သတင်းတို

KIA ၏ ငကျန်စခန်းအား တပ်မတော်မှ ထပ်မံသိမ်းပိုက်

Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တပ်မဟာ (၅)လက်အောက်ခံ တပ်ရင်း(၃)၏ ဌာနချုပ်ဖြစ်သည့် ငကျန်စခန်းကို တပ်မတော်က အမြောက်နှင့် လက်နက်ကြီးများ အကူအညီယူပြီး တိုက်ခိုက်ရာ မနေ့နံနက် ၁၁နာရီ ၂၅မိနစ်ခန့်တွင် စခန်းများ အားလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ပါတယ်။

ထိုတိုက်ပွဲအတွင်း တပ်မတော်နှင့် KIA အဖွဲ့ နှစ်ဘက်စလုံးမှ ကျဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း လက်နက်ခဲယမ်းမီးကျောက်များလည်း သိမ်းဆည်းရမိကြောင်း ဖော်ပြထားပါတယ်။

တပ်မတော်က KIA စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယခုနှစ် ဇန်နဝါရီလအတွင်းက KIA၏ အရေးပါသော ဂီဒုန်၊ လိုင်ဖောင် စသည့် တပ်စခန်းများကို သိမ်းပိုက်ပြီးနောက် အနီးအနားရှိ ငကျန်စခန်းကို ဆက်လက်သိမ်းပိုက်ခြင်းဖြစ်ပါတယ်။

ငကျန်စခန်းသိမ်းပိုက်ခံရမှုနဲ့ ပတ်သက်ပြီး KIA အဖွဲ့ထံမှ သီးခြားအတည်ပြုချက် လတ်တလော ရယူနိုင်ခြင်းမရှိသေးပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading