ဘယ်လိုတုံ့ပြန်ကြသလဲ

လင်းသန့်

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကုလသမဂ္ဂ(UN)အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကမ္ဘာ့ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ရန်ကုန်ရုံးခန်းကို စစ်ဗိုလ်ချုပ်ဟောင်း တဦးရဲ့ အိမ်ကို တလ အမေရိကန်ဒေါ်လာ ၉ သောင်းနီးပါး ပေးပြီး ငှားရမ်းတာ၊ ကမ္ဘာ့ကျန်း မာရေး အဖွဲ့(WHO) ကလည်း ရန်ကုန်ရုံးခန်းအတွက် တလ ဒေါ်လာ ၈ သောင်းကျော်ပေးငှားတာ၊ ဥရောပ ကော်မရှင် သံအမတ် ကလည်း ရန်ကုန်မြိုက နေအိမ်ကို ဈေးကြီးကြီး ပေးငှားနေတာ စတဲ့ သတင်းတွေကို ဧရာဝတီ က ဖော်ပြခဲ့ပါတယ်။

ဒီသတင်းတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရှိ အလွှာအသီးသီးက ထင်ရှားသူတွေရဲ့ တုံ့ပြန်ပြောဆိုမှုတွေကို ဧရာဝတီသတင်းထောက် လင်းသန့်က ဆက်သွယ် မေးမြန်းထားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒေါ်ဖြူဖြူသင်း

(HIV/AIDS စောင့်ရှောက်ရေး လှုပ်ရှားသူ – NLD – MP)

နိုင်ငံတကာ အလှူရှင်တွေအနေနဲ့ကလည်း တကယ့်ကို နိုင်ငံတကာ အဆင့်အတန်းနဲ့ ကြည့်မယ်ဆိုရင်တော့ ရုံးခန်းကအစ အဆင့် အတန်းမြင့်ဖို့ လိုတယ်ဆိုပေမယ့် မြန်မာပြည်အနေနဲ့က ပြောရမယ်ဆိုရင် အခုလို အဆောက်အအုံ အဆင့်အတန်း မြင့်မြင့် အိမ်ရာ တွေကို ငှားသုံးလိုက်တော့ တကယ့်လို အပ်ချက်ရှိတဲ့ လူတွေလက်ထဲကို မရောက်ဘူး။

ကျမတို့ တိုင်းပြည်မှာ လှူလိုက်တဲ့ အလှူငွေတွေ တော်တော်များများဟာ အဲဒီလို မထိရောက်ဘဲနဲ့ အဟောသိကံ မဖြစ်ဘဲနဲ့ ပြည် သူ လူထု လိုအပ်ချက်ရှိသူတွေ လက်ထဲကို ရောက်ရှိမယ်ဆိုရင်တော့ ပိုပြီး ထိရောက်တဲ့ အောင်မြင်တဲ့ လုပ်ငန်းတွေ ဖြစ်မယ်လို့ ယုံကြည်တယ်။

မြန်မာပြည်ရဲ့ အခြေအနေအရ စစ်တပ်နဲ့၊ သူတို့နဲ့ပတ်သက်တဲ့သူတွေ အားလုံးက လက်ဝါးကြီး အုပ်ထားတာပေါ့။ ဒါကြောင့် ပိုင် ဆိုင် မှုတွေဆိုရင်လည်း ဒီလူတွေ လက်ထဲမှာပဲ ရှိနေပြီး ရရှိတဲ့ အကျိုးအမြတ်တွေအကုန်လုံးကလည်း ဒီလူတွေ လက်ထဲကိုပဲ သွားတဲ့ အခါကျတော့ လှူဒါန်းတဲ့လူတွေက အကျိုးရော ရှိပါ့မလား၊ ပြန်ပြီး သုံးသပ်ဖို့တော့ လိုတယ်၊ စစ်အာဏာရှင်ကို ထောက်ပံ့မှု မဖြစ် အောင်လည်း ရှောင်ရမယ်လို့ မြင်တယ်။

ဒေါ်ခင်ဥမ္မာ

(မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး နှင့် အမျိုးသမီးရေးရာများ လှုပ်ရှား ဆောင်ရွက်နေသူ)

နိုင်ငံတကာအဖွဲ့အစည်းတွေ သံတမန်တွေအနေနဲ့ ဒီနိုင်ငံမှာ လာပြီးရုံးစိုက်ကြတဲ့အခါ၊ ရန်ကုန်မြို့လို နေရာမျိုးမှာ နေရာယူရဖို့၊ လို အပ်ချက်ကို ဖြည့်ဆည်းနိုင်မယ့် နေရာမျိုးကို ကြည့်မယ်ဆိုရင်၊ ခရိုနီတွေ၊ စစ်ဗိုလ်ချုပ်မိသားစုတွေ၊ တကယ့် အာဏာရပြီး စီးပွားရေးလောကကို လက်ဝါးကြီး အုပ်ထားတဲ့ လူချမ်းသာတစုရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ဝေးဖို့ခက်တယ်။

ဒါပေမယ့် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ သူများနိုင်ငံတွေမှာလည်း ဒီလိုမျိုးရှိတယ်ဆိုရင် သူတို့ရဲ့ ဘဏ္ဍာရေး သုံးစွဲမှု ဟာ၊ ကျမတို့ နိုင်ငံအတွက် သတ်မှတ်ထားတဲ့ ဘဏ္ဍာငွေထဲက၊ ကျမတို့ နိုင်ငံအတွက် ရန်ပုံငွေတွေ၊ မြန်မာနိုင်ငံအတွက်၊ မြန်မာပြည်သူ တွေအတွက် ဖွံ့ဖြိုးရေး စီမံကိန်းအတွက် စသဖြင့်ခေါင်းစဉ် အသီးသီးအောက်ကနေ လာတဲ့ ဘဏ္ဍာငွေတွေဖြစ်တယ် ဆိုရင်တော့ ဒါဟာ မေးခွန်းထုတ်စရာဖြစ်ပြီ။

ဘဏ္ဍာငွေထဲကနေ ဘာကြောင့် ဒီလောက် ဈေးကြီးကြီးပေးငှားနေလဲ၊ နောက်ပြီး ဒီငှားနေတဲ့ နေရာတွေက ဘယ်သူတွေ ပိုင်ဆိုင် တာလဲ၊ ဒီလိုနိုင်ငံမှာ ဒီလို လူမျိုးတွေ ဆီကနေငှားပြီးမှ ငွေတွေ အများကြီးသုံးရတယ်ဆိုတာ ပြည်သူတွေဆီ ရောက်ရမယ့်ဟာက ရောက်သင့်သလောက် မရောက်တော့ဘဲနဲ့ Over Head Charges လို့ ခေါ်တဲ့ စီမံခန့် ခွဲမှု သုံးရတာနဲ့တင်ပဲ ပိုက်ဆံက အများကြီး သုံးနေတာလေ။

အခုလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်မှုကို သမိုင်းမှာ အကြွေးတင်နေတဲ့ နိုင်ငံတခုမှာ သူတို့အနေနဲ့ ဒီလိုလုပ်တာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို ချိုးဖောက်ခဲ့တဲ့၊ ချိုးဖောက်နေဆဲ သူတွေ၊ လူထုဆီက မတရားယူထားတဲ့ ပိုင်ဆိုင်မှုသူတွေကိုမှ နိုင်ငံတကာ အသိုင်း အဝိုင်းတွေက ဒီထက်ပိုပြီး ချမ်းသာအောင် သူတို့ ရဲ့ ပိုင်ဆိုင်မှုတွေကို ပိုပြီးတိုးပွားအောင်လို့ ပြည်သူတွေအတွက်ပေးတဲ့ ရန်ပုံငွေတွေ သုံးပြီး သူတို့ကို ပိုပြီး ကြီးပွားချမ်းသာအောင် လုပ်ပေးနေရတဲ့ အနေအထားမျိုး ရောက်နေပြီဆိုရင်၊ ကျင့်ဝတ်သိက္ခာပိုင်းအရ ဘယ်လိုမှ နားထောင်လို့ မကောင်းတဲ့ ကိစ္စပါ။ ဒါကတော့ တော်တော်လေး ဆိုးတယ်။

Loading