• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

UNICEF လိုပဲ WHO လည်း ရန်ကုန်ရုံးငှားခ တလ ဒေါ်လာ ၈ သောင်းခန့် ပေးရ

by ရန်ပိုင်
31 May 2014
in သတင်း
A A
ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့, WHO, ကမ္ဘာ့ကျန်းမာရေးအဖွဲ့, ရန်ကုန်ရုံး, ငှားရမ်းခ , အိမ်ခြံမြေ ဈေးကွက်, ဥရောပသမဂ္ဂ , EU , UNICEF

မရမ်းကုန်းမြို့နယ်၊ ၇ မိုင်၊ ပြည်လမ်းဘေးရှိ WHO ရုံးခွဲ (ဓာတ်ပုံ - စိုင်းဇော် / ဧရာဝတီ)

7.3k
VIEWS
Share on FacebookShare on Twitter

ကုလသမဂ္ဂရဲ့ အေဂျင်စီအဖွဲ့ခွဲ တခုဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) အနေနဲ့ ကုလသမဂ္ဂ ကလေးများ ဆိုင်ရာ ရန်ပုံငွေ (UNICEF) လိုပဲ ရန်ကုန်မြို့မှာ ရုံးခန်းငှားရမ်း ဖွင့်လှစ်တဲ့နေရာမှာ ရုံးခန်းငှားခတလကို  အမေရိကန်ဒေါ်လာ ၈ သောင်းနီးပါးပေးပြီး ငှားရမ်း ဖွင့်လှစ်ရတယ်လို့ သိရပါတယ်။

WHO အနေနဲ့ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၇ မိုင် ၊ ပြည်လမ်းဘေး အိမ်အမှတ် ၂ မှာ ရုံးခန်း ဖွင့်လှစ်ထားပြီး အဲဒီရုံးခန်း အတွက် တလကို အမေရိကန် ဒေါ်လာ ၇၉၂၀၀ ( မြန်မာကျပ်ငွေကျပ် သိန်း ၈၀၀ခန့်) ပေးရတယ်လို့ WHOရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Dr. Krongthong Thimasarn က ဧရာဝတီရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားစဉ် ထုတ် ဖော် ပြောဆိုပါတယ်။

“ပေးရတဲ့ ဈေးက လက်ရှိ အိမ်ခြံမြေငှားရမ်းတဲ့ ဈေးကွက်ထဲမှာကို ကိန်းဂဏန်း ကြီးမှန်းသိပါတယ်။ လိုချင်တဲ့ ဈေးနှုန်းမျိုး တော့ မဟုတ်ဘူး။ ဒါပေမယ့် အဆောက် အဦ ကတော့ ကုလသမဂ အဖွဲ့က သတ်မှတ်ထားတဲ့ အဆင့်နဲ့ညီပါ တယ်” လို့ သူကဆိုပါတယ်။

အရင်က WHOနဲ့ ကုလသမဂ္ဂအေဂျင်စီတွေက ကုန်သည်ကြီးများ ဟိုတယ်(ယခု ဆူးလေ ရှန်ဂီလာဟိုတယ်) မှာ ရုံးခန်း ဖွင့်လှစ်ခဲ့ပေမယ့်  အဲဒီကနေ ဖယ်ရှားပေးလိုက်ရပြီးတဲ့နောက် ရုံးခန်းဖွင့်ဖို့ နေရာရှာခဲ့ကြောင်း၊ မြို့နယ်ပေါင်းများစွာက အဆောက်အဦ ၂၀ကျော်ရဲ့ ဈေးနှုန်းနဲ့ အခြေအနေတွေ စုံစမ်းမေးမြန်းရှာဖွေခဲ့ပေမယ့် သင့့်တော်တဲ့အဆောက်အဦ မရခဲ့ တာမို့ နောက်ဆုံးမှာ ကုလသမဂ္ဂအေဂျင်စီတွေအားလုံး သီးခြားခွဲထွက်ပြီး ရုံးခန်းတွေ ဖွင့်ဖို့ ဆုံးဖြတ်ခဲ့ရကြောင်း၊ WHO အနေနဲ့ လက်ရှိ ၇ မိုင်မှာ ရုံးခန်းငှားရမ်းခဲ့ပြီး လက်ရှိ ငှားရမ်းထားတဲ့ ရုံးခန်းကလည်း  တစ်စတုန်းပေကို အမေရိကန် ၅ ဒေါ်လာ ကနေ ၁၅ ဒေါ်လာအထိ ဈေးပေါက်နေတဲ့ ရန်ကုန်မြို့လယ်က အဆောက်အဦဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် သင့်တင့် တဲ့ဈေးနှုန်းလို့ WHOက ဧရာဝတီကို ပြောပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ WHO ရုံးခွဲအနေနဲ့ တနှစ်ကို အမေရိကန်ဒေါ်လာ ၉ သန်းသုံး စွဲပြီး ဒီပမာဏထဲမှာ ဝန်ထမ်း လစာ၊ အဆောက်အဦ ငှားရမ်းခ တွေလည်း အပါအဝင်ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၉ သန်းအပြင် WHO က အကောင် အထည် ဖော်နေတဲ့ စီမံကိန်းတွေ အတွက်လည်း နောက်ထပ်နှစ်အလိုက် ဘတ်ဂျက်ငွေကြေးထပ်မံရရှိတယ်လို့လည်း သိရပါတယ်။

လတ်တလော WHO ရုံးခန်းဖွင့်လှစ်ထားတဲ့ ၇ မိုင် ပြည်လမ်းဘေးက အဆောက်အဦကို ဒေါ်ခင်နွယ်မာထွန်းဆိုသူက ပိုင်ဆိုင် တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆွေမျိုးမိသားစုက ပိုင်ဆိုင်တယ်ဆိုတဲ့ သတင်းတွေကို WHO က ငြင်းဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့ (UNICEF) အနေနဲ့ ရန်ကုန်မှာ ရုံးဖွင့်ဖို့ ယခင် စစ်အစိုးရဝန်ကြီး တဦးဖြစ်တဲ့  ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်ရဲ့ အိမ်ကို တလ အမေရိကန်ဒေါ်လာ ၉၀၀၀၀ နီးပါးဈေးကြီးပေး ငှားရမ်း ထား တယ် လို့ ဧရာဝတီက သတင်းရေးသားပြီးတဲ့နောက် ကုလသမဂ္ဂရဲ့ အကူအညီ ဆိုတာတွေနဲ့ပတ်သက်လို့ ပြည်တွင်း မှာ စိတ်ဆိုး ဒေါသထွက် မေးခွန်းထုတ်မှုတွေ အကြီးအကျယ် ပေါ်ပေါက်နေပါတယ်။

UNICEF က ဗိုလ်ချုပ်ဟောင်း ဦးညွန့်တင်ရဲ့ ရန်ကုန် ရွှေတောင်ကြား ၂ ရပ်ကွက် အင်းလျားမြိုင်လမ်း ခြံအမှတ် ၂၃၊အေ အိမ်ကို တလ အမေရိကန်ဒေါ်လာ ၈၇၀ဝ၀ (မြန်မာငွေ သိန်း ၈၈၀ ခန့်)နဲ့ ၇ နှစ် ငှားရမ်းခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေက ရန်ကုန်မြို့မှာ ရုံးခန်းတွေ ဖွင့်လှစ်မှု များပြားလာတဲ့အတွက်  အတွက် ရန်ကုန် မြို့လယ် က ရုံးခန်းငှားခဟာ ၁ ပေ ပတ်လည်ကို အမေရိကန် ၁၀၆ ဒေါ်လာပေးရတာမို့ နယူးယောက် မြို့လယ်က ရုံးခန်း ငှားခတွေ ထက်တောင် ဈေး၂ ဆ ကြီးနေတယ်လို့ ကမ္ဘာ့စီးပွားရေး ထိပ်တန်းသတင်းစာ ဝေါစထရိ ဂျာနယ်က  နှိုင်းယှဉ် ရေးသားခဲ့ပါတယ်။

ဒီလို အချက်အချာကျပြီး ဈေးကောင်းရတဲ့ မြေတွေ၊ အိမ်တွေ၊ ခြံတွေကို အဓိကအားဖြင့် စစ်ဗိုလ်ချုပ်ဟောင်းတွေ အပါ အဝင် သူတို့နဲ့ နီးစပ်တဲ့ စီးပွားလုပ်ငန်းရှင်ကြီးတွေ၊ မူးယစ်ရာဇာတွေကနေ အမည်ပေါက်အမျိုးမျိုးနဲ့ ပိုင်ဆိုင်ကြ တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဥရောပ သမဂ္ဂ အဖွဲ့ (EU) ကိုယ်စားလှယ်ရုံးဆိုရင်လည်း ရန်ကုန်မြို့ ကမာရွတ်မြို့နယ်  လှည်းတန်း လမ်းဆုံမှာရှိတဲ့ Asia World ကုမ္ပဏီပိုင်ရှင် ဦးထွန်းမြင့်နိုင်ပိုင်ဆိုင်တဲ့  လှည်းတန်းစင်တာ (Hledan Centre) မှာ ရုံးခန်းငှားရမ်း ဖွင့် လှစ်ထားတာပါ။ Asia World ကုမ္ပဏီဟာ ဘိန်းဘုရင် လောစစ်ဟန်နဲ့ သားများ တည်ထောင်ထားတဲ့ ကုမ္ပဏီ တခုဖြစ်ပါတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
477
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
36
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
76

အလားတူ လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ  ဥရောပ သမဂ္ဂ အဖွ့ဲ ရဲ့ သံအမတ်ကြီး တာဝန်ထမ်းဆောင်နေတဲ့ မစ္စတာ ရိုလန် ကိုဘီယာ (Mr. Rolan  Kobia) ဟာလည်း ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အရင် အေဒီလမ်းလို့ လူသိများတဲ့  မေခလမ်း အမှတ် ၁၉ မှာ ငှားရမ်းနေထိုင် လျှက် ရှိပြီး အဲဒီအိမ်က အရင် စစ်အာဏာရှင် ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းမိသားစု ပိုင်ဆိုင် တဲ့ ခြံဝင်းအတွင်း က အိမ်တအိမ်ဖြစ်ပါတယ်လို့သိရပါတယ်။

ဘယ်လ်ဂျီယံ နိုင်ငံသား  ရိုလန်ကိုဘီယာဟာ မြန်မာ အစိုးရ နဲ့ EU အဖွဲ့အကြား ၂၀၁၃ ခုနှစ်က  ဆက်ဆံရေးစတင်ချိန်မှာ ပထမဆုံးခန့်အပ်ခံရတဲ့ သံအမတ်ကြီးဖြစ်ပါတယ်။

အိမ်ခြံမြေ ဈေးနှုန်းတွေ မြင့်မားနေတဲ့ ရန်ကုန်မြို့မှာ EU သံအမတ်ကြီး အဆင့်နဲ့ အညီ ငှားရမ်းနေထိုင်နိုင်ဖို့အတွက် ခြွင်းချက် အနေနဲ့ EU က သတ်မှတ်ထားတဲ့စည်းကမ်းတချို့ကို ပြင်ဆင်ရေးဆွဲပေးခဲ့ရတယ်လို့ ရန်ကုန်အခြေစိုက် သံတမန် တဦးကပြောပါတယ်။

ရန်ကုန်မြို့ရဲ့ လူချမ်းသာတွေ အများစုနေထိုင်တယ်လို့ နာမည်ကြီးတဲ့  ရွှေတောင်ကြား၊ ဝင်ဒါမီယာ၊ ကမ္ဘာအေး ဘုရားလမ်း၊ အင်းလျား လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း စတဲ့နေရာကောင်းတွေဟာ ရှေးယခင်ခေတ် အဆက်ဆက် ကတည်းက စစ်အရာရှိကြီးတွေ အများစု ပိုင်ဆိုင်တဲ့ နေရာတွေဖြစ်ပါတယ်။

မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရလက်ထက်မှာ အငြိမ်းစားပေးခံရတဲ့ စစ်အရာရှိကြီးတွေကို အဲဒီနေရာတွေမှာ အိမ်ဆောက်ခွင့်ပြုပြီး နိုင်ငံခြားသံတမန်တွေကို အိမ်ငှားရမ်းခွင့်ပြုကာ ဝင်ငွေရှာခွင့်ပြုခဲ့ပါတယ်။

နောက်ပိုင်း စစ်အစိုးရလက်ထက်မှာတော့ ဗိုလ်ချုပ်ကြီး အများစုဟာ ရန်ကုန်မြို့ လူကုံထန်ရပ်ကွက်မှာ ခြံဝင်းကျယ်ကြီး တွေ ပိုင်ဆိုင်ထားကြပြီး နိုင်ငံခြားသံတမန်တွေနဲ့ ကုလ သမဂ္ဂ အဖွဲ့အစည်းတွေ၊ INGO တွေကို ရုံးခန်းတွေ၊ သံတမန် နေအိမ် တွေအဖြစ် ငှားရမ်းဝင်ငွေရှာကြပါတယ်။

 

Your Thoughts …
Tags: EconomyUNICEF
ရန်ပိုင်

ရန်ပိုင်

ဧရာဝတီ

Similar Picks:

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

by အီဂေါဗလာဇီဗစ်
12 December 2023
5.1k

အားလုံး နားလည်ထားတာကတော့ သူပြောတဲ့ စုံစမ်းလိုက်ဦးမယ်ဆိုတာဟာ ဒေါ်ရင်ရင်နွယ်ကို မေးကြည့်လိုက်ဦးမယ် ဆိုတာပါပဲ။

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

ဦးအောင်သောင်းနဲ့ သားတွေကြွယ်ဝသမျှ ပြည်သူ့ဘဏ္ဍာများသာ

by ဧရာဝတီ
23 July 2015
194.3k

ဦးအောင်သောင်း တန်ခိုးထွားစဉ်က ဆိုလျှင် ပရောဂျက်တခု ရရှိရေး အတွက် လာဘ်ငွေကို သူ့ကို သာမကသူ၏ ကိုယ်ရေး အရာရှိ နှစ်ဦးကိုပါ ပေးရသည်။ လာဘ်ပေး လာဘ်ယူ မလုပ်လိုဘဲ လမ်းရိုးလမ်းစဉ် အတိုင်း စီးပွားရေး အခွင့်အလမ်း...

ပန်းဆိုးတန်းခုံးကျော်, ရွှေဂုန်ရုံ, မြို့မရုံ, သမ္မာအာဇီ, တိမွေးကု တက္ကသိုလ်

အန်တီစန်း ပန်းဆိုးတန်းမှာ အလုပ်လုပ်သည်

by မြတ်စုမွန်
22 September 2014
26.2k

၁၀ မိနစ် လောက်သာ ကြာမြင့်သည့် ခြေစွယ်ဖော်ခြင်း အလုပ်မှ လုပ်အားခ ၇ ထောင်ကျော် ရလိုက်သည်။ ဓား အသစ်ကို သုံးရန် တောင်းဆိုသဖြင့် ဓားတချောင်း ရောင်းရသည့်ငွေနှင့် ခြေစွယ် ဖော်ပေးသည့် ဝန်ဆောင်ခ နှစ်ခု...

UNICEF,ရန်ကုန် ရုံးခန်းငှားခ,ဗိုလ်ချုပ် ညွန်တင်,ဗိုလ်ချုပ်မှူးကြီး သန်းရွှေ,အမေရိကန် ဒေါ်လာ ၈၇၀၀၀

UNICEF ရန်ကုန် ရုံးခန်းငှားခ တလ ဒေါ်လာ ၉၀၀၀၀ နီးပါးရှိဟု ထုတ်ပြန်

by လင်းသန့်
22 May 2014
6.2k

UNICEF ၏ ရုံးခန်းသည် စတုရန်း ပေ ၃၃၀၀၀ ကျယ်ဝန်းသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အမှတ် ၂၃/အေ တွင် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး တလလျှင် ငှားရမ်းခ ဒေါ်လာ...

War on Economy

War on Economy

by ဘီရုမာ
17 June 2024
189

ကာတွန်း

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

ကွမ်းယာကောင်းကောင်း နေပြည်တော်မှာ ၂၄ နာရီ ရောင်းသည်

by ကျော်ခ
20 October 2012
22.4k

ကျပ် ၁ ထောင်ဖိုးကနေ ၅ ထောင်ဖိုးလောက် အထိ မှာတဲ့လူတွေ များတယ်လို့ သူတို့က ရှင်းပြပါတယ်။ တခါတရံ ခရီးဝေးသွားမယ့် လူတွေဆိုရင် သောင်းဖိုးနဲ့ချီပြီး မှာယူသွားတာမျိုးတောင် ရှိတဲ့အကြောင်း သိရပါတယ်။

Next Post
ကရင် ငြိမ်းချမ်းရေး လက်နက်ကိုင် တပ်ဖွဲ့, လယ်ယာမြေ အဓမ္မ သိမ်းယူမှု, ၈၈ ကရင် မျိုးဆက် ကျောင်းသားများ, KNU/KNLA PC , KNU , KHRG

အပစ်ရပ် ကရင် လက်နက်ကိုင် တချို့ လူထုမြေယာများ အဓမ္မသိမ်းယူမှု ရှိဟု ဆို

SNLD ကျေးရွာ စည်းရုံးရေးမှူး ပြန်လည် လွတ်မြောက်လာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved