• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အယ်ဒီတာ့အာဘော်

အီလက်ထရောနစ် ဥပဒေဖြင့် ဖမ်းဆီးမှုသည် စစ်အာဏာရှင်ခေတ် အပြုအမူသာ ဖြစ်သည်

by ဧရာဝတီ
20 October 2015
in အယ်ဒီတာ့အာဘော်
A A
အနောက် နိုင်ငံများနှင့် ၂၀၁၅ ရွေးကောက်ပွဲ
6.9k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သော ရက်များအတွင်း တပ်မတော်နှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် အပြန်အလှန် ဖမ်းဆီး တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ခြင်းသည် ရွေးကောက်ပွဲကာလ နိုင်ငံရေးသည်းမခံနိုင်မှုများကို ဖော်ပြနေပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုလည်း ပိတ်ပင်တားဆီးရာရောက်သဖြင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုများကို နောက်ပြန်ဆွဲသလို ဖြစ်သည်။

ရွေးကောက်ပွဲကာလ အမုန်းတရားများဖြင့် သွေးထိုးလှုံ့ဆော်မှုကို တားဆီးကာကွယ်ရန် နေပြည်တော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာပြည်တနံတလျား လူသုံးများနေသော ဖေ့ဘွတ် လူမှုကွန်ရက်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ထုတ်ဖော်ကြေညာပြီး များမကြာမီ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှောင်ပြောင်သရော်ထားသည့် ဓာတ်ပုံနှင့် ရောစပ် အီလက်ထရောနစ် ဒီဇိုင်းများကို ဖြန့်ဝေသည်ဟုဆိုကာ မအူပင်မြို့မှ အမျိုးသမီး ၁ ဦးနှင့် ရန်ကုန်မြို့မှ အမျိုးသား ၂ ဦးတို့အား အစိုးရ အာဏာ ပိုင်များက အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)ဖြင့် ဖမ်းဆီး တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.3k
ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
117
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
64

အပြန်အလှန်အားဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအား ညစ်ညမ်းစွာ ပြင်ဆင် ပြုလုပ်ထားသည့်ပုံကို လူမှုကွန်ရက်၌ လွှင့်တင်ခဲ့သည်ဟုဆိုကာ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ခေါင်းဆောင်တဦးအား နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတဦးက အောက်တိုဘာလ ၁၇ ရက်နေ့က အမှုဖွင့် တရားစွဲဆိုခဲ့သည်။

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က RFA ရေဒီယို မြန်မာပိုင်းဌာနသို့ ဖမ်းဆီးမှုများသည် လူတဦးတယောက်၏ ဂုဏ်သိက္ခာ၊ ဘာသာရေး၊ လူမျိုးရေးတို့အပေါ် စော်ကားခြင်းမှ ကာကွယ်နိုင်ရန်ဟု ဖြေကြားသွားခဲ့သည်။ ထိုသို့ဆိုလျင် အဘယ့်ကြောင့် အသရေဖျက်မှုဖြင့် တရားမစွဲဘဲ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုဖမ်းဆီးရသနည်း။

အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေဖြင့် ဖမ်းဆီးအရေးယူခြင်းသည် စစ်အစိုးရဟောင်းလက်ထက် သွေးထွက်သံယို အကြမ်းဖက်နှိမ်နှင်းခံရသော ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအတွင်း အင်တာနက်အသုံးပြုကာ နိုင်ငံတကာသို့ သတင်းဖြန့်ချိခဲ့သော ဦးဇာဂနာ၊ ဦးနေဘုန်းလတ်အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူများ တသီတတန်း ဖမ်းဆီးနှိပ်ကွပ်မှုကို ပြန်လည်မြင်ယောင်လာစေမိသည်။ ယင်းသို့ အီလက်ထရောနစ်ဥပဒေဖြင့် ဖမ်းဆီးမှုသည် စစ်အစိုးရဟောင်းလက်ထက်များကဲ့သို့ လက်ရှိ တပ်ခေါင်းဆောင်များသည် ပြင်းပြင်းထန်ထန် ဝေဖန်လာမှုကို အရေမထူ သည်းမခံနိုင်သည့် စစ်အာဏာရှင်စနစ်၏ အပြုအမူနှင့် သဘောထားဟောင်းများ ဆက်လက်ခံယူ ကျင့်သုံးနေသေးကြောင်း ပြသရာ ရောက်နေပါသည်။

လတ်တလော ဖမ်းဆီးခံရသူများသည် နိုင်ငံရေးဆိုင်ရာ သူတို့၏ ပုဂ္ဂလိက ခံစားချက်နှင့် အမြင်များကိုသာ ထုတ်ဖော်ခဲ့ခြင်းဖြစ်သဖြင့် အကြမ်းဖက် ပဋိပက္ခများ ဖြစ်စေရန် သွေးထိုးလှုံ့ဆော်သော အမုန်းတရားဖြန့်ဖြူးခြင်း မဟုတ်ပါ။ သတင်းနည်းပညာ၊ ကွန်ပြူတာ အထူးပြုလုပ်ချက်နှင့် လူမှုကွန်ရက် အသုံးပြုမှု ကျယ်ပြန့်လာသော ယနေ့ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်ကြီးတွင် မိမိ၏ ထင်မြင်ရာ ပြောဆိုတင်ပြမှုသည် ဖေ့ဘွတ်ကဲ့သို့ မြန်မာပြည်တဝန်း အကျယ်အပြန့် သုံးစွဲနေသည့် လူမှုကွန်ရက်တွင် မြင်မဆုံးပါ။

ထိုသို့ နိုင်ငံရေးခေါင်းဆောင်များ၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ ခေါင်းဆောင်များအပေါ် ပုဂ္ဂလိက သရော်ဝေဖန်သူများကို ရည်ရွယ်ချက်ထား ဖမ်းဆီးနေပြီး အစစ်အမှန် သွေးထိုးလှုံ့ဆော်သော အမုန်းတရားဖြန့်ဖြူးနေသူများကို မတားဆီးဘဲ တိုင်မည့်သူမရှိဟု အာဏာပိုင်များက ပြောဆိုနေခြင်းများမှာမူ ကြောင်သူတော်ဆန်လှသည်။ ထို့ပြင် တရားဥပဒေစိုးမိုးမှုနှင့် တရားစီရင်မှုစနစ်သည် လွတ်လပ်ခွင့်မရှိဘဲ အစိုးရနှင့် တပ်မတော်၏ အထိန်းချုပ်ခံအဖြစ် ဆက်လက်တည်ရှိနေကြောင်း သက်သေပြနေပေတော့သည်။

Your Thoughts …
Tags: Editorial
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အနောက် နိုင်ငံများနှင့် ၂၀၁၅ ရွေးကောက်ပွဲ

လူငယ်တွေ အလေးအနက် စာဖတ်ဖို့ လိုသည်

by ဧရာဝတီ
18 January 2016
9k

ဒီမိုကရေစီ လမ်းစတွင် ပြုပြင်ပြောင်းလဲရေးအတွက် တွန်းတင်ရမည့် မျိုးဆက်သစ်များအနေဖြင့် စာဖတ်ရန် အထူးလိုအပ်ပါသည်။ သို့မှသာ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို မောင်းနှင်နိုင်မည့် လူ့စွမ်းအားရင်းမြစ်များ အရံသင့်ရှိနေမည်။

နီပေါက ထိုးလိုက်တဲ့ အချက်ပေး ခေါင်းလောင်း

ရွှေတိဂုံ စေတီတော် အရေးသည် လူတစုအတွက် မဟုတ်

by ဧရာဝတီ
21 May 2015
6.1k

ရန်ကုန်မြို့တော်ကို ဖွံ့ဖြိုးစည်ပင်အောင် ချဲ့ထွင်ရာတွင် ရွှေတိဂုံ စေတီတော်ကို အဓိကဦးတည်ပြီး မြို့ပြချဲ့ထွင် တည်ဆောက်ရေး လုပ်ငန်း များကို စဉ်းစဉ်းစားစား တည်ဆောက်သင့်သည်။

အနောက် နိုင်ငံများနှင့် ၂၀၁၅ ရွေးကောက်ပွဲ

အမှောက်ခံရသော ဆီးသီးဗန်းများ

by ဧရာဝတီ
3 June 2015
3.8k

ကော်မတီ၊ ကော်မရှင်၊ ဘုတ်အဖွဲ့ စသည့် လုပ်ပိုင်ခွင့် တခုလျှင် သပိတ်ဝင် အိတ်ဝင်ရှိသော အဖွဲ့များမှာ မကြာခဏ ဖျက်သိမ်းခြင်း၊ ပြောင်းလဲခြင်း၊ အသစ်ဖွဲ့ခြင်းတို့ကြောင့် တာဝန်ခံမှု၊ တာဝန်ယူမှုများ လုံးဝ မလိုသကဲ့သို့ ဖြစ်နေသည်။

အနောက် နိုင်ငံများနှင့် ၂၀၁၅ ရွေးကောက်ပွဲ

သယံဇာတ စီမံခန့်ခွဲမှုအတွက် တာဝန်ခံသော အစိုးရ အလိုရှိသည်

by ဧရာဝတီ
28 October 2015
6.1k

ယခင် စစ်အာဏာရှင်များနှင့် ခရိုနီများ၏ လုပ်ရပ်များကို ဆက်လက် လျစ်လျူရှုနေခြင်း၊ မသိကျိုးကျွံပြုခြင်းအားဖြင့် စစ်မှန်သော ပြုပြင်ပြောင်းလဲရေးများကို ကဏ္ဍတိုင်းတွင် အမှန်တကယ် ပြုလုပ်လိုခြင်း မရှိခဲ့ကြောင်း ထုတ်ဖော်ပြသရာလည်း ရောက်သည်။

အနောက် နိုင်ငံများနှင့် ၂၀၁၅ ရွေးကောက်ပွဲ

အသွင်ကူးပြောင်းရေး အင်ဒိုနီးရှားသင်ခန်းစာ ပြည်သူ့အကျိုးအတွက် ဖြစ်သင့်သည်

by ဧရာဝတီ
19 September 2015
9.5k

သြဂုတ်လ ဒုတိယအပတ်က အင်ဒိုနီးရှားတွင် ကျင်းပခဲ့သော မြန်မာနှင့် အင်ဒိုနီးရှား ဆွေးနွေးပွဲများတွင် ရွေးကောက်ပွဲ အလားအလာ၊ ဖက်ဒရယ်စနစ် မြန်မာနှင့် သင့်လျော်ခြင်း ရှိ မရှိ၊ မြန်မာတပ်မတော်အနေဖြင့် နိုင်ငံရေးတွင် ဆက်လက်တည်ရှိမည့် အနေအထားများကို ဆွေးနွေးခဲ့ကြသည်။

အနောက် နိုင်ငံများနှင့် ၂၀၁၅ ရွေးကောက်ပွဲ

သေနတ်သံ မတိတ်သော ငြိမ်းချမ်းရေးလား

by ဧရာဝတီ
5 June 2015
4.7k

ပြည်တွင်းစစ်မီးကို နေ့ချင်း ညချင်း အဆုံး မသတ် နိုင်သကဲ့သို့ ငြိမ်းချမ်းရေး ကိုလည်း ၁ နှစ်၊ ၂ နှစ်အတွင်း အကောင် အထည်ဖော်နိုင်မည်ဟု ယူဆပြောဆို တွေး ထင်နေလျှင် ထိုကဲ့သို့ တွေးထင် နေသူသည်...

Next Post
မန္တလေးနန်းတွင်းထဲက လူအရောက်အပေါက် နည်းသေးတဲ့ သမိုင်းဝင် ကိုးနေရာ

မန္တလေးနန်းတွင်းထဲက လူအရောက်အပေါက် နည်းသေးတဲ့ သမိုင်းဝင် ကိုးနေရာ

ဖမ်းဆီးခံ ဗကသအဖွဲ့ဝင် ကိုအောင်မှိုင်းဆန်း အစာငတ်ခံ ဆန္ဒပြမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved