာမယ့် ကောင်းကျိုးနဲ့ ကာကွယ်ရမယ့် အခြေအနေ၊ ထပ်မံလုပ်ဆောင်သင့်တာတွေကို ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းသူ တဦးဖြစ်တဲ့ ဒေါ်ဥမ္မာမျိုးနဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။
ရိုက်ကူး – ဟိန်းထက်၊ ကျန်ကျောင်း၊ အောင်ကျော်ထက်၊ ကျော်သူရ
တည်းဖြတ် – ကျော်သူရ