• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်ဆည်-စဉ့်ကိုင် တရားမဝင် သစ်အမှု အဓိက တရားခံ မဖော်ထုတ်နိုင်သေး

by ထွန်းထွန်း
10 April 2019
in သတင်း
A A
ဧပြီ ၆ ရက်တွင် ကျောက်ဆည် ခရိုင်အတွင်း ဖမ်းဆီးရမိသည့် သစ်များ  / Forest Dept

ဧပြီ ၆ ရက်တွင် ကျောက်ဆည် ခရိုင်အတွင်း ဖမ်းဆီးရမိသည့် သစ်များ / Forest Dept

11.8k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည် မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ် အစပ်တွင် ဧပြီ ၆ ရက်က ဖမ်းမိသည့် သစ်များနှင့် ပတ်သက်ပြီး ကွင်းဆက် အနေဖြင့် တရားမဝင် သစ်များ ထပ်မံ ဖမ်းမိသော်လည်း သစ်မှောင်ခို လုပ်သူအား စုံစမ်း ဖော် ထုတ်နေဆဲ ဖြစ်ကြောင်း သိရသည်။

တရားမဝင်သစ်များ သယ်ဆောင်ရာ ရဲရွာ-ဘဲလင်း လမ်းပေါ်ရှိ သမန်းသာရွာ အနီးတွင် ဧပြီ ၅ ရက် ည ၁၂ နာရီခန့်မှ စတင် ၍ ကျောက်ဆည် မြို့မ ရဲစခန်းမှ ရဲတပ်သား ထွန်းထွန်းဝင်း နှင့် ချစ်ကို တို့က အရပ်သား ၅ ဦးနှင့် ပူးပေါင်းကာ သစ် ၂၂ တန်ကျော်အား ကား ၄ စီးဖြင့် တင်ဆောင်လာသူ ၁၀ ဦးကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ထို အမှု ကွင်းဆက် အနေဖြင့် ဧပြီ ၆ ရက်တွင် ကျောက်ဆည် ခရိုင် အတွင်းရှိ ကြောင်ရွာတောင်ဘက် ဖိုးသန်း တောင်ခြေ အနီးတွင် ကျွန်းသစ် ၄ ဒသမ ၄၃၂ တန်နှင့် ဧပြီ ၇ ရက်တွင် ကျွန်းနှင့် သစ်မာ ၇ ဒသမ ၂၇၉ တန်အား လည်းကောင်း၊ ဧပြီ ၉ ရက်တွင် ရဲရမန် ကြိုးဝိုင်း အမှတ် ၁၂၁ ကွက်အတွင်း ပန်းပုချောင်း တလျှောက်တွင် ကျွန်းနှင့် သစ်မာ ၉ ဒသမ ၅၅၇၄ တန် တို့ကို ထပ်မံ ဖမ်းမိခြင်း ဖြစ်ကြောင်း ကျောက်ဆည်မြို့နယ် သစ်တော ဦးစီးဌာနက သိရသည်။

ကျောက်ဆည် သစ်တော ဦးစီး အရာရှိ ဦးညီညီထွန်းက“၆ ရက်နေ့ မနက်ပိုင်းက မိပြီးနောက် ကျနော်တို့လည်း နယ်မြေ ရှင်းလင်းတာပေါ့။ အဲဒီမှာ ထပ်မိတာပါ။ အရင်မိတဲ့ အမှုနဲ့ ဆက်စပ်ပြီး လမ်းကြောင်း တလျှောက် နယ်မြေ ရှင်းရတာပေါ့” ဟု ပြောသည်။

စတင် ဖမ်းဆီးသည့် နေရာနှင့် ဖမ်းဆီးသူများသည် ကျောက်ဆည် ရဲစခန်းမှ ရဲတပ်သား နှစ်ဦး ဖြစ်သော်လည်း ဖမ်းမိ သစ် များအား စုထားသည့် နေရာသည် စဉ့်ကိုင် မြို့နယ် အတွင်း ပါဝင်သည်ဟု ဆိုကာ သစ်တော ဦးစီးဌာနက တရားလို ပြုလုပ် ကာ စဉ့်ကိုင်မြို့နယ်၌ အမှုဖွင့်ထားခြင်း ဖြစ်သည်။

စဉ့်ကိုင် မြို့မ ရဲစခန်းမှူး ဒုရဲမှူး မျိုးဝင်းက“၆ ရက်နေ့က မိတဲ့ သစ်နဲ့ ဖမ်းမိသူတွေကိုပဲ စခန်းမှာ အမှုဖွင့်ထားတာ။ ဆက်စပ် တဲ့ မော်စီ ဆိုတဲ့သူက မြစ်ငယ်ဘက်မှာ နေတယ်လို့တော့ သိရတယ်။ ဒီမှာ ဖမ်းထားတာတော့ မရှိသေးဘူး။ ရောင်းဝယ်သူ တွေ ကိုတော့ စုံစမ်းနေဆဲ အခြေအနေပါပဲ”ဟု ပြောသည်။

တရားမဝင် သစ် လမ်းကြောင်းအား စတင် ဖမ်းဆီးသည့် ညတွင် ရယူထားသည့် မှတ်တမ်းများ အရ ဦးအောင်မင်း ဆိုသူ နှင့် ဖမ်းဆီးခံထားရသူများကြား တယ်လီဖုန်း ပြောဆိုမှုကို တွေ့ရသော်လည်း ဦးအောင်မင်း ဆိုသူသည် အမှုနှင့် မည်သို့ ပတ်သက် နေကြောင်း ရဲတပ်ဖွဲ့နှင့် သစ်တောဌာနတို့က သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူများက“ကျနော်တို့ ဖမ်းမိတော့ မနက်လင်းတဲ့ အထိ ရဲစခန်းကို အကူအညီ တောင်းပေမယ့် ဘယ် ဌာနကမှ မလာခဲ့ပါဘူး။ မနက် ၈ နာရီလောက်မှ လာသယ်ကြတာပါ။ အခု ဖမ်းထားတဲ့ သူတွေက သယ်ပေးတဲ့ လူတွေ လို့ ပဲ ယူဆရတယ်။ နောက်မှာ တကယ် လုပ်နေတဲ့သူ ရှိမှာပါ”ဟု ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
90
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
33
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

တရားမဝင် သစ်များ သယ်ဆောင်ခဲ့ရာ ရဲရမန် သစ်တောကြိုးဝိုင်းမှ ရဲရွာ-ဘဲလင်း လမ်းကြောင်းပေါ်တွင် ကြောင်ရွာ၌ သစ် တော ဌာနဂိတ်နှင့် ရဲရွာ နယ်မြေ စခန်းတို့ တည်ရှိကြောင်း ဒေသခံများနှင့် သစ်ကားများ ဖမ်းဆီးရာတွင် ပါဝင်သူများက ဧရာဝတီသို့ ပြောဆိုသည်။

လက်ရှိတွင် အမှုနှင့် ပတ်သက်ပြီး ဖမ်းမိထားသူ ၁၀ ဦးနှင့် ဦးမော်စီ ဆိုသူတို့အား စဉ့်ကိုင် ရဲစခန်းတွင် သစ်တော ဥပဒေ ပုဒ်မ ၄၃(က)၊ ၄၂(က) တို့ဖြင့် အမှု ၃ သုံးမှု ဖွင့်ကာ စစ်ဆေးလျက် ရှိသည်။

ထို သစ်ကွင်းဆက်မှုအား ဖော်ထုတ်ခဲ့သည့် ရဲတပ်သား ထွန်းထွန်းဝင်းနှင့် ချစ်ကိုတို့သည် ၂၀၁၈ ခုနှစ်က ပိုင်ရှင်မဲ့ သစ် အမှု တခုအား ဖော်ထုတ်နိုင်မှုကြောင့် ကျောက်ဆည် မြို့ခံများနှင့် 7 day သတင်းဌာနတို့၏ ဂုဏ်ပြုဆုရခဲ့သူများ ဖြစ်သည်။

ဒေသတွင်း တရားမဝင် လုပ်ငန်းများအား စုံစမ်းလျက် ရှိနေစဉ် လတ်တလော တရားမဝင် ကွင်းဆက်သစ် အမှုအား ဖော်ထုတ် ဖမ်းဆီးခဲ့သည့် ဧပြီ ၆ ရက် မတိုင်မီ ၃ ရက်ခန့်တွင် ချစ်ကို အတွက် နယ်ပြောင်း မိန့်ရရှိခဲ့ပြီး ထွန်းထွန်းဝင်း အတွက် နယ်ပြောင်းမိန့်ကို ဧပြီ ၁၀ ရက်တွင် ရရှိခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: ကျောက်ဆည်စဉ့်ကိုင် သစ်အမှု
ထွန်းထွန်း

ထွန်းထွန်း

ဧရာဝတီ

Similar Picks:

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်

by ဧရာဝတီ
12 September 2024
4.4k

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်များ မြစ်ရေမြင့်တက်နေမှုနှင့်အတူ ယင်းမြစ်များပေါ်တွင်တည်ဆောက်ထားသော ဆည်ကြီးများမှ ရေလွှတ်ခြင်း၊ ရေဖောက်ချခြင်းနှင့် ဆည်ကျိုးခြင်းများကြောင့် ကျေးရွာများရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေ

ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

by တိုက်စိုး
10 May 2025
345

၁၆ မိုင် စတုရန်း ပတ်လည်၌ လက်ညှိုးထိုး မလွဲ မင်းနှင့် ပြည်သူတို့ တည်ဆောက် ခဲ့ကြသော မြေစိုက် ဘုရား၊ ဂူဘုရား စုံလှပါပေသည်… ဤသည် ရှေးခေတ် ပုဂံပြည် ကြီးကြယ်ခဲ့ကြောင်း သက်သေခံပေတည်း…

မြစ်သားရေကြီးမှု ပျောက်ဆုံးသူတွေ ပြန်ရှာမတွေ့သေး (ရုပ်/သံ)

မြစ်သားရေကြီးမှု ပျောက်ဆုံးသူတွေ ပြန်ရှာမတွေ့သေး (ရုပ်/သံ)

by စောမေရီ
16 September 2024
131

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ထဲက မြစ်သားမြို့နယ်မှာ စက်တင်ဘာ ၁၂ရက်နေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုတွေဖြစ်ခဲ့တာကြောင့် မြို့လုံးကျွတ်နီးပါး ရေနစ်မြုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ တနေရာတွင် တွေ့ရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

ကျောက်ဆည်တွင် CRPH အဖွဲ့ဝင်များကို ဝင်ရှာရင်း စစ်တပ်က ပစ္စည်းများ လုယက်

by ဧရာဝတီ
22 April 2021
30.8k

လက်ပံကျေးရွာတွင် ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက အောက်ခြေအဆင့် CRPH အဖွဲ့ဝင်များ ရှိသည်ဟု ဆို ကာ စစ်ကောင်စီ လက်နက်ကိုင်တပ်များက ဝင်ရောက် ရှာဖွေခဲ့

၂၀၁၇ခုနှစ်ကတွေ့ရသည့် ကျောက်ဆည်မြို့ရှိ ဆင်ဖြူချပ် ပရဟိတနှင့် ဘက ကျောင်း

ကျောက်ဆည်ပရဟိတနှင့် ဘကကျောင်းဆရာတော်အား စစ်ကောင်စီ ဖိအားပေး၍ ကျောင်းမှ စွန့်ခွာခိုင်း

by ဧရာဝတီ
17 October 2021
7.8k

အဆိုပါ ကျောင်းအား PDF များနှင့် အဆက်အသွယ်ရှိသည်ဆိုသော စွပ်စွဲချက်ဖြင့် သံသယရှိသည်ဟုဆိုကာ အောက်တို ဘာလ ၄ ရက်က စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသော တရားမဝင်သစ်များ သယ်ဆောင်လာသည့်ကားများ  / Forest Deperment facebook

ကျောက်ဆည်က သန်းခေါင်ယံ သစ်ဖမ်းပွဲ

by ထွန်းထွန်း
11 April 2019
25.2k

မည့်သည့် ရဲနှင့် သစ်တော ဝန်ထမ်းမှ ဖမ်းဆီးထားရာသို့ မရောက်ခဲ့ကြောင်း၊ နံနက် ၈ နာရီခန့်မှသာ ပူးပေါင်းအဖွဲ့ ပုံစံဖြင့် ရောက်လာခြင်းဖြစ်ကြောင်း

Next Post
ရဲဘော်အောင်ဆွေဦး လွတ်ဖို့မျှော်လင့်တယ် ( ရုပ်/သံ)

ရဲဘော်အောင်ဆွေဦး လွတ်ဖို့မျှော်လင့်တယ် ( ရုပ်/သံ)

နေပြည်တော်တွင် ဖွင့်လှစ်သည့် အမေရိကန် ဆက်ဆံရေး သံရုံး တရားဝင် ပန္နက်ချသည့် အခမ်းအနား  / ထက်နိုင်ဇော် / ဧရာဝတီ

နေပြည်တော်တွင် တရုတ်သံရုံးခွဲ ဖွင့်အပြီး အမေရိကန်လည်း လိုက်ဖွင့်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved