• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ထိုင်း-မြန်မာ ဗီဇာ ကင်းလွတ်ခွင့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် နဲ့ တွေ့ဆုံမေးမြန်းချက်

by ဧရာဝတီ
29 July 2015
in အင်တာဗျူး
A A
ထိုင်း , မြန်မာ , ဗီဇာ ကင်းလွတ်ခွင့် , ပတ်စ်ပို့

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဓာတ်ပုံ - ကျော်ခ / ဧရာဝတီ)

13.1k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ဗီဇာလျှောက်စရာမလိုဘဲ ၁၄ ရက် ကူးသန်းသွားလာနိုင်ဖို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန် ရှိသူတွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ shangri-la Hotel မှာ ဇူလိုင် ၂၈ ရက်က တရားဝင်လက်မှတ်ထိုးလိုက်ပြီ ဖြစ်ပါတယ်။ နှစ်ဘက် သဘောတူညီချက် အရ ဒီနှစ် သြဂုတ် လလယ်ပိုင်း ကစပြီး အသက်ဝင်တော့မှာ ဖြစ်ပါတယ်။

နှစ်နိုင်ငံ သဘောတူညီချက် အခြေအနေကို သိရှိနိုင်ဖို့အတွက် ထိုင်းအစိုးရနဲ့ လာရောက်ဆွေးနွေးပြီး သဘောတူ လက်မှတ် ရေး ထိုးခဲ့တဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဧရာဝတီ သတင်းထောက် ငြိမ်းငြိမ်း က ဇူလိုင် ၂၈ ရက်က တွေ့ဆုံမေးမြန်း ထားတာတွေကို ဖော်ပြလိုက်ပါတယ်။

မေး။ ။ ဒီနေ့ အစည်းဝေးမှာ ဘာတွေ ဆွေးနွေးညှိနှိုင်းကြတာပါလဲ။

ဖြေ။ ။ ကျနော်တို့ပုံမှန် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေအတွင်းမှာ ဆောင်ရွက်တဲ့ အစည်းအဝေးဖြစ်ပါတယ်။ ၈ ကြိမ်မြောက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပူးတွဲကော်မရှင် အစည်းအဝေးလို့ ခေါ်တာပေါ့။ ပုံမှန် နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ချစ်ကြည်ရေး ကိစ္စရပ်တွေကို ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံဆွေးနွေးပြီးတဲ့ အခါမှာ ဆက်လက်ပြီးတော့ ရှေ့ဆက်ပြီး အကောင် အထည် ဖော်မယ့်လုပ်ငန်းတွေ အနေနဲ့ ညှိနှိုင်းကြတာပါ။

မေး။ ။ လက်မှတ်ထိုးသွားတဲ့ နှစ်နိုင်ငံ ၁၄ ရက် ဗီဇာကင်းလွတ်ခွင့်နဲ့ပတ်သက်ပြီးတော့ သိချင်ပါတယ်။ အဲဒါက ဘယ်ရက် လောက် မှာ စတင် အသက်ဝင်မှာပါလဲ။

ဖြေ။ ။ ဒီဥစ္စာကတော့ နောက် ၁၄ ရက်အကြာမှာ အတည်ဖြစ်သွားပြီးတော့ နှစ်နိုင်ငံကို နိုင်ငံတကာလေဆိပ်တွေကနေ ဝင်လာမယ့် နှစ်ဘက်နိုင်ငံသားတွေအတွက် သာမန် နိုင်ငံကူးလက်မှတ်ပေါ့နော်။ ဒီပတ်စ်ပို့ လက်ဝယ် ကိုင်ဆောင်ထားသူတွေဟာ နှစ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကနေ ဝင်ရောက်မယ်ဆိုလို့ရှိရင် ဗီဇာလျှောက်စရာမလိုဘဲနဲ့ ဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နှစ်နိုင်ငံပြည်သူတွေရဲ့ ကူးလူးဆက်ဆံမှုတွေအနေနဲ့ လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန် သွားရောက်နိုင်တဲ့ အခွင့်အလမ်းတွေရရှိမှာဖြစ်ပါတယ်။

မေး။ ။ နှစ်နိုင်ငံ လေဆိပ်တွေက ဝင်လာမယ့်သူတွေအနေနဲ့ ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်နဲ့ ဝင်လာမယ်ဆိုရင် တခြားဘယ်လို အထောက်အထားတွေ လိုအပ်ပါသလဲ။

ဖြေ။ ။ အဲဒါတွေကတော့ သက်ဆိုင်ရာ သံရုံးတွေကနေပြီးတော့ သူတို့ ဝက်ဘ်ဆိုက် တွေကနေပြီးတော့ သတင်းတွေထုတ်ပြန် လိမ့် မယ်။ နဂိုကရှိပြီးသားထက် ဘာမှ ပိုပြီးများလာစရာ အကြောင်းမရှိပါဘူး။ တခုပိုပြီးတော့ သက်သက်သာသာ ရှိသွားတာကတော့ သံရုံးတွေမှာသွားပြီးတော့ ဗီဇာတွေ သွားလျှောက်ထားနေစရာ မလိုဘူး။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
107
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
57

မေး။ ။ အခုကတော့ ၁၄ ရက် ဗီဇာလျှောက်စရာမလိုဘဲ နှစ်နိုင်ငံသွားလာခွင့် ထိုင်းနဲ့ သဘောတူညီမှု လုပ်လိုက်ပြီဆိုတော့ နောက် ဘယ်နိုင်ငံတွေနဲ့ ဆက်ပြီးလုပ်သွားဖို့ ကျန်သေးလဲ။

ဖြေ။ ။ Visa exemption (ဗီဇာ ကင်းလွတ်ခွင့်) ကတော့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံလုံးနဲ့ အားလုံး အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အချင်းချင်းထဲမှာ လုပ်ရတာရှိပါတယ်။ အလားတူပဲ တခြားနှစ်နိုင်ငံချင်း သဘောတူညီချက် လုပ်ထားတာရှိပါတယ်။ ဥပမာ သံတမန် နိုင်ငံကူးလက်မှတ်နဲ့ Official လို့ခေါ်တဲ့ အထူး နိုင်ငံကူးလက်မှတ်တွေ၊ ဒီလိုနိုင်ငံကူး လက်မှတ်တွေအတွက် နှစ်နိုင်ငံ သဘောတူညီချက်တွေနဲ့ ဗီဇာကင်းလွတ်ခွင့်နဲ့ ထိုးထားတာ ရှိပါတယ်။

မေး။ ။ နယ်စပ်ဒေသတွေမှာ အထူးစီးပွားရေးဇုန်ကိစ္စတွေနဲ့ နယ်စပ်ကုန်သွယ်ရေးတွေနဲ့ ပတ်သက်ပြီးဒီနေ့ အစည်းအဝေးမှာ ဆွေးနွေးဖြစ်သေးလား။

ဖြေ။ ။ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့လည်းဆွေးနွေးမှုတွေရှိပါတယ်။ထားဝယ် အထူး စီးပွားရေးဇုန်ကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရေးကိစ္စတွေပါဝင်တယ်၊ ထိုင်းနိုင်ငံဘက် မှာလည်း အထူးစီးပွားရေးဇုန်လုပ်နေတာတွေရှိတယ်။ မြန်မာနိုင်ငံဘက်မှာလည်း အထူးစီးပွားရေးဇုန်တွေဖြစ်လာမယ့် အလားအလာတွေရှိတဲ့ နေရာတွေမှာ နှစ်ဘက်ကူးလူးဆက်ဆံမှု ရရှိရေး ကနဦးအစပြု ဆွေးနွေးမှုတွေတော့ရှိပါတယ်။ သို့သော် နေရာတွေတော့ တိတိကျကျ သတ်မှတ်ပြီး ဆွေးနွေးထားတာတော့မရှိပါဘူး။ ယျေဘူယျအားဖြင့်တော့ ဒီလိုနေရာတွေရှိလို့ရှိရင် အထူးစီးပွားရေးဇုန်တွေအချင်းချင်းမှာ ကူးလူးဆက်ဆံနိုင်ဖို့ ကုန်သွယ်မှုတွေပြုလုပ်နိုင်ဖို့ အတွက်နှစ်ဘက်စလုံးက လိုလားတဲ့ အခြေအနေရှိပါတယ်။     ။

Your Thoughts …
Tags: InterviewsThai
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

ထိုင်းအစိုးရရဲ့ မသန်စွမ်းသူတွေ အပါအဝင် လူ ၄၅ သန်းခန့် ဒစ်ဂျစ်တယ် ငွေကြေး ထောက်ပံ့ အစီအစဉ် စတင်

by ဧရာဝတီ
28 September 2024
1.1k

ထိုင်းနိုင်ငံသားတွေ လက်ထဲ ငွေသားတွေ ထည့်ပေးပြီး သုံးစွဲမှုကို အရှိန်အဟုန်နဲ့ အားကောင်းစေမယ်လို့ အဆိုပါ အစီအစဉ် စတင်ခြင်း အထိမ်းအမှတ်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် ဖေထုန်ထန် ရှင်နာဝပ်ထရာ ကလည်း…

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

ဆရာကြီး ဒဂုန်တာရာ၏ အာဇာနည်နေ့ အမှတ်တရ ပြောကြားချက်

by ဧရာဝတီ
19 August 2013
34.1k

အဲဒီမှာ ဆရာဇော်ဂျီ (ဆရာ သိန်းဟန်)က အထူးအရာရှိ၊ သူ့အခန်း မှာ ဦးချန်ထွန်း ဆိုတာ ဖျာပုံကပဲ၊ သူက ခေါင်းစိုက်နေတယ်၊ ဒါနဲ့ ဆရာ သိန်းဟန်က ကျနော့်ကို မင်းမသိဘူးလားကွ၊ ဆိုတော့ ကျနော်က မသိသေးဘူးလို့၊...

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီယား နယ်စပ်တိုက်ပွဲ ထိုင်းတော်ဝင်ရေတပ် ပါဝင်လာ (ရုပ်/သံ)

by ဧရာဝတီ
26 July 2025
730

ထိုင်းနဲ့ ကမ္ဘောဒီးယားနှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ တတိယမြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇူလိုင် ၂၆ ရက်မှာတော့ စစ်မျက်နှာ ပိုမိုကျယ်ပြန့်လာပြီး ထိုင်းရဲ့ တော်ဝင်ရေတပ်ပါ ပါဝင်လာတယ်လို့ နှစ်ဖက် သတင်းဖော်ပြချက်တွေ အရသိရပါတယ်။

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

ပတ္တမြားမြေက တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင် ဦးယောဆက်နှင့် တွေ့ဆုံခြင်း

by ဧရာဝတီ
18 July 2015
12.6k

ကျနော်တို့ ကျောက်ဝယ် သလိုပေါ့၊ ကျောက်ကို အသေအချာ ကျွမ်းကျွမ်းကျင်ကျင် နားမလည်ရင် ရှုံးမှာပဲ၊ မပူနဲ့။ အဓိကက ဘယ်အလုပ်ပဲဖြစ်ဖြစ် ဒီလုပ်ငန်းပေါ်မှာ Expert (ကျွမ်းကျင်သူ) ဖြစ်ဖို့တော့ လိုတာပေါ့။

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

“ပညာသည်သာ ရတနာ၊ ဆရာသည်သာ အခရာ”

by ဧရာဝတီ
21 August 2013
6k

တဲ့တိုးပြောရရင် ပညာရေးမှာ ဆရာသာ အခရာ အဓိကပဲ၊ ကျောင်းသား တတ်အောင်သင်ဖို့ ဆိုရင် ဆရာ ကိုယ်တိုင်က ကျွမ်းကျွမ်း ကျင်ကျင်နဲ့ ပြောင်ပြောင် မြောက်မြောက် တတ်ဖို့ လိုအပ်တယ်၊ တက္ကသိုလ် ဆရာလည်း ပြုစုပျိုးထောင်ရလိမ့်မယ်၊ “ပညာ...

၈ လေးလုံး Target Date ပေးလိုက်တဲ့ ဦးနေမင်း

၈ လေးလုံး Target Date ပေးလိုက်တဲ့ ဦးနေမင်း

by ဧရာဝတီ
22 March 2014
9.2k

နိုင်ငံခြား သတင်းထောက်တွေက ကျနော့် အကြောင်း မေးတယ်တဲ့။ နေမင်း နေကောင်းလား။ ကျန်းမာရေး ဆိုးနေတယ် ဆိုတာ ဟုတ်လားလို့ မေးတာ။ အဲဒါကို ဗိုလ်ချုပ်ခင်ညွှန့်က ဘာမဆိုင် ညာမဆိုင် NAY MIN IS A...

Next Post

မြန်မာရေတပ် ရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ ကြိုးစားနေသလား

အနောက် နိုင်ငံများနှင့် ၂၀၁၅ ရွေးကောက်ပွဲ

သဘာဝဘေးဒဏ် ကူညီကယ်ဆယ်ရေး မြန်မာ အသင့်မဖြစ်သေး

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved