သတင်းတို

ရုရှားသင်္ဘောတွေ အချိန်မရွေးဆိုက်ကပ်နိုင်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးပြော

Want create site? Find Free WordPress Themes and plugins.

ဖိလစ်ပိုင်သမ္မတ ဒူတာတေးဟာ မနီလာဆိပ်ကမ်းကို ဆိုက်ရောက်လာတဲ့ ရုရှားစစ်သင်္ဘော အက်ဒမိုင် ရယ် ထရိုင်ဘတ်စ်ဆီကို မနေ့ကသွားရောက်လည်ပတ်ခဲ့ပြီးနောက် ရုရှားစစ်သင်္ဘောများ အချိန်မရွေး ဖိလစ်ပိုင်ဆိပ်ကမ်းမှာ ဆိုက်ကပ်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။

သမ္မတဒူတာတေးက “ ကျနော်တို့အနေနဲ့ ရုရှားမိတ်ဆွေတွေကို ကြိုဆိုပါတယ်၊ စစ်ရေးလေ့ကျင့်တာ ပဲဖြစ်ဖြစ်၊ ထောက်ပံရေးပစ္စည်း ဖြည့်တင်းတာပဲဖြစ်ဖြစ်၊ ကျနော်တို့ကို ကာကွယ်ဖို့ပဲဖြစ်ဖြစ် အချိန် မရွေး ဒီဆိပ်ကမ်းမှာ ဆိုက်ကပ်နိုင်ပါတယ်” လို့ ပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။

ဒါဟာ အမေရိကန်နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေတဲ့နောက်မှာ ရုရှားနဲ့ ဆက်ဆံရေးပိုမိုနွေးထွေး လာတာကို ပြသနေတာဖြစ်ပါတယ်။

ဒါအပြင် ရုရှားရေတပ်သင်္ဘောတွေကို ဦးဆောင်လာတဲ့ ဗိုလ်ချုပ်ကြီး မီခေးလ်လောဗ်နဲ့ ရင်းရင်းနှီးနှီး နှုတ်ဆက်ပြောဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Igor Khovaev ကလည်း မော်စကိုအနေနဲ့ ဖိလစ်ပိုင်ရဲ့ စစ်ရေးစွမ်းရည်ကို မြှင့်တင်ပေးဖို့ လိုလားနေတယ်လို့ ဆိုပါတယ်။

ရုရှားရေတပ်က ရေငုပ်သင်္ဘောတိုက်ဖျက်ရေး အမျိုးအစား အက်ဒမိုင်ရယ် ထရိုင်ဘတ်စ်နဲ့ ဆီဖြည့် သင်္ဘော ဘောရစ်ဘူတိုမာတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာဆိပ်ကမ်းကို ၄ရက်ကြာချစ်ကြည်ရေးခရီးလာရောက်နေတာဖြစ်ပါတယ်။

ဒီလို နှစ်နိုင်ငံ ရေတပ်ချင်းဆက်သွယ်မှုဟာ သမ္မတ ဒူတာတေးလက်ထက်မှာ ပထမဆုံးဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ မော်စကိုသို့ သွားရောက်ကာ လက်နက်ရောင်း ချရေးကိစ္စဆွေးနွေးပြီးတဲ့နောက်မှာ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

ရုရှားစစ်သားများက စွမ်းရည်ပိုင်းနှ်င့်ပတ်သက်ပြီး သမ္မတ ဒူတားတေးအား သရုပ်ပြသစဉ်

အဲဒီနောက်မှာတော့ မဟာမိတ်ဖြစ် တဲ့ အမေရိကန်ကလည်း ချေမှုန်းရေးရိုင်ဖယ်အလက် ၂၆၀၀၀ ကို ဖိလစ်ပိုင်သို့ ရောင်းချရေးမှာ ဆီးနိတ်လွှတ်တော်က ကန့်ကွက်ခဲ့ပါတယ်။

သမ္မတ ဒူတာတေးကလည်း တရုတ်ပြည်ကနေ လက်နက်ဝယ်ဖို့ ကြိုးစားခဲ့ရာ တရုတ် နှစ်ရှည်ချေး ငွေနဲ့ လက်နက်ရောင်းချမယ့်ကိစ္စကို လက်ခံခဲ့ပါတယ်။
ဖိလစ်ပိုင်နဲ့ မဟာမိတ်ဟောင်း အမေရိကန်တို့ရဲ့ ဆက်ဆံရေးဟာ သမ္မတဒူတာတေး လက်ထက်မှာ မူးယစ်ဆေးဝါးနှိမ်နင်းမှုနဲ့ ပတ်သက်ပြီးဝေဖန်ခဲ့တဲ့အတွက် ယို့ယွင်းခဲ့ပြီးနောက် ဖိလစ်ပိုင်ဟာ တရုတ်နဲ့ ရုရှားတို့နဲ့ ပိုမိုနီးစပ်ခဲ့ခြင်းဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading