• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း သတင်းတို

ကျောက်ဆည်တွင် CRPH အဖွဲ့ဝင်များကို ဝင်ရှာရင်း စစ်တပ်က ပစ္စည်းများ လုယက်

by ဧရာဝတီ
22 April 2021
in သတင်းတို
A A
ရန်ကုန်မြို့ တနေရာတွင် တွေ့ရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ  / ဧရာဝတီ

ရန်ကုန်မြို့ တနေရာတွင် တွေ့ရသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ / ဧရာဝတီ

30.8k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ဒန်းတိုင်အုပ်စု၊ လက်ပံကျေးရွာတွင် ဧပြီလ ၂၁ ရက်နေ့ ညနေပိုင်းက အောက်ခြေ အ ဆင့် CRPH အဖွဲ့ဝင်များ ရှိသည်ဟုဆိုကာ စစ်ကောင်စီ လက်နက်ကိုင်တပ်များက ဝင်ရောက် ရှာဖွေခဲ့ပြီးနောက် လူတဦးကို ဖမ်းဆီး၍ ပစ္စည်းများ လုယူသွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၁ ရက်နေ့ ညနေ ၃ နာရီခွဲခန့်တွင် လက်ပံရွာ၏ မြောက်ဘက် လမ်းဆုံတခုရှိ စတိုးဆိုင်တဆိုင်သို့ စစ်ကောင်စီ လက်နက်ကိုင်တပ်များ စတင်ဝင်ရောက်လာပြီး စတိုးဆိုင်ပိုင်ရှင်ကို ဖမ်းဆီးရန် ကြိုးစားခဲ့ကြောင်း၊ လူမမိသဖြင့် ယင်းဆိုင်မှ Canter အမျိုးအစား ၁၀ ပေ ကားတစီးကို ယူဆောင်သွားခဲ့ကြောင်း လက်ပံကျေးရွာမှ ဒေသခံတဦးက ပြောသည်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
217
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
2k
တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

10 May 2025
1.6k

“စစ်ကား ၃ စီးလောက်တော့ ပါတယ်။ လူအင်အားကလည်း ၃၀ ကျော်လောက် ရှိတယ်။ အဲဒီ စတိုးဆိုင်ကနေ ဓာတ်ဆီ ပေပါ ၁၀ လုံးရယ်၊ ဆန်အိတ်ပိုင်း ၃၀ လောက်၊ ဆိုင်ကယ် ၃ စီး ပါသွားတယ်။ မုန့်တွေ ပါသွားတယ်။ နည်းနည်း တန်ကြေး ရှိတာတွေ အကုန်ယူသွားတယ်”ဟု အမည်မဖော်လိုသော ဒေသခံတဦးက ပြောသည်။

ယင်းစတိုးဆိုင်ကို ဝင်ရောက် ရှာဖွေပြီးနောက် လက်ပံရွာထဲသို့ သေနတ်များ အနည်းဆုံး အချက် ၂၀ ခန့် ပစ်ဖောက်၍ ဝင်ရောက်လာကြောင်း၊ ရွာထဲရှိ ရာအိမ်မှူးဟောင်း၏ အိမ်ကို ဝိုင်း၍ ဝင်ရောက် ရှာဖွေခဲ့ကြောင်း သိရသည်။

“ရွာထဲတွေကို ဝင်ကတည်းက သေနတ်တွေ ဝိုင်းဖောက်တယ်။ ရွာသားတွေလည်း ထွက်ပြေးကြတာပေါ့။ ရွာထဲက ရာအိမ် မှူးဟောင်းအိမ်ကို ဝိုင်းတယ်။ ရွာမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ စာရင်းကို ဒလန်တွေကနေပြီးတော့ သတင်းပေး တိုင် ကြားထားတော့ ဘယ်သူ့အိမ်၊ ဘယ်သူ့အိမ်ဆိုတာ တန်းပြီးတော့ ဝင်လာတာ”ဟု လက်ပံကျေးရွာသားတဦးက ပြောပြ သည်။

စစ်ကောင်စီတပ်များ ဝင်ရောက် ရှာဖွေသည့် ရာအိမ်မှူးဟောင်း၏ အိမ်မှ ဆိုင်ကယ်တစီး၊ ရာအိမ်မှူးဟောင်းအိမ်၏ အနောက်ဘက်အိမ်မှ ဆိုင်ကယ်တစီး၊ PSI စလောင်း ၄ ခုတို့ကို လုယက်သွားခဲ့ပြီး PSI စလောင်း ရှိသည့် အိမ်များထဲသို့ ဝင်ရောက် မွေနှောက်သွားခဲ့သေးသည်ဟု ဆိုကြသည်။

“အဖမ်းခံရတဲ့သူက အသက် ၇၀ လောက်တောင် ရှိနေပြီ။ ပါသွားတာ။ သူ့နာမည်ကိုတော့ ကျနော်တို့ မပြောချင်ဘူး”ဟု ဒေသခံတဦးက ပြောသည်။အဖမ်းခံရသူ အမျိုးသားမှာ ယနေ့အချိန်အထိ ပြန်ရောက်မလာသေးကြောင်း သိရသည်။

ထို့ကြောင့် ရွာထဲသို့ စစ်ကောင်စီတပ်များ ထပ်မံ ရောက်ရှိလာမည်ကို စိုးရိမ်သဖြင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေရကြောင်း၊ လက်ပံရွာ၏ အနီးရှိ ကျောက်မဆစ်ရွာသားများလည်း ထွက်ပြေးလျက် ရှိကြောင်း သိရသည်။

“ကျန်တဲ့သူတွေလည်း ကြောက်လန့်ပြီးတော့ တောတောင်တွေထဲ ပြေးနေရတာ။ သူတို့ရောက်လာတာက CRPH အဖွဲ့ ဖွဲ့ တယ်လို့ သတင်းပေးတိုင်ထားလို့ ရောက်လာကြတာ။ CRPH အဖွဲ့ဝင်တွေကို By Name တပ်ပြီး လာရှာတဲ့ သဘောပဲ။ ရွာထဲက ဒလန်တွေက သတင်းပေး တိုင်လို့ပေါ့ဗျာ”ဟု လက်ပံရွာသားတဦးက ပြောပြသည်။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များဖြင့် ဖွဲ့ စည်းထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ကြားကာလ ပြည်သူ့ အုပ်ချုပ်ရေး အစီအစဉ်ကို ဖော်ဆောင်လျက်ရှိပြီး မိမိတို့ နေထိုင်သည့် ဒေသအလိုက် အဆင့်ဆင့်သော ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ များ ဖွဲ့စည်းရန် လမ်းညွှန်ချက်ပေးထားသည်။

You may also like these stories:

အမျိုးသမီးငယ်များနှင့် ဖမ်းဆီးထားသူများအပေါ် စစ်ကောင်စီတပ်များ ရာဇဝတ်မှု ကျူးလွန်

ပဲခူးပစ်ခတ်မှု၌ သေဆုံးသူတို့၏ အုတ်ဂူများဖယ်ရှားရန် ဖိအားပေး

Your Thoughts …
Tags: CRPHကျောက်ဆည်စစ်ကောင်စီလက်ပံကျေးရွာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မုံရွာမြို့မှ စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်မြင်ကွင်း

အာဏာသိမ်း စစ်ကောင်စီ ဖိနှိပ်မှုကြောင့် မုံရွာဂေဇက် သတင်းဌာန ရပ်နား

Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်

Mizzima အယ်ဒီတာဟောင်း ကိုသန်းထိုက်အောင်ကို ဒုတိယအကြိမ် ရုံးထုတ်

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate