• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ပြည်ခရိုင် အတွင်း သစ်ပင် ၁၁ သိန်းခန့် စိုက်ပျိုးမည်ဟု ဆို

by ကောင်းမြတ်မင်း
17 May 2019
in သတင်းတို
A A
ယခင်နှစ် မိုးရာသီ၌ အရပ်ဘက် အဖွဲ့တချို့ သစ်ပင် စိုက်ပျိုးနေစဉ်  / Green Generation

ယခင်နှစ် မိုးရာသီ၌ အရပ်ဘက် အဖွဲ့တချို့ သစ်ပင် စိုက်ပျိုးနေစဉ် / Green Generation

10k
VIEWS
Share on FacebookShare on Twitter

ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် အတွင်းရှိ မြို့နယ် ၆ မြို့နယ် အတွင်း လာမည့် မိုးကာလ၌ သစ်ပင်ပေါင်း ၁၁ သိန်း ခန့် စိုက်ပျိုးရန် စီစဉ်ထားကြောင်း ပြည်ခရိုင် သစ်တော ဦးစီး ဌာနက သိရသည်။

ပြည်ခရိုင် အတွင်းရှိ ပြည်၊ သဲကုန်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ပန်းတောင်းနှင့် ရွှေတောင်မြို့နယ်များရှိ စီးပွားဖြစ် ကျွန်း စိုက်ခင်း စိုက်ကွက်ပေါင်း ၁၁၀၀၊ ကျေးရွာ ထင်းစိုက်ခင်း စိုက်ကွက် ၄၅၀ နှင့် ဒေသခံ ပြည်သူများ အစုအဖွဲ့ပိုင် သစ်တောမြေ ဧက ၄၉၀၀ ကျော် တို့တွင် ကျွန်း၊ ပျဉ်းကတိုး၊ မိုင်တန်ရှား (Muntingia)၊ ယူကလစ်နှင့် လျှော်ဖြူပင်များ အား စိုက်ပျိုးသွား မည် ဖြစ်ကြောင်း ပြည်ခရိုင် သစ်တော ဦးစီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဦးမြင့်သိန်းဦးက ဧရာဝတီကို ပြော သည်။

ဦးမြင့်သိန်းဦးက“ဇွန်လ ၁၉ ရက်မှာ ကျနော်တို့ ခရိုင်အတွင်းမှာ တပြိုင်တည်း နေရာ ၆ နေရာ စိုက်ဖို့ စီစဉ်ထားတယ်။ အားလုံးပေါင်းလိုက်မယ် ဆိုရင်တော့ အပင်ပေါင်း ၁၁ သိန်းလောက် စိုက်ဖို့ ရှိပါတယ်။ စီးပွားရေး စိုက်ခင်းတွေမှာတော့ အဓိက ကျွန်းနဲ့ ပျဉ်းကတိုးက စိုက်မယ်။ ကျေးရွာ ထင်းစိုက်ခင်းတွေမှာတော့ ယူကလစ်၊ မိုင်တန်ရှား၊ စသဖြင့် ဒီလို သစ်မျိုးတွေ စိုက်ပါမယ်။ အစုအဖွဲ့ပိုင် သစ်တောကတော့ ကျွန်းရယ်၊ မိုင်တန်ရှားရယ် ယူကလစ်ရယ် လျှော်ဖြူရယ် ဆိုပြီးတော့ ၄ မျိုး စိုက်ပါမယ်”ဟု ဆိုသည်။

ထို့ပြင် သစ်တော ဦးစီးဌာနနှင့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ ပူးပေါင်း၍ နှစ်စဉ် ဝင်ငွေ ရရှိနိုင်မည့် သစ်ပင်၊ သီးနှံပင်များကိုလည်း စိုက်ခင်းများ အတွင်း ထည့်သွင်း စိုက်ပျိုးရန် စီစဉ်ထားကြောင်း ၎င်းက ဆက်ပြောသည်။

အစိမ်းရောင် မျိုးဆက် (Green Generation) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ အနေနှင့် လည်း သီးခြားသစ်ပင်များ စိုက်ပျိုးရန် စီစဉ်ထားပြီး သစ်ပင်စိုက်ပျိုးရာတွင် အများပြည်သူ ပူးပေါင်း ပါဝင် ဆောင်ရွက် စေရန်နှင့် အပင်များ ရေရှည် ရှင်သန်နိုင်ရန် ပြည်မြို့ပေါ်ရှိ လူစည်ကားရာ လမ်းများ၊ ဈေးများ၊ ကျောင်းများနှင့် မီးပွိုင့် များတွင် သစ်ပင် စိုက်ပါ စာသားပါ စတစ်ကာများ လိုက်လံ ဝေငှခြင်းကိုလည်း မေလ နှောင်းပိုင်းတွင် ပြုလုပ်ရန် စီစဉ် ထားကြောင်း ယင်းအဖွဲ့ တည်ထောင်သူ ကိုငြိမ်းချမ်းဝေက ပြောသည်။

“သစ်ပင်စိုက်ဖို့ စိတ်ဝင်စားတဲ့လူတွေလည်း ကျနော်တို့ အဖွဲ့ကို လာရောက် ပူးပေါင်း နိုင်အောင်နဲ့ ဒီလို စတစ်ကာ လေးတွေ တွေ့ရင် သစ်ပင်တွေ မရှိလို့ ပူတယ် ဆိုတာ လူတွေ သိအောင် ကျနော်တို့ ဒီလှုပ်ရှားမှုကို လုပ်မှာပါ”ဟု ၎င်းက ပြောပြသည်။

ကိုငြိမ်းချမ်းဝေက ဆက်လက်၍“အစိုးရ အနေနဲ့လည်း ၁၁ သိန်း အထိ တိုးပြီးစိုက်လာတာ ကောင်းတယ်။ ဒါပေမယ့် ပြန်ကြည့်မယ်ဆိုရင် နှစ်တိုင်း စိုက်နေတာပဲ။ စာရင်းထဲမှာပဲ ရှိတယ်၊ တကယ့် မြေပြင်မှာ အဲဒီလောက်ကြီး ရှင်သန်တာ မရှိဘူး။ စိုက်ပျိုးပွဲတွေ လုပ်ပြီးသွားရင် ထားခဲ့တယ်။ နောက်တခုက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို တရွာကို စီမံချက် ဘယ်နှစ်ပင် မယူမနေရ ဆိုတဲ့ စနစ်အရ လာတော့ ယူသွားတယ်။ အဲဒီ အပင်တော် တော်များများက အုပ်ချုပ်ရေးမှူး အိမ်မှာပဲ သေသွားတာမျိုးတို့၊ ယူချင်တဲ့လူက ယူသွားတာမျိုးတို့ အဲဒီလိုတွေ ဖြစ်တာ များတယ်”ဟုလည်း ပြောဆို သည်။

ပြည်ခရိုင်၏စုစုပေါင်း မြေဧရိယာ အကျယ်အဝန်းမှာ ဧက ၁၉ သိန်းခန့် အကျယ်အဝန်းရှိကာ ဧက ၆ သိန်းကျော်မှာ သစ်တော ကြိုးဝိုင်းမြေ ဖြစ်ပြီး ကြိုးဝိုင်းပေါင်း ၂၅ ဝိုင်းရှိကာ ကြိုးပြင် ဧရိယာမှာ ၁၆၄၀ ဧက ရှိကြောင်းနှင့် ပြည်ခရိုင် အတွင်း ပန်းတောင်းမြို့နယ်၏ အကျယ်အဝန်းမှာ ၆ သိန်းကျော် (၆၁၉၅၀၉ ဧက) ကျယ်ဝန်းပြီး သစ်တောကြိုးဝိုင်း ဧရိယာ စုစုပေါင်း၏ ၅၀ ရာခိုင်နှုန်းကျော် ရှိကြောင်း သစ်တော ဦးစီဌာနက သိရသည်။

You May Also Like These Stories:

ကလော ထင်းရှူးတောများ မီးဘေးကာကွယ်ရေး လာမည့်နှစ် စီမံချက်ဖြင့် ဆောင်ရွက်မည် 

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
136
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.4k
အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

အမှတ်(၁၀) စကခမှူး ဗိုလ်မှူးကြီးဟန်လင်းအောင် ပန်းတောင်းတိုက်ပွဲမှာ သေဆုံး

6 January 2026
892

ကျောက်ဆည်-စဉ့်ကိုင် တရားမဝင် သစ်အမှု အဓိက တရားခံ မဖော်ထုတ်နိုင်သေး 

ဆောင်းခိုငှက်များ အဆိပ်ချသည့် အပေါ် အရေးယူသွားမည် 

Your Thoughts …
Tags: ပြည်ခရိုင် သစ်ပင်စိုက်
ကောင်းမြတ်မင်း

ကောင်းမြတ်မင်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
အဂတိမှု သတင်းပေးသူများကို ကော်မရှင် ဘယ်လို အကာအကွယ် ပေးမှာလဲ (ရုပ်/သံ)

အဂတိမှု သတင်းပေးသူများကို ကော်မရှင် ဘယ်လို အကာအကွယ် ပေးမှာလဲ (ရုပ်/သံ)

ပိတ်သိမ်းခံထားရသည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်က ယာယီ ဝတ်ပြုကျောင်း တခု / ထက်ခေါင်လင်း / ဧရာဝတီ

အစ္စလာမ် ယာယီဝတ်ပြုနေရာ ၃ ခုအား ပိတ်ရန် ဖိအားပေးသည့် အဖွဲ့မှ ဦးဆောင်သူ ၂ ဦးကို အမှုဖွင့်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved